<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:66</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:66</urn><passage>ကာလမကြာမမြင့်မှီဖြစ်ရမည် အမှုအရာများကို ယေရှုခရစ်သည် မိမိအစေခံကျွန်တို့အား ပြစေခြင်းငှါ ၊ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင် ၏ ဗျာဒိတ်တော်ကို ဆိုပေအံ့ ။ ထိုသခင်သည် မိမိကောင်း ကင်တမန်ကို စေလွှတ် ၍ ၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော် အရိပ်ကို ပြတော်မူ ၏ ။ ယောဟန်သည်လည်း ဘုရားသခင် ၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ် ၏ သက်သေခံတော်မူချက်ကို မြင်သမျှအတိုင်း သက်သေခံ ၏ ။ ကာလအချိန်ရောက်လုနီးပြီဖြစ် ၍ ၊ ဤအနာဂတ္တိကျမ်းစကားကိုကြည့်ရှု ဘတ်ရွတ်နားထောင် ၍ ၊ ရေးထားသမျှတို့ကို စောင့်ရှောက်သော သူတို့သည် မင်္ဂလာရှိကြ ၏ ။ ငါယောဟန်သည် အာရှိပြည် ၌ ရှိသော အသင်းတော်ခုနှစ်ပါးကို ကြားလိုက်ပါ ၏ ။ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ဘုရားသခင်အထံတော်က ၎ င်း ၊ ပလ္လင်တော်ရှေ့ ၌ ရှိသော ဝိညာဉ် ခုနှစ်ပါးအထံက ၎ င်း ၊ သစ္စာစောင့်သော သက်သေခံဖြစ်တော်မူထသော ၊ သေသောသူတို့တွင်သားဦး ဖြစ်တော်မူထသော ၊ လောကီဘုရင်တို့ ၏ အထွဋ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်က ၎ င်း ၊ ကျေးဇူးတော်နှင့် ငြိမ် သက်ခြင်းသည်သင်တို့ ၌ ရှိပါစေသော ။ ငါတို့ကိုချစ် ၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြောတော်မူ ၍ ၊ မိမိခမည်းတော်ဘုရားသခင့်ရှေ့ ၌ ငါတို့ကို ရှင်ဘုရင်အရာ ၌ ၎ င်း ၊ ယဇ်ပုရောဟိတ်အရာ ၌ ၎ င်း ခန့် ထားတော်မူသောသူသည် ၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း ။ အာမင် ။ ကြည့်ရှုလော့ ။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ် ၍ ၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည် ။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည် ။ မှန်ပေ ၏ ။ အာမင် ။ ငါသည် အာလဖဖြစ် ၏ ။ ဩမေဃလည်း ဖြစ် ၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ ၍ ၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလအစဉ် ရှိတော်မူသော ထာဝရ အရှင် ဘုရားသခင် မိန့်တော်မူ ၏ ။ ယေရှုခရစ် ၏ ဆင်းရဲခြင်းဒုက္ခမှစ ၍ နိုင်ငံတော်ကို ၎ င်း ၊ သည်းခံတော်မူခြင်းကို ၎ င်း ၊ သင်တို့နှင့်အတူ ဆက်ဆံသော အဘော်အဘက ၊ သင်တို့အစ်ကို ငါ ယောဟန်သည် ၊ ဘုရားသခင် ၏ နှုတ်ကပတ်နှင့် ယေရှု ခရစ် ၏ သက်သေခံတော်မူချက်ကြောင့် ၊ ပတ်မုကျွန်းမှာ နေရစဉ်တွင် ၊ သခင်ဘုရားနေ့ ၌ ဝိညာဉ်တော်ကိုခံရ ၍ ၊ တံပိုး ခရာ အသံကဲ့သို့ငါ့နောက် ၌ မြည်သော အသံကြီးကို ကြား ၏ ။ မြည်သောအချက်ဟူမူကား ၊ သင်သည်မြင်သော အရာကို စာစောင် ၌ ရေးထား ၍ ၊ ဧဖက်မြို့ ၊ စမုရနမြို့ ၊ ပေရဂံမြို့ ၊ သွာတိရမြို့ ၊ သာဒိမြို့ ၊ ဖိလဒေလဖိမြို့ ၊ လောဒိကိမြို့ ၌ ရှိသော အသင်းတော်ခုနှစ်ပါးထံသို့ ပေးလိုက် လော့ဟုဆိုသတည်း ။ ထိုသို့ ငါနှင့်စကားပြော ၍ အသံမြည်သော သူကိုမြင်ခြင်းငှါ ငါသည်လှည့်ကြည့်လျှင် ၊ ရွှေမီးခွက်ခုနှစ် လုံးကို ၎ င်း ၊ ထိုမီးခွက်ခုနှစ်လုံးအလယ် ၌ လူသားတော်နှင့် တူသောသူတဦး ကို ၎ င်း မြင် ၏ ။ ထိုသူသည်ခြေသို့ တိုင်အောင်ဝတ်ခြုံလျက် ၊ ရင်တော် ၌ ရွှေခါးပန်းကို စည်းလျက်ဖြစ် ၏ ။ ခေါင်းတော်နှင့်ဆံပင်တော်သည် ဖြူသော သိုးမွှေးကဲ့သို့ ၎ င်း ၊ မိုဃ်းပွင့်ကဲ့သို့ ၎ င်းဖြူ ၏ ။ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ ဖြစ် ၏ ။ ခြေတော်သည်လည်း မီး ၌ ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ ၏ ။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ် ၏ ။ လက်ျာလက်တော်သည်လည်း ကြယ်ခုနှစ်လုံးကို ကိုင် ၏ ။ ခံတွင်းတော်ထဲကလည်းထက်သော သန်လျက် ထွက် ၏ ။ မျက်နှာတော်သည်အရှိန်တန်ခိုးနှင့် ထွန်း တောက်သောနေကဲ့သို့ဖြစ် ၏ ။ ထိုသူကိုငါမြင်သောအခါ ၊ သေမတတ်ဖြစ် ၍ ခြေတော်ရင်း ၌ လဲလျက်နေ ၏ ။ ထိုသူသည်လက်ျာ လက်ထောက်ကို ငါ့အပေါ်သို့ တင်လျက် ၊ ကြောက်ရွံ့ ခြင်းမရှိနှင့် ။ ငါသည်အဦးဆုံးသောသူ ၊ နောက်ဆုံးသော သူဖြစ် ၏ ။ အသက်ရှင်သောသူလည်းဖြစ် ၏ ။ ငါသည် အရင်သေသည် ဖြစ် ၍ ၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ ၏ ။ မရဏာနှင့် မရဏာနိုင်ငံကိုလည်းငါအစိုးရ ၏ ။ ထိုကြောင့် ၊ သင်သည်မြင်ပြီးသော အရာတို့ကို ၎ င်း ၊ ယခုရှိသော အရာတို့ကို ၎ င်း ၊ နောင်ဖြစ်လတံ့သော အရာတို့ကို ၎ င်း ရေးထားလော့ ။ ငါ့လက်ျာလက် ၌ ထင်ရှားသောကြယ်ခုနှစ်လုံးနှင့်ရွှေမီးခွက် ခုနှစ်လုံး ၏ နက်နဲခြင်းအရာဟူမူကား ၊ မီးခွက်ခုနှစ်လုံးသည်အသင်းတော်ခုနှစ်ပါးဖြစ် ၏ ။ ကြယ်ခုနှစ်လုံးသည်လည်းထိုခုနှစ်ပါးသော အသင်းတော် တို့ကို အုပ်သောတမန်ဖြစ်ကြ ၏ ။ ဧဖက်မြို့ ၌ ရှိသော အသင်းတော် ၏ တမန်ကို ဤသို့ ရေး ၍ မှာ လိုက်လော့ ။ လက်ျာလက် ၌ ကြယ်ခုနစ် လုံးကိုကိုင် ၍ ၊ ရွှေမီးခွက်ခုနစ် လုံးအလယ် ၌ သွားလာသောသူ ၏ အမိန့်တော်ကား ၊ သင်အကျင့်ကျင့်ခြင်း ၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း ၊ သည်းခံခြင်းကိုငါသိ ၏ ။ သင်သည်မတရားသောသူတို့ကို လက်မခံနိုင်ကြောင်းကို ၎ င်း ၊ တမန်တော်မဟုတ်ဘဲ ၊ တမန်တော်ဖြစ် ယောင်ဆောင်သောသူတို့ကို စစ်ဆေး ၍ လှည့်ဖြားသော သူဖြစ်သည်ဟု သိကြောင်းကို ၎ င်း ၊ ခန္တီနှင့်ပြည့်စုံ ၍ ။ ငါ ၏ နာမကြောင့်ဆင်းရဲခံ ၍ အားမလျော့ကြောင်းကို ၎ င်းငါသိ ၏ ။ သို့သော်လည်း ၊ သင်သည် ရှေ့ဦးစွာသော ချစ်ခြင်း မေတ္တာလျော့ပြီဟုသင် ၌ အပြစ်တင်စရာရှိ ၏ ။ ထိုကြောင့် ၊ သင်သည်မရွေ့လျော့မှီ ၊ အရင်နေရာ အရပ်ကို အောက်မေ့လော့ ၊ နောင်တရလော့ ။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့ ၊ သို့မဟုတ် သင်ရှိရာ သို့ငါသည်အလျင်အမြန်လာမည် ။ နောင်တမရလျှင် ၊ သင် ၏ မီးခွက်ကိုနေရာမှရွှေ့မည် ။ သို့သော်လည်း ငါမုန်းသောနိကောလ တပည့်တို့ ၏ အကျင့်ကို သင်လည်းမုန်းသည်ဟု ပြောစရာရှိ ၏ ။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို ၊ နားရှိသောသူ မည်သည် ကားကြားပါစေ ။ အကြင်သူ သည်အောင်မြင် ၏ ။ ထိုသူသည်ငါ ၏ ဘုရားသခင် ပရဒိသုဥယျာဉ် ၌ ရှိသော အသက်ပင် ၏ အသီးကိုစားစေခြင်းငှါ အခွင့်ပေးမည် ။ စမုရနမြို့ ၌ ရှိသော အသင်းတော် ၏ တမန်ကို ဤသို့ရေး ၍ မှာလိုက်လော့ ။ အဦးဆုံးသောသူ ၊ နောက်ဆုံးသော သူတည်းဟူသော ၊ အရင်သေ ၍ အသက်ရှင်လျက်ရှိသော သူ ၏ အမိန့်တော်ကား ၊ သင်အကျင့်ကျင့်ခြင်း ၊ ဒုက္ခခံခြင်း ၊ ဆင်းရဲခြင်း ကိုငါသိ ၏ ။ သို့သော်လည်း ၊ သင်သည် ကြွယ်ဝပြည့်စုံခြင်း ရှိ ၏ ။ ယုဒလူဖြစ်ယောင် ဆောင် ၍ ယုဒလူမှန်မဟုတ် ၊ စာတန် ၏ အပေါင်းအသင်းဖြစ်သော သူတို့ ၏ ကဲ့ရဲ့ခြင်း ကိုလည်း ငါသိ ၏ ။ သင်သည်ခံရမည့်အရာ တစုံတခုကိုမျှ မကြောက်နှင့် ။ သင်တို့သည် စုံစမ်းခြင်းကိုခံရမည် အကြောင်း ၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ ၌ လှောင်ထား ၍ ၊ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည် ။ သေသည်တိုင်အောင် သစ္စာစောင့်လော့ ။ သို့ဖြစ်လျှင် ၊ အသက်သရဖူကို ငါပေးမည် ။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ ။ အောင်မြင်သော သူကို ဒုတိယသေခြင်းသည် မညှဉ်းဆဲရ ။ ပေရဂံမြို့ ၌ ရှိသော အသင်းတော် ၏ တမန်ကို ဤသို့ရေး ၍ မှာလိုက်လော့ ။ ထက်သောသန်လျက် ရှိသော သူ ၏ အမိန့်တော်ကား ၊ သင်အကျင့်ကျင့်ခြင်းကို ၎ င်း ၊ စာတန် ၏ ရာဇပလ္လင်ရှိရာ အရပ်တည်းဟူသောသင် ၏ နေရာအရပ် ကို ၎ င်း ငါသိ ၏ ။ စာတန် ၏ နေရာအရပ် ၌ သင်တို့တွင် အသေသတ်ခြင်းကိုခံရသော အန္တိပသည် သစ္စာရှိ ၍ ငါ့ဘက် ၌ သက်သေခံရသောနေ့ရက်ကာလတွင်ပင် ၊ သင်သည်ငါ ၏ နာမကို စွဲကိုင် ၏ ။ ငါ ၏ ယုံကြည်ခြင်း တရားကို မစွန့်မပယ် ။ သို့သော်လည်း ဣသရေလအမျိုးသားတို့သည် ရုပ်တုရှေ့မှာ ပူဇော်သောယဇ်ကောင်ကို စားစေခြင်းငှါ ၎ င်း ၊ မတရားသော မေထုန်ကို ပြုစေခြင်းငှါ ၎ င်း ၊ ထိမိ ၍ လဲစရာအရာကို သူတို့ရှေ့ ၌ ချထားမည်အကြောင်း ၊ ဗာလက်မင်းကိုအကြံပေးသောသူတည်းဟူသော ဗာလမ် ၏ အယူကို စွဲလမ်းသောသူတို့သည် သင် ၏ နေရာ ၌ ရှိကြသည်ဖြစ် ၍ ၊ သင် ၌ အနည်းငယ်သောအပြစ်တင်စရာရှိ ၏ ။ ထိုအယူနှင့်သဘောတူသော နိကောလတပည့်တို့ ၏ အယူကို စွဲလမ်းသော သူတို့သည် ထိုနည်းတူ သင် ၌ ရှိကြ ၏ ။ ထိုကြောင့်နောင်တရလော့ ။ မရလျှင်သင်ရှိရာသို့ငါသည် အလျင်အမြန်လာမည် ။ ထိုသူတို့ကို ငါ့ခံတွင်း ၏ သန်လျက်နှင့် စစ်တိုက်မည် ။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို ၊ နားရှိသောသူမည်သည် ကား ကြားပါစေ ။ အကြင်သူသည် အောင်မြင် ၏ ။ ဝှက်ထားသောမန္နကို ၎ င်း ၊ ကျောက်ဖြူလက်ဖွဲ့ကို ၎ င်း ၊ ထိုကျောက်ပေါ် ၌ အက္ခရာတင်သောနာမသစ်ကို ၎ င်း ထိုသူအား ငါပေးမည် ။ ထိုကျောက်ကိုရသော သူမှတပါး အဘယ်သူမျှ ထိုနာမကို မသိနိုင်ရာ ။ သွာတိရမြို့ ၌ ရှိသောအသင်းတော် ၏ တမန်ကို ဤသို့ရေး ၍ မှာလိုက်လော့ ။ မီးလျှံကဲ့သို့သော မျက်စိနှင့် ၎ င်း ၊ ကြေးဝါစစ်နှင့်တူသောခြေနှင့် ၎ င်း ၊ ပြည့်စုံသော ဘုရားသခင့်သားတော် ၏ အမိန့်တော်ကား ၊ သင်အကျင့်ကျင့်ခြင်း ၊ ချစ်ခြင်း ၊ အမှုဆောင်ခြင်း ၊ ယုံကြည်ခြင်း ၊ သည်းခံခြင်းကို ၎ င်း နောက်ကျင့် သောအကျင့်တို့သည် အရင်ကျင့်သောအကျင့်ထက် သာ ၍ များကြောင်းကို ၎ င်း ငါသိ ၏ ။ သို့သော်လည်း ၊ ငါ ၏ အစေခံကျွန်တို့သည် မတရားသော မေထုန်ကို ပြုစေခြင်းငှါ ၎ င်း ၊ ရုပ်တု ရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်းငှါ ၎ င်း ၊ ပရောဖက်မဟူ ၍ ကိုယ်ကိုခေါ်ဝေါ်သောသင် ၏ ခင်ပွန်း ယေဇဗေလသည် သွန်သင် ၍ မှားယွင်းစေရသောအခွင့်ကို သင်သည်ပေးသောကြောင့် ၊ သင် ၌ အပြစ်တင်စရာ ရှိ ၏ ။ နောင်တရသင့်သောကာလကို ငါပေးသော်လည်း ၊ သူသည် မိမိမတရားသောမေထုန်ကို နောင်တ ရချင်သော စိတ်မရှိ ။ ထိုကြောင့် ၊ သူ့ကိုအိပ်ရာ ၌ ငါချထားမည် ။ သူနှင့်အတူ မတရားသော မေထုန်ကိုပြု ၍ ၊ ထိုသို့သော အကျင့်ကိုနောင်တမရသောသူတို့ကိုလည်း ၊ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည် ။ သူ ၏ သားသမီးတို့ကိုလည်း အသေသတ်မည် ။ ငါသည် နှလုံးကျောက်ကပ်ကို စစ်ဆေးတော်မူသော သူဖြစ်ကြောင်းကို ထိုသို့သောအားဖြင့် ခပ်သိမ်းသော အသင်းတော်တို့သည် သိရကြလိမ့်မည် ။ သင်တို့သည် အသီးအသီးကျင့်သော အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါပေးမည် ။ ထိုမိစ္ဆာဒိဌိအယူကို ယူသောသူတို့ ခေါ်ဝေါ် သည်နှင့်အညီ ၊ စာတန် ၏ နက်နဲသောအရာဟုခေါ်ဝေါ် သောအရာတို့ကို မကျွမ်း ၊ ထိုမိစ္ဆာဒိဌိအယူကိုမယူ ၊ ကြွင်းသောသွာတိရမြို့သားတို့ကို ငါဆိုသည်ကား ၊ သင်တို့ သည် ရသမျှကို ငါလာသည်တိုင်အောင် စွဲကိုင်ကြလော့ ။ ထိုမှတပါး အခြားသောဝန်ကို သင်တို့အပေါ် ၌ ငါမတင် ။ အကြင်သူသည်အောင်မြင် ၍ အဆုံးတိုင်အောင် ငါ့အကျင့်ကိုကျင့် ၏ ။ ငါ့ခမည်းတော်သည် ငါ့အား အခွင့် ပေးတော်မူသကဲ့သို့ ၊ လူမျိုးတို့ကို အုပ်စိုးစေခြင်းငှါ ထိုသူအားငါသည် အခွင့်ပေးမည် ။ ထိုသူသည် သူတို့ကိုသံလှံတံနှင့်အုပ်စိုး ၍ ၊ မြေအိုးကိုခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည် ။ မိုဃ်းသောက်ကြယ်ကိုလည်း ထိုသူအား ငါပေးမည် ။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေ ။ သာဒိမြို့ ၌ ရှိသောအသင်းတော် ၏ တမန်ကို ဤသို့ရေး ၍ မှာလိုက်လော့ ။ ဘုရားသခင် ၏ ဝိညာဉ် ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံး ရှိသောသူ ၏ အမိန့်တော်ကား ၊ သင် ၏ အကျင့်ကိုငါသိ ၏ ။ သင်သည် အသက်ရှင်ဟန်ရှိ သော်လည်း သေလျက်နေသည်ကို ငါသိ ၏ ။ မအိပ်ဘဲစောင့် ၍ နေလော့ ။ ကျန်ရစ် ၍ သေလုသောအရာတို့ ကို ပြုစုလော့ ။ သင် ၏ အကျင့်သည် ငါ ၏ ဘုရားသခင်ရှေ့ ၌ မစုံ မလင်ရှိသည်ကိုငါတွေ့ပြီ ။ ထိုကြောင့် ၊ သင်သည်ခံယူ ၍ နားထောင်ပြီးသည်အရာကို အောက်မေ့ ၍ စောင့်ရှောက်လော ။ နောင်တရလော့ ။ စောင့် ၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည် ။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ ။ သို့သော်လည်း ၊ သာဒိမြို့ ၌ ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ်ညူးစေသော သူနည်းနည်းရှိသေး ၏ ။ ထိုသူတို့သည် ထိုက်တန်သောသူဖြစ် ၍ ၊ အဖြူ ဝတ်လျက် ငါနှင့်အတူသွားလာကြလိမ့်မည် ။ အောင်မြင် သော သူသည် ဖြူသောအဝတ်ကို ဝတ်ဆင်လိမ့်မည် ။ ထိုသူ ၏ နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ ။ ငါ့ခမည်းတော်ရှေ့ ၌ ၎ င်း ၊ ကောင်းကင် တမန်တော်တို့ ၌ ၎ င်း သူ ၏ နာမကို ငါဝန်ခံမည် ။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည် ကား ကြားပါစေ ။ ဖိလဒေလဖိမြို့ ၌ ရှိသော အသင်းတော် ၏ တမန်ကိုဤသို့ရေး ၍ မှာလိုက်လော့ ။ သန့်ရှင်းသောသူ ၊ ဟုတ်မှန်သောသူ ၊ ဒါဝိဒ်မင်း ၏ တံခါးသော့ကို ကိုင်သော သူ ၊ အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့် ၍ ၊ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ ၏ အမိန့်တော်ကား ။ သင် ၏ အကျင့်ကိုငါသိ ၏ ။ အဘယ်သူမျှ မပိတ် နိုင်သောတံခါး ကို သင့်ရှေ့ ၌ ငါဖွင့်ထားပြီ ၊ အကြောင်း မူကား ၊ သင်သည်အနည်း ငယ်သောခွန်အားရှိသည်နှင့် ၊ ငါ ၏ နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ ။ ငါ ၏ နာမကိုလည်း မစွန့်မပယ် ။ ယုဒလူ ဖြစ် ယောင်ဆောင် ၍ အမှန်မဟုတ်ဘဲ ၊ မုသာစကားကိုပြော သောသူတည်းဟူသော ၊ စာတန် ၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင် ၌ ငါအပ်ပေးမည် ။ သူတို့သည်လာ ၍ သင် ၏ ခြေရင်း ၌ ပြပ်ဝပ်စေခြင်းငှါ ၎ င်း ၊ ငါသည်သင့်ကို ချစ်သည်ဟု သိစေရခြင်းငှါ ၎ င်း ငါပြုမည် ။ သင်သည် ငါ ၏ သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက်သောကြောင့် ၊ မြေကြီး အပေါ် ၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှါ ၊ လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာ ကာလတွင် ၊ သင့်ကိုငါစောင့်ရှောက်မည် ။ ငါသည်အလျင်အမြန်လာမည် ။ သင် ၏ သရဖူကို အဘယ်သူ မျှမယူစေခြင်းငှါ ၊ ရခဲ့ပြီးသော အရာကို စွဲကိုင်လော့ ။ အကြင်သူသည် အောင်မြင် ၏ ။ ထိုသူကို ငါသည်ငါ ၏ ဘုရား သခင်ဗိမာန်တော် ၌ တိုင်ဖြစ်စေမည် ။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ ။ ငါ ၏ ဘုရားသခင် နာမတော်ကို ၎ င်း ၊ ငါ ၏ ဘုရားသခင့်အထံတော် မှထွက် ၍ ၊ ကောင်းကင်ဘုံမှ ဆင်းသက်သောယေရှုရှလင်မြို့သစ် တည်းဟူသော ၊ ငါ ၏ ဘုရားသခင်မြို့တော် ၏ နာမကို ၎ င်း ၊ ငါ ၏ နာမသစ်ကို ၎ င်း ၊ ထိုသူအပေါ် ၌ ငါသည် အက္ခရာတင်မည် ။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသော သူမည်သည် ကားကြားပါစေ ။ လောဒိကိမြို့ ၌ ရှိသော အသင်းတော် ၏ တမန် ကိုဤသို့ ရေး ၍ မှာလိုက်လော့ ။ ဘုရားသခင် ၏ ဝေနေယျသတ္တဝါတို့အထွဋ် ၊ သစ္စာရှိ ၍ ဟုတ်မှန်သော သက်သေခံ ၊ အာမင် ၏ အမိန့်တော်ကား ၊ သင် ၏ အကျင့်ကိုငါသိ ၏ ။ သင်သည် အဧမဟုတ် ၊ အပူမဟုတ်သည်ကို ငါသိ ၏ ။ ဧခြင်းဖြစ်စေ ။ ပူခြင်းဖြစ်စေ ၊ တခုခုကို ငါအလိုရှိ ၏ ။ ထိုသို့အဧမဟုတ် ၊ အပူမဟုတ် ၊ နွေးရုံရှိသောကြောင့် ငါ ၏ ခံတွင်းသည် သင့်ကိုထွေးလုပြီ ။ သင်ကလည်း ၊ ငါသည်ဥစ္စာရတတ် ၏ ။ ဘဏ္ဍာများကိုဆည်းဖူးပြီး ။ တစုံတခုကိုမျှမလိုဟုပြောဆို ၍ ကိုယ်တိုင်ပင်ပန်းခြင်း ၊ သနားဘွယ်ဖြစ်ခြင်း ၊ ဆင်းရဲခြင်း ၊ မျက်စိကန်းခြင်း ၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား ။ သင်သည်ဥစ္စာရတတ်ခြင်းငှါ ၊ မီးနှင့်ချွတ်ပြီးသောရွှေကို ၎ င်း ၊ အဝတ်အချည်းစည်းရှိ ၍ ၊ သူတပါး ရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့ ၊ ဖြူသောအဝတ်ကို ၎ င်း ငါ့ထံမှာဝယ်လော့ ။ သင် ၏ မျက်စိမြင်စေခြင်းငှါ ၊ မျက်စိ ၌ မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အကြံပေး ၏ ။ ငါချစ်သမျှသော သူတို့ ၏ အပြစ်ကိုငါစစ်ဆေး ၍ သူတို့ကိုဆုံး မတတ် ၏ ။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့ ။ နောင်တရလော့ ။ ငါသည်တံခါးရှေ့မှာရပ် ၍ ခေါက်လျက်နေ ၏ ။ အကြင်သူသည် ငါ ၏ အသံကို ကြား ၍ တံခါးကိုဖွင့်အံ့ ၊ ထိုသူရှိရာသို့ငါဝင် ၍ သူနှင့်အတူ စားသောက်မည် ။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည် ။ ငါသည်အောင်မြင် ၍ ငါ့ခမည်းတော် ၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူထိုင်နေသကဲ့သို့ ၊ အောင်မြင်သော သူသည်ငါ ၏ ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်နေရသောအခွင့်ကိုငါပေးမည် ။ ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေဟုမိန့်တော်မူ ၏ ။ ထိုနောက်မှငါကြည့်လျှင် ၊ ကောင်းကင် ၌ တံခါးဖွင့်ထားလျက်ရှိ ၏ ။ ရှေ့ဦးစွာကြားရသော အသံဟူမူကား ၊ ဤအရပ်သို့တက်လော့ ။ နောင်ကာလ ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့်ပြောလျက်ရှိ သောတံပိုးခရာသံ ကဲ့သို့ မြည်လေ ၏ ။ ထိုအခါဝိညာဉ်တော်ကို ငါသည်ချက်ခြင်းခံရ ၍ ၊ ကောင်းကင်ဘုံ ၌ ပလ္လင်တခုတည်လျက်ရှိ ၏ ။ ပလ္လင်ပေါ်မှာ ထိုင်သော သူလည်းရှိ ၏ ။ ထိုသူ ၏ အဆင်းအရောင်သည် နဂါးသွဲ့ကျောက် ၊ ပတ္တမြားကျောက်နှင့်တူ ၏ ။ ပလ္လင် ၏ ပတ်ဝန်း ကျင် ၌ ကား ၊ မြကျောက် အဆင်းအရောင်နှင့်တူသော သက်တံ့ရှိ ၏ ။ ထိုပလ္လင် ၏ ပတ်ဝန်းကျင် ၌ အခြားသော ပလ္လင် နှစ်ဆယ်လေး ပလ္လင်ရှိ ၏ ။ ထိုပလ္လင်တို့အပေါ် ၌ အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ဖြူသောအဝတ်ကို ဝတ်ဆင်လျက် ၊ ခေါင်းပေါ် ၌ ရွှေသရဖူကို ဆောင်းလျက် ထိုင်နေကြ ၏ ။ ပလ္လင်တော်ထဲကလျှပ်စစ်ပြတ် ၏ ။ စကား ပြောသံ ၊ မိုဃ်းကြိုး သံလည်းမြည် ၏ ။ ပလ္လင်တော်ရှေ့ ၌ ဘုရားသခင် ၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မီးခွက် ခုနစ်လုံးတို့သည် ထွန်းလျက်ရှိကြ ၏ ။ ပလ္လင်တော်ရှေ့ ၌ လည်း ၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ ၏ ။ ပလ္လင်တော် ၏ အတွင်း ၌ ၎ င်း ၊ ပတ်ဝန်းကျင် ၌ ၎ င်း ၊ မျက်စိနှင့် တကိုယ်လုံးပြည့်သော သတ္တဝါလေးပါးရှိ ၏ ။ ပဌမသတ္တဝါသည် ခြင်္သေ့နှင့်တူ ၏ ။ ဒုတိယ သတ္တဝါသည် နွား သငယ်နှင့်တူ ၏ ။ တတိယသတ္တဝါသည် လူမျက်နှာရှိ ၏ ။ စတုတ္ထသတ္တဝါ သည် ပျံလျက်ရှိသော ရွှေလင်းတနှင့်တူ ၏ ။ ထိုသတ္တဝါလေးပါးတို့ ၏ ကိုယ်ပတ်ဝန်းကျင် ၌ ၊ တပါးတပါးလျှင် အတောင်ခြောက်ခုစီရှိ ၍ ၊ အတွင်း ၌ မျက်စိနှင့်ပြည့်ကြ ၏ ။ သူတို့ကလည်း ၊ အနန္တတန်ခိုး နှင့်ပြည့်စုံ ၍ ၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလ အစဉ် ရှိတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ ၏ ။ သန့်ရှင်းတော်မူ ၏ နေ့ညဉ့်မပြတ် ငြိမ် ၍ မနေဘဲ ပြောဆိုကြ ၏ ။ ပလ္လင်တော်ပေါ်မှာ ထိုင် ၍ ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသောသူ ၏ ဘုန်းအသရေ ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တဝါတို့သည်ချီးမွမ်းကြသောအခါ ၊ အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူရှေ့ ၌ ပြပ်ဝပ်လျက် ၊ ကမ္ဘာအဆက်ဆက် အသက်ရှင် တော်မူသော သူကို ကိုးကွယ်လျက် ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူပြီ ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ် ၍ ဖန်ဆင်း လျက်ရှိကြပါ ၏ ။ ထိုကြောင့် ၊ ကိုယ်တော်သည်ဘုန်းအသရေ တန်ခိုးတော် ကို ခံစားထိုက်တော်မူ ၏ ဟုလျှောက်ဆို ၍ ၊ ပလ္လင်တော် ရှေ့ ၌ မိမိတို့သရဖူများကိုချထားကြ ၏ ။ ထိုအခါတဘက်တချက် ၌ အက္ခရာတင် ၍ တံဆိပ်ခုနစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ ၏ လက်ျာလက် ၌ ငါမြင် ၏ ။ အားကြီးသောကောင်းကင်တမန်တပါးက ၊ ထိုစာစောင်ကိုဖွင့် ၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက် သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင် ၏ ။ ထိုစာစောင်ကိုဖွင့် ၍ ကြည့်ခြင်းငှါ ကောင်းကင် ၊ မြေကြီး ၊ မြေကြီးအောက် ၌ အဘယ်သူမျှမတတ်နိုင် ။ ထိုစာစောင်ကိုဖွင့် ၍ ကြည့်ထိုက်သောသူ တယောက်ကိုမျှ ရှာ ၍ မတွေ့သောကြောင့် ၊ ငါသည် များစွာငိုကြွေးလေ ၏ ။ ထိုအခါအသက်ကြီးသောသူတပါးက ၊ မငိုကြွေးနှင့် ၊ ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ် ၏ ။ အမြစ်သည် ထိုစာစောင်ကို ၎ င်း ၊ တံဆိပ် ခုနစ် ချက်တို့ကို ၎ င်း ၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို ၏ ။ ထိုအခါပလ္လင်တော်မှစသော သတ္တဝါလေးပါး နှင့်အသက်ကြီး သူတို့အလယ် ၌ ၊ အသေသတ်ပြီးသကဲ့သို့ သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင် ၏ ။ ထိုသိုးသငယ်သည် မြေကြီးတပြင်လုံး ၌ လွှတ်သော ဘုရားသခင် ၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိ ခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ ၏ ။ သူသည်လာ ၍ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသော သူ ၏ လက်ျာလက်မှစာစောင်ကို ခံယူလေ ၏ ။ ထိုစာစောင်ကိုခံယူသောအခါ ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည် ၊ သန့်ရှင်းသူတို့ ၏ ပဌနာတည်းဟူသောမီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို ၎ င်း ၊ စောင်းတို့ကို ၎ င်း ၊ အသီးသီးကိုင် ၍ သိုးသငယ်ရှေ့ ၌ ပြပ်ဝပ်လျက် ၊ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော် မူသောအားဖြင့် ၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ ၍ ၊ အသွေးတော်နှင့် ဘုရား သခင်အဘို့ ရွေးနှုတ်တော်မူ ၏ ။ အကျွန်ုပ်တို့ ၏ ဘုရားသခင်ရှေ့မှာ ၊ ရှင်ဘုရင်အရာ ၌ ၎ င်း ၊ ယဇ်ပုရောဟိတ်အရာ ၌ ၎ င်း ၊ ခန့်ထား ၍ ၊ မြေကြီးပေါ်မှာ စိုးစံရသော အခွင့်ကိုပေးတော်မူ ၏ ။ ထိုကြောင့် ၊ ကိုယ်တော်သည် စာစောင်ကို ခံယူ ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ ၏ ဟု အသစ်သောသီချင်းကိုသီ ၍ လျှောက်ဆိုကြ ၏ ။ ထိုအခါ ငါကြည့် ၍ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့ ၏ ပတ်ဝန်းကျင် ၌ ကုဋေ သင်္ချေမကအတိုင်းမသိ များစွာသော ကောင်းကင်တမန် တို့ ၏ အသံကို ငါကြား ၏ ။ ထိုသူတို့ကလည်း ၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည် ၊ တန်ခိုး ၊ စည်းစိမ် ၊ ပညာ ၊ အစွမ်း သတ္တိ ၊ ဂုဏ်အသရေ ၊ ဘုန်းအာနုဘော် ၊ ကောင်းကြီး မင်္ဂလာကိုခံထိုက်တော်မူ ၏ ဟု ကြီးသောအသံနှင့် ပြောဆိုကြ ၏ ။ ကောင်းကင် ၊ မြေကြီး ၊ မြေကြီးအောက် ၊ သမုဒ္ဒရာအထဲ ၊ အရပ်ရပ်တို့ ၌ ရှိရှိသမျှသော ဝေနေယျသတ္တဝါ အပေါင်းတို့က ၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီး မင်္ဂလာ ၊ ဂုဏ်အသရေ ၊ ဘုန်းအာနုဘော် ၊ အစွမ်းသတ္တိရှိ တော်မူစေသတည်းဟု ပြောဆိုကြသည်ကို ငါကြား လေ ၏ ။ သတ္တဝါလေးပါးတို့ကလည်း အာမင်ဟုခေါ်ဝေါ်ကြ ၏ ။ အသက်ကြီးသူတို့သည်လည်း ပြပ်ဝပ် ၍ ကိုးကွယ်ကြ ၏ ။ သိုးသငယ်သည် တံဆိပ်ခုနစ်ချက်တွင် တချက်ကိုဖွင့်သောအခါ ငါကြည့်လျှင် ၊ မိုဃ်းကြိုးသံ မြည်သကဲ့သို့ ၊ သတ္တဝါလေးပါးတွင် တပါးက ၊ လာ ၍ ကြည့်လော့ဟု ဆိုသည်ကို ငါကြား ၏ ။ ထိုအခါငါကြည့်လျှင် ၊ မြင်းဖြူတစီးရှိ ၏ ။ မြင်းစီးသောသူသည် လေးကိုကိုင် ၏ ။ သူ ၌ သရဖူကို ပေးတော်မူ ၏ ။ အောင်မြင်လျက် ၎ င်း ၊ အောင်မြင်ခြင်းငှါ ၎ င်း ထွက်သွား ၏ ။ ဒုတိယတံဆိပ်ကိုဖွင့်သောအခါ ၊ ဒုတိယ သတ္တဝါ က ၊ လာ ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား ၏ ။ ထိုအခါမြင်းနီတစီးထွက် ၍ ၊ စီးသောသူသည် ငြိမ်ဝပ်ခြင်းကို မြေကြီးကရုပ်သိမ်းခြင်းငှါ ၎ င်း ၊ မြေကြီး သားတို့ကို အချင်းချင်းအသေသတ်စေခြင်းငှါ ၎ င်း အခွင့်ရ ၏ ။ သူ ၌ ထားကြီးကိုပေးတော်မူ ၏ ။ တတိယတံဆိပ်ကိုဖွင့်သောအခါ ၊ တတိယ သတ္တဝါက ၊ လာ ၍ ကြည့်လော့ဟု ဆိုသည်ကို ငါကြား ၏ ။ ထိုအခါ ငါကြည့်လျှင် မြင်းနက်တစီးရှိ ၏ ။ မြင်းစီးသောသူသည် ချိန်ခွင်ကိုကိုင် ၏ ။ သတ္တဝါလေးပါးအလယ် ၌ ပြောသံဟူမူကား ၊ ဒေနာရိတပြားနှင့် ဂျုံဆန်တခွက်ကိုရ ၏ ။ မုယောဆန် သုံးခွက်ကိုရ ၏ ။ ဆီနှင့်စပျစ်ရည်ကို မပျက်စေနှင့် ဟုဆိုသည်ကိုငါကြား ၏ ။ စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ ၊ စတုတ္ထ သတ္တဝါက ၊ လာ ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား ၏ ။ ထိုအခါငါကြည့်လျှင် ၊ မြင်းမွဲတစီးရှိ ၏ ။ မြင်းစီးသောသူသည် မရဏာဟူသောအမည်ရှိ ၏ ။ မရဏာ နိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ ၏ ။ သူသည် မြေကြီး လေးစိတ်တစိတ်ကို အစိုးရ ၍ ထားဘေး ၊ မွတ်သိပ်ခြင်းဘေး ၊ နာ ၍ သေဘေး ၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင် သော အခွင့်ကိုရ ၏ ။ ပဥ္စမတံဆိပ်ကိုဖွင့်သောအခါ ၊ ဘုရားသခင် ၏ နှုတ်ကပတ်တော်ကြောင့် ၎ င်း ၊ မိမိတို့ သက်သေခံ ချက်ကြောင့် ၎ င်း ၊ အသေသတ်ခြင်းကိုခံရသောသူတို့ ၏ ဝိညာဉ်များကို ယဇ်ပလ္လင်အောက် ၌ ငါမြင် ၏ ။ သူတို့ကလည်း ၊ သန့်ရှင်းဟုတ်မှန် ၍ အစိုးပိုင်တော်မူသောအရှင် ၊ မြေပေါ်မှာနေသော သူတို့သည် ငါတို့အသွေးကို သွန်းကြသော အပြစ်နှင့်အလျောက် ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလပတ်လုံး နေ တော်မူ မည်နည်းဟုကြီးမားသော အသံနှင့် ကြွေးကြော်ကြ ၏ ။ ထိုသူတို့ ၌ ဖြူသောဝတ်လုံကို ပေးတော်မူ ၏ ။ သူတို့နည်းတူ အသေသတ်ခြင်းကိုခံရလတံ့သော မိမိ လုပ်ဘော်ဆောင်ဘက်ညီအစ်ကိုတို့သည် ပြည့်စုံခြင်းသို့မရောက်မှီ ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အားမိန့်တော်မူ ၏ ။ ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လျှင် ကြီးစွာသော မြေလှုပ်ခြင်းဖြစ် ၏ ။ နေသည်အမွေးဖြင့် ရက်သောအဝတ်ကြမ်းကဲ့သို့ မည်း ၏ ။ လအလုံးသည် အသွေးကဲ့သို့ဖြစ် ၏ ။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင် ၊ အချိန်မတန်သော အသီးကြွေသကဲ့သို့ ၊ ကောင်းကင်ကြယ်တို့သည် မြေပေါ်သို့ ကျကြ ၏ ။ မိုဃ်းကောင်းကင်သည် စာစောင်လိပ်သကဲ့သို့ လွင့်သွား ၏ ။ တောင်များ ၊ ကျွန်းများအပေါင်းတို့သည် မိမိတို့နေရာအရပ်မှ ရွေ့ကြ ၏ ။ လောကီဘုရင် ၊ မှူးမတ် ၊ စစ်သူကြီး ၊ သူဌေး ၊ သူကြွယ် ၊ ခွန်အားကြီးသောသူမှစ ၍ ကျွန်များ ၊ လူလွတ် များအပေါင်းတို့သည် မြေတွင်း ၌ ၎ င်း ၊ တောင်ပေါ်မှာ ရှိသော ကျောက်များ ၌ ၎ င်း ၊ ပုန်းရှောင်လျက်နေ ၍ ၊ ထိုတောင်များ ၊ ကျောက်များတို့ကို ခေါ်လျက် ၊ ငါတို့အပေါ်သို့ကျကြပါ ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူ ၏ မျက်နှာနှင့် သိုးသငယ် ၏ အမျက်တော်ကို ကွယ်ကာ ၍ ၊ ငါတို့ကိုဖုံးအုပ်ကြပါ ။ အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီ တကား ။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆိုကြ ၏ ။ ထိုနောက်မှမြေကြီး ၊ ပင်လယ် ၊ သစ်ပင်များတို့ ၌ လေမလာစေခြင်းငှါ ၊ ကောင်းကင်တမန် လေးပါးတို့သည် မြေ ၏ လေးမျက်နှာလေတို့ကိုကိုင် ၍ ၊ မြေလေးမျက်နှာ ၌ ရပ်နေသည်ကို ငါမြင် ၏ ။ အသက်ရှင်တော်မူသော ဘုရားသခင် ၏ တံဆိပ်ပါသော ကောင်းကင် တမန်တပါးသည် အရှေ့မျက်နှာက တက်လာသည်ကို ငါမြင် ၏ ။ သူသည်လည်း မြေနှင့်ပင်လယ်ကိုညဉ်းဆဲရသောအခွင့်ရှိသော ကောင်းကင်တမန်လေးပါးကိုအသံလွှင့် ၍ ၊ ငါတို့ဘုရားသခင် ၏ ကျွန်ုပ်တို့ကိုနဖူး ၌ တံဆိပ် မခတ်မှီတိုင်အောင် ၊ မြေ ၊ ပင်လယ် ၊ သစ်ပင်တို့ကို မညှင်းဆဲပါနှင့်ဟုကြီးသောအသံနှင့် ကြွေးကြော်လေ ၏ ။ တံဆိပ်ခတ်ခြင်းကိုခံရသော သူအရေအတွက်ကို ငါကြား ၍ ၊ ဣသရေလအမျိုးသားတို့ ၌ အသီးသီးသော အမျိုးအနွယ်ထဲက လူတသိန်း လေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်ခြင်းကိုခံရကြ ၏ ။ ယုဒအမျိုးထဲက တသောင်းနှစ်သောင်း ၊ ရူဗင်အမျိုးထဲက တသောင်းနှစ်ထောင် ၊ ဂဒ်အမျိုးထဲက တသောင်းနှစ်ထောင် ။ အာရှာအမျိုးထဲက တသောင်းနှစ်ထောင် ၊ နဿလိအမျိုးထဲက တသောင်းနှစ်ထောင် ၊ မနာရှေ အမျိုးထဲက တသောင်းနှစ်ထောင် ၊ ရှိမောင်အမျိုးထဲက တသောင်းနှစ်ထောင် ၊ လေဝိ အမျိုးထဲက တသောင်းနှစ်ထောင် ၊ ဣသခါ အမျိုး ထဲက တသောင်းနှစ်ထောင် ၊ ဇာဗုလုန်အမျိုးထဲက တသောင်းနှစ်ထောင် ၊ ယောသပ်အမျိုးထဲက တသောင်းနှစ်ထောင် ၊ ဗင်္ယာမိန် အမျိုးထဲက တသောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ် ခြင်းကိုခံရကြ ၏ ။ ထို့နောက်မှ ငါကြည့်လျှင် ၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ ထွက် ၍ ၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတို့သည် ဖြူသော ဝတ်လုံကို ဝတ်ဆင် လျက် ၊ စွန်ပလွံ ခက်ကိုကိုင်လျက် ၊ ပလ္လင်တော်ရှေ့ ၊ သိုးသငယ် ရှေ့မှာရပ်နေကြ ၏ ။ သူတို့ကလည်း ၊ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော ငါတို့ ၏ ဘုရားသခင်နှင့်သိုးသငယ်သည် ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်းဟု ကြီးသော အသံနှင့်ကြွေးကြော်ကြ ၏ ။ ပလ္လင်တော်မှစသော အသက်ကြီးသူတို့နှင့် သတ္တဝါလေးပါး ၏ ပတ်ဝန်းကျင် ၌ ရပ်နေသော ကောင်း ကင်တမန်အပေါင်းတို့သည် ၊ ပလ္လင်တော်ရှေ့မှာ ပြပ်ဝပ် ၍ ဘုရားသခင်ကို ကိုးကွယ်လျက် ၊ အာမင် ။ ငါတို့ ၏ ဘုရားသခင်သည် ကမ္ဘာ အဆက်ဆက် ကောင်းကြီးမင်္ဂလာ ၊ ဘုန်း ၊ ပညာနှင့်တကွ ကျေးဇူးချီးမွမ်းခြင်း ၊ ဂုဏ်အသရေ ၊ တန်ခိုးသတ္တိရှိတော်မူစေသတည်း ။ အာမင်ဟုပြောဆိုကြ ၏ ။ အသက်ကြီးသူတပါးကလည်း ၊ ဖြူသော ဝတ်လုံကို ဝတ်ဆင်သော ဤသူတို့သည် အဘယ်သူနည်း ။ အဘယ်အရပ်က လာကြသနည်းဟု ငါအားမေးမြန်းလျှင် ၊ ငါက ၊ သခင် ၊ ကိုယ်တော်သိပါ ၏ ဟု ပြန်လျှောက် ၏ ။ သူကလည်း ၊ ဤသူတို့သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက် ၍ ၊ မိမိတို့ဝတ်လုံကို သိုးသငယ် ၏ အသွေး ၌ လျှော် ၍ ဖြူစေသော သူဖြစ်ကြ သတည်း ။ ထိုကြောင့် ၊ ဘုရားသခင် ၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ ၍ ၊ ဗိမာန်တော် ၌ ဘုရားဝတ်ကိုနေ့ညဉ့်မပြတ် ပြုရကြ ၏ ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည် ။ သူတို့သည် နောက်တဖန် ရေစာကို မငတ်မွတ်ရကြ ။ နေရောင်ခြည်အလျှင်းမထိရ ။ အဘယ်အပူကိုမျှ မခံရကြ ။ အကြောင်းမူကား ၊ ပလ္လင်တော်အတွင်း ၌ ရှိသော သိုးသငယ်သည် သူတို့ကို လုပ်ကျွေး ၍ ၊ အသက် စမ်းရေတွင်းသို့ လမ်းပြလိမ့်မည် ။ ဘုရားသခင်သည်လည်း သူတို့မျက်စိ ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော် မူမည်ဟုဆိုလေ ၏ ။ သတ္တမတံဆိပ်ကိုဖွင့်သောအခါ ၊ ကောင်းကင်ဘုံ ၌ နာရီဝက်မျှ တိတ်ဆိတ်စွာ နေကြ ၏ ။ ဘုရားသခင့်ရှေ့တော် ၌ ရပ်နေသောကောင်းကင်တမန် ခုနစ်ပါးကို ငါမြင် ၏ ။ သူတို့ ၌ တံပိုးခုနစ်လုံးကို ပေး ၏ ။ ကောင်းကင်တမန်တပါးသည်လာ ၍ ရွှေလင်ပန်းကို ကိုင်လျက် ယဇ်ပလ္လင်နားမှာရပ်နေ ၏ ။ ပလ္လင် တော်ရှေ့ ၌ ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ သန့်ရှင်းသူ အပေါင်းတို့ ၏ ပဌနာနှင့်အတူ ဆက်ကပ်ခြင်းငှါ ၊ မီးရှို့ သောနံ့သာပေါင်းအများကို ထိုသူ ၌ ပေး ၏ ။ မီးရှို့သော နံ့သာပေါင်း ၏ အခိုးအငွေ့သည် သန့်ရှင်းသူတို့ ၏ ပဌနာများနှင့်အတူ ကောင်းကင် တမန် ၏ လက်ထဲက ဘုရားသခင့်ရှေ့တော်သို့ တက်လေ ၏ ။ ကောင်းကင်တမန်သည် လင်ပန်းကိုယူ ၍ ယဇ်ပလ္လင် ၏ မီးနှင့် ပြည့်စေပြီးမှ ၊ မြေကြီးအပေါ်သို့ ချလိုက် သည်ဖြစ် ၍ ၊ အသံမြည်ခြင်း ၊ မိုဃ်းချုန်းခြင်း ၊ လျှပ်စစ်ပြက်ခြင်း ၊ မြေကြီးလှုပ်ခြင်းဖြစ်ကြ ၏ ။ တံပိုးခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် မှုတ်အံ့သောငှါမိမိတို့ကို ပြင်ဆင်ကြ ၏ ။ ပဋ္ဌမသူသည် တံပိုးမှုတ်သောအခါ မိုဃ်းသီးဖြစ် ၏ ။ အသွေးနှင့် ရောနှောသော မီးလည်းဖြစ် ၏ ။ မြေကြီးအပေါ်သို့ချလိုက် ၍ ၊ မြေသုံးစုတစု ၊ သစ်ပင်သုံးစုတစု ၊ စိမ်းသော မြက်ပင်ရှိသမျှတို့ကို ကျွမ်းလောင် လေ ၏ ။ ဒုတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ၊ မီးလောင်သော တောင်ကြီးကို ပင်လယ်ထဲသို့ ချလိုက်သကဲ့သို့ ဖြစ် ၍ ၊ ပင်လယ်သုံးစုတစုသည် အသွေးဖြစ် ၏ ။ ပင်လယ် ၌ အသက်ရှင်သော သတ္တဝါသုံးစုတစုလည်းသေ ၏ ။ သင်္ဘောသုံးစုတစုလည်းပျက် ၏ ။ တတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီး သည် ကောင်းကင်ကကျ ၍ ၊ မြစ်သုံးစုတစုသို့ ၎ င်း ၊ စမ်းရေတွင်းသို့ ၎ င်း ရောက် ၏ ။ ထိုကြယ်သည် ဒေါနရွက်ဟူသောအမည်ရှိ ၏ ။ ရေသုံးစုတစုသည် ဒေါနရွက်ဖြစ် ၍ ရေခါးသောကြောင့် ၊ လူအများတို့သည် သေကြ ၏ ။ စတုတ္ထကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ၊ နေသုံးစုတစု ၊ လသုံးစုတစု ၊ ကြယ်သုံးစု တစုကြတ် ၍ သုံးစုတစုမိုက်လေ ၏ ။ နေ့သုံးစုတစု ၊ ညဉ့်သုံးစုတစုသည် အလင်းမရှိ ၊ ထိုအခါ ငါကြည့်လျှင် ၊ ရွှေလင်းတကောင်က ၊ ကြွင်းသေးသော ကောင်းကင်တမန် သုံးပါးမှုတ်လု လတံ့သော တံပိုးသံကြောင့် မြေကြီးသားတို့သည် အမင်္ဂလာ ၊ အမင်္ဂလာ ၊ အမင်္ဂလာရှိကြ ၏ ဟု ကောင်းကင် အလယ် ၌ ပျံဝဲ ၍ ကြီးသောအသံနှင့် ဆိုသည်ကိုငါကြား ၏ ။ ပဥ္စမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ၊ ကြယ်တလုံးသည် ကောင်းကင်က မြေကြီးပေါ်သို့ ကျသည်ကို ငါမြင် ၏ ။ သူ ၌ အနက်ဆုံးသော တွင်း ၏ သော့ကို အပ်ပေးသည်ဖြစ် ၍ ၊ သူသည်အနက်ဆုံးသော တွင်းကိုဖွင့်လျှင် ၊ ကြီးစွာသော မီးဖို ၏ အခိုးကဲ့သို့သော အခိုးသည် တွင်း ထဲက တက်လေ ၏ ။ ထိုတွင်း ၏ မီးခိုးကြောင့် ၊ နေနှင့် အာကာသ ကောင်းကင်သည် မှောင်မိုက်လေ ၏ ။ ကျိုင်းကောင်တို့သည် မီးခိုးအထဲက မြေကြီးအပေါ်သို့ထွက် ၍ မြေကင်းမြီးကောက်တန်ခိုးကဲ့သို့သော တန်ခိုးကိုရကြ ၏ ။ မြေ ၏ မြက်ပင်မှစ ၍ စိမ်းသောအရာများ ၊ သစ်ပင်များအပေါင်းတို့ကို ထား ၍ ၊ နဖူး ၌ ဘုရားသခင် ၏ တံဆိပ်ခတ်ခြင်းကို မခံသော လူတို့ကိုညှဉ်းဆဲမည် အကြောင်းသူတို့အား ပညတ်ထား ၏ ။ တံဆိပ်ခတ်ခြင်းကို မခံသောသူတို့ကိုကား သတ်ရသောအခွင့်မရှိ ။ ငါးလပတ်လုံး ပြင်းစွာသော ဝေဒနာ ဖြစ်စေသော အခွင့်ရှိ ၏ ။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား ၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ဖြစ်သတည်း ။ ထိုနေ့ရက်ကာလ ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည် ။ ရှာသော်လည်း မတွေ့ရကြ ။ အလွန် သေချင်သော်လည်း သေမင်းသည် သူတို့ထံမှ ပြေးသွားလိမ့်မည် ။ ထိုကျိုင်းကောင်တို့ ၏ အဆင်းသဏ္ဍန်သည် စစ်တိုက်ခြင်းငှါ ပြင်ဆင်သောမြင်း ၏ အဆင်းသဏ္ဍာန် နှင့်တူ ၏ ။ ခေါင်းပေါ်မှ ရွှေသရဖူကို ဆောင်းဟန်ရှိ ၏ ။ မျက်နှာသည်လူမျက်နှာကဲ့သို့ဖြစ် ၏ ။ ဆံပင်သည်မိန်းမဆံပင်ကဲ့သို့ဖြစ် ၏ ။ သွားသည်လည်း ခြင်္သေ့သွားကဲ့သို့ ဖြစ် ၏ ။ ရင်အုပ်တန်ဆာသည် သံရင်အုပ်တန်ဆာကဲ့သို့ဖြစ် ၏ ။ အတောင်ခတ်သော အသံသည် စစ်တိုက် ၍ ပြေးလာသော မြင်းရထားအများ ၏ အသံကဲ့သို့ဖြစ် ၏ ။ အမြီးသည် ကင်းမြီးကောက်နှင့်တူ ၏ ။ အမြီး ၌ လည်း ဆူးရှိ ၏ ။ လူတို့ကို ငါးလပတ်လုံး ညှဉ်းဆဲရသော အခွင့်တန်ခိုးရှိ ၏ ။ သူတို့ ၏ ရှင်ဘုရင်မူကား ၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်ဟူ ၍ ၎ င်း ၊ ဟေလသဘာသာအားဖြင့် အပေါ လျုန်ဟူ ၍ ၎ င်း ခေါ်ဝေါ်သော အနက်ဆုံးသောတွင်း တမန်ဖြစ် ၏ ။ အမင်္ဂလာတပါးလွန်ပြီ ။ ထိုနောက်မှ အမင်္ဂလာ နှစ်ပါးလာလေဦးမည် ။ ဆဋ္ဌမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ၊ ဘုရားသခင်ရှေ့တော် ၌ ရှိသော ရွှေယဇ်ပလ္လင် ၏ ချိုလေးချောင်းထဲက ထွက်သော အသံကား ၊ ဥဖရတ်မြစ်ကြီးနားမှာ ချည်နှောင်လျက်ရှိသော ကောင်းကင်တမန်လေးပါးကို လွှတ်လော့ဟု တံပိုးရှိသော ဆဌမကောင်းကင်တမန်အားဆိုသည်ကို ငါကြား ၏ ။ ထိုအခါ လူသုံးစုတစုကို အသေသတ်ခြင်းငှါ ။ တနာရီ ၊ တရက် ၊ တလ ၊ တနှစ် အဘို့ပြင်ဆင်သော ကောင်းကင်တမန်လေးပါးတို့ကို လွှတ်လေ ၏ ။ မြင်းစီးသူရဲတို့ ၏ အရေအတွက်ကား ၊ နှစ်သင်္ချေ ဖြစ် ၏ ။ ထိုအရေအတွက်ကို ငါကြားရ ၏ ။ ထိုအတူဗျာဒိတ်ရူပါရုံ ၌ ထင်ရှားသော မြင်းတို့ကို ၎ င်း ၊ ကန့် ၊ မီး ၊ ဝှါကိန္တုကျောက်နှင့်ပြီးသော ရင်အုတ် တန်ဆာရှိသော မြင်းစီးသူရဲတို့ကို ၎ င်း ငါမြင်ရ ၏ ။ မြင်းတို့ ၏ ခေါင်းသည်ခြင်္သေ့ခေါင်းကဲ့သို့ ဖြစ် ၏ ။ သူတို့ ၏ ခံတွင်း ထဲကလည်း ကန့် ၊ မီးလျှံ ၊ မီးခိုးထွက်ကြ ၏ ။ သူတို့ ၏ ခံတွင်းထဲက ထွက်သော ကန့် ၊ မီးလျှံ ၊ မီးခိုးတည်းဟူသော ဘေးသုံးပါးကြောင့် ၊ လူသုံးစုတစု သေကြ ၏ ။ အကြောင်းမူကား ၊ သူတို့တန်ခိုးသည် ခံတွင်း ၌ ၎ င်း ၊ အမြီး ၌ ၎ င်းတည် ၏ ။ အမြီးသည် ခေါင်းနှင့် ပြည့်စုံ ၍ မြွေနှင့်တူ ၏ ။ အမြီးအားဖြင့်ညှင်းဆဲတတ်ကြ ၏ ။ ထိုဘေးဒဏ်ကြောင့် မသေဘဲကြွင်းသော လူတို့သည် နတ်တို့ကို ၎ င်း ၊ မမြင်နိုင် ၊ မကြားနိုင် ၊ မသွားလာနိုင်သောရွှေရုပ်တု ၊ ငွေရုပ်တု ၊ ကြေးနီရုပ်တု ၊ ကျောက်ရုပ်တု ၊ သစ်သားရုပ်တုတို့ကို ၎ င်း မကိုးကွယ်ဘဲ နေခြင်းငှါ ၊ ကိုယ်လက်နှင့် လုပ်သော အရာများကို နောင်တမရဘဲနေကြ ၏ ။ ကိုယ်ကျင့်သော အကျင့်တည်းဟူသော လူအသက်ကို သတ်ခြင်း ၊ သူတပါးကိုပြုစားခြင်း ၊ မတရား သောမေထုန် ၌ မှီဝဲခြင်း ၊ သူ့ဥစ္စာကိုခိုးခြင်း ၊ အမှုများကို လည်း နောင်တမရဘဲနေကြ ၏ ။ ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် မိုဃ်းတိမ်ကို ဝတ်လျက် ၊ ကောင်းကင်က ဆင်းသက် သည်ကို ငါမြင် ၏ ။ သူ ၏ ခေါင်းပေါ် ၌ သက်တံ့ရှိ ၏ ။ သူ ၏ မျက်နှာသည်နေကဲ့သို့ဖြစ် ၏ ။ သူ ၏ ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ် ၏ ။ ဖွင့်ထားသော စာစောင်ငယ်ကိုကိုင်လျက်ရှိ ၏ ။ လက်ျာခြေသည်ပင်လယ်ပေါ်မှာ ၎ င်း ၊ လက်ဝဲခြေသည် မြေကြီးပေါ်မှာ ၎ င်း နင်း ၍ ၊ ခြင်္သေ့ဟောက်သကဲ့သို့ ကြီးသောအသံနှင့် ကြွေးကြော်လေ ၏ ။ ကြွေးကြော်ပြီးမှ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်လေ ၏ ။ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်ပြီးမှ ငါသည်ရေးမှတ်မည်ဟု အားထုတ်သော် ၊ ကောင်းကင်မှ ထွက်သော အသံကား ၊ မိုဃ်းကြိုးသံခုနစ် ချက်မြည်သောအရာကို တံဆိပ်ခတ်လော့ ။ မရေးမမှတ်နှင့်ဟု ဆိုသည်ကို ငါကြား ၏ ။ ထိုအခါ ငါမြင် ၍ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်သည် ၊ လက်ျာလက်ကို ကောင်းကင်သို့ချီပြီးလျှင် ၊ ဘုရားသခင် ၏ ကျွန်တော်မျိုးပရောဖက်တို့အား ဝမ်းမြောက် စရာသိတင်းကို ဗျာဒိတ်ထားတော်မူသည် နှင့်စပ်ဆိုင်သော ဘုရားသခင် ၏ နက်နဲသော အရာ သည် ၊ ကာလမနှေးဘဲ သတ္တမကောင်းကင်တမန် တံပိုး မှုတ်ခြင်း အသံမြည်သော နေ့ရက်ကာလ ၌ ပြည့်စုံခြင်းသို့ ရောက်မည် ဟုကောင်းကင် ၊ မြေကြီး ၊ သမုဒ္ဒရာကို ၎ င်း ၊ အရပ်ရပ် ၌ ရှိရှိသမျှတို့ကို ၎ င်း ၊ ဖန်ဆင်း ၍ ကမ္ဘာ အဆက်ဆက် အသက်ရှင်တော်မူသော သူကို တိုင်တည် ၍ ကျိန်ဆိုခြင်းကို ပြုလေ ၏ ။ ငါကြားရသော ကောင်းကင်အသံသည် တဖန် ငါ့အား ပြောသည်ကား ၊ မြေနှင့်ပင်လယ်ပေါ်မှာ ရပ်နေ သော ကောင်းကင်တမန် ၏ လက် ၌ ဖွင့်ထားလျက်ရှိသော စာစောင်ငယ်ကို သွား ၍ ယူလော့ဟု ဆိုလျှင် ၊ ငါသည် ကောင်းကင်တမန်ထံသို့သွား ၍ စာစောင်ငယ်ကို ပေးပါဟု တောင်း ၏ ။ သူကလည်း ယူ ၍ စားလော့ ။ ဝမ်းကိုခါးစေလိမ့်မည် ။ သို့သော်လည်း ပစပ် ၌ ပျားရည်ကဲ့သို့ချိုလိမ့်မည်ဟုဆိုလျှင် ၊ ငါသည် စာစောင်ကို ကောင်းကင်တမန် ၏ လက်မှ ယူ ၍ စား ၏ ။ ပစပ် ၌ ပျားရည်ကဲ့သို့ချို ၏ ။ စားပြီးမှ ဝမ်း ၌ ခါး ၏ ။ ကောင်းကင်တမန်ကလည်း ၊ သင်သည် အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးမျိုး တို့ ၌ ၎ င်း ၊ ရှင်ဘုရင်တို့ ၌ ၎ င်း ၊ တဖန် ပရောဖက်ပြု ၍ ဟောပြောရမည်ဟု ဆိုလေ ၏ ။ တဖန်လှံတံနှင့်တူသော ကျူပင်တလုံးကို ငါ့အား ပေး ၍ ငါ့ကို ပြောဆိုသည်ကား ၊ ထလော့ ။ ဘုရားသခင် ၏ ဗိမာန်တော်နှင့်ယဇ်ပလ္လင်ကို တိုင်းလော့ ။ ဗိမာန်တော် ၌ ကိုးကွယ်သော သူတို့ကိုလည်း ရေတွက်လော့ ။ ဗိမာန်တော်တန်တိုင်းကို မတိုင်းနှင့် ၊ ပယ်ထားလော့ ။ တပါးအမျိုးသားတို့ ၌ အပ်ပေးပြီ ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို ၊ လ လေးဆယ်နှစ်လပတ်လုံး နင်းကြလိမ့်မည် ။ ငါ ၏ သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည် ။ သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ၊ အရက် တထောင်နှစ်ရာခြောက်ဆယ် ပတ်လုံး ပရောဖက်ပြုကြလိမ့်မည် ။ ထိုသူတို့သည်ကား ၊ မြေကြီးအရှင် ၏ ရှေ့တော် ၌ စိုက်ထားသော သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံး ဖြစ်သတည်း ။ တစုံတယောက်သော သူသည် သူတို့ကို ညှင်းဆဲခြင်းငှါ အလိုရှိလျှင် ၊ သူတို့ ၏ ခံတွင်းထဲကမီးထွက် ၍ ရန်သူတို့ကို မျိုတတ် ၏ ။ တစုံတယောက်သော သူသည် ထိုသူတို့ကို ညှဉ်းဆဲခြင်းငှါ အလိုရှိလျှင် ၊ ထိုသို့အသေ သတ်ခြင်းကို ခံရမည် ။ ထိုသူတို့သည် ပရောဖက်ပြုသော နေ့ရက်ကာလ ၌ မိုဃ်းမရွာစေခြင်းငှါ ၊ မိုဃ်းကောင်းကင်ကို ပိတ်ရသောအခွင့် ၊ မြစ်ရေ ၊ တွင်းရေကို အသွေးဖြစ်စေ ရသောအခွင့် ၊ မိမိတို့အလိုရှိသမျှသောအခါ ၌ ဘေးအမျိုး မျိုးဖြင့် မြေကြီးကို ဒဏ်ခတ်ရသော အခွင့်ကို ရကြ ၏ ။ သူတို့သည် သက်သေခံပြီးသောအခါ ၊ အနက်ဆုံးသောတွင်းထဲက တက်သော သားရဲသည် သူတို့ကို စစ်တိုက် ၍ အောင်လိမ့်မည် ။ အသက်ကိုသတ်ပြီးမှ ၊ သူတို့သခင်သည် လက်ဝါးကပ်တိုင်မှာ အသေခံတော်မူသော အရပ်တည်းဟူသော သောဒုံဟူ ၍ ၎ င်း ၊ အဲဂုတ္တုဟူ ၍ ၎ င်း အတွင်းအနက်အားဖြင့် ခေါ်ဝေါ်သော မြို့ကြီး ၏ လမ်း ၌ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည် ။ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်တို့သည် သုံးရက်ခွဲပတ်လုံး အလောင်း ကောင်တို့ကို မြင်ရ ၍ ၊ သင်္ဂြိုဟ်ခြင်းကို မြစ်တားကြလိမ့်မည် ။ မြေကြီးပေါ်မှာနေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင်သောအခါ ၊ ဝမ်းမြောက် ၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည် ။ တယောက်ကိုတယောက် လက်ဆောင်ပေးလိုက်ကြလိမ့်မည် ။ အကြောင်းမူကား ၊ အထက်က ထိုပရောဖက်နှစ်ပါးတို့သည် မြေကြီးပေါ်မှာ နေသောသူတို့ကို ပြင်းစွာ နှောင့်ရှက်ညှင်းဆဲကြသည်ဟု ငါ့အား ပြောဆိုလေ ၏ ။ ထိုနောက်သုံးရက်ခွဲလွန်ပြီးလျှင် ၊ ဘုရားသခင့် အထံတော်က အသက်ဝိညာဉ်သည် သူတို့ ၌ ဝင်သဖြင့် ၊ သူတို့သည် မတ်တက်ထ ၍ မြင်သမျှသောသူတို့သည် အလွန်ကြောက်ရွံ့ကြ ၏ ။ ကောင်းကင်ကထွက်သောအသံကြီးကား ၊ ဤအရပ်သို့တက်ကြလော့ဟု မိမိတို့အား ပြောဆိုသည်ကို သူတို့သည်ကြားလျှင် ၊ မိုဃ်းတိမ်ဖြင့် ကောင်းကင်သို့ တက် ၍ ရန်သူတို့သည် မြင်ကြ ၏ ။ ထိုအချိန်နာရီ ၌ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ် ၍ ၊ မြို့ရိုးဆယ်စု တစုပြိုလေ ၏ ။ ထိုမြေလှုပ်ခြင်း ၌ လူခုနစ်ထောင်သေကြ ၏ ။ ကြွင်းသော သူတို့သည် ကြောက်ရွံ့ ၍ ကောင်းကင်ဘုံ ၏ အရှင်ဘုရားသခင်ကို ချီးမွမ်းကြ ၏ ။ ဒုတိယအမင်္ဂလာလွန်ပြီ ။ တတိယအမင်္ဂလာသည် အလျင်အမြန် လာလိမ့်မည် ။ သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ ၊ ကောင်းကင်ဘုံ ၌ ကြီးသော အသံတို့ကား ၊ လောကီနိုင်ငံသည် ငါတို့အရှင် ၏ နိုင်ငံဖြစ်လေပြီ ။ ထိုအရှင် ၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ ၏ ။ ဘုရားသခင်ရှေ့တော် ၌ မိမိတို့ပလ္လင်ပေါ်မှာထိုင်သော အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည် ပြပ်ဝပ် ၍ ဘုရားသခင်ကို ကိုးကွယ်လျက် ၊ အနန္တတန်ခိုးနှင့်ပြည့်စုံ ၍ ၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် ၊ ကိုယ်တော် ၏ မဟာတန်ခိုးတော်ကို ယူဆောင် ၍ စိုးစံတော်မူသော ကျေးဇူးတော်ကို အကျွန်ုပ် တို့သည် ချီးမွမ်းပါ ၏ ။ လူမျိုးတို့သည် အမျက်ထွက်ကြသည်ဖြစ် ၍ ၊ အမျက်တော်သည်လည်းရောက်ပါပြီ ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ်တော်မူ ၍ ၊ ကိုယ်တော် ၏ ကျွန်တည်းဟူသော ပရောဖက်တို့အား ၎ င်း ၊ သန့်ရှင်းသူ တို့အား ၎ င်း ၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသော သူအကြီးအငယ်တို့အား ၎ င်း ၊ ဆုကျေးဇူးကို ပေးသနား တော်မူ ၍ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီးတော်မူသော အချိန်ရောက်ပါပြီဟု လျှောက်ဆိုကြ ၏ ။ တဖန်ကောင်းကင်ဘုံ ၌ ဘုရားသခင် ၏ ဗိမာန်တော်ကို ဖွင့်ထား ၍ ၊ ဗိမာန်တော်ထဲမှာ ပဋိညာဉ် သေတ္တာတော် ထင်ရှားလေ ၏ ။ လျှပ်စစ်ပြက်ခြင်း ၊ အသံမြည်ခြင်း ၊ မိုဃ်းချုပ်ခြင်း ၊ မြေလှုပ်ခြင်း ၊ အလုံးကြီးစွာသော မိုဃ်းသီးကျခြင်းဖြစ်ကြ ၏ ။ ကောင်းကင် ၌ ကြီးစွာသော နိမိတ်လက္ခဏာ ဟူမူကား ၊ မိန်းမတဦးသည် နေကိုဝတ်လျက် ၊ လကို ခြေဖြင့်နင်းလျက် ၊ မိမိခေါင်းပေါ် ၌ ကြယ်ဆယ်နှစ်လုံးဖြင့်ပြီးသော သရဖူကို ဆောင်းလျက်ပေါ်လာ ၏ ။ ထိုမိန်းမသည် ကိုယ်ဝန်ဆောင် ၍ ဘွားအံ့သော ဝေဒနာပြင်းသောကြောင့် အော်ဟစ်လေ ၏ ။ ကောင်းကင် ၌ အခြားသော နိမိတ်လက္ခဏာပေါ်လာသည်ကား ၊ အဆင်းနီသော နဂါးကြီးသည် ခေါင်း ခုနစ်လုံး ၊ ချိုဆယ်ချောင်းနှင့်တကွ ခေါင်းပေါ် ၌ သရဖူ ခုနစ်ဆူကို ဆောင်းလျက်ရှိ ၏ ။ သူ ၏ အမြီးသည် ကောင်းကင်ကြယ်သုံးစုတစုကို ဆွဲငင် ၍ မြေကြီးသို့ချလိုက်လေ ၏ ။ သားကိုဘွားလုသော မိန်းမသည် ဘွားသောအခါ ၊ နဂါးသည် ထိုသားကို ကိုက်စားမည့်အကြံနှင့် မိန်းမရှေ့ ၌ ရပ်နေ ၏ ။ ထိုမိန်းမသည် လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သော သားယောက်ျားကို ဘွားမြင် ၏ ။ ထိုသားကို ဘုရားသခင်ထံသို့ ၎ င်း ၊ ပလ္လင်တော်သို့ ၎ င်း ချီယူတော်မူ ၏ ။ မိန်းမသည် အရက်တထောင်နှစ်ရာခြောက် ဆယ်ပတ်လုံး တော ၌ ကျွေးမွေးခြင်းကို ခံရမည်အ ကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော အရပ်သို့ ပြေးလေ ၏ ။ ကောင်းကင် ၌ စစ်ဖြစ် ၏ ။ မိက္ခေလနှင့် သူ ၏ ကောင်းကင်တမန်တို့သည် နဂါးကို စစ်တိုက်ကြ ၏ ။ နဂါးနှင့် သူ ၏ တမန်တို့သည် စစ်တိုက် ၍ မနိုင်ကြ ။ ကောင်းကင် ၌ လည်းသူတို့နေစရာမရှိ ။ ထိုအခါ ဤလောကတနိုင်ငံလုံးကို လှည့်ဖြား ၍ မာရ်နတ်စာတန် အမည်ရှိသော ရှေးမြွေဟောင်းတည်း ဟူသော နဂါးကြီးကို ၎ င်း ၊ သူနှင့်အတူ သူ ၏ တမန်တို့ကို ၎ င်း ၊ မြေကြီးသို့ချလိုက်ကြ ၏ ။ ကောင်းကင်ဘုံ ၌ ကြီးသောအသံကား ၊ ယခုမှာ ကယ်တင်ခြင်းဖြစ် ၏ ။ တန်ခိုးတော်လည်းဖြစ် ၏ ။ ငါတို့ ဘုရားသခင် ၏ နိုင်ငံတော်နှင့် သူ ၏ ခရစ်တော် ၏ အာဏာတော်စက်လည်းဖြစ် ၏ ။ အကြောင်းမူကား ၊ ငါတို့ညီအစ်ကိုများကို ငါတို့ဘုရားသခင်ရှေ့တော် ၌ နေ့ညဉ့်မပြတ် အပြစ်တင်သောရန်သူကို အောက်သို့ ချလေပြီ ။ သူတို့သည် သိုးသငယ် ၏ အသွေးအားဖြင့် ၎ င်း ၊ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့် ၎ င်း အောင်မြင် ၍ ၊ အသေခံသည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ ။ ထိုကြောင့် ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့ ။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ ၏ ။ အကြောင်းမူကား ၊ မာရ်နတ်သည် မိမိကာလ တခဏသာရှိသည်ကို သိ ၍ ၊ ပြင်းစွာသော ဒေါသအမျက်နှင့်တကွ သင်တို့ရှိရာသို့ ဆင်းလေပြီဟု ဆိုကြသည်ကို ငါကြား ၏ ။ ထိုနဂါးသည် မြေကြီးသို့ ကိုယ်ကျသည်ကို သိမြင်လေသော် ၊ သားယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဉ်းဆဲ ၏ ။ မိန်းမသည် ထိုမြွေနှင့်လွတ် ၍ ၊ တကာလ ၊ နှစ်ကာလ ၊ ကာလတဝက်ပတ်လုံး ကျွေးမွေးခြင်းကို ခံရာ အရပ်တည်းဟူသော တောအရပ်သို့ ပျံနိုင်မည့်အကြောင်း ၊ ရွှေလင်းတကြီး ၏ အတောင်နှစ်ဘက်ကို ရလေ ၏ ။ ထိုအခါ ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှါ ၊ နဂါးသည် မိမိခံတွင်းထဲက မြေရေစီးသကဲ့သို့ ရေကို မိန်းမနောက် ၌ ထုတ်ပစ်လေ ၏ ။ မြေကြီးသည် မိန်းမကို မစ ၍ မိမိခံတွင်းကို ဖွင့်ပြီးလျှင် ၊ နဂါး ၏ ခံတွင်းထဲက ထုတ်ပစ်သော မြစ်ရေ ကို မျိုလေ ၏ ။ နဂါးသည် မိန်းမကို အငြိုးထား ၏ ။ ဘုရားသခင် ၏ ပညတ်တော်တို့ကို ကျင့် ၍ ယေရှု ၏ သက်သေခံတော်မူချက်ကို စွဲလမ်းသောသူတည်းဟူသော ထိုမိန်းမ ၌ ကြွင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်းငှါသွား ၏ ။ ပင်လယ်နား ၌ သဲပေါ်မှာ ငါရပ် ၍ ၊ သားရဲ တကောင်သည် ခေါင်းခုနစ်လုံး ၊ ချိုဆယ်ချောင်းနှင့်တကွ ချိုပေါ် ၌ သရဖူဆယ်ဆူကို ဆောင်းလျက် ၊ ခေါင်းပေါ် ၌ လည်း ဘုရားသခင် ၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက် ၊ ပင်လယ်ထဲကတက်သည်ကို မြင် ၏ ။ ထိုသို့ ငါမြင်သောသားရဲသည် ကျားသစ်နှင့် တူ ၏ ။ သူ ၏ ခြေသည် ဝံခြေကဲ့သို့ဖြစ် ၏ ။ သူ ၏ နှုတ်သည် လည်း ခြင်္သေ့နှုတ်ကဲ့သို့ဖြစ် ၏ ။ နဂါးသည် မိမိတန်ခိုးနှင့် မိမိပလ္လင်ကို ၎ င်း ၊ ကြီးစွာသော အာဏာစက်ကို ၎ င်း သားရဲ ၌ အပ်ပေး ၏ ။ သားရဲ ၏ ခေါင်းတလုံးသည် သေအောင်ကွပ်မျက်ပြီးသကဲ့သို့ ဖြစ် ၍ ၊ သေစေသောဒဏ်ချက်သည် ပျောက်လျက်ရှိ ၏ ။ မြေကြီးသားအပေါင်းတို့သည် သားရဲနောက်သို့ လိုက် ၍ အံ့ဩကြ ၏ ။ ထိုသားရဲ ၌ အာဏာစက်ကို အပ်ပေးသော နဂါးကို ကိုးကွယ်ကြ ၏ ။ သားရဲကိုလည်း ကိုးကွယ် ၍ ၊ အဘယ်သူသည် သားရဲနှင့်တူသနည်း ။ အဘယ်သူသည် သူ့ကိုစစ်ပြိုင်နိုင်သနည်းဟု ပြောဆိုကြ ၏ ။ ထိုသားရဲသည်လည်း ကြီးစွာသော စကားကို ၎ င်း ၊ ဘုရားသခင်ကို ပြစ်မှားသောစကားကို ၎ င်း ၊ ပြော တတ်သော နှုတ်နှင့်ပြည့်စုံ ၍ ၊ လလေးဆယ်နှစ်လပတ်လုံး စီရင်ရသောအခွင့်ကိုရ ၏ ။ ဘုရားသခင်ကို ပြစ်မှားသောစကားအားဖြင့် နာမတော်နှင့် တဲတော်ကို ၎ င်း ၊ ကောင်းကင်သားတို့ကို ၎ င်း ၊ ပြစ်မှားခြင်းငှါ နှုတ်ကို ဖွင့်ထား ၏ ။ သန့်ရှင်းသူတို့ကို စစ်တိုက် ၍ နိုင်ရသောအခွင့် ကိုရ ၏ ။ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်း ရ ၏ ။ ကွပ်မျက်သောသိုးသငယ် ၏ အသက်စာစောင် ၌ ကမ္ဘာဦးကပင် စာရင်းမဝင်သော မြေကြီးသား အပေါင်းတို့သည် သားရဲကို ကိုးကွယ်ကြ ၏ ။ နားရှိသောသူမည်သည်ကား ကြားပါစေ ။ သူတပါးကို ဘမ်းဆီးယူသွားသောသူသည် ကိုယ်တိုင်ဘမ်းဆီးယူသွားခြင်းကို ခံရလိမ့်မည် ။ ထားဖြင့် သတ်တတ်သော သူသည်လည်း ကိုယ်တိုင် ထားဖြင့်သေရမည် ။ ဤအရာ ၌ သန့်ရှင်းသူတို့လည်း သည်းခံစရာ အကြောင်း ၊ ယုံကြည်စရာအကြောင်းရှိ ၏ ။ အခြားသော သားရဲတကောင်သည် ၊ သိုးသငယ် ၏ ချိုနှင့်တူသော ချိုနှစ်ချောင်းရှိ ၍ ၊ နဂါးကဲ့သို့ စကားပြောလျက် ၊ မြေကြီးထဲက ထွက်သည်ကို ငါမြင် ၏ ။ ထိုသားရဲသည် သူ့အရင်ဖြစ်သော ပဋ္ဌမသားရဲ ၏ အာဏာစက်ရှိသမျှကို သုံးစွဲ ၏ ။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဋ္ဌမသားရဲကို မြေကြီးမှစ ၍ မြေကြီးသားတို့သည် ကိုးကွယ်စေခြင်းငှါ ပြု ၏ ။ ကြီးစွာသော နိမိတ်လက္ခဏာတို့ကိုလည်းပြ ၏ ။ လူတို့မျက်မှောက် ၌ ကောင်းကင်က မြေကြီးအပေါ်သို့ မီးကို ဆင်းစေ ၏ ။ ပဌမသားရဲရှေ့ ၌ ပြပိုင်သောနိမိတ်လက္ခဏာတို့အားဖြင့် မြေကြီးသားတို့ကို လှည့်ဖြား ၏ ။ ထားနှင့် ခုတ်သောဒဏ်ချက်ကို ခံရ ၍ အသက်ရှင်သေးသော သားရဲ ၏ ရုပ်တုကို လုပ်စေခြင်းငှါ မြေကြီးသားတို့ကို မှာထား ၏ ။ သားရဲ ၏ ရုပ်တုသည် စကားပြောနိုင်မည် အကြောင်းနှင့် ၊ မိမိကို မကိုးကွယ်သောသူရှိသမျှတို့ကို သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း ၊ ရုပ်တု ၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်းရ ၏ ။ ငွေရတတ်သောသူ ၊ ဆင်းရဲသောသူ ၊ ကျွန်ခံ ရသောသူ ၊ လွတ်သောသူ ၊ အကြီးအငယ်ရှိသမျှတို့သည် လက်ျာလက် ၌ ဖြစ်စေ ၊ နဖူး ၌ ဖြစ်စေ ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်းငှါ ၎ င်း ၊ ထိုတံဆိပ်လက်မှတ်တည်းဟူသော သားရဲ ၏ နာမဖြစ်စေ ၊ နာမ ၏ အရေအတွက်ဖြစ်စေ ၊ တခုခုကို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှါ ၎ င်း စီရင် ၏ ။ ဤအရာ ၌ ပညာရှိ ၏ ။ ဥာဏ်ရှိသောသူသည် သားရဲ ၏ အရေအတွက်ကို ရေတွက်စေ ။ လူ ၏ အရေ အတွက်ဖြစ် ၏ ။ ခြောက်ရာခြောက်ဆယ်ခြောက်လည်း ဖြစ် ၏ ။ ထိုနောက်မှ ငါကြည့်လျှင် ၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာရပ်နေ ၏ ။ သူ ၏ နာမနှင့် ခမည်း တော် ၏ နာမကိုနဖူး ၌ အက္ခရာတင်သောသူ တသိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူ ရှိကြ ၏ ။ သမုဒ္ဒရာရေသံ ၊ ကြီးစွာသော မိုဃ်းကြိုးသံကဲ့သို့ ကောင်းကင်က အသံကို ငါကြား ၏ ။ ထိုသို့ ငါကြားသော အသံသည် စောင်းသမားများ စောင်းတီးသော အသံ ကဲ့သို့ဖြစ် ၏ ။ ပလ္လင်တော်ရှေ့ ၌ ၎ င်း ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူတို့ရှေ့ ၌ ၎ င်း ၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ ၏ ။ မြေကြီးမှရွေးနှုတ်သောသူ တသိန်းလေးသောင်းလေးထောင်မှတပါး ၊ အဘယ်သူမျှ ထို သီချင်းကို သင် ၍ မရနိုင် ။ ထိုသူတို့သည် ကညာဖြစ် ၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ ၏ ။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော် ၌ လိုက်သောသူဖြစ်ကြ ၏ ။ လူတို့ အထဲကရွေးနှုတ် ၍ ဘုရားသခင်နှင့် သိုးသငယ် အဘို့ အဦးသီးသော အသီးဖြစ်ကြ ၏ ။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ် ၍ သူတို့နှုတ် ၌ မုသာမရှိ ။ မြေကြီးပေါ်မှာနေသော သူတည်းဟူသော အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ် ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးက ၊ ဘုရားသခင်ကိုကြောက်ရွံ့ ၍ ချီးမွမ်းကြလော့ ။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ ။ ကောင်း ကင် ၊ မြေကြီး ၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို ၍ ကောင်းကင်အလယ် ၌ ပျံဝဲလျက် ရှိသည်ကို ငါမြင် ၏ ။ ကောင်းကင်တမန်တပါးကလည်း ၊ ဗာဗုလုန်မြို့ကြီး ပြိုလဲပြီ ။ မိမိမတရာသေား မေထုန် ၏ အဆိပ် အတောက်တည်းဟူသော စပျစ်ရည်ကို လူမျိုးအပေါင်း တို့အား တိုက်လေပြီးသော ဗာဗုလုန်မြို့ကြိးပြိုလဲပြီဟု လိုက် ၍ ပြောဆို ၏ ။ ထိုမှတပါး ၊ တတိယကောင်းကင်တမန်က ၊ အကြင်သူသည် သားရဲနှင့် သူ ၏ ရုပ်တုကိုကိုးကွယ် ၍ ၊ သူတံဆိပ်လက်မှတ်ကို နဖူး ၌ ခံသည်ဖြစ်စေ ၊ လက် ၌ ခံသည်ဖြစ်စေ ၊ ထိုသူသည်ဘုရားသခင် ၏ ဒေါသဖလား ၌ လောင်းသော အမျက်တော်စပျစ်ရည်စစ်ကို သောက်ရ လိမ့်မည် ။ သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့ ၊ သိုးသငယ်ရှေ့တွင် ၊ ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာ သော ညှဉ်းဆဲခြင်းကို ခံရလိမ့်မည် ။ ထိုညှဉ်းဆဲခြင်း ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်လျက်ရှိ ၏ ။ သားရဲနှင့် သူ ၏ ရုပ်တုကို ကိုးကွယ် ၍ ၊ သူ ၏ နာမတံဆိပ်လက်မှတ်ကို ခံသောသူတို့သည် နေ့ညဉ့်မပြတ် သက်သာ မရကြဟု ၊ လိုက် ၍ ကြီးသော အသံနှင့် ပြောဆို ၏ ။ ဘုရားသခင် ၏ ပညတ်တို့ကို ၎ င်း ၊ ယေရှု ၏ ယုံကြည်ခြင်းကို ၎ င်း ၊ စောင့်ရှောက်သော သန့်ရှင်းသူ တို့သည် ဤအရာ ၌ သည်းခံစရာအကြောင်းရှိ ၏ ။ တဖန်တုံ ၊ ကောင်းကင်အသံကား ၊ ယခုမှစ ၍ သခင်ဘုရား ၌ သေသောသူတို့သည် မင်္ဂလာရှိကြ ၏ ဟု ရေးထားလော့ဟု ပြောဆိုသည်ကို ငါကြား ၏ ။ ဝိညာဉ်တော်ကလည်း ၊ ထိုသို့မှန်ပေ ၏ ။ ထိုသူတို့သည် ပင်ပန်း ခြင်းငြိမ်းမည်အကြောင်းရှိ ၍ ၊ သူတို့ ၏ အကျင့်တို့သည်လည်း သူတို့နှင့်အတူ လိုက်ကြ ၏ ဟုမိန့်တော်မူ ၏ ။ တဖန်ငါကြည့်လျှင် ၊ ဖြူသောမိုဃ်းတိမ်ရှိ ၏ ။ လူသားတော်နှင့် တူသောသူသည် ခေါင်းတော်ပေါ် ၌ ရွှေ သရဖူကိုဆောင်းလျက် ၊ ထက်သော တံစဉ်ကို ကိုင်လျက် ၊ မိုဃ်းတိမ်ပေါ်မှာ ထိုင်တော်မူ ၏ ။ ကောင်းကင်တမန်တပါးသည် ဗိမာန်တော်ထဲက ထွက် ၍ ၊ ကိုယ်တော် ၏ တံစဉ်ကိုလွှတ် ၍ စပါးကို ရိတ်တော်မူပါ ။ ရိတ်ရသောအချိန်ရောက်ပါပြီ ။ မြေကြီး ၌ ရိတ်စရာစပါးမှည့်ပါပြီဟု မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူ ကို ကြီးသောအသံနှင့်ဟစ်လေ ၏ ။ မိုဃ်းတိမ်ပေါ်မှာ ထိုင်သောသူသည် မိမိတံစဉ်ကို မြေကြီး ၌ သွင်း ၍ မြေကြီး ၏ စပါးကိုရိတ်တော်မူ ၏ ။ ကောင်းကင်တမန်တပါးသည် ကောင်းကင်ဘုံ ၌ ရှိသော ဗိမာန်တော်ထဲက ထွက် ၍ သူ ၌ လည်း ထက်သော တံစဉ်ပါ ၏ ။ မီးကိုအစိုးရသော ကောင်းကင်တမန်တပါးသည် ယဇ်ပလ္လင် ထဲကထွက် ၍ ထက်သော တံစဉ်ပါသော သူကို ကြီးစွာသော ကြွေးကြော်ခြင်းနှင့်ခေါ်လျက် ၊ သင် ၏ ထက်သောတံစဉ်ကိုလွှတ် ၍ မြေကြီး ၏ စပျစ်သီးပြွတ် တို့ကိုရိတ်လော့ ။ အသီးမှည့်ပြီဟု ပြောဆို ၏ ။ ကောင်းကင်တမန်သည်လည်း မိမိတံစဉ်ကို မြေကြီး ၌ သွင်း ၍ မြေကြီး ၏ စပျစ်သီးကိုရိတ်ပြီးမှ ၊ ဘုရား သခင် ၏ အမျက်တော်တည်းဟူသော နယ်ရာတန်ဆာ ကြီးထဲသို့ ချလေ ၏ ။ မြို့ပြင် ၌ နယ်ရာတန်ဆာကိုဖိနင်း ၍ အသွေးသည် တဆယ်ခြောက်ယူဇနာခရီးတရှောက်လုံး ၌ မြင်း ဇက်ကြိုးကို မှီသည်တိုင်အောင် နယ်ရာတန်ဆာထဲက ထွက်လေ ၏ ။ တဖန်တုံ ၊ ဘုရားသခင် ၏ အမျက်တော်ကို ပြီးစီးစေသော နောက်ဆုံးဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန်ခုနစ်ပါးတည်းဟူသော ၊ ကောင်းကင် ၌ အံ့ဘွယ်သော နိမိတ်ကြီးအခြားတပါးကို ငါမြင်ရ ၏ ။ မီးနှင့်ရောသော ဖန်ရေကန်ကဲ့သို့ရှိသည်ကိုလည်း မြင်ရ ၏ ။ သားရဲနှင့် ၎ င်း ၊ သူ ၏ ရုပ်တုနှင့် ၎ င်း ၊ သူ ၏ နာမအရေအတွက်နှင့် ၎ င်း ၊ လွတ် ၍ အောင်မြင်သော သူတို့သည် ၊ ဘုရားသခင် ၏ စောင်းတော်တို့ကို ကိုင်လျက် ၊ ဖန်ရေကန်နားမှာ ရပ်နေကြသည်ကို မြင်ရ ၏ ။ ထိုသူတို့သည် ဘုရားသခင် ၏ ကျွန်မောရှေ ၏ သီချင်းနှင့်သိုးသငယ် ၏ သီချင်းကိုသီ ၍ ၊ အနန္တတန်ခိုး နှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင် ၊ ကိုယ်တော် ၏ အပြုအမူတို့သည် ကောင်းမြတ် ၍ အံ့ဩ ဘွယ်ဖြစ်ကြပါ ၏ ။ လူမျိုးတို့ ၏ ဘုရင် ၊ ကိုယ်တော် ၏ အကျင့်ဓလေ့တို့သည် ဖြောင့်မတ်ဟုတ်မှန်ကြပါ ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော်ကိုမကြောက်ရွံ့ဘဲ ၊ နာမတော်ကို မချီးမွမ်းဘဲ အဘယ်သူနေရပါအံ့နည်း ။ ကိုယ်တော်တပါးတည်းသာလျှင် သန့်ရှင်းတော်မူ ၏ ။ တရားသဖြင့် စီရင်တော်မူခြင်းအရာတို့သည် ထင်ရှား သည်ဖြစ် ၍ ၊ လူမျိုးအပေါင်းတို့သည်လာ ၍ ရှေ့တော် ၌ ကိုးကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ ၏ ။ ထိုနောက် ငါကြည့်လျှင် ၊ ကောင်းကင်ဘုံ ၌ သက်သေခံတော်မူချက် ဌာပနာရာ တဲတော်ရှိသော ဗိမာန်တော်ကို ဖွင့်ထားပြီ ။ ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန် အဝတ်ကို ဝတ်လျက် ၊ ရင် ၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ ၏ ။ သတ္တဝါလေးပါးတွင် တပါးသည် ကမ္ဘာအဆက်ဆက် အသက်ရှင်တော်မူသော ဘုရားသခင် ၏ အမျက် တော်နှင့် ပြည့်သောရွှေဖလား ခုနစ်လုံးကို ကောင်းကင်တမန်ခုနစ်ပါးတို့အားပေး ၏ ။ ဘုရားသခင် ၏ ဘုန်းတန်ခိုးအာနုဘော်တော် ကြောင့် ၊ ဗိမာန်တော်သည် မီးခိုးနှင့်ပြည့် ၍ ကောင်းကင် တမန် ခုနစ်ပါး ၏ ဘေးဒဏ်ခုနစ်ပါး မကုန်မှီတိုင်အောင် ဗိမာန်တော်ထဲသို့ အဘယ်သူမျှ မဝင်နိုင် ။ ဗိမာန်တော်ထဲက ကြီးသောအသံကား ၊ သွားကြလော့ ။ ဘုရားသခင် ၏ အမျက်တော် ဖလားခုနစ်လုံးကို မြေကြီးပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား ၏ ။ ပဋ္ဌမသူသည် သွား ၍ မိမိဖလားကို မြေကြီးပေါ်သို့ သွန်းလောင်းလျှင် ၊ သားရဲ ၏ တံဆိပ်လက်မှတ်ကို ခံ ၍ သူ ၏ ရုပ်တုကို ကိုးကွယ်သော လူတို့ ၌ အလွန်ဆိုးသော အနာစိမ်းပေါက်လေ ၏ ။ ဒုတိယကောင်းကင်တမန်သည် မိမိဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင် ၊ ပင်လယ်သည် လူသေ ၏ အသွေးကဲ့သို့သော အသွေးဖြစ် ၏ ။ ပင်လယ် ၌ အသက်ရှင်သော သတ္တဝါအပေါင်းတို့သည် သေကြ ၏ ။ တတိယကောင်းကင်တမန်သည် မိမိဖလားကို မြစ်ပေါ်သို့ ၎ င်း ၊ စမ်းရေတွင်းပေါ်သို့ ၎ င်း သွန်းလောင်း လျှင် ထိုအရာတို့သည် အသွေးဖြစ်ကြ ၏ ။ ကောင်းကင်တမန်ကလည်း ၊ ပစ္စုပ္ပန် ၊ အတိတ် ၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော အရှင် ၊ ကိုယ်တော် သည် ဤသို့ တရားစီရင်တော်မူသည်အမှုမှာ ဖြောင့်မတ် တော်မူ ၏ ။ ထိုသူတို့သည် သန့်ရှင်းသူတို့ ၏ အသွေး ၊ ပရောဖက်တို့ ၏ အသွေးကို သွန်းလောင်းကြသည်ဖြစ် ၍ ၊ သူတို့အား အသွေးကို တိုက်တော်မူပြီ ။ သူတို့လည်း ခံထိုက်ကြပါ ၏ ဟု လျှောက်ဆိုသည်ကို ငါကြား ၏ ။ ယဇ်ပလ္လင်ကလည်း ၊ မှန်ပါ ၏ ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင် ၊ ကိုယ် တော်စီရင်တော်မူခြင်း အရာတို့သည် ဟုတ်မှန်ဖြောင့်မတ် ကြပါ ၏ ဟု လျှောက်ဆိုသောအသံကို ငါကြား ၏ ။ စတုတ္ထကောင်းကင်တမန်သည် မိမိဖလားကို နေပေါ်သို့ သွန်းလောင်းလျှင် ၊ နေသည်လူတို့ကို မီးလောင် ရသော အခွင့်ကိုရ ၏ ။ ပူအားကြီးသောအရှိန်ဖြင့် လူတို့သည် လောင်ခြင်းကိုခံရ ၍ ၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင်တော်မူသော ဘုရားသခင် ၏ နာမတော်ကို ကျိန်ဆဲကြ ၏ ။ ဘုရားသခင်ကို ချီးမွမ်းခြင်းအလိုငှါ နောင်တမရကြ ။ ပဥ္စမကောင်းကင်တမန်သည် မိမိဖလားကို သားရဲ ၏ ပလ္လင်ပေါ်သို့ သွန်းလောင်းလျှင် ၊ သူ ၏ နိုင်ငံ သည် မှောင်မိုက်အတိဖြစ်လေ ၏ ။ နိုင်ငံသားတို့သည် ပင်ပန်းအားကြီးသည်နှင့် မိမိတို့လျှာကို ကိုက်ခဲကြ ၏ ။ မိမိတို့ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့် ကောင်းကင်ဘုံ ၏ အရှင်ဘုရားသခင်ကို ကျိန်ဆဲ ကြ ၏ ။ မိမိတို့အကျင့်ကိုလည်း နောင်တမရကြ ။ ဆဋ္ဌမကောင်းကင်တမန်သည် မိမိဖလားကို ဥဖရတ်မြစ်ကြီးပေါ်သို့ သွန်းလောင်းလျှင် ၊ အရှေ့ မျက်နှာဘုရင်တို့ သွားရာလမ်းကို ပြင်ဆင်စေခြင်းအလိုငှါ ထိုမြစ်ရေသည် ခန်းခြောက်လေ ၏ ။ ထိုအခါ ၊ နဂါး ၏ ခံတွင်းထဲက ၎ င်း ၊ သားရဲ ၏ ခံတွင်းထဲက ၎ င်း ၊ မိစ္ဆာပရောဖက် ၏ ခံတွင်းထဲက ၎ င်း ၊ ဘားကောင်ကဲ့သို့ ညစ်ညူးသော ဝိညာဉ်သုံးပါးထွက်သည် ကို ငါမြင် ၏ ။ နိမိတ်လက္ခဏာတို့ကိုပြသော နတ်ဆိုး ၏ ဝိညာဉ်ဖြစ်သတည်း ။ ထိုဝိညာဉ်တို့သည် လောကီ တနိုင်ငံ လုံးတွင်ရှိသော ရှင်ဘုရင်တို့ထံသို့ ထွက်သွား ၍ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင် ၏ နေ့ကြီး ၌ စစ်တိုက်ခြင်းအလိုငှါ စုဝေးစေကြ ၏ ။ ဟေဗြဲဘာသာအားဖြင့် အာမေဂေဒုန် အမည်ရှိသောအရပ် ၌ စုဝေးစေကြ ၏ ။ အသံတော်ကား ၊ သူခိုးကဲ့သို့ ငါလာ ၏ ။ အဝတ် အချည်းစည်းနှင့် သွားလာ ၍ သူတပါးရှေ့ ၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှါ နိုးလျက်နေ ၍ ၊ ကိုယ်အဝတ်ကို စောင့်သောသူသည် မင်္ဂလာရှိ ၏ ။ သတ္တမကောင်းကင်တမန်သည် မိမိဖလားကို အာကသကောင်းကင်ပေါ်သို့ သွန်းလောင်းလျှင် ၊ ပြီး ပြီဟု ကြီးသောအသံသည် ကောင်းကင်ဗိမာန်တော် ၌ ရှိသော ပလ္လင်တော်ထဲက ထွက် ၏ ။ လျှပ်စစ်ပြတ်ခြင်း ၊ အသံမြည်ခြင်း ၊ မိုဃ်းချုန်းခြင်း ၊ ကြီးစွာသော မြေလှုပ်ခြင်းဖြစ်ကြ ၏ ။ မြေကြီး အပေါ်မှာ လူတို့ဖြစ်သည့် ကာလမှစ ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက် ပြင်းထန်စွာသော မြေလှုပ် ခြင်းသည်မဖြစ်စဖူး ။ မြို့ကြီးသည်သုံးဖြာကွဲပြား ၍ လူအမျိုးမျိုးနေသော မြို့တို့သည် ပြိုလဲကြ ၏ ။ ဘုရားသခင်သည် ပြင်းစွာသော ဒေါသအမျက်တော် ၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့တော်မူ ၏ ။ ကျွန်းရှိသမျှတို့သည် လွင့်ပြေးကြ ၏ ။ တောင်များတို့သည် ကွယ်ပျောက်ကြ ၏ ။ အချိန်အခွက်တဆယ်ရှိသော မိုဃ်းသီးသည် ကောင်းကင်က လူတို့အပေါ်သို့ ကျလေ ၏ ။ ထိုမိုဃ်းသီးဘေးဒဏ် အလွန်ကြီးသည်ဖြစ် ၍ ၊ လူတို့သည် မိုဃ်းသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ ၏ ။ ဖလားခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့တွင် တပါးသည်လာပြီးလျှင် ၊ ငါ့ကိုနှုတ်ဆက် ၍ ၊ လာခဲ့ပါ ။ ရေအပေါ်မှာ ထိုင်သော ပြည်တန်ဆာကြီး ၌ စီရင်ခြင်းအမှုကို ငါပြမည် ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ ။ မြေကြီးသားတို့သည် သူ ၏ မတရားသောမေထုန် ၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆိုလျက် ၊ ငါ့ကို ဝိညာဉ်တော်အားဖြင့် တောသို့ဆောင်သွားလေ ၏ ။ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ ၍ ၊ ဘုရားသခင် ၏ အသရေတော်ကို ရှုတ်ချသောနာမတို့နှင့် အပြည့်ရှိသော သားရဲနီအပေါ်မှာ ထိုင်လျက်ရှိသော မိန်းမတဦးကို ငါမြင် ၏ ။ ထိုမိန်းမသည် အဝတ်နီ ၊ အဝတ်မောင်းကို ဝတ်လျက် ၊ ရွှေတန်ဆာ ၊ ကျောက်မြတ်တန်ဆာ ၊ ပုလဲ တန်ဆာကို ဆင်လျက်ရှိ ၏ ။ စက်ဆုတ်ရွံ့ရှာဘွယ်သော အရာနှင့် ၎ င်း ၊ မိမိမတရားသော မေထုန် ၏ ညစ်ညူးခြင်း နှင့် ၎ င်း ပြည့်သောရွှေဖလားကို ကိုင်လျက်ရှိ ၏ ။ နဖူး ၌ အက္ခရာတင်သော ဘွဲ့မူကား ၊ နက်နဲသော အရာ ၊ ဗာဗုလုန်မြို့ကြီး ၊ ပြည်တန်ဆာတို့ ၏ အမိ ၊ မြေ ၌ စက်ဆုပ်ရွံ့ရှာဘွယ်သော အရာတို့ ၏ အမိပေတည်း ။ ထိုမိန်းမသည် သန့်ရှင်းသူတို့ ၏ အသွေး ၊ ယေရှု ၏ သက်သေခံတို့ ၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင် ၏ ။ ထိုသို့မြင်သောအခါ အလွန်အံ့ဩမိန်းမော ၍ နေ ၏ ။ ကောင်းကင်တမန်ကလည်း ၊ အဘယ်ကြောင့် အံ့ဩသနည်း ။ ထိုမိန်းမ ၏ နက်နဲသော အရာကို ၎ င်း ၊ ခေါင်းခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ ၍ ထိုမိန်းမကို ဆောင်သော သားရဲ ၏ နက်နဲသောအရာကို ၎ င်း ၊ ငါပြော မည် ။ ယခုမြင်သော သားရဲသည် ဖြစ်ဘူးပြီ ၊ ဖြစ်ဆဲမရှိ ၊ အနက်ဆုံးသော တွင်းထဲကတက် ၍ ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည် ။ ကမ္ဘာဦးကပင် အသက်စာစောင် ၌ စာရင်းမဝင်သော မြေကြီးသားတို့သည် ဖြစ်ဘူး ၍ ၊ ဖြစ်ဆဲမရှိ ၊ ဖြစ်လတံ့သောသားရဲကို မြင်ရသောအခါ ၊ အံ့ဩကြလိမ့်မည် ။ ဤအရာ ၌ ပညာနှင့်ပြည့်စုံသော ဥာဏ်ရှိ ၏ ။ ခေါင်းခုနစ်လုံးကား ၊ မိန်းမထိုင်သော ထောင်ခုနစ်လုံး ဖြစ် ၏ ။ ရှင်ဘုရင်ခုနစ်ပါးလည်းဖြစ် ၏ ။ ငါးပါးကျပြီး ၊ တပါးရှိသေး ၏ ။ တပါးဖြစ်လေဦးမည် ။ ဖြစ်သောအခါ တခဏသာတည်လိမ့်မည် ။ ဖြစ်ဘူး ၍ ဖြစ်ဆဲမရှိသောသားရဲသည် ရှစ်ပါးမြောက်သော ရှင်ဘုရင်ဖြစ် ၏ ။ ခုနစ်ပါးအဝင်လည်း ဖြစ် ၏ ။ ဖျက်ဆီးခြင်းသို့ ရောက်ရလိမ့်မည် ။ ယခုမြင်သော ချိုဆယ်ချောင်းကား ၊ မင်းအာဏာစက်ကို မရသေးသော ရှင်ဘုရင်ဆယ်ပါး ဖြစ် ၏ ။ ရှင် ဘုရင် ၏ အာဏာစက်ကို သားရဲနှင့်အတူ တချက်တည်း ရကြလိမ့်မည် ။ ထိုသူတို့သည် သဘောတူ ၍ မိမိတို့တန်ခိုး အာဏာစက်ကို သားရဲ ၌ အပ်ပေးကြလိမ့်မည် ။ သူတို့သည် သိုးသငယ်ကို စစ်တိုက် ၍ သိုးသငယ်သည် နိုင်တော်မူမည် ။ အကြောင်းမူကား ၊ သိုး သငယ်သည် သခင်တို့ ၏ သခင် ဘုရင်တို့ ၏ ဘုရင် ဖြစ်တော်မူ ၏ ။ ကိုယ်တော်နှင့် အတူရှိသော သူတို့သည် လည်း ခေါ်တော်မူသောသူ ၊ ရွေးချယ်တော်မူသောသူ ၊ သစ္စာရှိသောသူ ဖြစ်ကြ ၏ ။ ယခုမြင် ၍ ပြည်တန်ဆာထိုင်သော ရေကား ၊ အသီးအသီး ဘာသာစကားကို ပြောသော လူအမျိုးမျိုး အစုစု ဖြစ်သတည်း ။ ယခုမြင်သော ချိုဆယ်ချောင်းနှင့် သားရဲသည် ပြည်တန်ဆာကို မုန်း ၍ သူ ၏ စည်းစိမ်ကို ဖျက်ဆီးလိမ့် မည် ။ သူ ၏ အဝတ်တန်ဆာကိုချွတ် ၍ သူ ၏ အသားကို ကိုက်စားလိမ့်မည် ။ သူ ၏ ကိုယ်ကိုလည်း မီးရှို့လိမ့်မည် ။ အကြောင်းမူကား ၊ သူတို့သည် ဘုရားသခင် ၏ အလိုတော်ကို ပြုခြင်းငှါ ၎ င်း ၊ နှုတ်ကပတ်တော်မပြည့်စုံမှီတိုင်အောင် သဘောတူ ၍ မိမိတို့နိုင်ငံများကို သားရဲ ၌ အပ်ပေးခြင်းငှါ ၎ င်း ၊ ဘုရားသခင်သည် သူတို့ ၌ အကြံပေးတော်မူ ၏ ။ ယခုမြင်သော မိန်းမသည်လည်း ၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုးသော မြို့ကြီးဖြစ်သတည်းဟု ကောင်းကင်တမန် ပြောဆို ၏ ။ ထိုနောက်မှ ကောင်းကင်တမန် တပါးသည် ကြီးစွာသော တန်ခိုးနှင့်ပြည့်စုံ ၍ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင် ၏ ။ သူ ၏ ရောင်ခြည်အားဖြင့် မြေကြီးထွန်းလင်းလျက်ရှိ ၏ ။ သူသည်ကျယ်သောအသံနှင့် ကြွေးကြော် ၍ ၊ ဗာဗုလုန်မြို့ကြီးပြိုလဲပြီ ။ ပြိုလဲပြီ ။ နတ်ဆိုးနေရာ ဖြစ်လေ ပြီ ။ ညစ်ညူးသော ဝိညာဉ်မျိုး ၏ တွင်းဖြစ်လေပြီ ။ ညစ်ညူး ၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး ၏ မှီခိုရာ ဖြစ်လေပြီ ။ အကြောင်းမူကား ၊ လူမျိုးအပေါင်းတို့သည် သူ ၏ မတရားသော မေထုန် ၏ အဆိပ်အတောက်တည်းဟူ သော စပျစ်ရည်ကိုသောက်ကြပြီ ။ လောကီရှင်ဘုရင်တို့သည် မတရားသော မေထုန်ကို သူနှင့်ပြုကြပြီ ။ လောကီကုန်သည်တို့သည် သူ ၏ ကာမဂုဏ်စည်းစိမ် ကြွယ်ဝခြင်းအားဖြင့် ဥစ္စာရတတ်ကြပြီဟု ပြောဆို ၏ ။ အခြားသော ကောင်းကင်အသံကား ၊ ငါ ၏ လူမျိုးတို့ ၊ သူ ၏ အပြစ်တို့ကို ဆက်ဆံခြင်းနှင့် ၎ င်း ၊ သူ ၏ ဘေးဒဏ်များကို ခံခြင်းနှင့် ၎ င်း ၊ ကင်းလွတ်အံ့သောငှါ ၊ သူ ၏ အထဲကထွက်ကြလော့ ။ သူ ၏ အပြစ်တို့သည် ကောင်းကင်ဘုံတိုင်အောင် မှီကြသည်ဖြစ် ၍ ၊ သူ ၏ မတရားသောအမှုတို့ကို ဘုရား သခင် သတိရတော်မူပြီ ။ သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည်နည်းတူ သူ ၌ ဆပ်ပေးကြလော့ ။ သူ ၏ အကျင့်အတိုင်း နှစ်ဆထပ် ၍ စီရင်ကြလော့ ။ သူလောင်းသော ဖလား ၌ သူ့အဘို့ နှစ်ဆတိုး ၍ လောင်းကြလော့ ။ သူသည်ကိုယ်ကို ချီးမြှောက် ၍ ကာမဂုဏ် ၌ ပျော်မွေ့သည်အတိုင်း သူ ၌ ပြင်းစွာသော ဆုံးမခြင်း ၊ စိတ်မသာ ညည်းတွားခြင်းကို ဖြစ်စေကြလော့ ။ ငါကား မိဖုရားဖြစ် ၏ ။ မုတ်ဆိုးမ မဟုတ် ။ စိတ်မသာညည်း တွားခြင်းကို မသိရဟု သူသည် အောက်မေ့တတ် ၏ ။ ထိုကြောင့် ၊ သူခံရသောသေခြင်းဘေး ၊ စိတ်မသာညည်းတွားခြင်းဘေး ၊ မွတ်သိပ်ခြင်း ဘေးဒဏ်များ တို့နှင့် တနေ့ခြင်းတွင်တွေ့ ၍ ၊ မီးဖြင့်လည်း ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည် ။ သူ့ကို စီရင်တော်မူသော ထာဝရ အရှင်ဘုရားသည် ခွန်အားဗလကြီးတော်မူ ၏ ။ မတရားသောမေထုန်ကို သူနှင့်ပြု ၍ ကာမဂုဏ် ၌ ပျော်မွေ့သော လောကီရှင်ဘုရင်တို့သည် ၊ သူကျွမ်း လောင်ရာ မီးခိုးကို မြင်သောအခါ ၊ သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက် ၍ အဝေးကရပ်လျက် ၊ ဖြစ်ရလေခြင်း ၊ ဖြစ်ရလေခြင်း ။ ဗာဗုလုန်မြို့ကြီး ၊ မြို့စွမ်း ၊ သင်သည်တနာရီခြင်းတွင် အပြစ်စီရင်ခြင်းသို့ ရောက်ပါပြီတကားဟူ ၍ သူ့ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည် ။ လောကီကုန်သည်တို့သည် ထိုအတူ ငိုကြွေး ၍ စိတ်မသာ ညည်းတွားကြလိမ့်မည် ။ အကြောင်းမူကား ၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော ၊ ရွှေ ၊ ငွေ ၊ ကျောက်ကောင်း ၊ ပုလဲ ၊ ပိတ်ချော ၊ ကတ္တီပါ ၊ ဖဲ ၊ ပုဆိုးနီ ၊ အမျိုးမျိုးသောသွိန်သစ်သား ၊ အမျိုးမျိုးသောဆင်စွယ်တန်ဆာ ၊ အမျိုးမျိုးသော သစ်ကောင်း တန်ဆာ ၊ ကြေးဝါတန်ဆာ ၊ သံတန်ဆာ ၊ ကျောက်ဖြူ တန်ဆာ ၊ သစ်ကြံပိုး ၊ အမေမုန် ၊ နံ့သာပေါင်း ၊ ဆီမွှေး ၊ လောဗန် ၊ စပျစ်ရည် ၊ ဆီ ၊ မုန့်ညက် ၊ ဂျုံဆန် ၊ နွား ၊ သိုး ၊ မြင်း ၊ ရထား ၊ အစေခံကျွန် ၊ လူဝိညာဉ်တို့ကို အဘယ်သူမျှ နောက်တဖန်မဝယ်ရ ။ သင်သည် အလွန်တပ်မတ်သော သစ်သီးမျိုးလည်း ပျောက်ကုန်ပြီ ဆူဖျိုးသောအရာ ၊ တင့်တယ်သော အရာရှိသမျှတို့လည်း ပျောက်ကုန်ပြီ ။ နောက်တဖန် မတွေ့ရ ။ သူ့ကိုအမှီပြု ၍ ထိုအရာများကို ရောင်းဝယ်သဖြင့် ၊ ငွေရတတ်သော ကုန်သည်တို့သည် သူခံရသော ညှဉ်းဆဲခြင်းဝေဒနာကို ကြောက် ၍ အဝေးကရပ်လျက် ၊ ဖြစ်ရလေခြင်း ၊ ဖြစ်ရလေခြင်း ၊ ပိတ်ချော ၊ အဝတ်နီ ၊ အဝတ်မောင်းကို ဝတ် ၍ ၊ ရွှေတန်ဆာ ၊ ကျောက်မြတ်တန်ဆာ ၊ ပုလဲတန်ဆာကို ဆင်သောမြို့ကြီး ၊ ဤမျှလောက်ကြီးစွာသော စည်းစိမ်သည် တနာရီခြင်းတွင် ပျက်စီးပါပြီတကားဟု ငိုကြွေး ၍ စိတ်မသာ ညည်းတွားကြလိမ့်မည် ။ ခပ်သိမ်းသော သင်္ဘောသူကြီး ၊ အရပ်ရပ်သို့ လွှင့်ကူးတတ်သော သူအပေါင်းတို့နှင့် သင်္ဘောသား ၊ ပင်လယ်ကုန်သည် ရှိသမျှတို့သည် အဝေးကရပ် ၍ သူကျွမ်းလောင်ရာမီးခိုးကိုမြင်လျှင် ၊ ထိုမြို့နှင့် အဘယ်မြို့ တူသနည်းဟူ ၍ ၎ င်း ၊ ဖြစ်ရလေခြင်း ၊ ဖြစ်ရလေခြင်း ၊ ပင်လယ်ကူး သော သင်္ဘောကို ပိုင်သော သူအပေါင်းတို့အား ကိုယ် စည်စိမ်ကိုပေး ၍ ငွေရတတ်စေသော မြို့ကြီး ၊ တနာရီ ခြင်းတွင် ပျက်စီးပါပြီ တကားဟူ ၍ ၎ င်း အော်ဟစ်လျက် ၊ မြေမှုန့်ကို မိမိတို့ခေါင်းပေါ်မှာ ပစ်တင်လျက် ငိုကြွေး ၍ စိတ်မသာ ညည်းတွားကြလိမ့်မည် ။ ကောင်းကင်မှစ ၍ သန့်ရှင်းသူတမန်တော် ပရောဖက်တို့ ၊ သူကို ကြည့်ရှု ၍ ဝမ်းမြောက်ကြလော့ ။ ဘုရားသခင်သည် သင်တို့ဘက် ၌ နေ ၍ ၊ သူ့ကို တရားစီရင် တော်မူပြီဟု ပြောဆိုသည်ကို ငါကြား ၏ ။ ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် ကြီးစွာသော ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကို ချီယူ ၍ ပင်လယ်ထဲသို့ ချပစ်ပြီးလျှင် ထိုနည်းတူ ၊ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာ ချပစ် ၍ နောက်တဖန် မပေါ်မရှိရ ။ စောင်းသမား ၊ အငြိမ့်သမား ၊ ပုလွေသမား ၊ တံပိုးသမားများ တီးမှုတ်သော အသံလည်း သင့်အထဲ ၌ နောက်တဖန်မမြည်ရ ။ အမျိုးမျိုးသော လက်တတ်သမား တို့တွင် တယောက်မျှ သင့်အထဲ ၌ နောက်တဖန် မပေါ် မရှိရ ။ ကြိတ်ဆုံသံလည်း သင့်အထဲ ၌ နောက်တဖန် မမြည်ရ ။ ဆီမီးအလင်းလည်း သင့်အထဲ ၌ နောက်တဖန် မထွန်းမလင်းရ ။ မင်္ဂလာဆောင် သတို့သားသတို့သမီး အသံကိုလည်း သင့်အထဲ ၌ နောက်တဖန် မကြားရ ။ အကြောင်းမူကား ၊ လောကီမှူးမတ်တို့သည် သင် ၏ ကုန်သည်ဖြစ်ကြပြီ ။ လူအမျိုးမျိုးတို့သည် သင် ၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြ ပြီဟု ကောင်းကင်တမန် ပြောဆို ၏ ။ ပရောဖက်တို့ ၏ အသွေး ၊ သန့်ရှင်းသူတို့ ၏ အသွေး ၊ မြေကြီးပေါ်မှာ ကွပ်မျက်သောသူ အပေါင်းတို့ ၏ အသွေးကို ထိုမြို့ ၌ တွေ့ ၏ ။ ထိုနောက်မှ ကောင်းကင်ဘုံ ၌ စည်းဝေးသော သူအများတို့ ၏ အသံကြီးကား ၊ ဟာလေ လုယ ၊ ငါတို့ဘုရားသခင် ၏ ကယ်တင်တော်မူခြင်း ချမ်းသာ ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း ။ စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ်ကြ ၏ ။ မိမိမတရားသော မေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ ။ ကိုယ်တော် ကျွန်တို့ ၏ အသွေး ကို သူ ၏ လက်ဖြင့်သွန်းသော အပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီဟု ပြောဆိုကြသည်ကို ငါကြား ၏ ။ တဖန်တုံ ၊ ဟာလေလုယဟူ ၍ ၎ င်း ၊ သူ ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်သည်ဟူ ၍ ၎ င်း ပြောဆိုကြ ၏ ။ အသက်ကြီးသူ နှစ်ဆယ်လေးပါးနှင့် သတ္တဝါ လေးပါးတို့သည် ပြင်ဝပ် ၍ ၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသော ဘုရားသခင်ကို ကိုးကွယ်လျက် ၊ အာမင် ၊ ဟာလေလုယဟု လျှောက်ဆိုကြ ၏ ။ ပလ္လင်တော်ပေါ်က ထွက်သောအသံကား ၊ ဘုရားသခင် ၏ ကျွန်အပေါင်းတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းတို့ ၊ ငါတို့ ဘုရားသခင်ကို ချီးမွမ်းကြလော့ဟု ဆိုသတည်း ။ တဖန်တုံ ၊ ဟာလေလုယ ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ၊ ငါတို့ဘုရားသခင် သည် စိုးစံတော်မူ ၏ ။ ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့ ၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့ ၊ အကြောင်းမူကား ၊ သိုးသငယ် ၏ မင်္ဂလာတောင်ပွဲကို ခံချိန်ရှိပြီ ။ သူ ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့ ၏ အသံ ၊ သမုဒ္ဒရာသံ ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား ၏ ။ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကို ရ ၏ ။ ထိုပိတ်ချော မူကား ၊ သန့်ရှင်းသူတို့ ၏ ဖြောင့်မတ်ခြင်း ဖြစ်သတည်း ။ ကောင်းကင်တမန်ကလည်း ၊ သိုးသငယ် ၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ ၏ ဟု ရေးထားလော့ဟူ ၍ ၎ င်း ၊ ဤစကား သည် ဘုရားသခင် ၏ နှုတ်တော်ထွက်စင်စစ်ဖြစ် ၏ ဟူ ၍ ၎ င်း ငါ့အားပြောဆို ၏ ။ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါ သူ ၏ ခြေရင်း ၌ ပြပ်ဝပ် ၏ သူကလည်း ၊ မပြုပါနှင့် ၊ ငါကား သင် ၏ လုပ်ဘော်ဆောင်ဘက်ဖြစ် ၏ ။ ယေရှု ၏ သက်သေခံတော်မူချက်ကို ဆောင်သော သင် ၏ ညီအစ်ကိုတို့ ၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ် ၏ ။ ဘုရားသခင်ကို ကိုးကွယ်လော့ ။ အကြောင်းမူကား ၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု ၏ သက်သေဖြစ်သတည်းဟု ငါ့အားပြောဆို ၏ ။ ထိုအခါ ကောင်းကင်ဘုံ ဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင် ၊ မြင်းဖြူရှိ ၏ ။ မြင်းစီးသော သူသည် သစ္စာ ဟူသောမည် ၊ သမ္မာဟူသော အမည်ရှိသတည်း ။ ထိုသူ သည် တရားသဖြင့် စီရင်တတ် ၏ ။ တရားသဖြင့် စစ်တိုက်တတ် ၏ ။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ် ၏ ။ ခေါင်း တော်ပေါ် ၌ သရဖူများကို ဆောင်း ၏ ။ ကိုယ်တိုင်မှတပါး ၊ အဘယ်သူမျှမသိသော နာမတော်သည် ရေးထားလျက် ရှိ ၏ ။ အသွေး ၌ နှစ်ပြီးသောအဝတ်ကို ဝတ် ၏ ။ ဘုရားသခင် ၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ ၏ ။ ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကို စီးလျက် ၊ စင်ကြယ်သော ပတ်ချောဖြူကို ဝတ်လျက် ၊ နောက်တော်သို့ လိုက်ကြ ၏ ။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့ ၊ ထက်သော သန်လျင်သည် ခံတွင်းတော်ထဲကထွက် ၏ ။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည် ။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင် ၏ ဒေါသအမျက်တော် ၏ စပျစ်သီးနယ်ရာ တန်ဆာကို ဖိနင်းတော်မူမည် ။ ဘုရင်တို့ ၏ ဘုရင် ၊ သခင်တို့ ၏ သခင်ဟု ဘွဲ့နာမ တော်သည် အဝတ်တော် ၌ ၎ င်း ၊ ပေါင်တော် ၌ ၎ င်း ရေးထားလျက်ရှိ ၏ ။ ကောင်းကင်တမန်တပါးသည် နေထဲမှာ ရပ် လျက်ရှိသည်ကို ငါမြင် ၏ ။ သူသည် မိုဃ်းကောင်းကင်အလယ် ၌ ပျံတတ် သော ငှက်အပေါင်းတို့ကို ကြီးသောအသံနှင့်ခေါ် ၍ ၊ လာကြလော့ ။ ရှင်ဘုရင်အသား ၊ စစ်သူကြီးအသား ၊ သူရဲအသား ၊ မြင်းအသား ၊ မြင်းစီးသောသူ အသား ၊ အစေခံကျွန် ၊ လူလွှတ် ၊ အကြီးအငယ် အမျိုးမျိုးသော လူတို့ ၏ အသားကို စားအံ့သောငှါ ၊ ကြီးမြတ်တော်မူသော ဘုရားသခင် ၏ ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော် ၏ ။ သားရဲမှစ ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့ ၏ ဗိုလ်ခြေများတို့သည် ၊ မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှါ စည်းဝေးကြသည်ကို ငါမြင် ၏ ။ သားရဲကို ဘမ်းမိကြ ၏ ။ သားရဲ ၏ တံဆိပ် လက်မှတ်ကိုခံ ၍ ၊ သူ ၏ ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား ၍ သားရဲရှေ့ ၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဘမ်းမိကြ ၏ ။ အသက်ရှင် လျက်ရှိသော ထိုသူနှစ်ဦးကို ကန်နှင့်လောင်သော မီးအိုင်ထဲသို့ ချပစ်ကြ ၏ ။ ကြွင်းသောသူတို့သည် ၊ မြင်းစီးတော်မူသော သူ ၏ ခံတွင်းတော်ထဲက ထွက်သော သန်လျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ ၏ ။ သူတို့ ၏ အသားကို ငှက်အပေါင်းတို့သည် ဝစွာစားရကြ ၏ ။ တဖန် ကောင်းကင်တမန်သည် အနက်ဆုံး သောတွင်း ၏ သော့ နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင် ၏ ။ ရှေးမြွေဟောင်း ၊ မာရ်နတ်စာတန်တည်းဟူ သော နဂါးကို ကိုင်ဘမ်း ၍ ၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ ၏ ။ အနှစ်တထောင် မကုန်မှီတိုင်အောင် ၊ လူအမျိုး မျိုးတို့ကို မလှည့်ဖြားရမည်အကြောင်း ၊ အနက်ဆုံးသော တွင်းထဲသို့ ချပစ်လှောင်ထား ၍ တံဆိပ်ခတ်လေ ၏ ။ အနှစ်တထောင်ကုန်ပြီးမှ တဖန် ခဏလွှတ်ရဦးမည် ။ ပလ္လင်များကိုလည်း ငါမြင် ၏ ။ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ ၏ ။ သားရဲနှင့် သူ ၏ ရုပ်တုကို မကိုးကွယ် ၊ သူ ၏ တံဆိပ်လက်မှတ်ကို နဖူး ၌ မခံ ၊ လက် ၌ မခံဘဲနေ ၍ ယေရှု ၏ သက်သေခံတော်မူချက်နှင့် ဘုရားသခင် ၏ နှုတ်ကပတ်တော်ကြောင့် ၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့ ၏ ဝိညာဉ်များကို ငါမြင် ၏ ။ သူတို့သည် အသက် ရှင် ၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ ၏ ။ ကြွင်းသော လူသေတို့သည် ထိုအနှစ်တထောင် မကုန်မှီ အသက်မရှင်ရကြ ။ ဤထမြောက်ခြင်းကား ၊ ပဌမမြောက်ခြင်းဖြစ်သတည်း ။ ပဌမမြောက်ခြင်းကို ဝင်စားသော သူသည် မင်္ဂလာရှိသောသူ ၊ သန့်ရှင်းသောသူ ဖြစ် ၏ ။ ထိုသို့သော သူသည် ဒုတိယသေခြင်း ၏ လက်နှင့် ကင်းလွတ်လျက် ၊ ဘုရားသခင် ၏ ယဇ်ပုရောဟိတ် ၊ ခရစ်တော် ၏ ယဇ် ပုရောဟိတ်ဖြစ် ၍ အနှစ်တထောင်ပတ်လုံး ခရစ်တော် နှင့်အတူ စိုးစံရကြလိမ့်မည် ။ ထိုအနှစ်တထောင်ကုန်ပြီးမှ ၊ စာတန်သည် ထောင်ထဲက လွှတ်သောအခွင့်ကိုရ ၍ ၊ အရေအတွက်အားဖြင့် သမုဒ္ဒရာသဲလုံးနှင့်အမျှ များသောဂေါဂ ၊ မာဂေါဂတည်းဟူသော မြေကြီး လေးမျက်နှာပေါ်မှာနေသော လူအမျိုးမျိုးတို့ကို လှည့်ဖြား အံ့သောငှာ ၎ င်း ၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်းငှာ ၎ င်း တက်လိမ့်မည် ။ ထိုသူများတို့သည် မြေကြီးမျက်နှာပေါ်သို့ တက် ၍ ၊ သန့်ရှင်းသူတို့ ၏ တပ်ကို ၎ င်း ၊ ချစ်ဘွယ်သော မြို့တော်ကို ၎ င်း ၊ ဝိုင်းကြ ၏ ။ ထိုအခါ ဘုရားသခင် အထံတော် ၊ ကောင်းကင်မှ မီးကျ ၍ သူတို့ကို မျိုလေ ၏ ။ သူတို့ကိုလှည့်ဖြားသော မာရ်နတ်ကိုလည်း ၊ သားရဲနှင့်မိစ္ဆာ ပရောဖက်ရှိရာ ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင် ၊ သူတို့သည် နေညဉ့်မပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြ လတံ့ ။ တဖန်တုံ ၊ ဖြူသောပလ္လင်ကြီကို ၎ င်း ၊ ပလ္လင်ပေါ် မှာ ထိုင်တော်မူသောသူကို ၎ င်း ငါမြင် ၏ ။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှ ပြေးလွင့် ၍ သူတို့ နေစရာအရပ်မရှိ ။ သေလွန်သောသူ အကြီးအငယ်တို့သည် ပလ္လင် တော်ရှေ့မှာ ရပ်နကြသည်ကို ငါမြင် ၏ ။ စာစောင်များ ကို ဖွင့်ထား ၏ အသက်စာစောင်တည်းဟူသော အခြား တပါးသော စာစောင်ကိုလည်း ဖွင့်လေ ၏ ။ သေလွန် သောသူတို့သည် မိမိတို့အကျင့်အတိုင်း ၊ စာစောင်တို့ ၌ ရေးထားချက်များနှင့်အညီ တရားစီရင် ခြင်းကို ခံရကြ ၏ ။ သမုဒ္ဒရာသည် မိမိ ၌ ရှိသော လူသေတို့ကို အပ်ပေး ၏ ။ မရဏနှင့် မရဏနိုင်ငံသည်လည်း မိမိတို့ ၌ ရှိသော လူသေတို့ကို အပ်ပေးကြ ၏ ။ လူအသီးအသီး တို့သည် မိမိတို့အကျင့်အတိုင်း တရားစီရင်ခြင်းကို ခံရ ကြ ၏ ။ ထိုအခါ မရဏနှင့် မရဏနိုင်ငံကို မီးအိုင်ထဲသို့ ချပစ်လေ ၏ ။ ထိုသေခြင်းကား ဒုတိယသေခြင်း ဖြစ် သတည်း ။ အသက်စာစောင် ၌ စာရင်းမဝင်သောသူ ရှိသမျှတို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ ၏ ။ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင် ၏ ။ အဘယ်သို့နည်းဟူမူကား ၊ ရှေးကောင်းကင်နှင့် ရှေးမြေကြီးသည် ရွှေသွားကြပြီ ။ ထိုအခါမှစ ၍ သမုဒ္ဒရာ မရှိ ။ သန့်ရှင်းသောမြို့တည်းဟူသော ယေရုရှလင်မြို့ သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္ဂလာ ဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက် ၊ ဘုရားသခင် အထံတော် ၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါမြင် ၏ ။ ကောင်းကင်မှကြီးသော အသံကား ၊ ဘုရား သခင် ၏ တဲကော်သည် လူတို့တွင်ရှိ ၏ ။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည် ။ သူတို့သည် ကိုယ်တော် ၏ လူ ဖြစ်ကြလိမ့်မည် ။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ ၍ သူတို့ ၏ ဘုရားသခင် ဖြစ်တော်မူ မည် ။ ဘုရားသခင်သည် သူတို့ ၏ မျက်စိ ၌ မျက်ရည် ရှိသမျှတို့ကို သုတ်တော်မူမည် ။ နောက်တဖန် သေဘေး မရှိရ ။ စိက်မသာ ညည်းတွားခြင်း ၊ အော်ဟစ်ခြင်း ၊ ပင်ပန်းခြင်းလည်း မရှိရ ။ အကြောင်းမူကား ၊ ရှေးဖြစ် ဘူးသောအရာတို့သည် ရွေသွားကြပြီ ။ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူက လည်း ၊ ငါသည် ခပ်သိမ်းသော အရာတို့ကို အသစ် ဖန်ဆင်းသည်ဟု မိန့်တော်မူ ၏ ။ တဖန် တုံ ၊ ရေးထား လော့ ။ ဤစကားသည် သစ္စာစကား ၊ ဟုတ်မှန်သော စကားဖြစ် ၏ ဟူ ၍ ၎ င်း ၊ အမှုပြီးပြီ ။ ငါသည် အာလပဖြစ် ၏ ။ ဩမေဃ လည်း ဖြစ် ၏ ။ အစနှင့်အဆုံးလည်းဖြစ် ၏ ။ ရေငတ်သော သူအား အသက်စမ်းရေကို အဘိုးမယူဘဲ ငါပေးမည် ။ အောင်မြင်သောသူသည် ဤအရာတို့ကို အမွေ ခံရလိမ့်မည် ။ ငါသည် သူ ၏ ဘုရားသခင်ဖြစ်မည် ။ သူသည်လည်း ငါ ၏ သား ဖြစ်လိမ့်မည် ။ ကြောက်တတ်သောသူ ၊ မယုံကြည်သောသူ ၊ စက်ဆုပ်ရွံ့ရှာ ဘွယ်သောသူ ၊ လူအသက်ကို သတ်သော သူ ၊ မတရားသော မေထုန် ၌ မှီဝဲသောသူ ၊ ပြုစားတတ် သောသူ ၊ ရုပ်တုကို ကိုးကွယ်သောသူ ၊ သစ္စာပျက်သောသူ အပေါင်းတို့မူကား ၊ ဒုတိယသေခြင်းတည်းဟူသော ကန့် နှင့်လောင်သော မီးအိုင်ထဲ ၌ မိမိတို့အဘို့ကို ရကြလိမ့်မည် ဟူ ၍ ၎ င်း ငါ့အား မိန့်တော်မူ ၏ ။ နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့် ပြည့် သော ဖလားခုနစ်လုံးကို ဆောင်သော ကောင်းကင်တမန် ခုနစ်ပါးတွင် တပါးသည် လာပြီးလျှင် ငါ့ကိုနှုတ်ဆက် ၍ ၊ လာခဲ့ပါ ။ သိုးသငယ် ၏ ခင်ပွန်းတည်း ဟူသော မင်္ဂလာ ဆောင်သတို့သမီးကို ငါပြမည်ဟု ပြောဆိုလျက် ၊ ကြီးမြင့်သော တောင်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကို ဆောင်သွား ၍ သန့်ရှင်းသော ယေရုရှလင်မြို့သည် ဘုရားသခင် ၏ ဘုန်းတော်နှင့် ပြည့်စုံလျက် ၊ ဘုရားသခင့် အထံတော် ၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အား ပြလေ ၏ ။ ထိုမြို့ ၏ အရောင်အဝါသည် ၊ ကျောက်သလင်း နဂါးသွဲ့ကဲ့သို့ ၊ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့် တူ ၏ ။ ကြီးမြင့်သော မြို့ရိုးလည်းရှိ ၏ ။ အရှေ့ဘက် ၌ တံခါးသုံးပေါက် ၊ မြောက်ဘက် ၌ သုံးပေါက် ၊ တောင်ဘက် ၌ သုံးပေါက် ၊ အနောက်ဘက် ၌ သုံးပေါက် ၊ တံခါးတဆယ်နှစ်ပေါက်ရှိ ၏ ။ ထိုတံခါး တဆယ်နှစ်ပေါက် ၌ ကောင်းကင်တမန် တဆယ်နှစ်ပါး ရှိ ၏ ။ ဣသရေလအမျိုး တဆယ်နှစ်မျိုး ၏ နာမတို့သည် ထိုတံခါးပေါ် ၌ ရေးထားလျက်ရှိ ၏ ။ မြို့ရိုးအမြစ်သည် တဆယ်နှစ်ပါး ၏ နာမတို့ သည် မြို့ရိုးအမြစ်ပေါ် ၌ ရေးထားလျက်ရှိကြ ၏ ။ ငါနှင့်စကားပြောသောသူသည် ၊ မြို့ကို ၎ င်း ၊ တံခါးတို့ကို ၎ င်း ၊ မြို့ရိုးကို ၎ င်း တိုင်းခြင်းငှါ ၊ တိုင်းစရာ ရွှေကျူလုံးပါ ၏ ။ မြို့သည် စတုရန်းလေးထောင့်ဖြစ် ၏ ။ ထိုသူ သည် ကျူလုံးနှင့် မြို့ကိုတိုင်း ၍ မြို့ ၏ အနံ ၊ အလျား ၊ အမြင့် ၊ ယူဇနာတရာနှစ်ဆယ်စီရှိ ၏ ။ မြို့ရိုးဒုကို တိုင်း ၍ ၊ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့် ၊ တရာလေးဆယ် လေးတောင်ရှိ ၏ ။ မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက်ဖြစ် ၏ ။ မြို့သည်လည်း ကြည်လင်သောဖန်နှင့် တူသော ရွှေစင် ဖြစ် ၏ ။ မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ ၏ ။ ပဋ္ဌမအမြစ်ကားနဂါးသွဲ့ဖြစ် ၏ ။ ဒုတိယ အမြစ်ကား နီလာ ၊ တတိယအမြစ်ကား မဟူရာ ၊ စတုတ္ထ အမြစ်ကား မြ ၊ ပဥ္စမအမြစ်ကား ကြောင် ၊ ဆဋ္ဌမအမြစ် ကား ကျောက်နီ ၊ သတ္တမအမြစ်ကား ခရုသုလိတ် ၊ အဋ္ဌမ အမြစ်ကား မျက်ရွဲ ၊ နဝမအမြစ်ကား ဥဿဖရား ၊ ဒသမ အမြစ်ကား ခရုသုပြတ် ၊ ဧကဒသမ အမြစ်ကား ဝှါကိနု ၊ ဒွါဒသမအမြစ်ကား ဂေါ်မုတ်ဖြစ်သတည်း ။ တံခါးရွက် တဆယ်နှစ်ရွက်အသီးအသီးတို့သည် ပုလဲတပြားစီဖြင့်ပြီး ၍ ပုလဲတဆယ်နှစ်ပြားဖြစ်ကြ ၏ ။ မြို့လမ်းမသည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင် ဖြစ် ၏ ။ မြို့ထဲ ၌ ဗိမာန်တော်ကိုငါမမြင် ၊ အကြောင်းမူ ကား ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင် ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့ ၏ ဗိမာန်ဖြစ် တော်မူ ၏ ။ ထိုမြို့သည် နေ ၏ အရောင် ၊ လ ၏ အရောင်ကို အလိုမရှိ ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ ဘုန်းတော် သည် ထိုမြို့ကို လင်းစေ ၏ ။ သိုးသငယ်သည်လည်း ထိုမြို့ ၏ ဆီမီးဖြစ် ၏ ။ လူအမျိုးမျိုးတို့သည် ထိုမြို့ ၏ အလင်းကို အမှီပြု ၍ သွားလာကြလိမ့်မည် ။ လောကီရှင်ဘုရင်တို့သည်လည်း မိမိတို့ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည် ။ မြို့တံခါးတို့ကို နေ့အချိန် ၌ အလျှင်းမပိတ်တတ် ။ ညဉ့်မူကား မရှိ ။ လူအမျိုးမျိုးတို့သည် မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည် ။ ညစ်ညူးသောအရာ ၊ စက်ဆုပ်ဘွယ်သောအရာ ၊ သစ္စာပျက်သောအရာ တစုံတခုမျှမဝင်ရဘဲ ၊ သိုးသငယ် ၏ အသက်စာစောင် ၌ စာရင်းဝင်သော သူတို့သာလျှင် ဝင်ရ ၏ ။ တဖန် ၊ ကျောက်သလင်းကဲ့သို့ကြည်လင် ၍ ၊ ဘုရားသခင်နှင့် သိုးသငယ် ၏ ပလ္လင်တော်ထဲက ထွက် သော ၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အား ပြလေ ၏ ။ မြို့လမ်းမအလယ် ၌ ၎ င်း ၊ ထိုမြစ်နှစ်ဘက် ၌ ၎ င်း ၊ အသက်ပင်ရှိ ၏ ။ ထိုအသက်ပင်သည် အသီးတဆယ် နှစ်မျိုးကို သီးတတ် ၏ ။ မိမိအသီးကိုလည်း လတိုင်းပေ တတ် ၏ ။ အရွက်သည်လည်းလူအမျိုးမျိုး တို့ ၏ အနာ ရောဂါငြိမ်းစရာတို့ဖြစ် ၏ ။ နောက်တဖန် ကျိန်ခြင်းဘေးတစုံတခုမျှမရှိ ။ ထိုမြို့ ၌ ဘုရားသခင် နှင့် သိုးသငယ် ၏ ပလ္လင်တော်ရှိ ၍ ဘုရားသခင် ၏ ကျွန်တို့ သည် ဘုရားဝတ်ကို ပြုကြ လိမ့်မည် ။ မျက်နှာတော်ကိုမြင်ရ ၍ သူတို့နဖူး ၌ လည်း နာမတော်ရေးထား လျက်ရှိလိမ့်မည် ။ ထိုမြို့ ၌ ညဉ့်မရှိရ ၊ ဆီမီးကိုအလိုမရှိ ။ နေ ၏ အရောင်ကိုလည်း အလိုမရှိ ။ အကြောင်းမူကား ၊ ထာဝရ အရှင်ဘုရားသခင်သည် သူတို့ ၌ ရောင်ခြည်တော်ကို လွှတ်တော်မူ ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရ ကြလတံ့ ။ ကောင်းကင်တမန်ကလည်း ၊ ဤစကားသည် သစ္စာစကား ၊ ဟုတ်မှန်သော စကားဖြစ် ၏ ။ ပရောဖက် တို့ ၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင် သည် ၊ ကာလမကြာမမြင့်မှီဖြစ်ရမည် အမှုအရာများကို မိမိကျွန်တို့အား ပြစေခြင်းငှါ ၊ ကောင်းကင်းကင်တမန် တော်ကို စေလွှတ်တော်မူပြီ ။ ငါသည်အလျင်အမြန်လာမည် ။ ဤစာစောင် ၏ အနာဂတ္တိ စကားကိုစောင့်ရှောက်သောသူသည် မင်္ဂလာ ရှိ ၏ ဟု ပြောဆို ၏ ။ ငါယောဟန်သည် ဤအရာများကို ကြားမြင် ၏ ။ ကြားမြင်ပြီးလျှင် ၊ ထိုအရာများကို ပြသော ကောင်းကင် တမန် ၏ ခြေရင်း ၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ် ၏ ။ သူကလည်း ၊ မပြုပါနှင့် ။ ငါကား ၊ သင် ၏ လုပ်ဘော်ဆောင်ဘက်ဖြစ် ၏ ။ သင် ၏ အစ်ကို ပရောဖက် တို့နှင့်ဤစာစောင် ၏ စကားကို စောင့်ရှောက်သော သူတို့ ၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ် ၏ ။ ဘုရား သခင်ကိုကိုးကွယ်လော့ဟုပြောဆို ၏ ။ တဖန်ဘုံ ၊ ငါ့အားမိန့်တော်မူသည်ကား ၊ ဤစာ စောင် ၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့် ။ အကြောင်းမူကား ၊ ကာလအချိန် ရောက်လုနီးပြီ ။ မတရားသောသူကသည် မတရားသဖြင့် ပြုစေ ဦး ။ ညစ်ညူးသော သူသည် ညစ်ညူးစေဦး ။ ဖြောင့်မတ် သောသူသည် ဖြောင့်မတ်စေဦး ။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး ။ ငါသည်အလျင်အမြန်လာမည် ။ ငါသည် အကျိုး အဖြစ်ကို ဆောင်ခဲ့သည်ဖြစ် ၍ ၊ လူအသီးသီးတို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေး မည် ။ ငါသည် အာလဖဖြစ် ၏ ဩမေဃလည်းဖြစ် ၏ ။ အဦးဆုံးသောသူ ၊ နောက်ဆုံးသော သူဖြစ် ၏ ။ အစနှင့် အဆုံးလည်း ဖြစ် ၏ ။ အသက်ပင်နှင့်ဆိုင် ၍ ၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သော ငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ ၏ ။ ပြင် ၌ ကား ၊ ခွေးဖြစ်သောသူ ၊ ပြုစားတတ်သော သူ ၊ မတရားသောမေထုန် ၌ မှီဝဲသောသူ ၊ လူအသက်ကို သတ်သောသူ ၊ ရုပ်ထု ကိုကိုးကွယ်သောသူ ၊ သစ္စာပျက် ခြင်းကို နှစ်သက် ၍ ပြုသောသူအပေါင်းတို့သည် ရှိကြ ၏ ။ ငါယေရှုသည် အသင်းတော်တို့အဘို့ ဤအရာ များကို သင်တို့အားသက်သေခံစေခြင်းငှါ ၊ ငါ ၏ ကောင်း ကင်တမန်ကို စေလွှတ် ၏ ။ ငါသည်ကား ၊ ဒါဝိဒ် ၏ အမြစ် ဖြစ် ၏ ။ အနွယ်လည်းဖြစ် ၏ ။ ထွန်းတောက်သော မိုဃ်း သောက်ကြယ်လည်းဖြစ် ၏ ။ ဝိညာဉ်တော်နှင့် မင်္ဂလာဆောင် သတို့သမီးက လာခဲ့ပါဟု ဆိုကြ ၏ ။ ကြားသောသူကလည်း ၊ လာခဲ့ပါ ဟုဆိုပါစေ ၊ ရေငတ်သောသူသည် လာပါစေ ။ အလိုရှိ သော သူသည် အဘိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ ။ ဤစာစောင် ၏ အနာဂတ္တိစကားကို ကြားသော သူအပေါင်းတို့ အားငါသက်သေခံသည်ကား ၊ အကြင်သူ သည် ဤအရာတို့ ၌ ထပ် ၍ အသစ်သွင်း ၏ ။ ဤစာစောင် ၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင် သက်ရောက်စေတော်မူမည် ။ အကြင်သူသည် ဤစာစောင် ၏ အနာဂတ္တိ စကားအချို့ကို နှုတ်ပယ် ၏ ။ ဤစာစောင် ၌ ရေးထား သော အသက်ပင်နှင့် ၎ င်း ၊ သန့်ရှင်းသော မြို့တော်နှင့် ၎ င်း ၊ ထိုသူစပ်ဆိုင်သော အခွင့်ကိုဘုရားသခင် နှုတ်ပယ် တော်မူမည် ။ ငါသည် အလျင်အမြန်လာမည်မှန်ပေ ၏ ဟု ၊ ဤအရာများကို သက်သေခံသောသူ မိန့်တော် မူ ၏ အာမင် ၊ သခင်ယေရှုကြွလာတော်မူပါ ။ ငါတို့သခင် ယေရှုခရစ် ၏ ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်း တို့ ၌ ရှိစေသတည်း ။ </passage></reply></GetPassage>