<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:61</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:61</urn><passage>ယေရှုခရစ် ၏ ကျွန်တမန်တော် ငါရှိမုန်ပေတရုသည် ကယ်တင်တော်မူသောအရှင် ၊ ငါတို့ဘုရား သခင်ယေရှုခရစ် ၏ ဖြောင့်မတ်ခြင်းတရားကို ငါတို့ ယုံကြည်သည်နည်းတူ ၊ မြတ်စွာသောယုံကြည်ခြင်းကို ရသောသူတို့အား ကြားလိုက်ပါ ၏ ။ ဘုရားသခင်ကို ၎ င်း ၊ ငါတို့သခင်ယေရှုကို ၎ င်း ၊ သိသောဥာဏ်အားဖြင့် ၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း သည် သင်တို့ ၌ များပြားပါစေသော ။ ထိုသို့နှင့်အညီ ငါတို့ကိုဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကို သိသောဥာဏ်အားဖြင့် ၊ ငါတို့အားအသက်ရှင်ခြင်း ၊ ဘုရားဝတ် ၌ မွေ့လျော်ခြင်းနှင့်စပ်ဆိုင်သောအရာရှိသမျှတို့ကို ဘုရားတန်ခိုး တော်သည် ပေးသနားတော်မူပြီ ။ ထိုသို့သောအားဖြင့်လည်း အလွန်ကြီးမြတ် ၍ အဘိုးထိုက်သော ဂတိများကို ငါတို့ ၌ အပ်ပေးတော်မူပြီ ။ အကြောင်းမူကား ၊ ထိုဂတိတော်များကို အမှီပြု ၍ သင်တို့သည် လောကီတပ်မက်ခြင်းအညစ်အကြေးနှင့် ကင်းလွတ်သဖြင့် ၊ ဘုရားပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း ။ ထိုသို့အလိုငှါ ၊ သင်တို့သည် ယုံကြည်ခြင်း ၌ သီလကို ၎ င်း ၊ သီလ ၌ ပညာကို ၎ င်း ၊ ပညာ ၌ ကာမဂုဏ်ချုပ်တည်းခြင်းကို ၎ င်း ၊ သည်းခံခြင်း ၌ ဘုရားဝတ်ကိုပြု ၍ မွေ့လျော်ခြင်းကို ၎ င်း ၊ ထိုမွေ့လျော်ခြင်း ၌ ညီအစ်ကိုစုံမက်ခြင်းကို ၎ င်း ၊ ညီအစ်ကိုစုံမက်ခြင်း ၌ ချစ်ခြင်းမေတ္တာကို ၎ င်း ၊ အလွန် ကြိုးစားအားထုတ် ၍ ထပ်ဆင့်ကြလော့ ။ အကြောင်းမူကား ၊ ထိုပါရမီတို့သည် သင်တို့ ၌ ရှိ ၍ ကြွယ်ဝလျှင် ၊ ငါတို့သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း ၌ မပျင်းရိစေခြင်းငှါ ၎ င်း ၊ အကျိုးမဲ့ မဖြစ်စေခြင်းငှါ ၎ င်း ၊ ပြုပြင်တတ်ကြ ၏ ။ ထိုပါရမီနှင့် ကင်းသောသူမူကား ၊ မျက်စိကန်း ၏ ။ ကိုယ်မျက်စီ ကိုကိုယ်ပိတ် ၏ ။ မိမိအပြစ်ဟောင်း ဆေးကြောကြောင်းကို မေ့လျော့ ၏ ။ ထိုကြောင့် ၊ ညီအစ်ကိုတို့ ၊ သင်တို့ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်တော်မူခြင်းကို တည်မြဲ စေခြင်းငှါ သာ ၍ ကြိုးစားအားထုတ်ကြလော့ ။ သို့ပြုလျှင် ၊ ရွေ့လျာ့ခြင်းနှင့်အစဉ်ကင်းလွတ်သည်ဖြစ် ၍ ၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ် ၏ ထာဝရနိုင်ငံတော်ထဲသို့ ဝင်စားခြင်း အခွင့် ကို သင်တို့အားကြွယ်ဝစွာ ပေးသနားတော်မူလတံ့ ။ ထိုကြောင့် ၊ ယခုဟောပြောသောသမ္မာတရားကို သင်တို့သည် နားလည် ၍ တည်ကြည်ခြင်းရှိသော်လည်း ၊ ဤသို့သော စကားများနှင့် သင်တို့အား အစဉ်မပြတ် သတိပေးမည် အမှုကို ငါမမေ့မလျော့ ။ ငါတို့သခင်ယေရှုခရစ်သည် ဗျာဒိတ်ပေးတော်မူ သည်အတိုင်း ၊ ငါတည်းခိုရာတဲကို မကြာမမြင့်မှီ ငါပစ်သွား ရမည်အရာကို ငါသိမှတ် ၍ ၊ ဤတဲ ၌ ရှိနေစဉ်ကာလ ပတ်လုံး ၊ သင်တို့ကို သတိပေး ၍ နှိုးဆော်အပ်သည်ဟု ငါသဘောရှိ ၏ ။ ထိုမှတပါး ၊ ငါစုတေ့သည်နောက် ၊ သင်တို့သည် ဤအရာများကို အစဉ်မှတ်မိစေခြင်းငှါ ငါကြိုးစား အားထုတ်မည် ။ ငါတို့သခြင်ယေရှုခရစ် ၏ တန်ခိုးတော်ကို ၎ င်း ၊ ကြွလာတော်မူခြင်းကို ၎ င်း ၊ သင်တို့အား ကြားပြောသော အခါ ၊ ငါတို့သည် ပရိယာယ်နှင့် ပြင်ဆင်သော ဒဏ္ဍာရီ စကားကိုမလိုက် ၊ ဘုန်းအာနုဘော်တော်ကို ကိုယ်တိုင်မြင် သော သူဖြစ်ကြ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ဤသူသည် ငါ နှစ်သက်မြတ်နိုးရာ ၊ ငါ ၏ ချစ်သား ပေတည်းဟူသော အသံတော်သည် ၊ ထူးမြတ်သောအရောင်အဝါတော်ထဲက ၊ ထိုသခင်သို့ရောက်သောအခါ ၊ ခမည်းတော်ဘုရားသခင့် အထံတော်မှ ဂုဏ်သရေဘုန်းအာနုဘော်ကိုခံရတော်မူ ၏ ။ ကောင်းကင်က ရောက်လာသော ထိုအသံတော် ကို ငါတို့သည် သန့်ရှင်းသောတောင်ပေါ်မှာ သခင်ဘုရား နှင့်အတူရှိသောအခါ ကြားရကြ ၏ ။ ထိုမှတပါး ၊ သာ ၍ မြဲမြံသော နာဂတ္တိ စကား တော်သည် ငါတို့ ၌ ရှိသေး ၏ ။ စိတ်နှလုံးထဲ ၌ ဘာရုဏ် တက် ၍ ကြယ်နီပေါ်ထွက်သည် ကာလတိုင်အောင် ၊ ထို အနာဂတ္တိစကားတော်ကို မှောင်မိုက်အရပ် ၌ ထွန်းလင်း သောဆီမီးကဲ့သို့မှတ် ၍ ၊ သင်တို့သည် အမှီပြုသင့်ကြ ၏ ။ ကျမ်းစာ ၌ ပါသော အာနဂတ္တိ စကားမည်သည် ကား ၊ ကိုယ်အလိုအလျောက်အနက်မပေါ်ဟု ရှေ့ဦးစွာ သိမှတ်ကြလော့ ။ အကြောင်းမူကား ၊ အနာဂတ္တိစကားသည် လူ အလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ် ၊ ဘုရားသင် ၏ သန့်ရှင်းသောသူတို့သည် သန့်ရှင်း သော ဝိညာဉ်တော် ၏ တိုက်တွန်းတော်မူခြင်းကို ခံရ ၍ ဟောပြောကြ ၏ ။ သို့သော်လည်း ၊ ယုဒလူတို့တွင် မိစ္ဆာပရောဖက် ရှိကြ ၏ ။ ထိုနည်းတူ ဖျက်ဆီးတတ်သော မိစ္ဆာဒိဋ္ဌိ အယူများကို ပရိယာယ်အားဖြင့် သွင်း ၍ ၊ မိမိတို့ကို ဝယ်တော်မူသော အရှင်ကိုငြင်းပယ်လျက် ၊ မိမိအပေါ် သို့ လျင်စွာသောဖျက်ဆီးခြင်းကို ရောက်စေသော မိစ္ဆာဆရာတို့သည် သင်တို့တွင်ရှိကြလိမ့်မည် ။ သူတို့ညစ်ညှုးသော အကျင့်ဓလေ့တို့ကို အများသောသူတို့သည် လိုက်သောအားဖြင့် သမ္မာတရားလမ်း အသရသည် ပျက်စီးလိမ့်မည် ။ သူတို့သည် လောဘလွန်ကျူးလျက် ချော့မော့ သော စကားနှင့် သင်တို့ကိုကုန်သွယ်ကြလိမ့်မည် ။ သူတို့အပြစ်စီရင်ခြင်းသည် ရှေးကာလ မှစ ၍ မဖင့်မနွဲ ၊ သူတို့ဖျက်ဆီးခြင်းသည်လည်း အိပ် ၍ မပျော် ။ အကြောင်းမူကား ၊ ပြစ်မှားသော ကောင်းကင် တမန်တို့ကို ဘုရားသခင်သည်နှမြောတော်မမူ ၊ ငရဲထဲသို့ ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်း အလို့ငှါ ချုပ်ထား ၍ ၊ မှောင်မိုက်သံကြိုးနှင့်ချည်နှောင်တော်မူ ၏ ။ ရှေးလောကဓာတ်ကိုလည်းနှမြောတော်မမူ ။ ဖြောင့်မတ်ခြင်း တရားကိုဟောသောနောဧနှင့် လူခုနစ် ယောက်တို့ကို စောင့်မတော်မူ ၍ ၊ ဘုရားကို မကိုးကွယ် သော လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုး စေတော်မူ ၏ ။ သောဒုံမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့ ၍ ဖျက်ဆီးရာ ၊ ဒဏ်စီ ရင်တော်မူသဖြင့် နောင် ၌ မတရား သော အကျင့်ကို ကျင့်အံ့သောသူတို့ အားပုံသက်သေကို ထားတော်မူ ၏ ။ ထိုအခါမတရားသော သူတို့ ၏ ညစ်ညူးသော အကျင့်အားဖြင့် နှောင့်ရှက်ခြင်းကို ခံရသောသူ ၊ ဖြောင့် မတ်သော လောတကို ကယ်နှုတ် တော်မူ ၏ ။ ထိုဖြောင့်မတ်သောသူသည် မတရားသော သူတို့တွင် နေစဉ်အခါ ၊ သူတို့ ၏ မတရားသောအမှုများကို နေ့တိုင်းမပြတ်မျက်စီမြင်လျက် ၊ နားကြားလျက်ရှိသဖြင့် ၊ မိမိဖြောင့်မတ်သော စိတ်နှလုံးကို ပြင်းစွာညှဉ်း ဆဲရ ၏ ။ ဘုရားဝတ် ၌ မွေ့လျော်သော သူတို့ကို စုံစမ်း နှောင့်ရှက်ခြင်း အထဲက ကယ်နှုတ်ခြင်းငှါ ၎ င်း ၊ မတရားသောသူတို့ကို ဒဏ်ခံစေမည် အ ကြောင်း ၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့် တကွ ၊ ကာမဂုဏ် အလိုသို့လိုက် ၍ ၊ အာဏာစက်ကို မထီမဲ့မြင်ပြုသော သူတို့ကို အထူး သဖြင့်ဒဏ်ခံစေမည် အကြောင်း ၊ တရားဆုံးဖြတ်သောနေ့အဘို့ ချုပ်ထား ခြင်းငှါ ၎ င်း ၊ ထာဝရ ဘုရားသည် တတ်နိုင်တော်မူ ၏ ။ ထိုသူတို့သည် ရဲရင့် သောသူ ၊ ကိုယ် အလိုသို့ လိုက်တတ် သော သူဖြစ် ၍ ၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ ၏ ။ ကောင်းကင်တမန်တို့မူကား ၊ သူတို့ထက် ခွန် အားတန်ခိုးကြီးသော်လည်း ၊ ထာဝရဘုရားရှေ့တော် ၌ သူတို့အားကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုကြ ။ သူတို့မူကား ၊ ဘမ်း ၍ ဖျက်ဆီးဘို့ရာ ဖန်ဆင်း သော တိရစ္ဆာန် သက်သက်ကဲ့သို့ ၊ မိမိတို့နားလည်သော အရာကို ကဲ့ရဲ့လျက် ၊ မိမိတို့ပုပ်ပျက်သောအားဖြင့် အကုန် အစင် ပျပ်စီးခြင်းသို့ရောက် ၍ ၊ မတရားသော အမှု ၏ အပြစ်ကိုခံရကြလိမ့်မည် ။ နေ့အချိန် ၌ ပင် လွန်ကျူးစွာ ကာမဂုဏ် ခံစား ခြင်း အမှုသည် ပျော်မွေ့ရာဖြစ်သည်ဟု သူတို့သဘော ရှိ ၏ ။ သင်တို့နှင့်အတူစားသောက် ပွဲလုပ်သောအခါ မိမိတို့မှားယွင်းသောသဘောနှင့် လွန်ကျူးစွာ ကာမဂုဏ် ခံစား ၍ ၊ သင်တို့ ၌ အညစ်အကြေး အစွန်းအကွက် ဖြစ်ကြ ၏ ။ သူတို့သည်သူ့မယားကိုပြစ်မှားသော ကိလေ သာနှင့် ပြည့်စုံသော မျက်စိရှိ ၍ ၊ ဒုစရိုက်ကို မပြုဘဲ မနေနိုင်ကြ ။ စိတ်နှလုံးမတည်ကြည်သော သူတို့ကို အပြစ် သို့ သွေးဆောင်တတ်ကြ ၏ ။ လောဘလွန်ကျူးခြင်း ၌ ကျင်လည် ၍ ၊ ကျိန်တော်မူခြင်း ၏ သားဖြစ်ကြ ၏ ။ ဖြောင့်မတ်သောလမ်းထဲကထွက် ၍ လွှဲသွား သဖြင့် ၊ ဗောသော် ၏ သားဗာလမ် ၏ လမ်းကိုလိုက်ကြ ၏ ။ ထိုဗာလမ်သည် မတရားသော အမှု ၏ အခကို တပ်မက် ၍ ၊ မိမိဒုစရိုက်အတွက်ကြောင့် ဆုံးမခြင်း ကိုခံရ ၏ ။ အဘယ်သို့နည်းဟူမူကား ၊ စကားမပြောနိုင် သော မြည်းသည်လူဘာသာအားဖြင့်မြွက် ၍ ၊ ထို ပရောဖက် ၏ မိုက်မဲခြင်းကိုမြစ်တားလေ ၏ ။ ထိုသူတို့သည် ရေမရှိသော ရေတွင်းကဲ့သို့ ၎ င်း ၊ လေတိုက် ၍ လွင့်သောမိုဃ်းတိမ်ကဲ့သို့ ၎ င်း ဖြစ်ကြ ၏ ။ သူတို့အဘို့ တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားချက်ရှိ ၏ ။ အကြောင်းမူကား ၊ မှားယွင်းခြင်း ၌ ကျင်လည် သော သူတို့အထဲက ပြေးထွက်လုသောသူတို့ကို ၊ ထောင် လွှားသော အချည်းနှီးကား ပြောသည်နှင့် ၊ ဇာတိပကတိ တပ်မက်ခြင်း ၊ ကိလေသာလွန်ကျူးခြင်းအားဖြင့် အပြစ်သို့ သွေးဆောင်တတ်ကြ ၏ ။ လွှတ်ခြင်းအခွင့်ရှိသည်ဟု ဝန်ခံလျက်ပင် ၊ ကိုယ်တိုင်ပုပ်ပျက် ခြင်း ၏ ကျွန်ဖြစ်ကြ ၏ ။ အဘယ်သို့ နည်းဟူမူကား ၊ လူကို နိုင်သောအရာသည် လူ ၏ သခင် ဖြစ် ၏ ။ ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ် ကိုသိကျွမ်းခြင်းအားဖြင့် ၊ လောကီညစ်ညူးခြင်းနှင့် ကင်း လွတ်ပြီးမှ ၊ တဖန်ကျော့မိ ၍ ရှုံးလျှင် ၊ နောက်ဖြစ်ဟန် သည် ရှေးဖြစ်ဟန်ထက်သာ ၍ ဆိုး ၏ ။ ဖြောင့်မတ်ခြင်းတရားလမ်းကိုသိ ၍ ၊ မိမိခံခဲ့ပြီး သော သန့်ရှင်း သော ပညတ်ကိုတဖန်စွန့်ပစ်သည်ထက် ၊ ထိုလမ်းကိုမသိဘဲနေသော် သာ ၍ ကောင်း ၏ ။ ခွေးသည်မိမိဘန်ဖတ်ကိုပြန် ၍ စား ၏ ။ ဝက် သည်လည်းဆေးပြီးမှ ရွံ့တွင်းလူးပြန် ၏ ဟု မှန်သော စကားပုံသည် ထိုသူတို့ ၌ ပြည့်စုံသတည်း ။ ချစ်သူတို့ ၊ ဤဒုတိယဩဝါဒစာကို သင်တို့အား ယခု ငါရေး ၍ ပေးလိုက် ၏ ။ သန့်ရှင်းသော ပရောဖက်တို့သည် ၊ အထက်က ဟောပြောသော စကားများကို ၎ င်း ၊ ကယ်တင်တော်မူ သော အရှင်သခင်ဘုရား ၏ တမန်တော် ဖြစ်သော ငါတို့ ၏ ပညတ်ကို ၎ င်း ၊ သင်တို့သည် အောက်မေ့ စေခြင်းငှါ ၊ ဤစာနှစ်စောင် ၌ သင်တို့ ၏ ကြည်ဖြူသော စိတ်ဝိညာဉ် တို့ကို ငါသတိပေး ၍ နှိုးဆော် ၏ ။ ရှေ့ဦးစွာ သိမှတ်အပ်သောအရာဟူမူကား ၊ နောက်ဆုံးသော ကာလ ၌ ပြက်ယယ်ပြုတတ်သော သူတို့သည် ၊ မိမိတို့တပ်မက်ခြင်းအတိုင်း ကျင့်နေ ၍ ၊ သခင်ဘုရားကြွလာမည်ဟူသော ဂတိတော် သည် အဘယ်မှာ ရှိသနည်း ။ ဘိုးဘေးများ အိပ်ပျော် သည်နောက် ၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့ ၊ ဖြစ်မြဲဖြစ်ကြလိမ့်မည် ။ ရှေးကာလ ၌ မိုဃ်းကောင်းကင်ကို ၎ င်း ၊ ရေထဲက ထွက် ၍ ရေဖြင့် တည်သောမြေကြီးကို ၎ င်း ၊ ဘုရားသခင် ၏ နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့် ၊ ဖြစ်ဘူးသောလောကဓာတ်ကို ထိုသို့အားဖြင့် ရေနှင့် လွှမ်းမြှုပ် ၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ ။ ယခုရှိသော မိုဃ်းကောင်းကင်နှင့်မြေကြီးမူကား ၊ တရားဆုံးဖြတ် ၍ အဓမ္မလူတို့ကို ဖျက်ဆီးသော နေ့ရက် တိုင်အောင် ၊ ထိုနှုတ်ကပတ် တော်အားဖြင့် သိုထားလျက် ရှိ ၍ ၊ မီးရှို့ခြင်းအဘို့အလိုငှါ နေရစ်သတည်း ။ ချစ်သူတို့ ၊ ထာဝရဘုရားမှာ ကာလတရက် သည် ၊ အနှစ် တထောင်ကဲ့သို့ ၎ င်း ၊ အနှစ်တထောင်သည် တရက်ကဲ့သို့ ၎ င်းဖြစ်သည် အရာတခုကို မမေ့လျော့ကြ နှင့် ။ လူအချို့တို့သည် ၊ နှေးခြင်းကိုမှတ်သည်အတိုင်း ၊ ထာဝရဘုရားသည် ဂတိတော်အရာမှာ နှေးတော်မမူ ။ ငါတို့တွင်အဘယ်သူမျှမပျက် စီးဘဲ ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှါ အလိုတော်ရှိ ၍ ၊ ငါတို့ကို သည်းခံ တော်မူ ၏ ။ သူခိုးသည် ညဉ့်အခါလာသကဲ့သို့ ၊ ထာဝရ ဘုရား ၏ နေ့ရက်သည် လာလိမ့်ည် ။ ထိုနေ့ ၌ မိုဃ်း ကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက် သွားလိမ့်မည် ။ မြေကြီးကိုယ်မှစ ၍ ၊ မြေကြီးပေါ်မှာ ပြုလုပ် သမျှသောအရာတို့သည် ကျွမ်းလောင်ကြလိမ့်မည် ။ သို့ဖြစ် ၍ ၊ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သော ကြောင့် ၊ မိုဃ်းကောင်းကင်သည် မီးနှင့်ပျက် ၍ လောက ဓာတ်တို့သည် ပူအားကြီးလျက် ၊ အရည်ကျိုခြင်းကို ခံရသော နေ့တည်းဟူသော ၊ ဘုရားသခင် ၏ နေ့ရောက် လိမ့်မည်ဟုသင်တို့သည် မြော်လင့်တောင့်တလျက် ၊ သန့်ရှင်းသောအကျင့်ကိုကျင့်ခြင်း ၊ ဘုရားဝတ် ၌ မွေ့လျော်ခြင်းအားဖြင့် ၊ အဘယ်သို့သောသူ ဖြစ်အပ် ကြသနည်း ။ ယခုရှိသမျှသောအရာတို့သည် ပျက်ရသော် လည်း ၊ ဖြောင့်မတ်ခြင်းတရားတည်နေရာ မိုဃ်းကောင်း ကင်သစ်နှင့် မြေကြီးသစ်ကို ငါတို့သည် ဂတိတော် နှင့်အညီ မြော်လင့်ကြ ၏ ။ ထိုသို့မြော်လင့်ခြင်းရှိသောကြောင့် ၊ ချစ်သူတို့ ၊ သင်တို့သည် အညစ်အကြေးနှင့် ကင်းစင် ၍ အဘယ် အပြစ်မျှမပါဘဲ ၊ ရှေ့တော်သို့ ငြိမ်ဝပ်စွာ ရောက်မည် အကြောင်း ကြိုးစားအားထုတ်ကြလော့ ။ ငါတို့ချစ်သော ညီပေါလုသည် ၊ မိမိခံရသော ဥာဏ်ပညာအတိုင်း သင်တို့အား ရေး ၍ ပေးလိုက်သော စာ ၌ ၎ င်း ၊ သူသည်ဤအရာများ ကိုပြော ၍ စီရင်သော ဩဝါဒစာရှိသမျှတို့ ၌ ၎ င်း ပါသည်နှင့်အညီ ၊ ငါတို့ သခင်ဘုရားသည်းခံတော်မူခြင်းသည် ကယ်တင်မည် အကြောင်း ဖြစ်သည်ဟုမှတ်ကြလော့ ။ ထိုစာတို့ ၌ ခက်ခဲသောအရာအချို့ရှိ ၏ ။ မတတ်သောသူ ၊ တည်ကြည်ခြင်းမရှိသောသူတို့သည် ၊ ထိုအရာမှစ ၍ ကြွင်းသောကျမ်းစာ ၏ အနက်ကို မှောင်လှန် ၍ ၊ ကိုယ်ကိုကိုယ်ဖျက်ဆီးတတ်ကြ ၏ ။ သို့ဖြစ် ၍ ၊ ချစ်သူတို့ ၊ မတရားသော သူတို့ ၏ ပရိယာယ်အားဖြင့် ၊ သင်တို့သည်လည်း သွေးဆောင်ရာသို့ လိုက် ၍ ၊ သင်တို့တည်ကြည်ခြင်းမှ မရွေ့လျော့မည် အကြောင်း ၊ ဤအရာများကို သိနှင့်ပြီဖြစ် ၍ ၊ ကိုယ်ကို ကိုယ်စောင့်ရှောက်ကြလော့ ။ ကျေးဇူးတော် ၌ ၎ င်း ၊ ငါတို့ကို ကယ်တင်တော်မူ သော အရှင် သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း ၌ ၎ င်း ကြီးပွားကြလော့ ။ ထိုသခင်သည် ယခုမှစ ၍ ထာဝရ နေ့ရက် ကာလပတ်လုံးဘုန်းအသရေရှိတော်မူစေ သတည်း ။ အာမင် ။ </passage></reply></GetPassage>