<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:60</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:60</urn><passage>ယေရှုခရစ် ၏ တမန်တော် ငါပေတရုသည် ၊ နားထောင်ခြင်းကျေးဇူး ၊ ယေရှုခရစ် ၏ အသွေးတော်နှင့် ဖြန်းခြင်းကျေးဇူးကိုခံရမည်အကြောင်း ၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက် ၍ ၊ ခမည်းတော် ဘုရားသခင် ၏ အနာဂတံသဥာဏ်တော်အတိုင်း ရွေးကောက်တော်မူသောသူတည်းဟူသော ၊ ပုန္တုပြည် ၊ ဂလာတိပြည် ၊ ကပ္ပဒေါကိပြည် ၊ အာရှိပြည် ၊ ဗိသုနိပြည် ၊ အရပ်ရပ်တို့ ၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ ၏ ။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့ ၌ များပြားပါစေသော ။ အသက်ရှင်ခြင်းနှင့်စပ်ဆိုင်သော မြော်လင့်ခြင်းအကြောင်း ရှိစေခြင်းငှါ ၊ ဖောက်ပြန်ခြင်း ၊ ညစ်စွန်းခြင်း ၊ ညှိုးနွမ်းခြင်းနှင့်ကင်းစင်သောအမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း ၊ ယေရှုခရစ်ကို သေခြင်းမှ ထမြောက်စေတော်မူသောအားဖြင့် ၊ ကြီးစွာသောကရုဏာတော်နှင့်အညီ ငါတို့ကို တဖန်ဖြစ်ဘွားစေတော် မူသော ၊ ငါတို့သခင်ယေရှုခရစ် ၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေသတည်း ။ ထိုအမွေတော်သည်ကား ၊ နောက်ဆုံးသောကာလ ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း ၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင် ၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့ ကောင်းကင်ဘုံ ၌ သိုထားလျက်ရှိသောအမွေတည်း ။ အရည်ကျို ၍ စုံစမ်းခြင်းကိုခံနိုင်သော်လည်း ၊ ပျက်စီးတတ်သော ရွှေကိုစစ်ကြောစုံစမ်းခြင်းထက် ၊ သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည်သာ ၍ မြတ်သည်နှင့် ၊ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ အချီးအမွမ်း ၊ ဂုဏ်သရေ ၊ ဘုန်းအာနုဘော် အလိုငှါဖြစ်မည်အကြောင်း ၊ အထူးထူးအပြားပြားသော စုံစမ်းနှောင့်ရှက်ခြင်းကို ခံရသောအကြောင်းရှိလျှင် ၊ သင်တို့သည် ယခုခဏခံရ ၍ ဝမ်းနည်းသော်လည်း ၊ အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက် ၍ ရွှင်လန်းသောစိတ်ရှိကြ ၏ ။ ထိုသခင်ကိုသင်တို့သည် မမြင်ဘူးသော်လည်းချစ်ကြ ၏ ။ ယခုမှာလည်းမမြင်ဘဲလျက် ၊ ယုံကြည်သော အားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော ၊ ပြော ၍ မမှီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ် ၍ ၊ စိတ်ဝိညာဉ်ကို ကယ်တင်ခြင်းတည်းဟူသော ယုံကြည်ခြင်း ၏ အကျိုးကိုခံရကြ ၏ ။ ထိုကယ်တင်ခြင်းအကြောင်းအရာကို ပရောဖက်တို့သည် စေ့စေ့စစ်ကြောမေးမြန်းရှာဖွေ ၍ ၊ သင်တို့ ခံရသော ကျေးဇူးတော်အကြောင်းကို ဟောပြောကြပြီ ။ ခရစ်တော်ခံတော်မူရသော ဆင်းရဲကို ၎ င်း ၊ ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ်ကို ၎ င်း ၊ သူတို့အထဲ ၌ ရှိသော ခရစ်တော် ၏ ဝိညာဉ်သည် သက်သေခံနှင့်သောအခါ ၊ အဘယ်မည်သောသူကို ၎ င်း ၊ အဘယ်သို့သောအချိန်ကာလကို ၎ င်း ဆိုလိုတော်မူသည်ဟု မေးမြန်းရှာဖွေကြ ၏ ။ ကိုယ်ဟောပြောပြုစုသော အရာများတို့သည် ၊ ကိုယ်အဘို့မဟုတ် ၊ သင်တို့အဘို့ဖြစ်သည်ဟု ထိုသူတို့ အားဖွင့်ပြတော်မူ ၏ ။ ကောင်းကင်ဘုံမှ စေလွှတ်တော်မူသောသန့်ရှင်းသော ဝိညာဉ်တော်ပါလျက် ၊ သင်တို့အား ဧဝံဂေလိတရားကို ဟောပြောသောသူတို့သည် ၊ ထိုအရာများကို သင်တို့အား ယခုကြားပြောကြပြီ ။ ထိုအရာတို့ကို ကောင်းကင်တမန်တို့သည် စေ့စေ့ကြည့်ရှု စဉ်းစားချင် သောစေတနာ စိတ်ရှိကြ ၏ ။ သို့ဖြစ် ၍ ၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း ၍ သမ္မာသတိရှိကြလော့ ။ ယေရှုခရစ်ပေါ်ထွန်းတော် မူသောအခါ ၊ သင်တို့ဆီသို့ရောက်လတံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင် မြော်လင့်ကြလော့ ။ အထက်က သင်တို့သည် မှောင်မိုက်ထဲမှာကျင့်သော တပ်မက်ခြင်းတရားကို ယခုမလိုက်မကျင့်ဘဲ ၊ နားထောင်တတ်သော သူငယ်ကဲ့သို့ ဖြစ် ၍ ၊ သင်တို့ကိုခေါ်တော်မူသော သူသည်သန့်ရှင်းတော်မူသည်နည်းတူ ၊ ကျင့်ကြံပြုမူသမျှတို့ ၌ သန့်ရှင်းခြင်း ရှိကြလော့ ။ အကြောင်းမူကား ၊ ငါသည်သန့်ရှင်းတော်မူသောကြောင့် ၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ ဟု ကျမ်းစာလာသတည်း ။ လူမျက်နှာကိုမငဲ့ ၊ ခပ်သိမ်းသောသူတို့ ၏ အကျင့်အတိုင်း စီရင်တော်မူသောခမည်းတော်ကို သင်တို့သည် ဆုတောင်းကိုးကွယ်လျှင် ၊ ဧည့်သည်ဖြစ်စဉ် ကာလပတ်လုံး ကြောက်ရွံ့သောစိတ်နှင့် ကျင့်နေကြ လော့ ။ မိစဉ်ဘဆက်ကျင်လည်သော အချည်းနှီးကျင့်ကြံပြုမူခြင်းမှ ၊ ရွှေငွေအစရှိသော ဖောက်ပြန် ပျက်စီး တတ်သော ဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ် ။ အဘယ်အပြစ်မျှမရှိ ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော် ၏ အသွေး တော်မြတ်နှင့်ရွေးတော်မူသည်ကို သိမှတ်ကြလော့ ။ ထိုခရစ်တော်ကား ၊ ဤကမ္ဘာမတည်မရှိမှီ ခန့်ထားတော်မူခြင်းကို ခံနှင့်သည်ဖြစ် ၍ ၊ ကိုယ်တော်အား ဖြင့် ဘုရားသခင်ကို ယုံကြည်သော သင်တို့အဘို့ ၊ ဤနောက်ဆုံးသော ကာလ ၌ ထင်ရှားတော်မူပြီ ။ သင်တို့သည် ဘုရားသခင်ကို ထောက်လျက်ယုံကြည်ခြင်း ၊ မြော်လင့်ခြင်းရှိစေခြင်းငှါ ၊ ထိုသခင်ကို ဘုရားသခင်သည် သေခြင်းမှ ထမြောက်စေ ၍ ဘုန်းအသရေကို ပေးသနားတော်မူပြီ ။ သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဘွားသည်မဟုတ် ၊ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင် ၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင် ၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဘွားသောကြောင့် ၊ ညီအစ်ကိုများကိုချစ်ယောင်မဆောင် ၊ အမှန်ချစ်ခြင်းအလိုငှါ စိတ်ထဲမှသမ္မာတရားကို နားထောင်လျက် ၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့် အညီ ၊ စင်ကြယ်သော စိတ်နှင့်အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့ ။ လူမျိုးရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ် ၏ ။ လူမျိုး ၏ ဘုန်းရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ် ၏ ။ မြက်ပင်သည်ညှိုးနွမ်းသွေ့ခြောက်တတ် ၏ ။ အပွင့်လည်း ကြွေတတ် ၏ ။ ထာဝရဘုရား ၏ နှုတ်ကပတ်တရားမူကား ၊ ကာလအစဉ်အမြဲတည် ၏ ။ ထိုနှုတ်ကပတ်တော်သည် ၊ သင် တို့အား ဟောပြောသော ဧဝံဂေလိတရားဖြစ်သတည်း ။ ထိုကြောင့် ၊ သင်တို့သည် သခင်ဘုရား ၏ ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ် ၍ ၊ အမျိုးမျိုးသော မနာလိုခြင်း ၊ လှည့်ဖြားခြင်း ၊ လျှို့ဝှက်ခြင်း ၊ ငြူစူခြင်း ၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား ၍ ၊ ကယ်တင်ခြင်းအလိုငှါ နှုတ်ကပတ်တရား ၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း ၊ ဘွားစသောသူငယ်ကဲ့သို့ ၊ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့ ။ လူတို့ပယ်ထား ၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက်ကျောက်မြက်တည်းဟူသော ထိုသခင် ထံသို့သင်တို့သည်ရောက် ၍ ၊ အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ ၏ ။ ယေရှုခရစ်အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာ ဓမ္မယဇ်ကိုပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ် မျိုးလည်းဖြစ်ကြ ၏ ။ ထိုသို့နှင့်အညီကျမ်းစာလာသည်ကား ၊ ရွေးချယ်သော တိုက်ထောင့်အမြစ်ကျောက်မြက်ကို ဇိအုန် တောင်ပေါ်မှာ ငါချိတ်ထား ၏ ။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း ။ သို့ဖြစ် ၍ ယုံကြည်ခြင်းရှိသော သင်တို့ ၌ ကားဘုန်းအသရေရှိ ၏ ။ နားမထောင်သောသူတို့ ၌ ကား ၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက် ပြန် ၏ ။ နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ ၍ လဲသောသူတို့သည် ထိမိ ၍ လဲစရာကျောက် ၊ မှားယွင်းစရာကျောက်လည်းဖြစ် ၏ ။ ထိုအမှုနှင့် တွေ့စေခြင်းငှါ ထိုသူတို့ကို ခန့်ထားတော်မူသတည်း ။ သင်တို့မူကား ၊ မှောင်မိုက်ထဲမှ အံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူသော သူ ၏ ဂုဏ် ကျေးဇူးများကို ဘော်ပြစေခြင်းငှါ ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ ၏ ။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး ၊ သန့်ရှင်းသောလူမျိုး ၊ ပိုင်ထိုက်တော်မူသော အပေါင်းအသင်းဖြစ်ကြ ၏ ။ အထက်ကအပေါင်းအသင်းမဟုတ် ၊ ယခုတွင် ဘုရားသခင် ၏ အပေါင်းအသင်းဖြစ်ကြ ၏ ။ ကရုဏာ ကျေးဇူးတော်ကို အထက်ကမခံရသော်လည်းယခုတွင် ခံရကြ ၏ ။ ချစ်သူတို့ ၊ ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကိုယ်ကာယတပ်မက်ခြင်းတို့ကို ရှောင်မည်အကြောင်း ၊ ဧည့်သည်အာဂန္တုကဲ့သို့သော သင်တို့ကို ငါတောင်းပန် ၏ ။ သာသနာပလူတို့သည် သင်တို့ကိုကဲ့ရဲ့ပြစ်တင်ကြသည်အမှုမှာ ၊ ဘုရားသခင်ကြည့်ရှု စီရင်တော်မူသော နေ့ရက် ၌ ၊ သင်တို့ ၏ ကောင်းသောအကျင့်ကို သူတို့သည် ထောက်ရှု ၍ ဘုရားသခင်ကိုချီးမွမ်းမည်အကြောင်း ၊ သူတို့ ရှေ့ ၌ တင့်တယ်လျောက်ပတ်စွာ ကျင့်နေကြလော့ ။ သခင်ဘုရား ၏ မျက်နှာတော်ကို ထောက်လျက် ၊ အထွဋ်အမြတ်တည်းဟူသောရှင်ဘုရင်ဖြစ်စေ ၊ လူဆိုး တို့ကို ဒဏ်စီရင်စေခြင်းငှါ ၎ င်း ၊ လူကောင်းတို့ကို ချီးမွမ်းစေခြင်းငှါ ၎ င်း ၊ ရှင်ဘုရင်ခန့်ထားသော ဝန်မင်းဖြစ်စေ ၊ လူတို့တွင် စီရင်ခန့်ထားသမျှသောမင်း ၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့ ။ အကြောင်းမူကား ၊ သင်တို့သည် ကောင်းသောအကျင့်ကို ကျင့်သောအားဖြင့် လူမိုက်တို့ ၏ မိုက်မဲသော စကားကို ချေစေခြင်းငှါ ၊ ဘုရားသခင်သည် ထိုသို့သော အလိုတော်ရှိ ၏ ။ လူလွတ်ဖြစ်သော်လည်း ၊ လွတ်ခြင်းအကြောင်းဖြင့် မကောင်းသောအမှုတို့ကို ဖုံးအုပ်သောသူကဲ့သို့ မကျင့် ၊ ဘုရားသခင် ၏ ကျွန်ကဲ့သို့ကျင့်နေကြလော့ ။ ခပ်သိမ်းသောသူတို့ကို ရိုသေကြလော့ ။ ညီအစ်ကိုများကို ချစ်ကြလော့ ။ ဘုရားသခင်ကို ကြောက်ရွံ့ ခြင်း ၊ ရှင်ဘုရင်ကိုရိုသေခြင်း ရှိကြလော့ ။ အစေခံငယ်သားတို့ ၊ အလွန်ကြောက်ရွံ့ခြင်းနှင့်တကွ ကိုယ်သခင်တို့ ၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့ ။ သခင်သည်စိတ်ကောင်း ၍ ဖြည်းညှင်းသောသဘောရှိသည်ဖြစ်စေ ၊ ကြမ်းတမ်းသောသဘောရှိသည်ဖြစ်စေ ဝန်ခံကြလော့ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ မျက်နှာတော်ကိုထောက် ၍ ၊ မတရားသောညှဉ်းဆဲခြင်းကို နာကျင်စွာခံရလျှင် ကျေးဇူးရှိ ၏ ။ ကိုယ်အပြစ်ကြောင့် ဒဏ်ခံရသောအခါ သည်းခံလျှင် ၊ အဘယ်ချီးမွမ်းစရာရှိသနည်း ။ ကောင်းမွန်စွာပြု ၍ ဆင်းရဲခံရသောအခါ သည်းခံလျှင် ၊ ဘုရားသခင့် ရှေ့တော် ၌ ကျေးဇူးရှိ ၏ ။ အကြောင်းမူကား ၊ ထိုသို့အလိုငှါ သင်တို့ကိုခေါ်တော်မူပြီ ၊ ခရစ်တော်သည် ငါတို့အတွက် ခံတော်မူ သည်ဖြစ် ၍ ၊ ခြေတော်ရာကို ရှောက်လိုက်စေခြင်းငှါ ပုံသက်သေကိုထားတော်မူပြီ ။ ထိုသခင်သည် ဒုစရိုက်ကိုမပြု ၊ နှုတ်တော် ၌ လည်း မုသာကိုရှာမတွေ့ ၊ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန် ၍ မကဲ့ရဲ့ ။ အသေခံရသောအခါ ခြိမ်းချောက်ခြင်းကိုမပြု ။ တရားသဖြင့် စီရင်တော်မူသောသူ ၌ ကိုယ်ကိုကိုယ် အပ်နှံတော်မူ ၏ ။ ငါတို့သည်အပြစ်နှင့်ဆိုင်သောအရာ ၌ အသေဖြစ် ၍ ၊ ဖြောင့်မတ်ခြင်းအရာ ၌ အသက်ရှင်စေမည် အကြောင်း ၊ ငါတို့အပြစ်များကို ကိုယ်တော်တိုင် သစ်တိုင်မှာခံတော်မူပြီး ဒဏ်ချတော်များအားဖြင့် သင်တို့သည် အနာပျောက်လျက်ရှိကြ ၏ ။ သင်တို့သည် အထက်ကလမ်းလွှဲ ၍ ပျောက်သောသိုးကဲ့သို့ဖြစ်ကြ ၏ ။ ယခုမူကား ၊ သိုးထိန်းတည်း ဟူသော သင်တို့ ၏ ဝိညာဉ်တို့ကို အုပ်စိုးကြည့်ရှုတော်မူသောအရှင်ထံသို့ ပြန်ရောက်ကြပြီ ။ အထက်ဆိုခဲ့ပြီးသည်နည်းတူ မိန်းမတို့ ၊ ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့ ။ သို့ပြု ၍ ၊ နှုတ်ကပတ်ဘုရားတော်ကို နားမထောင်သော ယောက်ျားအချို့ရှိလျှင် ၊ ထိုသူတို့သည် တရားမနာသော်လည်း ၊ သင်တို့ ၏ ကြောက်ရွံ့ခြင်းနှင့် စင်ကြယ်သောအကျင့်တို့ကို ထောက်ရှု ၍ ၊ မိမိမယား ၏ အကျင့်အားဖြင့် သွေးဆောင်လျက် အတူပါမည် အကြောင်းရှိ ၏ ။ သင်တို့ ၌ တန်ဆာဆင်ခြင်းမှုကား ၊ ဆံပင်ကျစ်ခြင်း ၊ ရွှေဆင်ခြင်း ၊ အဝတ်ဝတ်ခြင်းတည်းဟူသော အပြင်တန်ဆာ ဆင်ခြင်းမဖြစ်စေဘဲ ၊ ဘုရားသခင့်ရှေ့မှာ အဘိုးများစွာထိုက်သော နှုးညံ့ငြိမ်သက်ခြင်းသဘောတည်းဟူသော မဖောက်ပြန် မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိသော စိတ်နှလုံး ၏ အတွင်းလူဖြစ်စေကြလော့ ။ ဘုရားသခင်ကို ကိုးစား ၍ သန့်ရှင်းသော မိန်းမတို့သည် ရှေးက ထိုသို့ကိုယ်ကိုတန်ဆာဆင်လျက် ၊ စာရာသည် အာဗြဟံကို သခင်ဟုခေါ်ဝေါ် ၍ သူ ၏ စကားကို နားထောင်သကဲ့သို့ ၊ ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကို ဝန်ခံကြ ၏ ။ သင်တို့သည် ကောင်းမွန်စွာကျင့် ၍ ၊ ကြောက်ရွံ့ တုန်လှုပ်ခြင်းအလျှင်းမရှိဘဲနေလျှင် စာရာ ၏ သမီးဖြစ်ကြ ၏ ။ ထိုနည်းတူ ၊ ယောက်ျားတို့ ၊ ဆုတောင်းခြင်းအမှု ၌ အဆီးအတားမရှိစေခြင်းငှါ အသက်ရှင်ခြင်း ကျေးဇူး တော်ကို ဆက်ဆံ ၍ အမွေခံရသော သူချင်းကဲ့သို့ ၊ သတိပညာနှင့် လျော်စွာကိုယ်ခင်ပွန်းနှင့်အတူနေ ၍ ၊ အား နည်းသောသူကို ပြုသင့်သည်အတိုင်း သူ့ကို စောင့်မပြုစုကြလော့ ။ အချုပ်အခြာစကားဟူမူကား ၊ သင်တို့အပေါင်းသည် စိတ်တညီတညွတ်တည်းရှိကြလော့ ။ စိတ်ကြင်နာ ခြင်း ၊ ညီအစ်ကိုချင်းကဲ့သို့ချစ်ခြင်း ၊ သနားစုံမက်ခြင်း ၊ စိတ်နှိမ့်ချခြင်းရှိကြလော့ ။ သင်တို့သည် ကောင်းကြီးမင်္ဂလာကို အမွေခံစေခြင်းအလိုငှါ ခေါ်တော်မူသောသူ ဖြစ်သည်ဟု သိမှတ် ၍ ၊ အချင်းချင်းရန်တုံ့မမူ ၊ ပြန် ၍ မကဲ့ရဲ့ ၊ မေတ္တာပို့ခြင်းကို ပြုကြလော့ ။ အသက်ကိုမွေ့လျော်စေ ၍ ၊ ကောင်းမွန်သော နေ့ရက်တို့ကို တွေ့မြင်ခြင်းငှါ အလိုရှိသောသူသည် ၊ မိမိလျှာကိုမကောင်းသောအရာနှင့် ကင်းလွတ်စေ ။ မိမိနှုတ်ခမ်းလည်းမုသားစကားကို မပြောစေနှင့် ။ ဒုစရိုက်ကိုလွှဲရှောင် ၍ သုစရိုက်ကိုပြုစေ ။ သူတပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ ၍ မှီအောင် လိုက်စေ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ ၏ ။ သူတို့ ဆုတောင်း ခြင်းကိုလည်း နားထောင်တော်မူ ၏ ။ ဒုစရိုက်ပြုသော သူတို့ကိုကား ၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ ၏ ။ သင်တို့သည်ကောင်းသောတရားကို ကျင့်သောသူဖြစ်လျှင် ၊ အဘယ်သူညှဉ်းဆဲမည်နည်း ။ ဖြောင့်မတ်ခြင်းတရားကြောင့် ဆင်းရဲခံရလျှင်မူကား ၊ မင်္ဂလာရှိကြ ၏ ။ သူတို့ ၏ ခြိမ်းချောက်ခြင်းကို မကြောက်ကြနှင့် ၊ မထိတ်လန့်ကြနှင့် ။ စိတ်နှလုံးထဲ ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့ ။ သင်တို့မြော်လင့်ခြင်း ၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား ၊ နူးညံ့သောသဘော ၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြော ခြင်းငှါ ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့ ။ ခရစ်တော် ၌ သင်တို့ကျင့်သော အကျင့်ကောင်းကို ရှုတ်ချသော သူတို့သည် ကဲ့ရဲ့ပြစ်တင်သောအခါ ၊ ကိုယ်တိုင်ရှက်ကြောက်ခြင်းမရှိမည်အကြောင်း ၊ သင်တို့သည် ကိုယ်ကိုကိုယ်သိသောစိတ် ကြည်လင်လျက် နေကြလော့ ။ ဘုရားသခင့်အလိုတော်ရှိလျှင် ၊ သုစရိုက်ကိုပြု ၍ ဆင်းရဲခံခြင်းသည် ၊ ဒုစရိုက်ကိုပြု ၍ ခံခြင်းထက် သာ ၍ ကောင်း ၏ ။ ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်းကိုခံ ၍ ၊ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်း သို့ ရောက်တော်မူသည်ဖြစ် ၍ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှါ ၊ ဖြောင့်မတ်တော်မူ သောသူသည် ၊ မဖြောင့်မတ်သော သူတို့အတွက် ၊ ဒုစရိုက် အပြစ်များကြောင့် တခါခံတော်မူ ၏ ။ ထိုဝိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ ၍ ၊ ယခုထောင်ထဲမှာ လှောင်ထားသော ဝိညာဉ် တို့အား တရားဟောတော်မူ ၏ ။ ထိုဝိညာဉ်တို့မူကား ရှေးကာလ ၊ နောဧလက်ထက် ၌ ၊ နည်းသောသူတည်းဟူသော လူရှစ်ယောက်တို့ကို ရေအားဖြင့် ကယ်ဆယ်သောသင်္ဘောကို တည်လုပ်စဉ်တွင် ၊ ဘုရားသခင် ၏ ခန္တီတော်သည်ဆိုင်းလင့်တော်မူ သော်လည်း ၊ နားမထောင်သောဝိညာဉ် ဖြစ်သတည်း ။ ထိုသို့သော ဥပမာအတိုင်း ၊ ယခုတွင်ဗတ္တိဇံသည် ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့် ၊ ငါတို့ကို ကယ်တင်တတ် ၏ ။ ဗတ္တိဇံဟုဆိုသော် ၊ ကိုယ်ကာယ ၏ အညစ်အကြေးဆေးကြောခြင်းကို မဆိုလို ။ ကိုယ်ကို ကိုယ်သိသောစိတ်ကြည်လင် ၍ ၊ ဘုရားသခင့်ရှေ့ ၌ ဝန်ခံခြင်းကို ဆိုလိုသတည်း ။ ထိုသခင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ် ၍ ၊ ကောင်းကင်တမန်အစရှိသော အာဏာစက် တန်ခိုးများတို့ကို အုပ်စိုးလျက် ၊ ဘုရားသခင် ၏ လက်ျာတော်ဘက် ၌ ရှိတော်မူ ၏ ။ ထိုသို့ခရစ်တော်သည် ကိုယ်ခန္ဓာတော် ၌ ငါတို့အတွက်ခံတော်မူသည်မှန်သောကြောင့် ၊ သင်တို့လည်း ထိုသို့သောသဘောကို လက်နက်ပြု ၍ သုံးစွဲကြလော့ ။ အကြောင်းမူကား ၊ ကိုယ်ခန္ဓာ ၌ ခံသောသူသည် ဒုစရိုက် တို့နှင့် လွတ်ငြိမ်းသည်ဖြစ် ၍ ၊ နောက်တဖန်သူတို့ ၏ တပ်မက်ခြင်းတရားကို မကျင့် ၊ ဘုရားသခင် ၏ အလိုတော်အတိုင်း ကျင့်လျက် ၊ ကိုယ်ခန္ဓာအသက်အပိုင်းအခြားကျန်ရစ်သောကာလကို လွန်စေတတ် ၏ ။ သာသနာပလူတို့ ၏ အလိုသို့လိုက် ၍ ၊ ကိလေသာညစ်ညှုးခြင်း ၊ ကာမတပ်မက်ခြင်း ၊ စပျစ်ရည်နှင့် ယစ်မူးခြင်း ၊ ပွဲလုပ်ခြင်း ၊ သောက်ကြူးခြင်း ၊ အဓမ္မရုပ်တုကို ကိုးကွယ်ခြင်း ၌ ကျင်လည် ၍ ၊ ငါတို့လွန်စေပြီးသော အသက်ကာလသည် ငါတို့အားလောက်ပေ ၏ ။ ယခုမှာသင်တို့သည် သူတို့နှင့်အတူ မဆက်ဆံ ၊ ကာမဂုဏ် ၌ လွန်ကျူးညစ်ညှုးစွာမပြုသည်အရာကို သူတို့သည်အံ့ဩ ၍ ကဲ့ရဲ့တတ်ကြ ၏ ။ သို့ဖြစ် ၍ ၊ အသက်ရှင်သော သူတို့ကို ၎ င်း ၊ သေသောသူတို့ကို ၎ င်း တရားစီရင်ခြင်းငှါ အသင့်ရှိတော် မူသောသူရှေ့ ၌ ၊ ထိုသူတို့သည် စစ်ကြောခြင်းကို ခံရကြလတံ့ ။ ထိုအကြောင်းကြောင့် လူတို့ရှေ့ ၌ ကိုယ်ခန္ဓာအားဖြင့် အပြစ်စီရင်ခြင်းကိုခံရသော်လည်း ၊ ဘုရား သခင့်ရှေ့တော် ၌ စိတ်ဝိညာဉ်အားဖြင့် အသက်ရှင်မည်အကြောင်း ၊ သေသောသူတို့သည် ဧဝံဂေလိတရားကို ကြားရကြ ၏ ။ ခပ်သိမ်းသောအမှုအရာတို့သည် အဆုံးသို့ရောက်လုသည် ဖြစ်သောကြောင့် ၊ သမ္မာသတိရှိကြလော့ ။ ဆုတောင်းခြင်းအလိုငှါ စောင့်နေကြလော့ ။ အခြားသောအမှုအရာထက်မက ၊ အချင်းချင်းအားကြီးသော ချစ်ခြင်းမေတ္တာသည် များစွာသော အပြစ်တို့ကို ဖုံးအုပ်တတ် ၏ ။ မြည်တမ်းခြင်းမရှိဘဲ အချင်းချင်း ဧည့်သည်ဝတ်ကိုပြုကြလော့ ။ သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ ၊ ဘုရားသခင် ၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့ ၊ အချင်းချင်းဝေငှပေးကမ်းကြလော့ ။ ဘုရားသခင်သည် အရာရာ ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေမည်အကြောင်း ၊ ဟောပြောသောသူသည်ဘုရားသခင် ၏ ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ ။ အခြားသောအမှုကို ဆောင် ရွက်သောသူသည် ၊ ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ ။ ထိုဘုရားသခင် သည် ကမ္ဘာအဆက်ဆက်ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း ။ အာမင် ။ ချစ်သူတို့ ၊ သင်တို့ကို စုံစမ်းစရာဘို့ ယခုခံရသော မီးစစ်ခြင်းအရာကိုကား ၊ သင်တို့ ၌ အံ့ဩဘွယ် သောအရာဖြစ်သည်ဟု ထင်မှတ် ၍ ၊ အံ့ဩခြင်းမရှိကြနှင့် ။ သင်တို့သည် ခရစ်တော် ၏ ဆင်းရဲကို ဆက်ဆံကြသည်ဖြစ် ၍ ၊ ဘုန်းတော်ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း ၊ ယခုပင် ဝမ်းမြောက်ကြလော့ ။ ခရစ်တော် ၏ နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ ၏ ။ သူတို့ ၌ ကား ကဲ့ရဲ့ခြင်း ၊ သင်တို့ ၌ ကား ချီးမွမ်းခြင်းရှိတော်မူ ၏ ။ လူအသက်ကိုသတ်သောအပြစ် ၊ သူ့ဥစ္စာကို ခိုးသောအပြစ် ၊ ဒုစရိုက်ကိုပြုသောအပြစ် ၊ သူတပါးအမှု ၌ ရောနှောသောအပြစ်ရှိ ၍ ၊ သင်တို့တွင် အဘယ်သူမျှ မခံစေနှင့် ။ ခရစ်ယာန်ဖြစ်သောကြောင့် ခံရလျှင်မူကား ၊ ရှက်ကြောက်ခြင်း မရှိစေနှင့် ။ ထိုအမှုကြောင့်ခံရလျှင် ဘုရားသခင် ၏ ဂုဏ်တော်ကိုချီးမွမ်းစေ ။ ဘုရားသခင် ၏ အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောအချိန်ရှိပြီ ။ ငါတို့ကို ရှေ့ဦးစွာ စစ်ကြောစီရင်လျှင် ၊ ဘုရားသခင် ၏ ဧဝံဂလိတရားစကားကို နားမ ထောင်သောသူတို့ ၏ အမှုသည် အဘယ်သို့ပြီးလိမ့်မည်နည်း ။ ဖြောင့်မတ်သောသူသည် ကယ်တင်ခြင်းသို့ ရောက်နိုင်ခဲသည်မှန်လျှင် ၊ ဘုရားသခင်ကို မကိုးကွယ် သောသူ ၊ အပြစ်ထင်ရှားသောသူသည် အဘယ်မှာပေါ်လိမ့်မည်နည်း ။ ထို့ကြောင့် ၊ ဘုရားသခင် ၏ အလိုတော်အတိုင်း ဆင်းရဲခံရသောသူတို့သည် ၊ ဘုရားသခင်ကို သစ္စာရှိသော အသက်သခင်ကဲ့သို့မှတ်လျက် ၊ ကောင်းသောအကျင့်ကိုကျင့်နေ ၍ ၊ ကိုယ်တော် ၌ မိမိတို့ အသက်ဝိညာဉ်ကိုအပ်နှံကြစေ ။ သင်းအုပ်အရာ ၌ ၎ င်း ၊ ခရစ်တော် ၏ ဆင်းရဲဒုက္ခဝေဒနာကို သိမြင်သောသက်သေအရာ ၌ ၎ င်း ခန့်ထား သောသူ ၊ ထင်ရှားစေတော်မူလတံ့သော ဘုန်းအသရေတော်ကို ဆက်ဆံသောသူဖြစ်သော ငါပေတရုသည် ၊ သင်တို့တွင်ရှိသော သင်းအုပ်ချင်းတို့ကို တောင်းပန်ပါ ၏ ။ သိုတို့နှင့်အတူရှိသောဘုရားသခင် ၏ သိုးတော်စုကို ထိန်းခြင်းအမှုမှာ ၊ အနိုင်ထိန်းရသောကြောင့် မဟုတ် ၊ မစင်ကြယ်သောစီးပွားကို တပ်မက်သောကြောင့်မဟုတ်ဘဲ ၊ အလိုလိုစေတနာစိတ်ရှိ ၍ ကြည့်ရှု အုပ်ထိန်းကြလော့ ။ အသီးအသီးအုပ်သော အသင်းတော်တို့ကို အာဏာထား ၍ အစိုးတရပြုသည်မဟုတ်ဘဲ ၊ သိုးတော်စု ရှေ့မှာပုံသက်သေကိုပြသောသူဖြစ်ကြလော့ ။ သို့ဖြစ်လျှင် ၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည် ။ ထိုနည်းတူ ၊ အသက်ပျိုသောသူတို့ ၊ အသက်ကြီးသော သူတို့ ၏ စကားကိုနားထောင်ကြလော့ ။ ထိုမျှမက ၊ အချင်းချင်းတယောက်အောက်တယောက်နှိမ့်ချလျက်နေ ၍ ၊ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့ ။ အကြောင်းမူကား ၊ ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ ၏ ။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ ၏ ။ ထိုကြောင့် ကာလအချိန်တန်လျှင် ၊ ဘုရားသခင်သည် သင်တို့ကိုချီးမြှောက်တော်မူမည်အကြောင်း ၊ တန်ခိုးကြီသော လက်တော်အောက် ၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့ ။ သင်တို့ကိုသတိနှင့် ကြည့်ရှုတော်မူသောကြောင့် ၊ သင်တို့ ၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော် ၌ အပ်နှံကြလော့ ။ သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့ ။ သင်တို့ ၏ ရန်သူတည်းဟူသော မာရ်နတ်သည် ၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ ၍ လှည့်လည်ရှာဖွေလျက်ရှိ ၏ ။ သို့ဖြစ် ၍ ၊ လူပြည်အရပ်ရပ်တို့ ၌ ရှိသော သင်တို့ ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကို ခံရကြသည်ဟုသိမှတ်လျက် ၊ ယုံကြည်ခြင်း ၌ တည် ၍ မာရ်နတ်ကို ဆီးတားကြလော့ ။ ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရဘုန်းအသရေတော်သို့ခေါ်တော်မူသော ၊ ခပ်သိမ်းသော ကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကိုစုံလင်တည်ကြည်ခိုင်ခံ့မြဲမြံ စေ တော်မူလိမ့်မည် ။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိရှိတော်မူစေသတည်း ။ အာမင် ။ ငါသည်သင်တို့ကို တိုက်တွန်းသွေးဆောင်လျက် ၊ သင်တို့မှီဝဲ ဆည်းကပ်သောဤအရာများသည် ဘုရား သခင် ၏ ကျေးဇူးတော်အမှန် ဖြစ်သည်ဟု သက်သေခံလျက် ၊ ဤစာကို အကျဉ်းအားဖြင့်ရေးပြီးမှ ၊ ငါစိတ်ထင် သည်အတိုင်း သင်တို့အမှု ၌ သစ္စာရှိသောညီအစ်ကို သိလွာနုလက်ဖြင့်ယခုပေးလိုက် ၏ ။ ငါ့သားမာကုမှစ ၍ ဗာဗုလုန်မြို့ ၌ ရှိသော သင်တို့နှင့်အတူ ရွေးချယ်တော်မူသော အသင်းတော်သည် သင်တို့ကိုနှုတ်ဆက်ကြ ၏ ။ အချင်းချင်းတယောက်ကိုတယောက်မေတ္တာနမ်းခြင်းနှင့် နှုတ်ဆက်ကြလော့ ။ ခရစ်တော်နှင့်ဆိုင်သော သင်တို့အပေါင်း ၌ ငြိမ်သက်ခြင်းရှိစေသတည်း ။ အာမင် ။ </passage></reply></GetPassage>