<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:64</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:64</urn><passage>အသက်ကြီးသူသည်ချစ်အပ်သောဂါယုကိုကြားလိုက် ၏ ။ ငါသည်သင် ၌ မှန်ကန်သောချစ်ခြင်း မေတ္တာရှိ ၏ ။ အချင်းချစ်သူ ၊ သင် ၏ စိတ်နှလုံးသည် ကောင်းစားသကဲ့သို့ ၊ သင်သည်အရာရာ ၌ ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း ၏ ။ သင်သည်သမ္မာတရား ၌ ကျင်လည်သည်အတိုင်း သင် ၌ ရှိသောသမ္မာတရား ၏ အကြောင်းကို ညီအစ်ကို တို့သည်လာ ၍ သက်သေခံကြသောအခါ ၊ ငါသည် အလွန်ဝမ်းမြောက်ခြင်းရှိ ၏ ။ ငါ ၏ သားသမီးတို့သည် သမ္မာတရား ၌ ကျင်လည်သည်ကို ငါကြား ၍ ဝမ်းမြောက်ခြင်းထက် သာ ၍ ဝမ်းမြောက်ခြင်းမရှိ ။ အချင်းချစ်သူ ၊ သင်သည်ညီအစ်ကိုတို့အား ၎ င်း ၊ အာဂန္တုတို့အား ၎ င်း ပြုသမျှသောဝတ်တို့ကို သစ္စာနှင့် အညီ ပြုတတ် ၏ ။ ထိုသူတို့သည် သင် ၏ ချစ်ခြင်းမေတ္တာအကြောင်းကို အသင်းတော်ရှေ့ ၌ သက်သေခံကြ ၏ ။ သင်သည်ထိုသူတို့ကို ဘုရားသခင် ၏ အလိုတော်နှင့်အညီ ပို့လိုက်ပြန်လျှင် ၊ ကောင်းသောအမှုကိုပြုလိမ့်မည် ။ အကြောင်းမူကား ၊ ထိုသူတို့သည် နာမတော်ကိုထောက် ၍ ၊ သာသနာပလူတို့တွင် အလှူမခံဘဲသွားကြ ၏ ။ ငါတို့သည် သမ္မာတရားကို ကူမသောသူ ဖြစ်အံ့သောငှါ ၊ ထိုသို့သောသူတို့အား ဧည့်သည်ဝတ်ကို ပြုအပ်ကြ ၏ ။ အသင်းတော်ထံသို့မှာစာကို ငါရေး ၍ ပေးလိုက်လေပြီ ။ သို့သော်လည်း ၊ အကဲအမှူးလုပ်ချင်သော ဒယောတရပ်သည် ငါတို့အားအခွင့်မပေး ။ ထိုကြောင့် ၊ ငါလာသောအခါ သူသည် မိမိပြုသောအမှုကို မိမိသတိရစေခြင်းငှါ ငါပြုမည် ။ ထိုသူ သည် ၊ ငြူစူသောစကားနှင့် ငါတို့ကို ကဲ့ရဲ့သည်သာမက ၊ ကဲ့ရဲ့ခြင်းနှင့် စိတ်မပြေဘဲလျက် ၊ ညီအစ်ကိုတို့ကို ကိုယ်တိုင်လက်မခံ ၊ လက်ခံချင်သောသူတို့ကိုလည်း မြစ်တား ၍ ၊ အသင်းတော်ထဲကနှင်ထုတ်တတ် ၏ ။ အချင်းချစ်သူ ၊ မကောင်းသောနည်းကို မလိုက်နှင့် ၊ ကောင်းသောနည်းကိုသာလိုက်လော့ ။ ကောင်းသောအကျင့်ကို ကျင့်သောသူသည် ဘုရားသခင်နှင့် စပ်ဆိုင် ၏ ။ မကောင်းသောအကျင့်ကို ကျင့်သောသူမူကား ၊ ဘုရားသခင်ကို မသိမမြင်ရပြီ ။ လူအပေါင်းတို့သည် ဒေမေတရိ ၏ သက်သေဖြစ်ကြ ၏ ။ သမ္မာတရားသည်လည်း သူ ၏ သက်သေ ဖြစ် ၏ ။ ငါတို့သည်လည်း ထိုသူဘက် ၌ သက်သေခံကြ ၏ ။ ငါတို့ ၏ သက်သေခံခြင်းသည် ဟုတ်မှန်သည်ကို သင်တို့ သိကြ ၏ ။ ငါရေးစရာအကြောင်းအများရှိသော်လည်း ၊ မှင်နှင့် မှင်တံဖြင့် ရေးခြင်းငှာ အလိုမရှိ ၊ မကြာမမြင့်မှီသင့်ကို ငါတွေ့မြင်လျှင် အချင်းချင်းနှုတ်ဆက် ၍ စကားပြောမည်ဟု မြော်လင့်လျက် နေ ၏ ။ သင် ၌ ငြိမ်သက်ခြင်းရှိပါစေသော ။ အဆွေတို့သည် သင့်ကိုနှုတ်ဆက်ကြ ၏ ။ သင် ၌ ရှိသောအဆွေတို့ ၏ နာမည်ကို ထုတ် ၍ နှုတ်ဆက်လော့ ။ </passage></reply></GetPassage>