<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:65</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:65</urn><passage>ယေရှုခရစ် ၏ ကျွန်ဖြစ်သောယာကုပ်ညီ ငါယုဒသည် ခမည်းတော်ဘုရားသခင် သန့်ရှင်းစေတော်မူ ၍ ၊ ယေရှုခရစ် ခေါ်ထားစောင့်မတော်မူသော သူတို့ကို ကြားလိုက်ပါ ၏ ။ သင်တို့ ၌ ကရုဏာရှိပါစေသော ။ ငြိမ်သက်ခြင်း နှင့်ချစ်ခြင်းများ ပြားပါစေသော ။ ချစ်သူတို့ ၊ အညီအမျှဆက်ဆံသော ကယ်တင်ခြင်းအကြောင်းအရာကို သင်တို့ထံသို့ရေး ၍ ပေးလိုက် ခြင်းငှါ ငါသည်အလွန်ကြိုးစားသည်တွင် ၊ သန့်ရှင်းသူတို့ ၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်း တရား ဘက်မှာ သင်တို့သည် ကြိုးစား ၍ တိုက်လှန်စေခြင်းငှါ နှိုးဆော်သွေးဆောင် ၍ ရေးလိုက်ရသောအကြောင်းရှိ ၏ ။ အဘယ်ကြောင့်နည်းဟူမူကား ၊ ငါတို့ဘုရားသခင် ၏ ကျေးဇူးတော်ကို ကိလေသာ ၏ ညစ်ညူးခြင်း အလိုငှါမှောက်လှန်လျက် ၊ တပါးတည်း အစိုးရတော်မူသောအရှင် ၊ ငါတို့သခင် ယေရှုခရစ်ကို ငြင်းပယ်လျက် ၊ အပြစ်ခံစေခြင်းငှါ ရှေးကစီရင် မှတ်သားနှင့်သော အဓမ္မလူအချို့တို့သည် ပရိယာယ်နှင့် အမှတ်တမဲ့ဝင်ကြပြီ ။ ထို့ကြောင့် သင်တို့သည်သိနှင့်သော်လည်း ငါသည် သတိပေး ၍ ပြောချင်သော အကြောင်းအရာ ဟူမူကား ၊ ထာဝရဘုရားသည် ဣသရေလ လူတို့ကို အဲဂုတ္တုပြည်မှ ကယ်လွှတ်တော်မူပြီးလျှင် ၊ မယုံကြည်သော သူတို့ကိုတဖန် ဖျက်ဆီးတော်မူ ၏ ။ ထိုမှတပါး ၊ မိမိတို့အခွင့်အရာကိုမစောင့် ၊ မိမိတို့ နေရာအရပ်ကို စွန့်ပစ်သော ကောင်းကင်တမန်တို့ကို ၊ ကြီးစွာသောနေ့ ၌ စစ်ကြောစီရင်ခြင်းအလိုငှါ ၊ ထာဝရ ချည်နှောင်ခြင်းအားဖြင့် မှောင်မိုက် ထဲမှာချုပ် ထားတော် မူ ၏ ။ ထိုနည်းတူ ၊ သောဒုံမြို့နှင့် ဂေါမောရမြို့မှစ ၍ ပတ်ဝန်းကျင် ၌ ရှိသော မြို့တို့သည် ၊ အထက်က ဆိုခဲ့ပြီး သော လူဆိုးကဲ့သို့ မတရားသော မေထုန်ကိုအလွန်ပြု ၍ ကိုယ်ခင်ပွန်းမဟုတ်သော သူတို့နှင့်မှားယွင်းခြင်းအမှု ၌ ကျင်လည်သောကြောင့် ၊ ထာဝရမီးနှင့်ကျွမ်းလောင်ခြင်း ဒဏ်ကိုခံရ ၍ ပုံသက်သေထင်ရှားလျက်ရှိကြ ၏ ။ ယခုယောင်ယမ်းသောအဓမ္မလူတို့သည် ၊ ရှေးနည်းတူမိမိတို့ ကိုယ်ကိုညစ်ညူးစေ ၍ ၊ အာဏာစက် ကိုပယ်လျက် ၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့တတ်ကြ ၏ ။ ကောင်းကင်တမန် မင်းမိက္ခေလမူကား ၊ မောရှေ ၏ ကိုယ်ကို အကြောင်းပြု ၍ မာရ်နတ်နှင့် ငြင်းခုံသောအခါ ၊ ကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကိုမပြုဝံ့ဘဲ ၊ ထာဝရဘုရားသည် သင့်ကိုဆုံးမတော်မူစေ သတည်းဟူ ၍ သာပြောဆို ၏ ။ ထိုသူတို့မူကား ၊ မိမိတို့နားမလည်သောအရာများကို ကဲ့ရဲ့တတ်ကြ ၏ ။ တိရစ္ဆာန်ကဲ့သို့ ပကတိအတိုင်း မိမိတို့နားလည်သော အရာများဖြင့် မိမိတို့ကိုပုပ်ပျက်စေတတ်ကြ ၏ ။ သူတို့သည် အမင်္ဂလာရှိကြ ၏ ။ အကြောင်းမူကား ၊ ကာဣနနောက်သို့လိုက်ကြ ၏ ။ အခကိုရခြင်းငှါ ဗာလမ်မှားယွင်းသကဲ့သို့ အလွန်မှားယွန်းခြင်းရှိကြ ၏ ။ ကောရ ၏ ငြင်းခုံခြင်းအပြစ်နှင့် ဖျက်ဆီးခြင်းသို့ရောက် ကြ ၏ ။ မေတ္တာပွဲလုပ် ၍ သင်တို့နှင့်အတူ စားသောက်သောအခါ အားမနာဘဲ ၊ မိမိတို့ကိုဝစွာကျွေး ၍ ပွဲ ၌ အစွန်းအကွက်ဖြစ်ကြ ၏ ။ ရေမရှိ ၊ လေတိုက် ၍ လွင့်သော မိုဃ်းတိမ်ကဲ့သို့ ၎ င်း ၊ ညှိုးနွမ်း ၍ အသီးမတင် ၊ နှစ်ကြိမ် သေ ၍ နှုတ်ပစ်သော သစ်ပင်ကဲ့သို့ ၎ င်း ၊ မိမိရှက်ခြင်းအကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့ ၎ င်း ၊ ကြယ်ပျံကဲ့သို့ ၎ င်းဖြစ်ကြ ၏ ။ ထို ကြယ်ပျံတို့အဘို့တခဲနက်သော ထာဝရမှောင်မိုက်ကို သိုထားလျက်ရှိ ၏ ။ အာဒံမှဆင်းသက် ၍ ခုနှစ်ဆက်မြောက်သောသူ ဧနောက်က ၊ ထာဝရဘုရားသည် ခပ်သိမ်းသော သူတို့ကို တရားစီရင်တော်မူ ၍ ၊ မတရားသောသူတို့သည် မတရားသဖြင့် ပြုသောအဓမ္မအမှုရှိသမျှတို့ ၏ အပြစ်ကို ၎ င်း ၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား ၍ ပြောသောကြမ်းတမ်းသော စကား ရှိသမျှတို့ ၏ အပြစ်ကို ၎ င်းဘော်ပြခြင်းငှါ ၊ အတိုင်းမသိ များစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွကြွလာတော် မူလိမ့်မည်ဟု ပရောဖက်ပြု ၍ ဟောပြောလေ ၏ ။ ထိုသူတို့သည် မြည်တမ်း ၏ အပြစ်တင်တတ်သောသူ ၊ ကိုယ်တပ်မက်ခြင်းအတိုင်း ကျင့်တတ်သောသူ ၊ ထောင်လွှားသော စကားကိုပြောတတ်သောသူ ၊ ကိုယ်အကျိုးစီးပွားကြောင့် သူ့မျက်နှာကို ထောက်ထား ခန့်ညားတတ်သော သူဖြစ်ကြ ၏ ။ ချစ်သူတို့ ၊ နောက်ဆုံးသောကာလ ၌ ၊ မိမိတို့မတရားသော တပ်မက်ခြင်းအတိုင်း ကျင့်နေ ၍ ၊ ပြက်ယယ်ပြုတတ်သော သူတို့သည် ပေါ်ကြလိမ့်မည်ဟု ငါတို့သခင်ယေရှုခရစ် ၏ တမန်တော်တို့သည် ဟောပြောနှင့်သော စကားများကို အောက်မေ့ကြလော့ ။ ထိုသူတို့သည်သင်းခွဲသောသူ ၊ ဝိညာဉ်တော်နှင့် ကင်းသော ဇာတိပကတိလူဖြစ်ကြ ၏ ။ ချစ်သူတို့ ၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက် လျက် ၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း ပဌာနပြုလျက် ၊ ဘုရားသခင်ကို ချစ်ခြင်းမေတ္တာ ၌ ကိုယ်ကိုကိုယ်စောင့်ရှောက် ၍ ထာဝရအသက်အလိုငှါ ၊ ငါတို့သခင် ယေရှုခရစ် ၏ ကရုဏာတော်ကို မြော်လင့် ၍ နေကြာလော့ ။ ပိုင်းခြား ၍ သိတတ်သော ဥာဏ်ရှိ ၍ အချို့တို့ကို သနားကြလော့ ။ ကိုယ်ကာယနှင့်ညစ်ညူးစွန်းကွက်သော အဝတ်ကိုပင် စက်ဆုပ်ရွံရှာ ၍ ကြောက်ရွံ့ခြင်းနှင့်တကွ ၊ အချို့ တို့ကို မီးထဲမှ ဆယ်နှုတ်ကယ်တင်ကြလော့ ။ ထိမိ ၍ လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှါ ၎ င်း ၊ အပြစ် မရှိဘဲဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော်ရှေ့ ၌ ဆက်သခြင်းငှါ ၎ င်း တတ်နိုင်တော်မူသော သူတည်းဟူသော ။ ငါတို့ကို ကယ်တင်တော်မူသောအရှင် ၊ တဆူတည်းသောဘုရားသခင်သည် ၊ ငါတို့သခင်ယေရှုခရစ် အားဖြင့် ၊ ယခုမှစ ၍ ကမ္ဘာ အဆက်ဆက်ဘုန်းတန်ခိုး အာနုဘော်နှင့် အစွမ်းသတ္တိအာဏာ စက်ရှိတော်မူစေ သတည်း ။ အာမင် ။ </passage></reply></GetPassage>