<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:62</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:62</urn><passage>ရှေ့ဦးစွာကပင်ဖြစ် ၍ ၊ ငါတို့သည် ကိုယ်တိုင်ကြားလျက် ၊ ကိုယ်မျက်စိနှင့်မြင်လျက် ၊ စေ့စေ့ကြည့်ရှု ၍ လက်နှင့် စမ်းသပ်ခဲ့ပြီးသောအရာတည်းဟူသော အသက်ရှင်သောနှုတ်ကပတ်တော်နှင့်ဆိုင်သောအရာကို သင်တို့အားပြသကြ ၏ ။ ထိုအသက်သည်ထင်ရှားခဲ့ပြီ ။ ငါတို့လည်း မြင်ရကြပြီ ။ ခမည်းတော်နှင့်အတူရှိဘူး ၍ ၊ ငါတို့အား ထင်ရှားခဲ့ပြီးသော ထိုထာဝရအသက်ကို ၊ ငါတို့သည် သင်တို့အား သက်သေခံ ၍ ပြသကြ ၏ ။ ငါတို့သည် ခမည်းတော်နှင့် ၎ င်း ၊ သားတော်ယေရှုခရစ်နှင့် ၎ င်း ၊ မိဿဟာယဖွဲ့ရသည်ဖြစ် ၍ ၊ သင်တို့သည် ငါတို့နှင့် မိဿဟာယဖွဲ့စေခြင်းငှါ ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ ၏ ။ သင်တို့ ၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှါလည်း ၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ ၏ ။ ထိုနှုတ်ကပတ်တော်ထံ ၌ ငါတို့သည်ကြားရ ၍ ၊ သင်တို့အား ပြသသောတရားစကားဟူမူကား ၊ ဘုရား သခင်သည်အလင်း ဖြစ်တော်မူ ၏ ။ ဘုရားသခင် ၌ မှောင်မိုက်အလျှင်းမရှိ ။ ငါတို့သည် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ပြီဟုဆိုလျက်ပင် ၊ မှောင်မိုက် ၌ ကျင်လည်လျှင် ၊ သစ္စာတရား ကိုမကျင့် ။ မုသာကိုသုံးသောသူ ဖြစ်ကြ ၏ ။ ဘုရားသခင်သည်အလင်း ၌ ရှိတော်မူသကဲ့သို့ ၊ ငါတို့သည်အလင်း ၌ ကျင်လည်လျှင် ၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ် ၍ ၊ ဘုရားသခင် ၏ သားတော် ယေရှုခရစ် ၏ အသွေးတော်သည် ၊ ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ ၏ ။ ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင် ၊ ကိုယ်ကိုကိုယ်လှည့်ဖြားကြ ၏ ။ ငါတို့ ၌ သစ္စာတရားမရှိ ။ ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင် ၊ ငါတို့အပြစ်များကိုလွှတ် ၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့် ၎ င်း ၊ ဖြောင့်မတ်ခြင်းတရားနှင့် ၎ င်း ပြည့်စုံတော်မူ ၏ ။ ဒုစရိုက်ကိုမပြုပြီဟု ငါတို့သည်ဆိုလျှင် ၊ ဘုရားသခင်ကို မုသာအပြစ်တင်ကြ ၏ ။ နှုတ်ကပတ်တော် လည်း ငါတို့ ၌ မရှိ ။ ချစ်သားတို့ ၊ သင်တို့သည်ဒုစရိုက်ကိုမပြုစေခြင်းငှါ ဤအရာများကိုသင်တို့အား ငါရေး ၍ ပေးလိုက် ၏ ။ တစုံတယောက်သောသူသည် ဒုစရိုက်ကိုပြုမိလျှင် ၊ ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တည်းဟူသော ငါတို့အမှုဆောင်သခင်သည် ခမည်းတော်ထံ ၌ ရှိတော်မူ ၏ ။ ထိုသခင်သည်ငါတို့ ၏ အပြစ်မက ၊ လောကီသားအပေါင်းတို့ ၏ အပြစ်ဖြေစရာအကြောင်း ဖြစ်တော်မူ ၏ ။ ထိုသခင်ကို ကိုယ်တိုင်သိကျွမ်းသည်ကိုအဘယ်သို့ သိရသနည်းဟူမူကား ၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း ။ ထိုသခင်ကို ငါသိ ၏ ဟုပညတ်တော်တို့ကို မစောင့်ဘဲလျက်ဆိုသောသူသည် မုသာကိုသုံးသောသူ ဖြစ် ၍ ထိုသူ ၌ သစ္စာမရှိ ။ ထိုသခင် ၏ စကားတော်ကို နားထောင်သောသူ မည်သည်ကား ၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာနှင့် အမှန်ပြည့်စုံ ၏ ။ ငါတို့သည် သခင် ၌ ရှိကြောင်းကို ထိုသို့အားဖြင့်သိရကြ ၏ ။ ထိုသခင် ၌ ငါတည် ၏ ဟုဆိုသောသူသည် ၊ ထိုသခင်ကျင့်တော်မူသည်နည်းတူ ကျင့်ရမည် ။ ချစ်သူတို့ ၊ သင်တို့အား ငါရေးထားသော ပညတ်သည် ပညတ်သစ်မဟုတ် ။ ရှေ့ဦးစွာကပင် သင်တို့ ၌ ရှိသော ပညတ်ဟောင်းဖြစ် ၏ ။ ပညတ်ဟောင်းကား ၊ ရှေ့ဦးစွာကပင်သင်တို့ကြားရသော ဒေသနာတော်ဖြစ် ၏ ။ တဖန်တုံ ၊ ပညတ်သစ်ကို သင်တို့အား ငါရေးထား ၏ ။ ထိုသခင်အားဖြင့် ၎ င်း ၊ သင်တို့အားဖြင့် ၎ င်း ၊ အသစ်မှန်ပေ ၏ ။ အကြောင်းမူကား မှောင်မိုက်ပျောက်လွင့် ၍ မှန်သောအလင်းသည် ထွန်းတောက်လျက်ရှိ ၏ ။ မိမိညီအစ်ကိုကိုမုန်းလျက်ပင် ၊ ငါသည် အလင်း ၌ ရှိ ၏ ဟုဆိုသောသူသည်ယခုတိုင်အောင် မှောင်မိုက် ၌ ရှိသေး ၏ ။ မိမိညီအစ်ကိုကိုချစ်သောသူသည် အလင်း ၌ တည်နေ ၏ ။ ထိမိ ၍ လဲစရာအကြောင်းသည်ထိုသူ ၌ မရှိ ။ မိမိညီအစ်ကိုကို မုန်းသောသူသည် မှောင်မိုက် ၌ ရှိ ၏ ။ မှောင်မိုက် ၌ လည်းကျင်လည်သွားလာ ၏ ။ မှောင် မိုက်ကြောင့်သူ ၏ မျက်စိ မမြင်နိုင်သဖြင့် ၊ အဘယ်အရပ်သို့ ကိုယ်သွားသည်ကိုကိုယ်မသိ ။ ချစ်သားတို့ ၊ သင်တို့သည် ထိုသခင် ၏ နာမတော်အားဖြင့် အပြစ်များနှင့်ကင်းလွတ်သောကြောင့် ၊ သင်တို့အားငါရေး ၍ ပေးလိုက် ၏ ။ အဘတို့ ၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့် ၊ သင်တို့အားငါရေး ၍ ပေးလိုက် ၏ ။ လူပျိုတို့ ၊ သင်တို့သည် မာရ်နတ်ကိုအောင်သောကြောင့် ၊ သင်တို့အားငါရေး ၍ ပေးလိုက် ၏ ။ သူငယ်တို့ ၊ သင်တို့သည် ခမည်းတော်ကိုသိသောကြောင့် ၊ သင်တို့အား ငါရေး ၍ ပေးလိုက် ၏ ။ အဘတို့ ၊ သင်တို့သည် ရှေ့ဦးစွာကပင် ရှိတော်မူသောသူကိုသိသောကြောင့် ၊ သင်တို့အား ငါရေး ၍ ပေးလိုက်ခဲ့ပြီ ။ လူပျိုတို့ ၊ သင်တို့သည် ခွန်အားနှင့်ပြည့်စုံ ၍ ၊ ဘုရားသခင် ၏ နှုတ်ကပတ်တော် ၌ မှီဝဲဆည်းကပ် သဖြင့် မာရ်နတ်ကိုအောင်သောကြောင့် ၊ သင်တို့အား ငါရေး ၍ ပေးလိုက်ခဲ့ပြီ ။ လောကကို ၎ င်း ၊ လောက ၌ ရှိသောအရာတို့ကို ၎ င်း ၊ မချစ်ကြနှင့် ။ လောကကိုချစ်သောသူမည်သည်ကား ၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ ။ လောက ၌ ရှိသမျှသော အရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း ၊ မျက်စိတပ်မက်ခြင်း ၊ လောကီ စည်းစိမ် ၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင် ၊ လောကနှင့်သာစပ်ဆိုင်ကြ ၏ ။ လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ် ၏ ။ ဘုရားသခင် ၏ အလိုတော်နှင့် အညီ ကျင့်သောသူမူကား ၊ နိစ္စထာဝရတည် ၏ ။ ချစ်သားတို့ ၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ် ၏ ။ ခရစ်တော် ၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း ၊ ယခုပင်အန္တိခရစ်အများရှိကြ ၏ ။ ထိုကြောင့် ၊ ယခု ကာလသည်နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ ၏ ။ ထိုသူတို့သည် ငါတို့ထံမှထွက်သွားကြ ၏ ။ သို့သော်လည်း အထက်ကငါတို့နှင့်မစပ်ဆိုင်ကြ ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူနေကြလိမ့်မည် ။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှါ ၊ ငါတို့ထံမှ ထွက်သွားကြ ၏ ။ သင်တို့သည် သန့်ရှင်းတော်မူသောဘုရား ၏ လက်မှဘိသိတ်ကျေးဇူးတော်ကိုခံရ ၍ ၊ ခပ်သိမ်းသော အရာတို့ကို သိကြ ၏ ။ သမ္မာတရားကို သင်တို့မသိသောကြောင့် ၊ ငါရေး ၍ ပေးလိုက်သည်မဟုတ် ။ သင်တို့သည် သမ္မာတရား ကို ၎ င်း ၊ မုသာရှိသမျှတို့သည် သမ္မာတရားနှင့် မစပ်ဆိုင်သည်ကို ၎ င်း ၊ သိသောကြောင့် ငါရေး ၍ ပေးလိုက် ၏ ။ မုသာကိုသုံးသောသူကားအဘယ်သူနည်း ။ ယေရှုသည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း ။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သော သူသည် အန္တိခရစ်ဖြစ် ၏ ။ သားတော်ကိုငြင်းပယ်သောသူမည်သည်ကား ၊ ခမည်းတော်ကိုမသိ ။ သားတော်ကို ဝန်ခံသောသူ မည်သည်ကား ၊ ခမည်းတော်ကိုသိ ၏ ။ ထိုကြောင့် ၊ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော ဒေသနာကို သင်တို့ ၌ တည်စေကြလော့ ။ ထိုဒေသနာသည် သင်တို့ ၌ တည်လျှင် ၊ သင်တို့သည် သားတော် ၌ ၎ င်း ၊ ခမည်းတော် ၌ ၎ င်း ၊ တည်ရကြလိမ့်မည် ။ ငါတို့အား ပေးတော်မူသောဂတိတော်မူကား ၊ ထာဝရအသက်ကို ဝန်ခံတော်မူသောဂတိတော် ပေတည်း ။ သင်တို့ကို လှည့်ဖြားသောသူတို့ ၏ အကြောင်းကို ဤသို့ သင်တို့အား ငါရေး ၍ ပေးလိုက် ၏ ။ သို့သော်လည်း သန့်ရှင်းတော်မူသောဘုရား ၏ လက်မှ သင်တို့ခံရသော ဘိသိတ်ကျေးဇူးတော်သည် သင်တို့ ၌ ရှိသည်ဖြစ် ၍ ၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာအကြောင်းမရှိ ။ ထိုဘိသိတ် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင်သည်မဟုတ် ၊ အမှန်ဖြစ်လျက် ခပ်သိမ်းသောအရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း ၊ သင်တို့သည် သားတော် ၌ တည်နေကြလော့ ။ ချစ်သားတို့ ၊ သားတော်သည်ထင်ရှား ပေါ်ထွန်းတော်မူသောအခါ ၊ ငါတို့သည် အထံတော်သို့ ရောက်လျှင် ၊ ရဲရင့်ရသောအခွင့်ရှိ ၍ ၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သားတော် ၌ တည်နေကြလော့ ။ ဘုရားသခင်သည် ဖြောင့်မတ်တော်မူသည်ကို သင်တို့သည်သိလျှင် ၊ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူ မည်သည်ကား ၊ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူဖြစ်သည်ကို သိရကြ ၏ ။ ဘုရားသခင် ၏ သားတော်ဟုခေါ်ဝေါ်ခြင်းအခွင့်ကို ငါတို့သည်ရမည်အကြောင်း ၊ ဘုရားသခင်သည် ငါတို့ကိုအဘယ်မျှလောက် ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင်ကြလော့ ။ လောကီသားတို့သည် ဘုရားသခင်ကို မသိသောကြောင့် ၊ ငါတို့ကိုလည်း မသိကြ ။ ချစ်သူတို့ ၊ ယခုတွင်ငါတို့သည် ဘုရားသခင် ၏ သားဖြစ်ကြ ၏ ။ နောက်မှအဘယ်သို့သောသူဖြစ်မည်ဟု မထင်ရှားသေး ။ သို့သော်လည်း ကိုယ်တော်သည် ထင်ရှားပေါ်ထွန်းတော်မူသောအခါ ၊ ငါတို့သည် ကိုယ်တော်နှင့် တူကြလတံ့ဟု ငါတို့သိကြ ၏ ။ အကြောင်းမူကား ၊ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်းကို ငါတို့သည် မြင်ရကြလတံ့ ။ ထိုသို့မြော်လင့်သောသူမည်သည်ကား ၊ ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူ ၊ ကိုယ်ကိုကိုယ် သန့်ရှင်း စေတတ် ၏ ။ ဒုစရိုက်ကို ပြုသောသူမည်သည်ကား ၊ ပညတ်တော်ကို လွန်ကျူး ၏ ။ ဒုစရိုက်သည်ကား ပညတ်တော်ကို လွန်ကျူးခြင်းဖြစ်သတည်း ။ ကိုယ်တော်သည် ငါတို့ ၏ အပြစ်များကို ဆောင်သွားခြင်းငှါ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့ သိကြ ၏ ။ ကိုယ်တော် ၌ လည်း အပြစ်မရှိ ။ ကိုယ်တော် ၌ တည်နေသောသူမည်သည်ကား ၊ ဒုစရိုက်ကို မပြုတတ် ၊ ဒုစရိုက်ကို ပြုတတ်သောသူ မည်သည်ကား ၊ ကိုယ်တော်ကိုမသိ မမြင်ရသေး ။ ချစ်သားတို့ ၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေနှင့် ။ အကြင်သူသည် ဖြောင့်မတ်ခြင်းတရားကို ကျင့် ၏ ။ ကိုယ်တော်ဖြောင့်မတ်တော်မူသည်နည်းတူ ၊ ထိုသူသည်ဖြောင့်မတ်ခြင်းရှိ ၏ ။ မာရ်နတ်သည်ရှေ့ဦးစွာမှစ ၍ ဒုစရိုက်ကိုပြုသောသူဖြစ်သောကြောင့် ၊ အကြင်သူသည် ဒုစရိုက်ကို ပြု ၏ ။ ထိုသူသည်မာရ်နတ်နှင့် ဆိုင် ၏ ။ မာရ်နတ်အမှုတို့ကို ပယ်ဖျက်ခြင်းငှါ ၊ ဘုရားသခင် ၏ သားတော်သည် ထင်ရှားပေါ်ထွန်းတော်မူ ၏ ။ ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ မည်သည်ကား ၊ ဒုစရိုက်ကိုမပြုတတ် ။ အကြောင်းမူကား ၊ ထိုသူ ၌ မျိုးစေ့တော်တည်လျက်ရှိ ၏ ။ ထိုသူသည် ဘုရားသခင်ဖြစ်ဘွားစေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင် ။ ထိုသို့သောလက္ခဏာအားဖြင့် ဘုရားသခင် ၏ သားတို့နှင့် မာရ်နတ် ၏ သားတို့သည် ထင်ရှားကြ ၏ ။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ ၊ မိမိညီအစ်ကိုကိုမချစ်သောသူ မည်သည်ကား ၊ ဘုရားသခင်နှင့်မဆိုင် ။ သင်တို့သည်ရှေ့ဦးစွာကပင် ကြားရသောတရားစကားဟူမူကား ၊ မာရ်နတ်နှင့်ဆိုင် ၍ မိမိညီကို သတ်သော ကာဣနကဲ့သို့မဟုတ် ၊ ငါတို့သည် အချင်းချင်းချစ်ရကြမည်ဟုလာသတည်း ။ ကာဣနသည် မိမိညီကို အဘယ်ကြောင့် သတ်သနည်းဟူမူကား ၊ မိမိအကျင့်သည် ဆိုးယုတ် ၍ ၊ ညီ ၏ အကျင့်သည် ဖြောင့်မတ်သတည်း ။ ညီအစ်ကိုတို့ ၊ လောကီသားတို့သည် သင်တို့ကို မုန်းသော်လည်း အံ့ဩခြင်းမရှိကြနှင့် ။ ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့် ၊ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက် သည်ကို ကိုယ်သိရကြ ၏ ။ မိမိ ညီအစ်ကိုကို မချစ်သောသူသည် သေခြင်း ၌ တည် ၏ ။ မိမိညီအစ်ကိုကိုမုန်းသောသူမည်သည်ကား ၊ လူအသက်ကို သတ်သောသူဖြစ် ၏ ။ လူအသက်ကို သတ်သောသူ တစုံတယောက် ၌ မျှ ထာဝရအသက် မတည်သည်ကို သင်တို့သိကြ ၏ ။ ခရစ်တော်သည် ငါတို့အဘို့အလိုငှါ အသက်တော်ကို စွန့်တော်မူသည်အရာကို ငါတို့သည် ထောက် ၍ ၊ မေတ္တာတော်ကို သိရကြပြီ ။ ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဘို့အလိုငှါ အသက်ကိုစွန့်ရကြ ၏ ။ အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင် ၊ မိမိညီအစ်ကိုဆင်းရဲခြင်းကိုမြင် ၍ ၊ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း ၏ ။ ထိုသူ ၌ ဘုရားသခင် ၏ မေတ္တာတော်သည် အဘယ်သို့တည်မည်နည်း ။ ချစ်သားတို့ ၊ ငါတို့သည် စကားပြောကာမျှအားဖြင့်သာ မချစ်ဘဲ ၊ စိတ်ပါကိုယ်ရောက် ဧကန်အမှန် ချစ်ကြကုန်အံ့ ။ ထိုသို့ချစ်လျှင် ၊ ကိုယ်တိုင်သမ္မာတရားနှင့် ဆိုင်သည်ကို ကိုယ်သိရ ၍ ၊ ဘုရားသခင့်ရှေ့တော် ၌ ကိုယ်စိတ်နှလုံးကို သက်သာစေကြလိမ့်မည် ။ အကြောင်းမူကား ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင် ၊ ဘုရားသခင်သည် ငါတို့ ၏ စိတ်နှလုံး ထက်သာ ၍ ကြီးမြတ်သည်ဖြစ် ၍ ၊ အလုံးစုံတို့ကို သိတော်မူသည်ကို ငါတို့သိကြ ၏ ။ ချစ်သူတို့ ၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကို အပြစ်မတင်လျှင် ၊ ဘုရားသခင့်ရှေ့တော် ၌ ရဲရင့်ရသော အခွင့် ရှိကြ ၏ ။ ငါတို့သည် ပညတ်တော်တို့ကို စောင့်ရှောက် ၍ ၊ နှစ်သက်တော်မူသောအကျင့်တို့ကို ကျင့်သောကြောင့် ၊ ဆုတောင်းသမျှတို့ကိုဘုရားသခင့် ထံတော်မှရကြ ၏ ။ ဘုရားသခင် ၏ ပညတ်တော်ဟူမူကား ၊ သားတော်ယေရှုခရစ်ကို ယုံကြည်ရမည် ။ သားတော်ပညတ် တော်မူသည်အတိုင်း ၊ အချင်းချင်း ချစ်ရမည်ဟူသော ပညတ်တော်ပေတည်း ။ ပညတ်တော်တို့ကို စောင့်သောသူသည် ဘုရားသခင် ၌ တည် ၏ ။ ထိုသူ ၌ လည်း ဘုရားသခင် တည်တော်မူ ၏ ။ ငါတို့အားပေးတော်မူသော ဝိညာဉ်တော်ကို ငါတို့သည်အမှီပြု ၍ ၊ ဘုရားသခင်သည်ငါတို့ ၌ တည်တော်မူသည်ကိုသိရကြ ၏ ။ ချစ်သူတို့ ၊ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကို မယုံကြနှင့် ။ စိတ်ဝိညာဉ်တို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကိုစုံစမ်းကြလော့ ။ အကြောင်းမူကား ၊ မိစ္ဆာပရောဖက်အများတို့သည် ဤလောကသို့ သွားကြပြီ ။ ဘုရားသခင် ၏ ဝိညာဉ်တော်ကို အဘယ်သို့သိနိုင်သနည်းဟူမူကား ၊ လူဇာတိအားဖြင့်ကြွလာ တော်မူသော ယေရှုခရစ်ကို ဝန်ခံသောဝိညာဉ် မည်သည်ကား ၊ ဘုရားသခင်နှင့်စပ်ဆိုင် ၏ ။ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကိုဝန်မခံသောဝိညာဉ်မည်သည်ကား ၊ ဘုရား သခင်နှင့်မစပ်ဆိုင် ။ ထိုသို့သောဝိညာဉ်ကား ၊ သင်တို့သည် ကြားခဲ့ပြီးသည်အတိုင်း ဤလောကသို့လာမည်ဖြစ် ၍ ၊ ယခုပင် လာလျက်ရှိသော အန္တိခရစ် ၏ ဝိညာဉ်ဖြစ် ၏ ။ ချစ်သားတို့ ၊ သင်တို့သည် ဘုရားသခင်နှင့်စပ်ဆိုင်ကြ ၏ ။ ထိုသူတို့ကိုလည်း အောင်ကြပြီ ။ အကြောင်းမူကား ၊ သင်တို့ဘက် ၌ ရှိသောသူသည် လောကဘက် ၌ ရှိသောသူထက်သာ ၍ ကြီးတော်မူ ၏ ။ ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သောကြောင့် ၊ လောကီအကြောင်းအရာကို ပြောတတ်ကြ ၏ ။ လောကီသားတို့သည်လည်း သူတို့စကားကို နားထောင်တတ်ကြ ၏ ။ ငါတို့မူကား ၊ ဘုရားသခင်နှင့်စပ်ဆိုင်ကြ ၏ ။ ဘုရားသခင်ကိုသိသောသူသည် ငါတို့စကားကို နားထောင်တတ် ၏ ။ ဘုရားသခင်နှင့် မစပ်ဆိုင်သောသူသည် ငါတို့စကားကိုနားမထောင်တတ် ။ ထိုအရာကို ငါတို့သည်ထောက် ၍ ၊ သမ္မာဝိညာဉ်ကို ၎ င်း ၊ မိစ္ဆာဝိညာဉ်ကို ၎ င်း သိရကြ ၏ ။ ချစ်သူတို့ ၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့ ၊ အကြောင်းမူကား ၊ ချစ်ချင်းမေတ္တာသည် ဘုရားသခင်နှင့် စပ်ဆိုင် ၏ ။ ချစ်တတ်သောသူမည်သည်ကား ၊ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူဖြစ် ၏ ။ ဘုရားသခင်ကို သိသောသူလည်းဖြစ် ၏ ။ ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ ။ အကြောင်းမူကား ၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ ၏ ။ သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှါ ၊ ဘုရားသခင်သည်တပါးတည်းသော သားတော်ကို ဤလောကသို့စေလွှတ်တော်မူသောအရာ ၌ ၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ ၏ ။ ငါတို့သည် ဘုရားသခင်ကိုချစ်ကြသည်ဟု မဆို ။ ဘုရားသခင်သည် ငါတို့ကိုချစ် ၍ ငါတို့ ၏ အပြစ် ဖြေစရာအကြောင်းဖြစ်စေခြင်းငှါ ၊ သားတော်ကို စေလွှတ်တော်မူသောအရာ ၌ ချစ်ခြင်းမေတ္တာရှိ ၏ ။ ချစ်သူတို့ ၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင် ၊ ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည် ။ ဘုရားသခင်ကို အဘယ်သူမျှမမြင်စဖူး ။ သို့သော်လည်း ၊ အချင်းချင်းချစ်ကြလျှင် ၊ ဘုရားသခင်သည် ငါတို့ ၌ တည်တော်မူ ၍ ၊ ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံလျက်ရှိကြ ၏ ။ ဘုရားသခင်သည် ဝိညာဉ်တော် ၏ ကျေးဇူးကို ငါတို့အား ပေးတော်မူသောကြောင့် ၊ ငါတို့သည် ဘုရားသခင် ၌ တည်သည်ကို ၎ င်း ၊ ဘုရားသခင်သည် ငါတို့ ၌ တည်တော်မူသည်ကို ၎ င်း သိရကြ ၏ ။ လောကီသာတို့ကို ကယ်တင်သောသခင်ဖြစ်စေခြင်းငှါ ၊ ခမည်းတော်သည် သားတော်ကို စေလွှတ်တော်မူသည်ဟု ငါတို့သည် သိမြင် ၍ သက်သေခံကြ ၏ ။ ယေရှုသည် ဘုရားသခင် ၏ သားတော်ဖြစ်တော်မူသည်ကို ဝန်ခံသောသူမည်သည်ကား ၊ ဘုရားသခင် ၌ တည် ၏ ။ ဘုရားသခင်သည်လည်း ထိုသူ ၌ တည်တော်မူ ၏ ။ ဘုရားသခင်သည် ငါတို့ကိုချစ်တော်မူခြင်း မေတ္တာတော်ကိုငါတို့သည်သိ ၍ ယုံကြည်ကြ ၏ ။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ ၏ ။ ချစ်ခြင်းမေတ္တာ ၌ တည်သောသူသည် ဘုရားသခင် ၌ တည် ၏ ။ ဘုရားသခင်သည်လည်း ထိုသူ ၌ တည်တော်မူ ၏ ။ ထိုသို့ငါတို့သည် ချစ်ခြင်းမေတ္တာနှင့် ပြည့်စုံသောအားဖြင့် ၊ တရားဆုံးဖြတ်တော်မူသောနေ့ ၌ ရဲရင့် ရသော အခွင့်ရှိကြလိမ့်မည် ။ အကြောင်းမူကား ၊ ငါတို့သည် ကိုယ်တော် ၏ နည်းတူ ဤလောက ၌ ဖြစ်ကြ ၏ ။ ချစ်ခြင်းမေတ္တာသည် ကြောက်ခြင်းသံဝေဂနှင့် မပေါင်းနိုင်ရာ ။ သံဝေဂသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့် ၊ စုံလင်သောမေတ္တာသည် သံဝေဂကို ပယ်ရှားတတ် ၏ ။ သံဝေဂရှိသောသူသည် မေတ္တာနှင့် မပြည့်စုံသေး ။ ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာ ချစ်တော်မူသောကြောင့် ၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ ၏ ။ တစုံတယောက်သောသူက ၊ ငါသည် ဘုရားသခင်ကိုချစ် ၏ ဟု ဆိုလျက်ပင် မိမိညီအစ်ကိုကို မုန်းလျှင် ၊ ထိုသူသည် မုသာကိုသုံးသောသူဖြစ် ၏ ။ မိမိမြင်ရသော ဘုရားသခင်ကို အဘယ်သို့ချစ်နိုင်မည်နည်း ။ ဘုရားသခင်ကို ချစ်သောသူသည် မိမိညီအစ်ကိုကို ချစ်ရမည်ဟူသော ပညတ်တော်ကို ငါတို့သည် ခရစ်တော်ထံ ၌ ခံရကြပြီ ။ ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်ကို ယုံကြည်သောသူမည်သည်ကား ၊ ဘုရားသခင်ဖြစ်ဘွား စေတော်မူသောသူဖြစ် ၏ ။ အဘကိုချစ်သောသူသည် သားကိုလည်းချစ်တတ်သည်နှင့်အညီ ၊ ငါတို့သည် ဘုရားသခင်ကိုချစ် ၍ ၊ ပညတ်တော်တို့ကို စောင့်ကြည့်လျှင် ၊ ဘုရားသခင် ၏ သားတို့ကို ချစ်ကြသည်ကို ငါတို့သိရကြ ၏ ။ ပညတ်တော်တို့ကို စောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက် ၏ ။ ပညတ်တော်တို့ကို စောင့်ခဲ သည်မဟုတ် ။ ဘုရားသခင် ၏ သားဖြစ်သောသူ မည်သည်ကား ၊ လောကကို အောင်တတ် ၏ ။ လောကကို အောင်ခြင်း အကြောင်းမူကား ၊ ငါတို့ ၏ ယုံကြည်ခြင်းပေတည်း ။ ယေရှုသည် ဘုရားသခင် ၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှတပါး ၊ အဘယ်သူသည် လောကကို အောင်နိုင်သနည်း ။ ထိုသခင်ကား ၊ ရေအားဖြင့် ၎ င်း ၊ အသွေးအားဖြင့် ၎ င်း ကြွလာသောသူတည်းဟူသော ယေရှုခရစ် ပေတည်း ။ ရေအားဖြင့်သာမဟုတ် ၊ ရေအားဖြင့် ၎ င်း ၊ အသွေးအားဖြင့် ၎ င်း ကြွလာတော်မူ ၏ ။ သက်သေခံ ဟူမူကား ၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ် ၍ သက်သေခံတော်မူ ၏ ။ သို့ဖြစ်လျှင် ၊ ကောင်းကင်ဘုံ ၌ ခမည်းတော်တပါး နှုတ်ကပတ်တော်တပါး ၊ သန့်ရှင်းသော ဝိညာဉ်တော်တပါး ၊ သက်သေခံသုံးပါးရှိ ၍ ထိုသုံးပါတို့သည် တလုံးတဝတည်း ဖြစ်တော်မူ ၏ ။ မြေကြီးပေါ် ၌ လည်း ဝိညာဉ်တော်တပါး ၊ ရေတပါး ၊ အသွေးတပါး ၊ သက်သေခံသုံးပါးရှိ ၍ ထိုသုံးပါး တို့သည် တညီတညွတ်တည်းဖြစ် ၏ ။ လူ ၏ သက်သေကိုယုံရလျှင် ၊ ဘုရားသခင် ၏ သက်သေတော်ကိုသာ ၍ ယုံဘွယ်ရာအကြောင်းရှိ ၏ ။ ယခုဆိုခဲ့ပြီးသော သက်သေကား ၊ ဘုရားသခင်သည် မိမိသားတော် ၏ အကြောင်းကို သက်သေခံတော်မူချက် ဖြစ်သတည်း ။ ဘုရားသခင် ၏ သားတော်ကို ယုံကြည်သောသူသည် ၊ မိမိအထဲ ၌ ထိုသက်သေကိုရ ၏ ။ ဘုရားသခင်ကို မယုံကြည်သောသူမူကား ၊ ဘုရားသခင်ကို မုသာအပြစ်တင် ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ဘုရားသခင်သည် မိမိသားတော် ၏ အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ ၏ ။ သက်သေခံတော်မူချက်ဟူမူကား ၊ ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကိုပေးတော်မူ ၍ ၊ ထိုအသက်သည်လည်း သားတော် ၌ ပါ ၏ ။ သားတော်ကိုရသောသူသည် အသက်ကိုရ ၏ ။ ဘုရားသခင် ၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ ။ ဘုရားသခင် ၏ သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ ၊ ဤအရာများကို သင်တို့အား ငါရေး ၍ ပေးလိုက် ၏ ။ ငါတို့သည် ဘုရားသခင့်အထံတော် ၌ ရဲရင့်ခြင်း အကြောင်းဟူမူကား ၊ ငါတို့သည်အလိုတော်နှင့်အညီ တစုံတခုသောဆုကို တောင်းလျှင် ၊ ဘုရားသခင်သည် နားထောင်တော်မူ ၏ ။ ဆုတောင်းသမျှသောစကားတို့ကို နားထောင်တော်မူသည်ကို ငါတို့သိလျှင် ၊ အထံတော် ၌ တောင်းသောဆုတို့ကို ရမည်ဟုသိရကြ ၏ ။ ညီအစ်ကိုချင်းသည် သေပြစ်မသင့်သောဒုစရိုက်ကို ပြုမိသည်ကို တစုံတယောက်သောသူသည် မြင်လျှင် ၊ ထိုသူသည် ဆုတောင်းရမည် ။ သေပြစ်ကို မပြုသောသူတို့အဘို့အလိုငှါ ၊ ဘုရားသခင်သည် ထိုသူအား အသက်ကိုပေးတော်မူမည် ။ သေပြစ်သင့်သောဒုစရိုက်ရှိ ၏ ။ ထိုဒုစရိုက်အပြစ်ကို လွှတ်စေခြင်းငှါ ဆုတောင်း ရမည်ဟုငါမဆို ။ မတရားသောအမှုမည်သည်ကား ဒုစရိုက်ဖြစ် ၏ ။ သို့သော်လည်း သေပြစ်မသင့်သောဒုစရိုက်ရှိ ၏ ။ ဘုရားသခင် ၏ သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကိုမပြုတတ်သည်ကို ငါတို့သိကြ ၏ ။ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောသူသည် ၊ မိမိကိုမိမိ စောင့်ရှောက်သဖြင့် ၊ မာရ်နတ်သည်ထိုသူကို မထိမခိုက်နိုင်ရာ ။ ငါတို့သည် ဘုရားသခင်နှင့်စပ်ဆိုင်သည်ကို ၎ င်း ၊ လောကီသားအပေါင်းတို့သည် မာရ်နတ် ၏ လက် ၌ ရှိကြသည်ကို ၎ င်း ငါတို့သိကြ ၏ ။ ဘုရားသခင် ၏ သားတော်သည်ကြွလာ ၍ ၊ မှန်သောဘုရားသခင်ကို သိသောဥာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ ၏ ။ မှန်သောဘုရားသခင် ၌ ၎ င်း ၊ သားတော်ယေရှုခရစ် ၌ ၎ င်းငါတို့သည် တည်လျက်ရှိကြ ၏ ။ ထိုသူသည်မှန်သော ဘုရားသခင်ဖြစ်တော်မူ ၏ ။ ထာဝရအသက်လည်း ဖြစ်တော်မူ ၏ ။ ချစ်သားတို့ ၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့ ။ </passage></reply></GetPassage>