<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:63</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:63</urn><passage>အသက်ကြီးသူသည် မြတ်သောသခင်မကို ၎ င်း ၊ သားသမီးတို့ကို ၎ င်းကြားလိုက်ပါ ၏ ။ ငါတို့ ၌ တည် ၍ ငါတို့တွင် အစဉ်မပြတ်ရှိလတံ့သော သမ္မာတရားကြောင့် ၊ ငါမှစ ၍ သမ္မာတရားကို သိသောသူအပေါင်း တို့သည် ၊ သခင်မနှင့် သားသမီးတို့ ၌ မှန်ကန်သောချစ်ခြင်းမေတ္တာရှိပါ ၏ ။ ခမည်းတော်ဘုရားထံတော်က ၎ င်း ၊ ခမည်းတော် ၏ သားတော်ယေရှုခရစ်အထံက ၎ င်း ၊ သမ္မာတရား ၊ မေတ္တာတရားနှင့်တကွ ၊ ကျေးဇူး ၊ ကရုဏာ ၊ ငြိမ်သက်ခြင်းသည် သင်တို့ ၌ ရှိပါစေသော ။ ငါတို့သည် ခမည်းတော်ဘုရားထံ ၌ ပညတ်တော်ကို ခံရသည်အတိုင်း ၊ သင် ၏ သားသမီးအချို့တို့သည် သမ္မာတရား ၌ ကျင်လည် ၍ နေသည်ကို ငါတွေ့သောအခါ ၊ အလွန်ဝမ်းမြောက်ခြင်းရှိ ၏ ။ ယခုတွင်ပညတ်တော်သစ်ကို မရေးဘဲလျက် ၊ ငါတို့ ၌ ရှေ့ဦးစွာကပင်ရှိသော ပညတ်တော်ကိုရေးထား ၍ ၊ သခင်မ ၊ အချင်းချင်းချစ်ခြင်း မေတ္တာရှိကြကုန်အံ့ဟု ငါတောင်းပန် ၏ ။ ပညတ်တော်တို့အတိုင်း ကျင့်စောင့်ခြင်းအရာသည် ချစ်ရာရောက် ၏ ။ သင်တို့သည် ပညတ်တော်နှင့် အညီကျင့်မည်အကြောင်း ၊ ရှေ့ဦးစွာကပင်သင်တို့ ကြားရသည်အတိုင်း ၊ ပညတ်တော်သည်ထိုသို့သော သဘောရှိ ၏ ။ လူဇာတိအားဖြင့် ကြွလာတော်မူသော ယေရှုခရစ်ကို ငြင်းပယ်လျက် ၊ လှည့်ဖြားသော သူအများ တို့သည် လောကထဲသို့ဝင်ကြပြီ ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ် ၏ ။ အန္တိခရစ်လည်းဖြစ် ၏ ။ ငါတို့သည် ကိုယ်ပြုစုသောအရာမပျောက်မပျက် ၊ စုံလင်သောအကျိုးကို ရမည်အကြောင်း ၊ သင်တို့သည် ကိုယ်ကိုကိုယ်သတိပြု ၍ စောင့်ရှောက်ကြလော့ ။ ခရစ်တော် ၏ ဒေသနာ ၌ မတည်ဘဲ လွန်ကျူးသောသူမည်သည်ကား ၊ ဘုရားသခင်ကိုမသိ ။ ခရစ်တော် ၏ ဒေသနာ ၌ တည်သောသူသည် ခမည်းတော်နှင့် သားတော်ကိုသိ ၏ ။ ထိုဒေသနာတော်မပါသောသူသည် သင်တို့ထံသို့လာလျှင် ၊ သူ့ကိုသင့်အိမ် ၌ လက်မခံနှင့် ။ မင်္ဂလာရှိစေ သောဟု နှုတ်မဆက်နှင့် ။ မင်္ဂလာရှိစေသောဟု ထိုသူကိုနှုတ်ဆက်လျှင် ၊ သူ ၏ ဆိုးယုတ်သောအကျင့်တို့နှင့် ဆက်ဆံရာသို့ ရောက် ၏ ။ သင်တို့အား ငါရေးစရာအကြောင်း အများရှိသော်လည်း ၊ စက္ကူပေါ် ၌ မှင်နှင့်ရေးခြင်းငှါ အလိုမရှိ ၊ သင်တို့ဆီသို့ ငါလာ ၍ ၊ အချင်းချင်း အားရဝမ်းမြောက်ခြင်းစုံလင်မည်အကြောင်း ၊ သင်တို့နှင့် နှုတ်ဆက် ၍ စကားပြောမည်ဟုမြော်လင့်လျက်နေ ၏ ။ သင် ၏ မြတ်သောညီမ ၏ သားသမီးတို့သည် သင့်ကိုနှုတ်ဆက် ကြ ၏ ။ </passage></reply></GetPassage>