<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:7</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:7</urn><passage>ယောရှု အနိစ္စရောက်သောနောက် ၊ ဣသရေလအမျိုးသားတို့က ၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ခါနနိလူတို့ရှိရာသို့ ရှေ့ဦးစွာ ချီသွားရပါမည်နည်းဟု ထာဝရဘုရားအား မေးလျှောက်ကြလျှင် ၊ ထာဝရဘုရားက ၊ ယုဒသည် ချီသွားရမည် ။ ထိုပြည်ကို သူ ၏ လက် ၌ ငါအပ်မည်ဟု မိန့်တော်မူ ၏ ။ ယုဒသည် မိမိအစ်ကိုရှိမောင်အား ၊ ခါနနိလူတို့ကို တိုက်ခြင်းငှါ ငါ့အမွေမြေသို့ ငါနှင့်အတူ လိုက်ပါ ။ သင့်အမွေမြေသို့လည်း သင်နှင့်အတူ ငါလိုက်သွားမည်ဟုဆိုသည်အတိုင်း ရှိမောင်သည် လိုက်သွား လေ ၏ ။ ယုဒ ချီသွား ၍ ထာဝရဘုရားသည် ခါနနိလူ ၊ ဖေရဇိလူတို့ကို အပ်တော်မူသဖြင့် ၊ ဗေဇက်မြို့ ၌ လူတထောင်ကို သတ်လေ ၏ ။ အဒေါနိဗေဇက်မင်းကို ဗေဇက်မြို့ ၌ တွေ့ ၍ ၊ ခါနနိလူ ၊ ဖေရဇိလူတို့ကို သတ်သောအခါ ၊ အဒေါနိဗေဇက်သည် ပြေးလေ ၏ ။ ယုဒလူတို့သည် လိုက် ၍ ဘမ်းမိပြီးလျှင် လက်မ ၊ ခြေမတို့ကို ဖြတ်ကြ ၏ ။ အဒေါနိဗေဇက်ကလည်း ၊ လက်မနှင့် ခြေမဖြတ်သော မင်းကြီးခုနစ်ဆယ်တို့သည် ၊ အထက်က ငါ့စားပွဲအောက် ၌ စားနုပ်စားပေါက်ကို ကောက် ၍ စားရကြ ၏ ။ ငါ ပြုဘူးသည်အတိုင်း ၊ ဘုရားသခင် သည် ငါ ၌ အပြစ်ပေးတော်မူပြီဟု ဆို ၏ ။ ထိုမင်းကို ယေရုရှလင်မြို့သို့ ပို့ ၍ သူသည် ထိုမြို့မှာ သေလေ ၏ ။ ယုဒအမျိုးသားတို့သည် ယေရုရှလင်မြို့ကို တိုက်ယူ ၍ ထားနှင့် လုပ်ကြံပြီးမှ မီးရှို့ကြ ၏ ။ ထိုနောက် တောင်ပေါ် ၌ ၎ င်း ၊ တောင်မျက်နှာ ၌ ၎ င်း ၊ ချိုင့်ထဲ ၌ ၎ င်းနေသော ခါနနိလူတို့ကို အတိုက်သွား ကြ ၏ ။ တဖန် ယုဒအမျိုးသည် ၊ ကိရယသာဘအမည်ဟောင်းရှိသော ဟေဗြုန်မြို့ ၌ နေသော ခါနနိလူတို့ ရှိရာသို့ ချီသွား ၍ ၊ ရှေရှဲ ၊ အဟိမန် ၊ တာလမဲတို့ကို လုပ်ကြံကြ ၏ ။ တဖန် ကိရယဿေဖါအမည်ဟောင်းရှိသော ဒေဗိရမြို့သားတို့ရှိရာသို့ ချီပြန် ၍ ၊ ကာလက်က ၊ ကိရယဿေဖာမြို့ကို တိုက်ယူလုပ်ကြံသောသူအား ၊ ငါသည် သမီးအာခသကို ပေးစားမည်ဟု ဆိုလျှင် ၊ ကာလက်ညီကေနတ် ၏ သားဩသံယေလသည် ထိုမြို့ကို တိုက်ယူ ၍ ၊ ကာလက်သည် သမီးအာခသကို သူ့အားပေးစားလေ ၏ ။ ထိုမိန်းမသည် ခရီးသွားစဉ်အခါ ၊ လယ်တကွက်ကို အဘ ၌ တောင်းခြင်းငှါ လင်နှင့် တိုင်ပင်ပြီးမှ မြည်းပေါ်က ဆင်းလေ ၏ ။ အဘကာလက်က ၊ အဘယ်အလိုရှိသနည်းဟုမေးလျှင် ၊ သမီးက ၊ ကောင်းကြီးပေးစေချင်ပါ ၏ ။ ကိုယ်တော်သည် တောင်မျက်နှာအရပ်ကို ပေးပါပြီ ။ စမ်းရေတွင်းတို့ကိုလည်း ပေးတော်မူပါဦးဟု တောင်းသည်အတိုင်း အဘသည် အထက်စမ်းရေတွင်း ၊ အောက်စမ်းရေတွင်းတို့ကို ပေးလေ ၏ ။ မောရှေယောက္ခမ ၏ သားမြေးဖြစ်သော ကေနိအမျိုးသားတို့သည် ၊ ယုဒအမျိုးသားတို့နှင့်အတူ စွန်ပလွံ မြို့မှ အာရဒ်မြို့ တောင်ဘက် ၊ ယုဒတောသို့ လိုက်သွား ၍ နေရာကျကြ ၏ ။ တဖန် ယုဒသည် အစ်ကိုရှိမောင်နှင့်အတူ သွား ၍ ဇေဖတ်မြို့ ၌ နေသော ခါနနိလူတို့ကို လုပ်ကြံ ၍ မြို့ကို ရှင်းရှင်းဖျက်ဆီးပြီးလျှင် ၊ ထိုမြို့ကို ဟော်မာအမည်ဖြင့် သမုတ်ကြ ၏ ။ ယုဒသည် ဂါဇမြို့နှင့် မြို့နယ် ၊ အာရှကေလုန်မြို့နှင့် မြို့နယ် ၊ ဧကြုန်မြို့နှင့် မြို့နယ်တို့ကိုလည်း တိုက်ယူလေ ၏ ။ ထာဝရဘုရားသည် ယုဒနှင့်အတူရှိတော်မူ ၍ ၊ သူသည် တောင်ပေါ်မှာနေသော သူတို့ကို နှင်ထုတ်လေ ၏ ။ ချိုင့်သားတို့ကို မနှင်ထုတ်နိုင် ။ အကြောင်းမူကား ၊ သူတို့သည် သံရထား ရှိကြ ၏ ။ မောရှေမှာထားသည်အတိုင်း ဟေဗြုန်မြို့ကို ကာလက်အား ပေးကြ ၍ ၊ သူသည် အာနက သားသုံးယောက်တို့ကို ထိုမြို့မှ နှင်ထုတ်လေ ၏ ။ ဗင်္ယာမိန်အမျိုးသားတို့သည် ၊ ယေရုရှလင်မြို့ ၌ နေသော ယေဗုသိလူတို့ကို မနှင်ထုတ်ဘဲ ၊ သူတို့သည် ယနေ့တိုင်အောင် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယေရုရှလင်မြို့ ၌ နေကြသတည်း ။ ယောသပ်အမျိုးသားတို့သည်လည်း ၊ ဗေသလမြို့သို့ ချီသွား ၍ ၊ ထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူ ၏ ။ လုဇအမည်ဟောင်းရှိသော ထိုမြို့ကို စူးစမ်းစေခြင်းငှါ စေလွှတ်သော သူလျှိုတို့သည် ၊ မြို့ထဲက ထွက်လာသောလူတယောက်ကို တွေ့မြင် ၍ ၊ မြို့ထဲသို့ ဝင်သောလမ်းကို ပြပါတော့ ။ သို့ပြလျှင် သင့်ကို ချမ်းသာပေးမည်ဟု ဆိုသော် ၊ ထိုသူသည် မြို့ထဲသို့ ဝင်သောလမ်းကို ပြသဖြင့် ၊ သူတို့သည် မြို့သားတို့ကို ထားနှင့် လုပ်ကြံ ၍ ၊ ထိုလူနှင့် သူ ၏ အိမ်သားအပေါင်းတို့ကို လွှတ်ကြ ၏ ။ ထိုသူသည် ဟိတ္တိပြည်သို့ သွားပြီးလျှင် ၊ မြို့ကို တည်ထောင် ၍ လုဇအမည်ဖြင့် သမုတ်လေ ၏ ။ ယနေ့ တိုင်အောင် ထိုသို့ ခေါ်ဝေါ်ကြသတည်း ။ မနာရှေအမျိုးသည် ၊ ဗက်ရှန်မြို့ရွာများ ၊ တာနက်မြို့ရွာများ ၊ ဒေါရမြို့ရွာများ ၊ ဣဗလံမြို့ရွာများ ၊ မေဂိဒ္ဒေါမြို့ရွာများ ၌ နေသောသူတို့ကို မနှင်ထုတ်ဘဲ ၊ ခါနနိလူတို့သည် အနိုင်နေကြ ၏ ။ တဖန် ဣသရေလအမျိုးသားတို့သည် အားကြီးသောအခါ ၊ ခါနနိလူတို့ကို မနှင်ထုတ်သော်လည်း အခွန်ကို ဆက်သွင်းစေကြ ၏ ။ ထိုအတူ ဧဖရိမ်အမျိုးသည် ဂေဇာမြို့ ၌ နေသော ခါနနိလူတို့ကို မနှင်ထုတ်ဘဲ သူတို့သည် ဂေဇာမြို့ ၌ ရောနှောလျက် နေကြ ၏ ။ ထိုအတူ ဇာဗုလုန်အမျိုးသည် ကိတရုန်မြို့သား ၊ နဟာလောလမြို့သားတို့ကို မနှင်ထုတ်ဘဲ ၊ ခါနနိလူတို့ သည် ရောနှောလျက်နေ ၍ ၊ အခွန်ပေးကြ ၏ ။ ထိုအတူ အာရှာအမျိုးသည် အက္ခောမြို့သား ၊ ဇိဒုန်မြို့သား ၊ အာလပ်မြို့သား ၊ အာခဇိပ်မြို့သား ၊ ဟေလဗမြို့သား ၊ အာဖိတ်မြို့သား ၊ ရဟောဘမြို့သားတို့ကို မနှင်ထုတ်ဘဲ ၊ အာရှာအမျိုးသားတို့သည် ပြည်သား ခါနနိလူတို့နှင့် ရောနှော ၍ နေကြ ၏ ။ ထိုအတူ နဿလိအမျိုးသည် ဗက်ရှေမက်မြို့သား ၊ ဗေသနတ်မြို့သားတို့ကို မနှင်ထုတ်ဘဲ ၊ ပြည်သားခါနနိလူတို့နှင့် ရောနှော ၍ နေကြ ၏ ။ သို့ရာတွင် ဗက်ရှေမက်မြို့သား ၊ ဗေသနတ်မြို့သားတို့ သည် အခွန်ပေးလျက် နေကြ ၏ ။ အာမောရိလူတို့သည်လည်း ဒန်အမျိုးသားတို့ကို တောင်ပေါ်သို့ နှင်သဖြင့် ၊ ချိုင့်ထဲမှာ နေရသောအခွင့်ကို မပေးကြ ။ အာမောရိလူတို့သည် ဟေရက်တောင်ပေါ်မြို့ ၊ အာဇလုန်မြို့ ၊ ရှာလဗိမ်မြို့ ၌ အနိုင်နေကြ ၏ ။ သို့ရာတွင် ယောသပ်အမျိုးသားတို့သည် အားကြီးသဖြင့် အာမောရိလူတို့သည် အခွန်ပေးရကြ ၏ ။ အာမောရိလူနေရသောအရပ်သည် အကရဗ္ဗိမ်ကုန်းနား ၊ သေလမြို့မှစ ၍ အထက်အရပ်ပေတည်း ။ ထာဝရဘုရား ၏ တမန်တော်သည် ၊ ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့ လာ ၍ ၊ သင်တို့ ဘိုးဘေးတို့အား ငါကျိန်ဆိုသော ပြည်သို့ အဲဂုတ္တုပြည်မှ သင်တို့ကို ငါဆောင်ခဲ့ပြီ ။ သင်တို့နှင့် ငါဖွဲ့သော ပဋိညာဉ်ကို ငါမဖျက်အစဉ်အမြဲစောင့်မည် ။ သင်တို့သည် ဤပြည်သားတို့နှင့် မိဿဟာယမဖွဲ့ရ ။ သူတို့ ယဇ်ပလ္လင်တို့ကို လှဲချရမည်ဟု ငါ ဆိုသော်လည်း ၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြ ။ အဘယ်ကြောင့် ဤသို့ ပြုကြသနည်း ။ တဖန် ငါဆိုသည်ကား ၊ ဤပြည်သားတို့ကို သင်တို့ရှေ့မှ ငါမနှင်ထုတ် ။ သူတို့သည် သင်တို့ တဘက် ၌ မုဆိုးလုပ်လျက် ၊ သူတို့ဘုရားတို့သည်လည်း သင်တို့ ၌ ကျော့ကွင်းဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ထာဝရဘုရား ၏ တမန်တော်သည် ဣသရေလအမျိုးသားအပေါင်းတို့အား ဤသို့ မိန့်တော်မူသောအခါ ၊ လူများတို့သည် အသံကို လွှင့် ၍ ငိုကြွေးကြ ၏ ။ ထိုအရပ်ကို ဗောခိမ်အမည်ဖြင့် မှည့် ၍ ထာဝရဘုရားအား ယဇ်ပူဇော်ကြ ၏ ။ အထက်က ယောရှုသည် လူများတို့ကို လွှတ်လိုက်သောအခါ ၊ ဣသရေလအမျိုးသားတို့သည် အသီးအသီး မိမိတို့အမွေခံရာမြေကို သိမ်းယူခြင်းငှါ သွားကြ ၏ ။ ယောရှုလက်ထက်ကာလပတ်လုံး ၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားကို ဝတ်ပြုကြ ၏ ။ ထာဝရဘုရားသည် ဣသရေလအမျိုးအဘို့ ပြုတော်မူသော အမှုကြီးအလုံးစုံတို့ကို သိမြင် ၍ ၊ ယောရှုမရှိသောနောက် အသက်ရှင်သေးသော အသက်ကြီးသူတို့လက်ထက် ၌ လည်း ထာဝရဘုရားကို ဝတ်ပြုကြ ၏ ။ ထာဝရဘုရား ၏ ကျွန် ၊ နုန် ၏ သား ယောရှုသည် အသက်တရာတဆယ်ရှိသော် အနိစ္စရောက်လေ ၏ ။ ဧဖရိမ်တောင်ပေါ် ၊ ဂါရှကုန်းမြောက်မှာရှိသော သူ ၏ အမွေခံရာ တိမနဿေရမြို့နယ်မြေ ၌ သင်္ဂြိုဟ်ကြ ၏ ။ ယောရှုလက်ထက်ကာလ ၌ ဖြစ်သော သူအပေါင်းတို့သည်လည်း ၊ ဘိုးဘေးတို့ စုဝေးရာသို့ ရောက်ကြ ၏ ။ ထာဝရဘုရားကို ၎ င်း ၊ ဣသရေလအမျိုးအဘို့ ပြုတော်မူသော အမှုတို့ကို ၎ င်း မသိသော နောင်ကာလအမျိုးသားတို့သည် ပေါ်လာကြ ၏ ။ ထိုကာလအခါ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၍ ဗာလဘုရားတို့ကို ဝတ်ပြုကြ ၏ ။ အဲဂုတ္တုပြည်မှ သူတို့ကို ဆောင်ခဲ့တော်မူသော ဘိုးဘေးတို့ ၏ ဘုရားသခင် ထာဝရဘုရားကို စွန့် ၍ ၊ ပတ်ဝန်းကျင် ၌ ရှိသော လူမျိုးတို့ ၏ ဘုရားတပါးတို့နောက်သို့ လိုက်လျက် ဦးညွှတ်သဖြင့် ထာဝရဘုရား အမျက်တော်ကို ထွက်စေကြ ၏ ။ ထာဝရဘုရားကို စွန့် ၍ ဗာလဘုရား ၊ အာရှတရက်ဘုရားတို့ကို ဝတ်ပြုကြသောကြောင့် ၊ ထာဝရဘုရားသည် ဣသရေလအမျိုး ၌ ပြင်းစွာ အမျက်ထွက်လျက် ၊ လုယူသော သူတို့လက်သို့ အပ် ၍ ၊ ပတ်ဝန်းကျင်သော ရန်သူတို့ ၌ ရောင်းတော်မူသဖြင့် ၊ ရန်သူတို့ ရှေ့မှာ သူတို့သည် တဖန် မရပ်နိုင်ကြ ။ သူတို့သည် ထွက်သွားလေရာရာ ၌ ထာဝရဘုရား မိန့်မြွက်ကျိန်ဆိုတော်မူသည်အတိုင်း ၊ လက်တော် အဆီးအတားနှင့် တွေ့ ၍ အလွန်ဆင်းရဲခြင်းသို့ ရောက်ကြ ၏ ။ သို့ရာတွင် လုယူသော သူတို့လက်မှ ကယ်လွှတ်သော တရားသူကြီးတို့ကို ထာဝရဘုရား ပေါ်ထွန်း စေတော်မူ ၏ ။ ထိုတရားသူကြီးတို့ စကားကိုလည်း သူတို့သည် နားမထောင် ၊ အခြားတပါးသော ဘုရားတို့နှင့် မှားယွင်း ၍ ဦးညွှတ်ကြ ၏ ။ ဘိုးဘေးတို့သည် ထာဝရဘုရား ၏ ပညတ်တော်တို့ကို ကျင့် ၍ လိုက်သော လမ်းမှ သူတို့သည် အလျင်အမြန်လွဲသွားသဖြင့် ၊ ဘိုးဘေးကျင့်သည်အတိုင်း မကျင့်ကြ ။ ထာဝရဘုရားသည် တရားသူကြီးကို ပေါ်ထွန်းစေသောအခါ သူနှင့်အတူရှိ ၍ ၊ သူ့လက်ထက် ပတ်လုံး ဣသရေလလူတို့ကို ရန်သူ ၏ လက်မှ ကယ်လွှတ်တော်မူ ၏ ။ အကြောင်းမူကား သူတို့သည် နှောင့်ရှက်ညှဉ်းဆဲခြင်းကို ခံရ ၍ မြည်တမ်းကြသောအခါ ထာဝရဘုရားသည် နောင်တရတော်မူ ၏ ။ တရားသူကြီး သေသောနောက် ၊ သူတို့သည် တဖန်ဘိုးဘေးထက်သာ ၍ ဆိုးသဖြင့် ၊ အခြားတပါးသော ဘုရားတို့နောက်သို့ လိုက်လျက် ဝတ်ပြု ၍ ဦးညွှတ်ကြ ၏ ။ မိမိတို့ အကျင့်ဓလေ့နှင့် ကြမ်းတမ်းသော လမ်းကို မစွန့်မပယ်ကြ ။ ထာဝရဘုရားသည် ဣသရေလအမျိုး ၌ ပြင်းစွာ အမျက်ထွက်လျက် ၊ ဤလူတို့သည် ငါ့စကားကို နားမထောင် ။ သူတို့ ဘိုးဘေးတို့နှင့် ငါဖွဲ့သော ပဋိညာဉ်ကို ဖျက်သောကြောင့် ၊ ယောရှုသေသောနောက် ကျန်ကြွင်းရစ်သော လူမျိုးတစုံတမျိုးကို သူတို့ရှေ့မှ နောက်တဖန် ငါမနှင်ထုတ် ။ သူတို့ ဘိုးဘေးတို့သည် ထာဝရဘုရား ၏ လမ်းတော်သို့ လိုက်ခြင်းငှါ စောင့်ရှောက်သကဲ့သို့ သူတို့သည် စောင့်ရှောက်မည်လော ၊ မစောင့်ရှောက်လောဟု ကျန်သေးသော လူမျိုးအားဖြင့် ဣသရေလအမျိုးကို ငါစုံစမ်းမည်ဟု မိန့်တော်မူသည်နှင့်အညီ ၊ ထိုလူမျိုးကို ယောရှုလက် ၌ မအပ် အလျင်အမြန် မနှင်ထုတ်ဘဲ နေတော်မူ ၏ ။ ခါနာန်ပြည် ၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိသော ဣသရေလအမျိုးသားအပေါင်းတို့ကို စုံစမ်း ခြင်းငှါ ၎ င်း ၊ စစ်မှုကို မသိသော ဣသရေလအမျိုးသားအစဉ်အဆက်တို့သည် စစ်အတတ်ကို သင် ၍ တတ်စေခြင်းငှါ ၎ င်း ၊ ထာဝရဘုရား ချန်ထားတော်မူသော လူမျိုးများ ဟူမူကား ၊ ဖိလိတ္တိမင်းငါးပါးအစရှိသော ခါနနိလူအမျိုးမျိုး ၊ ဇိဒုန်လူ ၊ ဗာလဟေရမုန်တောင်မှစ ၍ ဟာမတ်လမ်းဝတိုင်အောင် လေဗနုန်တောင်ပေါ်မှာနေသော ဟိဝိလူတို့သည် ကျန်ကြွင်းကြ ၏ ။ ထာဝရဘုရားသည် မောရှေအားဖြင့် ဘိုးဘေးတို့ကို မှာထားတော်မူသော ပညတ်များအတိုင်း ကျင့်မည် မကျင့်မည်ကို ထင်ရှားစေခြင်းငှါ ဣသရေလအမျိုးကို စုံစမ်းဘို့ရာ ဖြစ်သတည်း ။ ဣသရေလအမျိုးသားတို့သည် ခါနနိလူ ၊ ဟိတ္တိလူ ၊ အာမောရိလူ ၊ ဖေရဇိလူ ၊ ဟိဝိလူ ၊ ယေဗုသိလူတို့တွင် နေ ၍ ၊ သူတို့သမီးနှင့် စုံဘက်ခြင်းကို ပြုလျက် ၊ မိမိတို့သမီးကို ပေးစားလျက် ၊ သူတို့ဘုရားများကို ဝတ်ပြုကြ ၏ ။ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၍ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မေ့လျော့သဖြင့် ၊ ဗာလဘုရားများ ၊ အာရှရပင်များကို ဝတ်ပြုသောကြောင့် ၊ ထာဝရဘုရားသည် ဣသရေလအမျိုး ၌ ပြင်းစွာ အမျက်တော်ထွက် ၍ ၊ မေသောပေါတာမိရှင်ဘုရင် ခုရှံရှသိမ် ၌ ရောင်းတော်မူသဖြင့် ၊ ဣသရေလလူတို့သည် ရှစ်နှစ်ပတ်လုံး ထိုရှင်ဘုရင်ထံ ၌ ကျွန်ခံရကြ ၏ ။ နောက်တဖန် ထာဝရဘုရားကို အော်ဟစ်ကြသောအခါ ၊ ကယ်တင်သောသခင် ၊ ကာလက်ညီ ၊ ကေနတ် ၏ သားဩသံယေလကို သူတို့အဘို့ ပေါ်ထွန်းစေတော်မူ ၏ ။ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် သူ့အပေါ်သို့ သက်ရောက်သဖြင့် ၊ သူသည် ဣသရေလအမျိုးကို အုပ်စိုး ၍ စစ်ချီလေ ၏ ။ မေသောပေါတာမိရှင်ဘုရင် ခုရှံရိရှသိမ်ကို သူ့လက် ၌ ထာဝရဘုရား အပ်တော်မူသဖြင့် ၊ သူသည် ထိုရှင်ဘုရင်ကို အောင်လေ ၏ ။ အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းပြီးမှ ၊ ကေနတ် ၏ သား ဩသံယေလသည် သေလေ ၏ ။ တဖန် ဣသရေလအမျိုးသည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြုသောကြောင့် ၊ မောဘရှင်ဘုရင် ဧဂလုန်ကို ဣသရေလအမျိုးတဘက် ၌ ခွန်အားနှင့် ပြည့်စုံစေတော်မူ ၏ ။ ထိုမင်းသည် အမ္မုန်အမျိုးသား ၊ အာမလက်အမျိုးသားတို့ကို စုဝေးစေလျက် ချီသွား ၍ ၊ ဣသရေလလူတို့ကို လုပ်ကြံပြီးမှ ၊ စွန်ပလွံမြို့ကို သိမ်းယူသဖြင့် ၊ ဣသရေလအမျိုးသားတို့သည် တဆယ်ရှစ်နှစ်ပတ်လုံး မောဘရှင်ဘုရင် ဧဂလုန်မင်းထံ ၌ ကျွန်ခံရကြ ၏ ။ နောက်တဖန် ထာဝရဘုရားကို အော်ဟစ်သောအခါ ၊ ကယ်တင်သော သခင် ၊ လက်ျာလက်ကို မသုံးတတ်သော ဗင်္ယာမိန်အမျိုး ၊ ဂေရသားဧဟုဒကို ပေါ်ထွန်းစေတော်မူ ၏ ။ သူ့လက်တွင် ဣသရေလလူတို့သည် လက်ဆောင်ကို မောဘရှင်ဘုရင် ဧဂလုန်ထံသို့ ပေးလိုက်ကြ ၏ ။ ဧဟုဒသည် အလျားတတောင်ရှိသော သန်လျက်ကို လုပ် ၍ လက်ျာပေါင်အဝတ်တွင်း ၌ စည်းထားပြီးလျှင် ၊ မောဘရှင်ဘုရင်ဧဂလုန်ထံသို့ လက်ဆောင်ကို ဆောင်ခဲ့လေ ၏ ။ ဧဂလုန်သည် အလွန်ဝသော သူဖြစ် ၏ ။ ဧဟုဒသည် လက်ဆောင်ကို ဆက်ပြီးလျှင် ၊ လက်ဆောင်ကို ထမ်းသောသူတို့ကို လွှတ်လိုက် ၍ ၊ ဂိလဂါလမြို့နား ၌ ရှိသော ကျောက်တိုင်တို့မှ ကိုယ်တိုင်ပြန်လာ ၍ ၊ ဘုရားကျွန်တော်သည် တိတ်ဆိတ်စွာ လျှောက်စရာအကြောင်း ရှိပါသည်ဟု ဆိုလျှင် ၊ ရှင်ဘုရင်က ၊ တိတ်ဆိတ်စွာ နေကြဟု အမိန့်တော်ရှိ သည်အတိုင်း ၊ အထံတော် ၌ ခစားသော သူအပေါင်းတို့သည် ထွက်ကြ ၏ ။ ထိုအခါ ရှင်ဘုရင်သည် ကိုယ်တိုင် တယောက်တည်း နေတတ်သော နွေနန်းဆောင် ၌ ထိုင်နေစဉ် ၊ ဧဟုဒသည် ချဉ်းကပ် ၍ ကိုယ်တော်နှင့်ဆိုင်သော ဘုရားသခင် ၏ အမိန့်တော်ပါပါ ၏ ဟု လျှောက်သော် ၊ ရှင်ဘုရင်သည် ထလေ ၏ ။ ဧဟုဒသည် လက်ဝဲလက်ကို ဆန့်လျက် သန်လျက်ကို လက်ျာပေါင်မှ ထုတ် ၍ ရှင်ဘုရင် ၏ ဝမ်းကို ထိုးသဖြင့် ၊ လက်ကိုင်အရိုးနှင့်တကွ သန်လျက်မြုပ်ဝင် ၍ ၊ ဝမ်းထဲက မနှုတ်နိုင်အောင် ဆီဥသည် သန်လျက်ကို လွှမ်းလျက် ၊ ချေးနုလည်း ထွက်လျက်ရှိလေ ၏ ။ ထိုအခါ ဧဟုဒသည် အခန်းပြင်သို့ ထွက်ပြီးလျှင် နန်းတော်တံခါးတို့ကို ပိတ် ၍ သော့ခတ်လေ ၏ ။ ထွက်သွားသောနောက် ၊ ကျွန်တော်မျိုးအချို့တို့သည် လာ ၍ နန်းတော်တံခါး ၌ သော့ခတ်လျက် ရှိသည်ကို မြင်လျှင် ၊ စင်စစ် နွေနန်းဆောင် ၌ စက်တော်ခေါ်သည်ဟုဆိုလျက် ၊ ရှက်ကြောက်သည်တိုင်အောင် ငံ့နေပြီးမှ ၊ သူတို့အရှင်သည် တံခါးကို မဖွင့်သောကြောင့် ၊ သူတို့သည် သော့ကိုယူ ၍ ဖွင့်ကြည့်သောအခါ ၊ မြေပေါ်မှာ လဲ ၍ သေလျက်ရှိသော မိမိတို့အရှင်ကို တွေ့မြင်ကြ ၏ ။ ထိုသို့ သူတို့သည် ငံ့နေကြစဉ်တွင် ၊ ဧဟုဒသည် ဘေးလွတ်သဖြင့် ၊ ကျောက်တိုင်တို့ကို လွန် ၍ စိရပ်ရွာသို့ ရောက်ပြီးမှ ၊ ဧဖရိမ်တောင်ပေါ်မှာ တံပိုးကို မှုတ် ၍ ၊ ဣသရေလအမျိုးသားတို့သည် သူ့နောက်သို့ လိုက်လျက် တောင်ပေါ်က ဆင်းကြ ၏ ။ သူကလည်း ငါ့နောက်သို့ လိုက်ကြလော့ ။ ထာဝရဘုရားသည် သင်တို့ ၏ ရန်သူမောဘလူတို့ကို သင်တို့လက် ၌ အပ်တော်မူမည်ဟု ဆိုသည်အတိုင်း ၊ သူ့နောက်မှာ ဆင်း ၍ ယော်ဒန်မြစ်ကူးရာ မောဘပြည်သို့ သွားရာလမ်းကို ဆီးတားသဖြင့် ၊ လူတစုံတယောက်ကိုမျှ မကူးစေရ ။ ထိုအခါ ခွန်အားကြီးသော မောဘစစ်သူရဲတယောက်မျှ မလွတ်ဘဲ ၊ လူတသောင်းကို သတ် ၍ ၊ မောဘအမျိုးသည် ဣသရေလအမျိုးလက် ၌ ရှုံးသဖြင့် ၊ အနှစ်ရှစ်ဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ ၏ ။ ဧဟုဒနောက်မှာ အာနတ်သားရှံဂါပေါ်ထွန်း ၍ ၊ တုတ်ချွန်နှင့် ဖိလိတ္တိလူခြောက်ရာတို့ကို သတ်သဖြင့် ၊ ဣသရေလအမျိုးသားတို့ကို ကယ်လွှတ်လေ ၏ ။ ဧဟုဒသေသောနောက် ၊ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား ရှေ့တော် ၌ တဖန် ဒုစရိုက်ကို ပြုသောကြောင့် ၊ ထာဝရဘုရားသည် ဟာဇော်မြို့ ၌ မင်းပြုသော ခါနာန်ရှင်ဘုရင်ရာဘိန် ၌ ရောင်းတော်မူ ၏ ။ သူခန့်ထားသော ဗိုလ်ချုပ်မင်းကား ၊ ဂေါအိမ်ပြည်ဟာရောရှက်မြို့ ၌ နေသော သိသရတည်း ။ ထိုမင်း ၌ သံရထားကိုးရာရှိ ၏ ။ ဣသရေလအမျိုးသားတို့ကို အနှစ်နှစ်ဆယ်ပတ်လုံး အလွန်ညှဉ်းဆဲ သောကြောင့် ၊ သူတို့သည် ထာဝရဘုရားကို အော်ဟစ်ကြ ၏ ။ ထိုကာလအခါ လပိဒုတ်မြို့သား ပရောဖက်မ ဒေဗောရသည် ဣသရေလအမျိုးကို အုပ်စိုး ၏ ။ သူသည် ဧဖရိမ်တောင်ပေါ် ၊ ရာမမြို့နှင့် ဗေသလမြို့စပ်ကြား ၊ ဒေဗောရစွန်ပလွံပင်အောက်မှာနေ ၍ ၊ ဣသရေလအမျိုးသားတို့သည် ထိုပရောဖက်မ ၏ စီရင်ခြင်းကို ခံအံ့သောငှါ ရောက်လာတတ်ကြ ၏ ။ တဖန် ဒေဗောရသည် လူကို စေလွှတ် ၍ ၊ နဿလိခရိုင်ကေဒေရှမြို့မှာနေသော အဘိနောင် ၏ သား ဗာရက်ကို ခေါ်ပြီးလျှင် ၊ သင်သည် နဿလိအမျိုး ၊ ဇာဗုလုန်အမျိုးထဲက လူတသောင်းကို သွေးဆောင် ၍ တာဗော်တောင်သို့ သွားလော့ ။ ငါသည်လည်း ယာဘိန်မင်း ၏ ဗိုလ်ချုပ်သိသရနှင့် ရထားဗိုလ်ပါများကို သင်ရှိရာ ကိရှုန်မြစ်သို့ သွေးဆောင် ၍ သင့်လက် ၌ အပ်မည်ဟု ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်ဟု ဆင့်ဆိုလေ ၏ ။ ဗာရက်ကလည်း ၊ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ကြွလျှင် အကျွန်ုပ်သွားပါမည် ။ ကြွတော်မမူလျှင် မူကား မသွားပါဟု လျှောက်သော် ၊ ဒေဗောရက ၊ ငါသည် သင်နှင့်အတူ အမှန်သွားမည် ။ သို့သော်လည်း သင်သွားရာလမ်း ၌ ဂုဏ်အသရေကို မရရာ ။ ထာဝရဘုရားသည် သိသရကို မိန်းမ ၌ ရောင်းတော်မူမည်ဟု ဆိုပြီးမှ ထ ၍ ဗာရက်နှင့်အတူ ကေဒေရှမြို့သို့ သွားလေ ၏ ။ ဗာရက်သည် နဿလိအမျိုးသား ၊ ဇာဗုလုန်အမျိုးသားတို့ကို ကေဒေရှမြို့သို့ ခေါ် ၍ လိုက်သောသူ တသောင်းနှင့်တကွ ဒေဗောရပါလျက် တက်လေ ၏ ။ မောရှေ ၏ ယောက္ခမဟောဗတ် ၏ သားမြေးအဝင် ၊ ကေနိအမျိုးသားဟေဗာသည် ၊ ကေနိလူတို့နှင့် ခွာ ၍ ကေဒေရှမြို့အနား ၊ ဇာနိမ်သပိတ်ပင် ခြေရင်း ၌ တဲကို ဆောက်လျက် နေနှင့်သတည်း ။ အဘိနောင် ၏ သားဗာရက်သည် တာဗော်တောင်ပေါ်သို့ တက်ကြောင်းကို သိသရအား ကြားပြောလျှင် ၊ သိသရသည် မိမိရထားရှိသမျှတည်းဟူသော သံရထားကိုးရာနှင့် ဂေါအိမ်ပြည်ဟာရောရှက်မြို့မှစ ၍ ကိရှုန်မြစ်တိုင်အောင် မိမိလူအပေါင်းတို့ကို စုဝေးစေ ၏ ။ ဒေဗောရကလည်း ထလော့ ။ ယနေ့ကား ထာဝရဘုရားသည် သိသရကို သင့်လက် ၌ အပ်တော်မူသော နေ့ဖြစ် ၏ ။ ထာဝရဘုရားသည် သင့်ရှေ့မှာ ကြွတော်မူပြီ မဟုတ်လောဟု ဆိုလေသော် ၊ ဗာရက်သည် လူတသောင်းနှင့်တကွ တာဗော်တောင်ပေါ်က ဆင်းလေ ၏ ။ ထာဝရဘုရားသည် သိသရမှစ ၍ သူ ၏ ရထားများနှင့် ဗိုလ်ပါစစ်သည်များအပေါင်းတို့ကို ဗာရက်ရှေ့မှာ ထားဖြင့် ရှုံးစေတော်မူသောကြောင့် ၊ သိသရသည် မိမိရထားမှဆင်း ၍ ခြေဖြင့် ပြေးလေ ၏ ။ ဗာရက်သည် ရထားများ ၊ ဗိုလ်ပါစစ်သည်များကို ဂေါအိမ်ပြည် ဟာရောရှက်မြို့တိုင်အောင် လိုက် ၍ ၊ သိသရစစ်သူရဲအပေါင်းတို့သည် တယောက်မျှ မကျန်ကြွင်း ထားနှင့် သေကြကုန် ၏ ။ သိသရသည် ကေနိအမျိုးသား ဟေဗာ ၏ မယားယေလ ၏ တဲသို့ ခြေဖြင့် ပြေး ၏ ။ ထိုကာလ ၌ ဟာဇော်ရှင်ဘုရင် ယာဘိန်သည် ဟေဗာအမျိုးသားချင်း ကေနိလူတို့နှင့် မိဿဟာယဖွဲ့လျက် ရှိသတည်း ။ ယေလသည် သိသရကို ခရီးဦးကြိုပြုခြင်းငှါ ထွက် ၍ ၊ သခင်ဝင်ပါ ၊ ကျွန်မဆီသို့ ဝင်ပါ ။ စိုးရိမ်တော် မမူပါနှင့်ဟု ခေါ်သည်အတိုင်း ၊ သူသည် ယေလနေရာတဲထဲသို့ ဝင် ၍ ယေလသည် သူ့ကို စောင်နှင့် ခြုံလေ ၏ ။ သူကလည်း ၊ ငါရေငတ်သည် ၊ ရေအနည်းငယ်ကို ပေးပါဟု တောင်းလျှင် ၊ မိန်းမသည် နွားနို့ဘူးကို ဖွင့် ၍ သောက်စေပြီးမှ တဖန် ခြုံလေ ၏ ။ သူကလည်း ၊ တဲတံခါးဝ ၌ နေပါ ။ လူတစုံတယောက်က ယောက်ျားရှိသလောဟု လာ ၍ မေးလျှင် မရှိကြောင်းကို ပြောလော့ဟု မှာထားလေ ၏ ။ ထိုအခါ ဟေဗာမယား ယေလသည် သိသရမောလျက် အိပ်ပျော်စဉ်တွင် ၊ တဲတံသင်တချောင်းနှင့် လက်ရိုက်ကို ကိုင်လျက် သူ့ထံသို့ တိတ်ဆိတ်စွာ သွား ၍ တံသင်ကို မြေ ၌ စွဲစေသည်တိုင်အောင် သူ ၏ နားပန်းထဲသို့ ရိုက်သွင်းသဖြင့် သိသရသည် သေ ၏ ။ ဗာရက်သည် သိသရကို လိုက်ရှာသောအခါ ၊ ယေလထွက် ၍ ကျွန်မဆီသို့ ဝင်ပါ ။ ရှာသောသူကို ပြပါမည်ဟု ကြိုဆိုလျှင် ၊ ဗာရက်သည် တဲထဲသို့ ဝင် ၍ သိသရသေလျက် ၊ နားပန်း ၌ တံသင် စူးလျက်ရှိသည်ကို မြင်လေ ၏ ။ ထိုနေ့ ၌ ထာဝရဘုရားသည် ခါနာန်ရှင်ဘုရင်ယာဘိန်ကို ၊ ဣသရေလအမျိုးသားတို့ရှေ့မှာ နှိမ့်ချတော်မူ သဖြင့် ၊ သူတို့သည် ထိုရှင်ဘုရင်ကို မဖျက်ဆီးမှီ တိုင်အောင် အစဉ်အောင်လျက် နေကြ ၏ ။ ထိုနေ့ ၌ ဒေဗောရနှင့် အဘိနောင် ၏ သားဗာရက်တို့ဆိုသော သီချင်းစကားဟူမူကား ၊ ဣသရေလအမျိုး ၌ မင်းတို့သည် အဦးပြုသောကြောင့် ၎ င်း ၊ ဆင်းရဲသားတို့သည် စေတနာစိတ်နှင့် မိမိကိုယ်ကို လှူသောကြောင့် ၎ င်း ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။ အိုရှင်ဘုရင်တို့ ကြားကြလော့ ။ အိုမင်းသားတို့ နားထောင်ကြလော့ ။ ငါသီချင်းဆိုမည် ။ ထာဝရဘုရား အား သီချင်းဆိုမည် ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းမည် ။ အိုထာဝရဘုရား ၊ ကိုယ်တော်သည် စိရတောင်ရိုးပေါ်မှ ကြွ ၍ ဧဒုံတောမှ စစ်ချီတော်မူသောအခါ ၊ မြေကြီးလှုပ် ၍ မိုဃ်းရွာသဖြင့် မိုဃ်းတိမ်တို့မှ မိုဃ်းရေသည် စီးပါ ၏ ။ တောင်ရိုးတို့သည် ထာဝရဘုရားရှေ့တော် ၌ ၎ င်း ၊ သိနာတောင်သည်လည်း ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားရှေ့တော် ၌ ၎ င်း တုန်လှုပ်ပါ ၏ ။ အာနတ်သားရှံဂါမင်းလက်ထက် ၌ ၎ င်း ၊ ယေလမင်းလက်ထက် ၌ ၎ င်း ၊ လမ်းမတို့သည် ဆိတ်ညံလျက် ရှိ ၍ ခရီးသွားသော သူတို့သည် လမ်းကြားတို့ ၌ လိုက်သွားရကြ ၏ ။ ဣသရေလအမျိုး ၌ မင်းဆက်ပြတ်လျက်ရှိ ၏ ။ ငါဒေဗောရသည် မပေါ် ၊ ငါသည် ဣသရေလအမျိုး ၌ အမိမပေါ်ထွန်းမှီတိုင်အောင် မင်းဆက်ပြတ်လျက် ရှိ ၏ ။ ဣသရေလအမျိုးသားတို့သည် ဘုရားသစ်တို့ကို ရွေးယူကြ ၏ ။ ထိုအခါ သူတို့မြို့များကို ရန်သူတို့သည် တိုက်လာကြ ၏ ။ ဣသရေလအမျိုးသားလေးသောင်းတွင် ဒိုင်းလွှား တခု ၊ လှံတစင်းမျှ မရှိ ။ စေတနာစိတ်ရှိ ၍ ဆင်းရဲသားတို့တွင် မိမိကိုယ်ကို လှူသော ဣသရေလအမျိုး မင်းတို့အား ငါစိတ်နူးညွတ် ၏ ။ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ။ ဖြူသော မြည်းကို စီးသောသူ ၊ တရားမှုကို စီရင်သောသူ ၊ လမ်း ၌ သွားသောသူတို့ ၊ ရေကျင်းများအနားမှာ လက်ရဥစ္စာကို ဝေမျှသော သူတို့ ၏ အသံကို ကြားသောအခါ သီချင်းဆိုကြလော့ ။ ထာဝရဘုရား ၏ တရားသောအမှု ၊ ဣသရေလမြို့ရွာတို့ ၌ တရားသဖြင့် ပြုတော်မူသော အမှုတို့ကို ထိုအရပ်တို့တွင် ချီးမွမ်းကြလိမ့်မည် ။ ထိုအခါ ထာဝရဘုရား ၏ လူတို့သည် မိမိတို့နေသော မြို့သို့ ပြန်သွားကြလိမ့်မည် ။ နိုးပါ ၊ နိုးပါ ၊ ဒေဗောရ ။ နိုးပါ ၊ နိုးပါ ၊ သီချင်းဆိုပါ ၊ အိုဗာရက် ၊ ထပါ ၊ အဘိနောင်သား ၊ သင်ဘမ်းဆီး ချုပ်ထားသော သူတို့ကို ထုတ်ပြပါ ။ ထိုအခါ ကျန်ကြွင်းသော သူတို့သည် သူရဲကြီးတို့ထံသို့ ဆင်းကြ ၏ ။ ထာဝရဘုရား ၏ လူတို့သည် အစွမ်းတန်ခိုးကြီးသော သူတို့ထံသို့ ငါ့အဘို့ ဆင်းကြ ၏ ။ အာမလက်လူနေရာအနားမှာ နေရာကျသော သူတို့သည် ဧဖရိမ်ခရိုင်ထဲက ထွက်လာကြ ၏ ။ သူတို့နောက်မှာ သင် ၏ ဗိုလ်ခြေတို့တွင် ဗင်္ယာမိန်အမျိုးသားတို့သည် လိုက်ကြ ၏ ။ မာခိရအမျိုးထဲက မင်းများ ၊ ဇာဗုလုန်အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာကြ ၏ ။ ဣသခါမင်းတို့သည်လည်း ၊ ဒေဗောရ ၌ ပါ ၍ ဣသခါအမျိုးသည် ဗာရက် ၏ လက်ရုံးဖြစ် ၏ ။ ဗာရက်နောက်မှာ ချိုင့်ထဲသို့ ပြေးလိုက်ကြ ၏ ။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ် ၌ စိတ်နှလုံးပြ ဌာန်းခြင်း များကြ ၏ ။ နောက်တဖန် သင်သည် သိုးမြည်သံကို နားထောင်ခြင်းငှါ တောင်ကြားမှာ အဘယ်ကြောင့် ထိုင်နေသနည်း ။ ရုဗင်အမျိုးနေရာ ချောင်းအသွယ်သွယ် ၌ စိတ်နှလုံး တွန့်တိုခြင်းများကြသည်တကား ။ ဂိလဒ်ပြည်သားတို့သည် ယော်ဒန်မြစ်တဘက် ၌ ငြိမ်ဝပ်စွာ နေကြ ၏ ။ ဒန်းအမျိုးသည် သင်္ဘောဆိပ် အနားမှာ အဘယ်ကြောင့် နေရစ်သနည်း ။ အာရှာအမျိုးသည်လည်း ပင်လယ်ကမ်းနားသင်္ဘော ဆိုက်ရာ ကွေ့တို့ ၌ မလှုပ်ဘဲငြိမ်ဝပ်စွာ နေသည်တကား ။ ဇာဗုလုန်အမျိုးသည် အသက်ကို စွန့်စားသည်တိုင်အောင် ရဲရင့် ၍ နဿလိအမျိုးသည် မြင့်သော တောအရပ် ၌ ထိုနည်းတူပြု ၏ ။ ရှင်ဘုရင်တို့သည် လာ ၍ စစ်တိုက်ကြ ၏ ။ ခါနနိရှင်ဘုရင်တို့သည် မေဂိဒ္ဒေါအိုင် ၊ တာနက်မြို့အနားမှာ တိုက်သော်လည်း ၊ ငွေကို လုယူ ၍ မရကြ ။ ကောင်းကင်မှ စစ်ကူကြ ၏ ။ ကြယ်တို့သည် လှည့်ပတ်စဉ်အခါသိသရကို စစ်တိုက်ကြ ၏ ။ ကိရှုန်မြစ် ၊ စစ်မှုကြောင့် ကျော်စောသောမြစ် ၊ ကိရှုန်မြစ်သည် ရန်သူတို့ကို ပယ်သွား ၏ ။ အိုငါ့ဝိညာဉ် ၊ သင်သည် ခွန်အား ကြီးသော သူကို နှိပ်နင်းပြီ ။ ထိုအခါ မြင်းစီးသူရဲတို့သည် မြင်းကို နှင်လျက် နှင်လျက် စီးသောကြောင့် ၊ မြင်းတို့သည် မြေကို ခွာနှင့် ထိခိုက်လျက် ပြေးကြ ၏ ။ မေရောဇမြို့သားတို့သည် ထာဝရဘုရားဘက် ၊ စစ်သူရဲတို့နှင့် ဝိုင်း ၍ ထာဝရဘုရားဘက်သို့ မကူကြသောကြောင့် ၊ မေရောဇမြို့ကို ကျိန်ကြလော့ ။ မြို့သားတို့ကို ပြင်းစွာ ကျိန်ကြလော့ဟု ထာဝရ ဘုရား ၏ ကောင်းကင်တမန်သည် မှာထား ၏ ။ ကေနိအမျိုးသား ဟေဗာ ၏ မယားယေလသည် ၊ မိန်းမတကာတို့ထက် မြက်စွာသော မင်္ဂလာရှိ ၏ ။ တဲ ၌ နေသော မိန်းမတကာတို့ထက် မြတ်စွာသော မင်္ဂလာရှိ ၏ ။ ထိုသူသည် ရေကို တောင်း ၍ ယေလသည် နို့ကို ပေး ၏ ။ မင်းသုံးသော ဖလားနှင့် နို့ဓမ်းကို ဆက်လေ ၏ ။ တဲတံသင်ကို ယူ ၍ လက်ျာလက်နှင့် လက်ရိုက်ကို ကိုင်လျက် သိသရကို ရိုက်လေ ၏ ။ သူ ၏ ခေါင်းကို ထိုးရိုက် ၍ နားပန်းကို ထုတ်ချင်းခွင်းဖောက်လေ ၏ ။ သူသည် ယေလခြေရင်း ၌ ကျ ၍ လဲလျက် တုံးလုံးနေ ၏ ။ ခြေရင်း ၌ ကျလဲ ၍ ကျရာအရပ် ၌ သေလျက် လဲနေ ၏ ။ သိသရအမိသည် ပြတင်းပေါက်ဝဖြင့် ကြည့် ၍ ကုလားကာအတွင်း ၌ နေလျက် ၊ သူ ၏ ရထားသည် အဘယ်ကြောင့် လာခဲသနည်း ။ ရထားဘီးတို့သည် အဘယ်ကြောင့် နှေးသနည်းဟု မြည်တမ်းလေ ၏ ။ ပညာရှိသော မင်းသမီးတို့သည် ပြန်လျှောက်သည်သာမက ၊ သူ့ကိုယ်တိုင် ပြန်ပြောသည်ကား ၊ သူတို့သည် တွေ့ ၍ ရသော ဥစ္စာကို ဝေဖန်လျက် နေကြသည်မဟုတ်လော ။ စစ်သူရဲတို့အား အပျိုကညာ တယောက်နှစ်ယောက်စီ ၊ သိသရဘို့ ပန်းဆိုးသော အဝတ် ၊ ပန်းဆိုး ၍ ချယ်လှယ်သော အဝတ်တန်ဆာ ၊ အောင်သောသူတို့ ၏ လည်ပင်း ၌ ဆင်စရာဘို့ ပန်းဆိုး ၍ ချယ်လှယ်လျက် အဆင်းအရောင် ထူးခြား သော အဝတ်တန်ဆာကို လုယူ ၍ ဝေဖန်လျက် နေကြသည် မဟုတ်လောဟု သိသရ ၏ အမိသည် ဆိုတတ် ၏ ။ အိုထာဝရဘုရား ၊ ကိုယ်တော် ၏ ရန်သူအပေါင်းတို့သည် ထိုသို့ ပျက်စီးခြင်းသို့ ရောက်ကြပါစေသော ။ ထာဝရဘုရားကို ချစ်သောသူတို့သည် အရှိန်တန်ခိုးနှင့် ထွက်သွားသော နေမင်းကဲ့သို့ဖြစ်ပါစေသောဟု သီချင်းဆိုကြ ၏ ။ ထို့နောက် အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံးငြိမ်းလေ ၏ ။ တဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြုသောကြောင့် ၊ သူတို့ကို မိဒျန်အမျိုးလက် ၌ ခုနစ်နှစ်ပတ်လုံးအပ်တော်မူသဖြင့် ၊ မိဒျန်အမျိုးသည် ဣသရေလအမျိုးကို နိုင် ၍ ညှဉ်းဆဲသောကြောင့် ၊ ဣသရေလအမျိုးသားတို့သည် တောင်ရိုး ၌ ခိုင်ခံ့သော ဥမင်မြေတွင်းတို့ကို လုပ်ရကြ ၏ ။ ဣသရေလအမျိုးသည် လယ်လုပ်ပြီးမှ ၊ မိဒျန်ပြည်သားနှင့် အာမလက်ပြည်သားအစရှိသော အရှေ့ ပြည်သားတို့သည် ချီလာ ၍ ၊ တပ်ချသဖြင့် ၊ ဂါဇမြို့တိုင်အောင် မြေအသီးအနှံကို သုတ်သင်ပယ်ရှင်းလျက် စားစရာကို ချန် ၍ မထား ။ သိုးနွားမြည်းကိုလည်း ချန် ၍ မထားကြ ။ အဘယ်သို့နည်းဟူမူကား ၊ သူတို့သည် တိရစ္ဆာန်များ ၊ တဲများပါလျက် ၊ ကျိုင်းကောင်များပြားသကဲ့သို့ ၊ သူတို့နှင့် ကုလားအုပ်တို့သည် မရေတွက်နိုင်အောင် များပြားသဖြင့် ဣသရေလပြည်ကို ဖျက်ဆီးလျက် လာကြ ၏ ။ ဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့် အလွန်ဆင်းရဲ ၍ ထာဝရဘုရားအား ဟစ်ကြော်ကြ ၏ ။ ထိုသို့ မိဒျန်အမျိုးသားတို့ကြောင့် ၊ ထာဝရဘုရားအား ဟစ်ကြော်ကြသောအခါ ၊ ထာဝရဘုရားသည် ပရောဖက်တယောက်ကို ဣသရေလအမျိုးသားတို့ထံသို့ စေလွှတ်တော်မူ ၍ ၊ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား ၊ ကျွန်ခံနေရာ အဲဂုတ္တုပြည်မှ သင်တို့ကို ငါနှုတ်ဆောင်ပြီ ။ အဲဂုတ္တုပြည်သားလက်မှ ၎ င်း ၊ ညှဉ်းဆဲသောသူအပေါင်းတို့လက်မှ ၎ င်း ၊ သင်တို့ကို ကယ်နှုတ် ၍ ၊ သူတို့ကို သင်တို့ရှေ့မှ နှင်ထုတ်သဖြင့် သူတို့ပြည်ကို ပေးပြီ ။ ငါသည် သင်တို့ ၏ ဘုရားသခင် ထာဝရဘုရားဖြစ် ၏ ။ သင်တို့နေသော အာမောရိပြည်သား ကိုးကွယ် သော ဘုရားတို့ကို မကြောက်ရွံ့ကြနှင့်ဟု ငါပညတ်သော်လည်း ၊ သင်တို့သည် ငါ့စကားကို နားမထောင် ကြဟု မိန့်တော်မူ ၏ ။ တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန်သည်လာ ၍ ၊ ဩဖရရွာမှာ အဗျေဇာအမျိုးသား ယောရှပိုင်သော သပိတ်ပင်အောက် ၌ ထိုင်လေ ၏ ။ ယောရှသား ဂိဒေါင်သည် မိမိစပါးကို မိဒျန်လူတို့ မတွေ့စေခြင်းငှါ ၊ စပျစ်သီးနယ်ရာ တန်ဆာအနားမှာ စပါးကို နယ်လျက်နေ ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ကိုယ်ထင်ရှား ၍ ၊ ခွန်အားကြီးသော အချင်းသူရဲ ၊ ထာဝရ ဘုရားသည် သင်နှင့်အတူ ရှိတော်မူ ၏ ဟု ဆိုလျှင် ၊ ဂိဒေါင်က ၊ အိုသခင် ၊ ထာဝရဘုရားသည် အကျွန်ုပ်တို့နှင့်အတူ ရှိတော်မူသည် မှန်လျှင် အဘယ်ကြောင့် ဤအမှုကြီး ရောက်ရပါသနည်း ။ ထာဝရဘုရားသည် ငါတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူသည် မဟုတ်လောဟု အကျွန်ုပ်တို့အဘများ ပြောသည်အတိုင်း ပြုတော်မူသော ၊ အံ့ဘွယ်သော အမှုရှိသမျှတို့သည် အဘယ်မှာ ရှိပါသနည်း ။ ယခုမှာ ထာဝရဘုရားသည် အကျွန်ုပ်တို့ကို စွန့် ၍ မိဒျန်လူတို့လက်သို့ အပ်တော်မူပြီတကားဟု ဆိုလေသော် ၊ ထာဝရဘုရားသည် သူ့ကို ကြည့်ရှု ၍ ယခု သင်ရသော တန်ခိုးကို အမှီပြုလျှက် သွားလော့ ။ သင်သည် ဣသရေလအမျိုးကို မိဒျန်လူတို့လက်မှ ကယ်နှုတ်လိမ့်မည် ။ သင့်ကို ငါစေခိုင်းသည် မဟုတ်လောဟု မိန့်တော်မူ ၏ ။ ဂိဒေါင်ကလည်း ၊ အိုသခင် ၊ အကျွန်ုပ်သည် ဣသရေလအမျိုးကို အဘယ်သို့ ကယ်နှုတ်နိုင်ပါမည်နည်း ။ အကျွန်ုပ်အဆွေအမျိုးသည် မနာရှေအမျိုး ၌ သာ ၍ ဆင်းရဲပါ ၏ ။ အကျွန်ုပ်သည်လည်း ၊ ကိုယ်အဆွေ အမျိုး ၌ အယုတ်ဆုံးသော သူဖြစ်ပါ ၏ ဟု လျှောက်လျှင် ၊ ထာဝရဘုရားက ၊ အကယ်စင်စစ် ငါသည် သင်နှင့် အတူရှိသဖြင့် ၊ သင်သည် လူတယောက်ကို လုပ်ကြံသကဲ့သို့ ၊ မိဒျန်လူတို့ကို လုပ်ကြံလိမ့်မည်ဟု မိန့်တော်မူ ၏ ။ ဂိဒေါင်ကလည်း ၊ အကျွန်ုပ်သည် ရှေ့တော် ၌ မျက်နှာရပါလျှင် အကျွန်ုပ်နှင့် ယခုနှုတ်ဆက်တော် မူကြောင်း ထင်ရှားသော နိမိတ်လက္ခဏာကို ပြတော်မူပါ ။ အကျွန်ုပ်သည် တဖန်လာပြန် ၍ ၊ ဘောဇဉ်ပူဇော်သက္ကာကို ဆောင်ခဲ့သဖြင့် ၊ ကိုယ်တော်ရှေ့ ၌ မတင်မှီတိုင်အောင် ၊ ဤအရပ်က ကြွသွားတော်မမူပါနှင့်ဟု တောင်းပန်လျှင် ၊ သင်သည် ပြန် ၍ မလာမှီတိုင်အောင် ငါနေမည်ဟု မိန့်တော်မူ ၏ ။ ဂိဒေါင်သည် သွား ၍ ဆိတ်သငယ်တကောင်ကို ၎ င်း ၊ မုန့်ညက်တဧဖာနှင့် လုပ်သော တဆေးမဲ့ မုန့်ပြားတို့ကို ၎ င်း ပြင်ဆင်လေ ၏ ။ ဆိတ်သားကို တောင်း ၌ ထည့် ၍ ၊ ဆိတ်သားပြုတ်ရည်ကို အိုး ၌ လောင်းပြီးမှ ၊ ကောင်းကင်တမန်ရှိရာ သပိတ်ပင်အောက်သို့ ဆောင်ခဲ့ ၍ ဆက်လေ ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်ကလည်း ၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို ယူ ၍ ဤကျောက် ပေါ်မှာ တင်ထားလော့ ။ အမဲသားပြုတ်ရည်ကို သွန်းလောင်းလော့ဟု ဆိုလျှင် ၊ ဆိုသည်အတိုင်း ဂိဒေါင်သည် ပြုလေ ၏ ။ ထိုအခါ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် မိမိကိုင်သော တောင်ဝေးကို ဆန့် ၍ ၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားတို့ကို တို့သဖြင့် ၊ ကျောက်ထဲက မီးထ ၍ အမဲသားနှင့် တဆေးမဲ့မုန့်တို့ကို လောင်ပြီးမှ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ကွယ်လေ ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်ဖြစ်သည်ကို ဂိဒေါင်သည် သိမြင်သောအခါ ၊ အိုအရှင် ထာဝရဘုရား ၊ အကျွန်ုပ်သည် ထာဝရဘုရား ၏ ကောင်းကင်တမန်ကို မျက်နှာချင်းဆိုင် ၍ မြင်ရပါပြီ တကားဟုလျှောက်သော် ၊ ထာဝရဘုရားက ၊ ချမ်းသာပါစေ ။ မစိုးရိမ်နှင့် ။ သင်သည် သေဘေးနှင့် လွတ်လျက်ရှိသည်ဟု မိန့်တော်မူ ၏ ။ ထိုအရပ် ၌ ဂိဒေါင်သည် ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည် ၍ ၊ ယေဟောဝါရှာလုံအမည်ဖြင့် မှည့်လေ ၏ ။ အဗျေဇာသား ၏ နေရာဩဖရရွာ ၌ ယနေ့တိုင်အောင် ရှိသတည်း ။ ထိုနေ့ညမှာ ထာဝရဘုရားက ၊ သင့်အဘ ၏ နွားပိုက်နှင့် အသက်ခုနစ်နှစ်ရှိသော ဒုတိယနွားထီးကို ယူပြီးလျှင် ၊ သင့်အဘတည်သော ဗာလဘုရား ၏ ယဇ်ပလ္လင်ကို ဖြိုဖျက် ၍ ၊ ယဇ်ပလ္လင်အနားမှာရှိသော အာရှရပင်ကို ခုတ်လှဲလော့ ။ ငါစီရင်သည်အတိုင်း ၊ ဤကျောက်ပေါ်မှာ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင် ၊ ခုတ်လှဲသော သစ်သားဖြင့် ဒုတိယနွားကို မီးရှို့ ၍ ယဇ်ပူဇော်လော့ဟု မိန့်တော်မူ ၏ ။ ဂိဒေါင်လည်း မိမိကျွန်ဆယ်ယောက်တို့ကို ခေါ် ၍ ၊ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ပြုလေ ၏ ။ မိမိအဘ ၏ အိမ်သားတို့ကို ၎ င်း ၊ မြို့သားတို့ကို ၎ င်း ကြောက် ၍ ၊ နေ့အချိန် ၌ မပြုဝံ့သောကြောင့် ၊ ညဉ့်အချိန် ၌ ပြု ၏ ။ နံနက်စောစော မြို့သားတို့သည် ထကြသောအခါ ၊ ဗာလဘုရား ၏ ယဇ်ပလ္လင်သည် ပြိုပျက်လျက် ၊ အနားမှာရှိသော အာရှရပင်လည်း လဲလျက် ၊ နောက်တည်သော ယဇ်ပလ္လင်ပေါ်မှာ ဒုတိယနွားထီးကို ပူဇော်လျက်ရှိသည်ကို တွေ့ကြလျှင် ၊ ဤအမှုကို အဘယ်သူပြုသနည်းဟု တယောက်ကို တယောက် မေးမြန်းစစ်ကြောလျှင် ၊ ဤအမှုကို ယောရှသားဂိဒေါင်ပြုပြီဟု လူအချို့တို့သည် ဆိုကြ ၏ ။ ထိုအခါ မြို့သားတို့သည် ယောရှအား ၊ သင် ၏ သားသည် ဗာလဘုရား ၏ ယဇ်ပလ္လင်ကို ဖြိုဖျက် ၍ အနားမှာ ရှိသော အာရှရပင်ကို ခုတ်လှဲသောကြောင့် ၊ သူ့ကို အသေခံစေခြင်းငှါ ထုတ်လော့ဟု ဆိုသော်လည်း ၊ ယောရှသည် တဘက် ၌ နေသော သူအပေါင်းတို့အား ၊ သင်တို့သည် ဗာလဘုရားဘက် ၌ အမှု စောင့်မည်လော ။ သူ့ကို ကယ်တင်မည်လော ။ သူ့ဘက် ၌ အမှုစောင့်သောသူသည် ၊ နံနက်မလွန်မှီ အသေခံပါလေစေ ။ ဗာလသည် ဘုရားမှန်လျှင် ၊ သူ ၏ ယဇ်ပလ္လင်ကို တစုံတယောက် ဖြိုဖျက်သော ကြောင့် ၊ မိမိအမှုကို မိမိစောင့်ပါလေစေဟု ပြန်ပြော ၏ ။ ထိုသို့ ဗာလဘုရားသည် သူ ၏ ယဇ်ပလ္လင်ကို တစုံတယောက်ဖြိုဖျက်သောကြောင့် ၊ ထိုသူတဘက် မိမိအမှုကို မိမိစောင့်ပါလေစေဟု ဆိုလျှက် သူ ၏ သားကို ထိုနေ့ ၌ ယေရုဗ္ဗာလအမည်ဖြင့် မှည့်သတည်း ။ ထိုအခါ မိဒျန်ပြည်သား ၊ အာမလက်ပြည်သား ၊ အရှေ့ပြည်သားအပေါင်းတို့သည် စည်းဝေးသဖြင့် ၊ ယေဇရေလချိုင့်သို့ ကူးသွား ၍ တပ်ချကြ ၏ ။ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ဂိဒေါင်အပေါ်မှာ သက်ရောက် ၍ ၊ သူသည် တံပိုးမှုတ်သဖြင့် အဗျေဇာသားတို့သည် လိုက်ကြ ၏ ။ တမန်တို့ကို မနာရှေခရိုင်မ တရှောက်လုံးသို့ စေလွှတ် ၍ ၊ မနာရှေ အမျိုးသားတို့သည် လိုက်ကြ ၏ ။ တဖန် အာရှာခရိုင် ၊ ဇာဗုလုန်ခရိုင် ၊ နဿလိခရိုင်သို့ တမန်တို့ကို စေလွှတ် ၍ ၊ ထိုခရိုင်သားတို့သည် လည်း စုဝေးရာသို့ လာကြ ၏ ။ ဂိဒေါင်သည်လည်း ဘုရားသခင်အား ၊ ကိုယ်တော်သည် မိန့်တော်မူသည်အတိုင်း ၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော်မူမည်မှန်လျှင် ၊ အကျွန်ုပ်သည် သိုးတကောင် ၏ အမွေးကို တလင်း ၌ ထားပါမည် ။ သိုးမွေးသည် နှင်းစို ၍ ၊ မြေတပြင်လုံး သွေ့ခြောက်လျှင် ၊ မိန့်တော်မူသည်အတိုင်း ၊ ဣသရေလအမျိုးကို အကျွန်ုပ်အားဖြင့် ကယ်တင်တော် မူမည်ကို အကျွန်ုပ်သိပါမည်ဟု တောင်းလျှောက်သည်အတိုင်း ဖြစ်လေ ၏ ။ နံနက်စောစောထ ၍ သိုးမွေးကို ညှစ်သဖြင့် နှင်းရည်သည် အင်တုံအပြည့် ရှိလေ ၏ ။ တဖန် ဂိဒေါင်က ၊ အမျက်ထွက်တော်မမူပါနှင့် ။ တကြိမ်သာ လျှောက်ပါဦးမည် ။ သိုးတကောင် ၏ အမွေးနှင့် ယခုတကြိမ်သာ စုံစမ်းရသော အခွင့်ကို ပေးတော်မူပါ ။ မြေတပြင်လုံးသည် နှင်းစို ၍ သိုးမွေးသွေ့ခြောက်ပါစေဟု ဘုရားသခင်အား တောင်းလျှောက်သည်အတိုင်း ၊ ထိုညဉ့် ၌ လည်းဘုရားသခင်ပြုတော်မူသဖြင့် ၊ မြေတပြင်လုံးသည် နှင်းစို ၍ သိုးမွေးသွေ့ခြောက်လျက် ရှိ ၏ ။ ယေရုဗ္ဗာလအမည်ဖြင့် ခေါ်ဝေါ်သော ဂိဒေါင်သည် နံနက်စောစောထ ၍ ၊ ရှိသမျှသော သူတို့နှင့်တကွ ဟာရုတ်ရေတွင်းနားမှာ တပ်ချသဖြင့် ၊ မိဒျန်တပ်သည် မြောက်ဘက် ၊ မောရေတောင်ခြေရင်းချိုင့် ၌ ရှိ ၏ ။ ထာဝရဘုရားကလည်း ၊ သင် ၌ ပါသော လူတို့သည် အလွန်များ ၍ ၊ သူတို့လက် ၌ မိဒျန်လူတို့ကို ငါမအပ်ရ ။ အပ်လျှင် ဣသရေလအမျိုးက ၊ ငါ့လက်ရုံးသည် ငါ့ကိုကယ်တင်ပြီဟု ငါ့တဘက် ၌ ဝါကြွား လိမ့်မည် ။ သို့ဖြစ် ၍ ၊ ကြောက်လန့်သောသူ မည်သည်ကား ၊ ဂိလဒ်တောင်မှ စောစော ပြန်သွားစေဟု လူများတို့ အား ဟစ်ကြော်လော့ဟု ဂိဒေါင်အား မိန့်တော်မူသဖြင့် ၊ လူနှစ်သောင်းနှစ်ထောင် ပြန်သွား ၍ တသောင်းကျန်ရစ် ၏ ။ တဖန် ထာဝရဘုရားကလည်း ၊ လူတို့သည် အလွန်များသေး ၏ ။ ရေဆိပ်သို့ ခေါ်ခဲ့လော့ ။ သူတို့ကို ရေဆိပ်မှာ သင့်အဘို့ ငါစုံစမ်းမည် ။ ထိုအခါ ဤမည်သောသူသည် သင်နှင့်အတူ သွားရမည်ဟု ငါဆိုလျှင် ၊ ထိုသူသည် သွားရမည် ။ ဤမည်သော သူမသွားရဟု ငါဆိုလျှင် ထိုသူသည် မသွားရဟု မိန့်တော်မူသည်အတိုင်း ၊ ဂိဒေါင်သည် လူတို့ကို ရေဆိပ်သို့ ခေါ်ခဲ့ ၍ ၊ ထာဝရဘုရားက ၊ ခွေးသည် ရေကိုလျက် ၍ သောက်သကဲ့သို့ လျှာနှင့်လျက် ၍ သောက်သောသူတစု ၊ ဒူးထောက်လျက် ဝပ် ၍ သောက်သောသူတစု ၊ ထိုလူနှစ်စုကို ခွဲထားလော့ဟု ဂိဒေါင်အား မိန့်တော်မူ ၏ ။ ထိုအခါ မိမိလက်ခုပ်နှင့်ရေကို ယူသဖြင့် လျက် ၍ သောက်သောသူ သုံးရာရှိ ၏ ။ ကြွင်းသောသူအပေါင်း တို့သည် ရေသောက်ခြင်းငှါ ဒူးထောက် ၍ ဝပ်ကြ ၏ ။ ထာဝရဘုရားကလည်း ၊ လျက် ၍ သောက်သောသူ သုံးရာအားဖြင့် သင့်ကို ငါကယ်တင် ၍ မိဒျန်လူတို့ကို သင့်လက် ၌ အပ်မည် ။ ကြွင်းသောသူတို့ကို မိမိနေရာသို့ ပြန်သွားစေဟု ဂိဒေါင်အား မိန့်တော်မူ ၏ ။ ထိုသူတို့သည် စားစရိတ်နှင့် တံပိုးများကို ယူ ၍ ၊ ကြွင်းသော ဣသရေလအမျိုးသားအပေါင်းတို့ကို မိမိနေရာသို့ ဂိဒေါင်သည် လွှတ်လိုက်သဖြင့် ၊ ထိုသုံးရာသော လူတို့ကိုသာ မိမိနှင့်အတူ ချန်ထားလေ ၏ ။ မိဒျန်လူတို့သည် သူ့အောက်ချိုင့် ၌ တပ်ချလျက် ရှိကြ ၏ ။ ထိုညဉ့်တွင် ထာဝရဘုရားက ၊ ထလော့ ။ ရန်သူတပ်ချရာသို့ ချီသွားလော့ ။ သင့်လက် ၌ ငါအပ်မည် ။ မချီဝံ့လျှင် သင် ၏ ကျွန်ဖုရကို ရှေ့ဦးစွာ ခေါ်သွားလော့ ။ သူတို့သည် အဘယ်သို့ ပြောသည်ကို ကြားလိမ့်မည် ။ ထိုနောက်မှ တပ်ချရာသို့ ချီသွားခြင်းငှါ သင့်လက်အားကြီးလိမ့်မည်ဟု မိန့်တော်မူသည်အတိုင်း ၊ ဂိဒေါင်သည် မိမိကျွန်ဖုရကို ခေါ် ၍ ရန်သူ ၏ တပ်ပြင် ၌ ကင်းထိုးသော သူရှိရာသို့ သွားလေ ၏ ။ မိဒျန်ပြည်သား ၊ အာမလက်ပြည်သား ၊ အရှေ့ပြည်သားအပေါင်းတို့သည် ချိုင့် ၌ အိပ်လျက် ၊ ကျိုင်းကောင် နှင့်အမျှ များကြ ၏ ။ ကုလားအုပ်တို့သည်လည်း ၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ အတိုင်းမသိ များကြ ၏ ။ ဂိဒေါင်သည် ရောက်သောအခါ ၊ လူတယောက်သည် မိမိမြင်မက်သော အိပ်မက်ကို မိမိအပေါင်း အဘော်အား ပြန်ပြောသည်မှာ ၊ ငါမြင်မက်သည်ကား ၊ မုယောမုန့်တပြားသည် မိဒျန်တပ်ထဲသို့ လိမ့် ၍ တဲတဆောင်ကို တွေ့လျှင် ၊ ထိခိုက်မှောက်လှန် ဖြိုချလေ ၏ ဟု ဆိုသော် ၊ သူ ၏ အပေါင်းအဘော်က ၊ ထိုမုန့်ပြားသည် အခြားမဟုတ် ဣသရေလအမျိုးယောရှသားဂိဒေါင် ၏ ထားဖြစ် ၏ ။ ထိုသူလက် ၌ ဘုရားသခင်သည် မိဒျန်အမျိုး ၊ မိဒျန်ဗိုလ်ခြေအပေါင်းကို အပ်တော်မူမည်ဟု ပြန်ပြော ၏ ။ ထိုအိပ်မက်နှင့် အိပ်မက်အနက်ကို ဂိဒေါင်သည် ကြားသောအခါ ၊ ကိုးကွယ် ၍ ဣသရေလတပ်သို့ ပြန်ပြီးလျှင် ၊ ထကြ ၊ ထာဝရဘုရားသည် မိဒျန်ဗိုလ်ခြေတို့ကို သင်တို့လက် ၍ အပ်တော်မူမည်ဟု ဆို ၏ ။ ထိုအခါ လူသုံးရာတို့ကို သုံးစုခွဲ ၍ ၊ တံပိုးတလုံးနှင့် မီးခွက်ပါသော အိုးတလုံးစီကို လူတိုင်းလက် ၌ ဆောင်စေ ၏ ။ ငါ့ကို ကြည့် ၍ ငါပြုသည်အတိုင်း ပြုကြ ။ တပ်ပြင်သို့ ရောက်သောအခါ ၊ ငါပြုသည်အတိုင်း ပြုကြ ။ ငါနှင့် ငါ ၌ ပါသောသူအပေါင်းတို့သည် တံပိုးမှုတ်သောအခါ ၊ တပ်ပတ်လည်အရပ်ရပ် ၌ သင်တို့သည် တံပိုးမှုတ် ၍ ၊ ထာဝရဘုရားနှင့် ဂိဒေါင် ၏ ထားဟု ဟစ်ကြလော့ဟု မှာထား ၏ ။ ထိုသို့ ဂိဒေါင်နှင့် သူ ၌ ပါသော လူတရာတို့သည် သန်းခေါင်ယံ ၌ ကင်းလဲစက တပ်ပြင်သို့ ရောက်သဖြင့် တံပိုးမှုတ်ကြ ၏ ။ မိမိကိုင်သော အိုးတို့ကိုလည်း ခွဲကြ ၏ ။ လူသုံးစုတို့သည် တံပိုးမှုတ် ၍ အိုးတို့ကို ခွဲသဖြင့် လက်ဝဲလက် ၌ မီးခွက်တို့ကို ၎ င်း ၊ လက်ျာလက် ၌ မှုတ်စရာတံပိုးတို့ကို ၎ င်း ကိုင်လျက် ၊ ထာဝရဘုရားနှင့် ဂိဒေါင် ၏ ထားဟု ဟစ်ကြ ၏ ။ သူတို့သည် တပ်ပတ်ဝန်းကျင် ၌ လူတိုင်း မိမိနေရာအရပ်တွင် ရပ်နေ ၍ ၊ တပ်သားအပေါင်းတို့သည် ပြေးလျက် ၊ အော်လျက် ထွက်ပြေးကြ ၏ ။ လူသုံးရာတို့သည် တံပိုးမှုတ်သောအခါ ၊ ထာဝရဘုရား ၏ တန်ခိုးတော်ကြောင့် ၊ တပ်သားအပေါင်း တို့သည် တယောက်ကိုတယောက်တိုက် ၍ ၊ ဇေရရတ်အရပ် ဗက်ရှိတ္တမြို့သို့ ၎ င်း ၊ တဗ္ဗတ်မြို့နားမှာ အာဗေလမဟောလမြို့နယ်သို့ ၎ င်း ပြေးကြ ၏ ။ ဣသရေလလူတို့သည် နဿလိခရိုင် ၊ အာရှာခရိုင် ၊ မနာရှေခရိုင် အရပ်ရပ်ထဲက စုလာ ၍ ၊ မိဒျန်လူ တို့ကို လိုက်ကြ ၏ ။ ဂိဒေါင်သည်လည်း ၊ တမန်တို့ကို ဧဖရိမ်တောင်တရှောက်လုံးသို့ စေလွှတ် ၍ ၊ သင်တို့သည် မိဒျန်လူတို့ကို ဆီးတားခြင်းငှါ ယော်ဒန်မြစ်နား ၊ ဗက်ဗာရရွာတိုင်အောင် သူတို့အရင် စောင့်နေကြလော့ဟု မှာလိုက် သည်အတိုင်း ၊ ဧဖရိမ်လူအပေါင်းတို့သည် စုဝေး ၍ ၊ ယော်ဒန်မြစ်နား ၊ ဗက်ဗာရရွာတိုင်အောင် စောင့်နေကြ ၏ ။ မိဒျန်ဗိုလ်ချုပ်နှစ်ယောက် ၊ ဩရဘနှင့် ဇေဘကို ဘမ်းဆီး ၍ ၊ ဩရဘကို ဩရဘကျောက်ပေါ် ၌ ၎ င်း ၊ ဇေဘကို ဇေဘကို ဇေဘစပျစ်သီးနယ်ရာ တန်ဆာ ၌ ၎ င်း သတ်ပြီးမှ ၊ မိဒျန်လူတို့ကို လိုက်သဖြင့် ၊ ဩရဘ ၏ ဦးခေါင်းနှင့် ဇေဘ ၏ ဦးခေါင်းထံသို့ ဆောင်ခဲ့ကြ ၏ ။ ဧဖရိမ်လူတို့က ၊ သင်သည် မိဒျန်လူတို့ကို တိုက်သွားသောအခါ ၊ ငါတို့ကို မခေါ်ဘဲ ငါတို့ ၌ အဘယ်သို့ ပြုသနည်းဟု ကျပ်ကျပ်အပြစ်တင်ကြ ၏ ။ ဂိဒေါင်ကလည်း ၊ သင်တို့ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုပြီးသနည်း ။ အဗျေဇာစပျစ်သီး သိမ်းခြင်း ထက် ဧဖရိမ်လိုက်ကောက်ခြင်းသည် သာ ၍ ကောင်းသည်မဟုတ်လော ။ ဘုရားသခင်သည် မိဒျန်ဗိုလ်ချုပ်ဩရဘနှင့် ဇေဘတို့ကို သင်တို့လက် ၌ အပ်တော်မူပြီ ။ သင်တို့ ပြုသကဲ့သို့ ငါသည် အဘယ်သို့ ပြုနိုင်သနည်းဟု ပြန်ပြောသောစကားကို သူတို့သည် ကြားသောအခါ စိတ်ပြေကြ ၏ ။ ဂိဒေါင်သည် ယော်ဒန်မြစ်သို့ရောက်သောအခါ ၊ သူ ၌ ရှိသော သူသုံးရာတို့သည် ပင်ပန်းလျက်နှင့် ကူး ၍ လိုက်ကြ ၏ ။ သုကုတ်မြို့သားတို့အားလည်း ၊ ငါ့နောက်လိုက်သောသူတို့အား မုန့်ကို ပေးကြပါလော့ ။ သူတို့သည် ပင်ပန်းကြပြီ ။ ငါသည် မိဒျန်မင်းကြီး ဇေဘဟနှင့် ဇာလမုန္နကို ယခု လိုက်ရှာပါ ၏ ဟု တောင်းသော် လည်း ၊ သုကုတ်မင်းတို့က ၊ ငါတို့သည် သင့်အမှုထမ်းတို့အား မုန့်ကို ပေးရမည်အကြောင်း ၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက် ၌ ရှိသလောဟု ပြန်ပြောကြ ၏ ။ ဂိဒေါင်ကလည်း ၊ သို့ဖြစ် ၍ ထာဝရဘုရားသည် ဇေဘဟနှင့် ဇာလမုန္နတို့ကို ငါ့လက် ၌ အပ်တော်မူသော အခါ ၊ သင်တို့ ကျောကွဲအောင် တောဆူးပင်အမျိုးမျိုးနှင့် ငါရိုက်မည်ဟုဆိုပြီးလျှင် ၊ ထိုအရပ်က ပေနွေလမြို့သို့ သွား ၍ ၊ သူတို့အား ထိုနည်းတူ တောင်းသော်လည်း ၊ သုကုတ်မြို့သားတို့ ပြန်ပြောသည်နည်းတူ ၊ ပေနွေလမြို့သားတို့သည် ပြန်ပြောကြ ၏ ။ ဂိဒေါင်ကလည်း ၊ ငါသည် တဖန် ငြိမ်ဝပ်စွာ လာသောအခါ ၊ ဤရဲတိုက်ကို ဖြိုဖျက်မည်ဟု သူတို့အား ဆို ၏ ။ ထိုအခါ ထားကိုင်သော လူတသိန်းနှစ်သောင်း သေသောကြောင့် ၊ အရှေ့မျက်နှာအရပ်သားအပေါင်း တို့တွင် ကျန်ကြွင်းသော လူတသောင်းငါးထောင်ခန့်မျှသာပါလျက် ၊ ဇေဘဟနှင့် ဇာလမုန္နတို့သည် ကာကော်မြို့ ၌ ရှိကြ ၏ ။ ဂိဒေါင်သည် နောဗာမြို့ ၊ ယုဗ္ဗေဟမြို့အရှေ့ ၊ တဲ ၌ နေသူတို့လမ်းဖြင့် ချီသွား ၍ ၊ မစိုးရိမ်ဘဲနေသော မိဒျန်တပ်ကို လုပ်ကြံသဖြင့် ၊ မိဒျန်မင်းကြီးဇေဘဟနှင့် ဇာလမုန္နပြေးသောအခါ ၊ ဂိဒေါင်သည် လိုက် ၍ တပ်ကို ဖျက်လေ ၏ ။ ယောရှသားဂိဒေါင်သည် နေမထွက်မှီ စစ်တိုက်ရာမှ ပြန်လာ ၍ ၊ သုကုတ်မြို့သား လုလင်တယောက်ကို ဘမ်းမိ ၍ မေးစစ်လျှင် ၊ ထိုသူသည် သုကုတ်မြို့အရာရှိ ၊ အသက်ကြီးသူခုနစ်ဆယ်ခုနစ်ယောက်တို့ ၏ အမည်အသီးအသီးတို့ကို ပြောလေ ၏ ။ ဂိဒေါင်သည်လည်း ၊ သုကုတ်မြို့သားတို့ရှိရာသို့ လာ ၍ ၊ သင်တို့က ၊ ပင်ပန်းသော သင့်အမှုထမ်းတို့အား ငါတို့သည် မုန့်ကို ပေးရမည်အကြောင်း ၊ ဇေဘဟနှင့် ဇာလမုန္နသည် သင့်လက် ၌ ရှိသလောဟု ငါ့ကို ကဲ့ရဲ့ ၍ သင်တို့ပြောသော ဇေဘဟနှင့် ဇာလမုန္နကို ကြည့်ကြလော့ဟုဆိုလျက် ၊ ထိုမြို့ ၌ အသက်ကြီးသူတို့ကို ခေါ် ၍ တောဆူးပင်အမျိုးမျိုးနှင့် သုကုတ်မြို့သားတို့ကို ဆုံးမလေ ၏ ။ ပေနွေလမြို့ ရဲတိုက်ကိုလည်း ဖြိုဖျက် ၍ မြို့သားတို့ကို ကွပ်မျက်လေ ၏ ။ ထိုအခါ ဇေဘဟနှင့် ဇာလမုန္နတို့အား တာဗော်မြို့မှာ သင်တို့ သတ်ခဲ့သော သူတို့သည် အဘယ်သို့ သော သူဖြစ်သနည်းဟု မေးမြန်းသော် ၊ ထိုသူတို့က ၊ ကိုယ်တော်ဖြစ်သကဲ့သို့ သူတို့ရှိသမျှသည် ဖြစ် ၍ ၊ ရှင်ဘုရင်သား ၏ အဆင်းအရောင်နှင့် ပြည့်စုံကြပါ ၏ ဟု ပြန်ပြောသော် ၊ ဂိဒေါင်က ၊ ထိုသူတို့သည် ငါ့အမိ ၏ သား ၊ ငါ့ညီဖြစ်ပါသည်တကား ၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်အတိုင်း ၊ သင်တို့သည် သူတို့ကို အသက်ချမ်းသာပေးမိလျှင် ၊ သင်တို့ကို ငါမသတ်ဘဲ နေလိမ့်မည် ဟု ၊ မိမိသားဦးယေသာအား ၊ ဤသူတို့ကို ထ ၍ သတ်လော့ဟုဆိုသော်လည်း ၊ သားသည် အသက်အရွယ် ငယ်သောကြောင့် ၊ ထားကို မဆွဲမထုတ်ဘဲ နေ ၏ ။ ဇေဘဟနှင့် ဇာလမုန္နတို့ကလည်း ၊ ကိုယ်တော်တိုင်ထ ၍ ငါတို့ကို လုပ်ကြံလော့ ။ လူဖြစ်သကဲ့သို့ သူ့အစွမ်းသတ္တိဖြစ်တတ်သည်ဟုဆိုလျှင် ၊ ဂိဒေါင်သည် ထ ၍ ဇေဘဟနှင့် ဇာလမုန္နကို သတ်သဖြင့် ၊ သူတို့ ကုလားအုပ် ၏ လည်ပင်း ၌ ဆင်သော တန်ဆာတို့ကို ချွတ်ယူလေ ၏ ။ ထိုအခါ ဣသရေလလူတို့က ၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို မိဒျန်လူတို့လက်မှ ကယ်နှုတ်သော ကြောင့် ၊ သားစဉ်မြေးဆက်နှင့်တကွ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု ၊ ဂိဒေါင်အား လျှောက်ဆို ကြသော် ၊ ဂိဒေါင်က ၊ ငါသည် သင်တို့ကို မအုပ်စိုးရ ။ ငါ့သားလည်း မအုပ်စိုးရ ။ ထာဝရဘုရားသည် သင်တို့ကို အုပ်စိုးတော်မူရ ၏ ဟူ ၍ ၎ င်း ၊ သို့ရာတွင် သင်တို့ရှိသမျှသည် လုယူ ၍ ရသော နားတောင်းတို့ကို ပေးပါမည်အကြောင်း ၊ ငါတောင်းချင် သည်ဟူ ၍ ၎ င်း ဆိုလေ ၏ ။ ရန်သူတို့သည် ဣရှမေလအမျိုးဖြစ် ၍ ရွှေနားတောင်းကို ဆင်တတ် ကြသတည်း ။ သူတို့ကလည်း ၊ စင်စစ်ပေးပါမည်ဟုဆိုလျက် စောင်ကို ခင်း ၍ ၊ လူအပေါင်းတို့သည် မိမိတို့ လုယူ ၍ ရသော နားတောင်းများကို ချထားကြ ၏ ။ ဂိဒေါင်တောင်းသော ရွှေနားတောင်းများ အချိန်ကား ၊ အခွက်တဆယ်ခုနစ်ပိဿာရှိ ၏ ။ ထိုမှတပါး ၊ မိဒျန်မင်းကြီး ဝတ်ဆင်သောတန်ဆာ ၊ လည်ဆွဲ ၊ နီမောင်းသောအဝတ် ၊ ကုလားအုပ် လည်ကြိုးများကို ရသေး ၏ ။ ထိုတန်ဆာတို့နှင့် ဂိဒေါင်သည် သင်တိုင်းတော်ကို လုပ် ၍ မိမိနေရာ ဩဖရမြို့မှာ ထားသဖြင့် ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုသင်တိုင်းတော်နှင့် မှားယွင်းလျက် သွားတတ်ကြ ၏ ။ ထိုအမှုသည် ဂိဒေါင်နှင့် သူ ၏ အမျိုး ပြစ်မှားရာအကြောင်းဖြစ်သတည်း ။ ထိုသို့ မိဒျန်အမျိုးသည် ဣသရေလအမျိုးရှေ့မှာ ရှုံး ၍ ၊ နောက်တဖန် အစိုးမရဘဲ နေကြ ၏ ။ ဂိဒေါင် လက်ထက်အနှစ်လေးဆယ်တိုင်တိုင် တပြည်လုံး ငြိမ်းလေ ၏ ။ ယောရှသားယေရုဗ္ဗာလသည် မိမိအိမ်သို့ သွား ၍ နေသတည်း ။ ဂိဒေါင်သည် မယားများ ၍ ၊ ကိုယ်ရသော သားခုနစ်ဆယ်ရှိ ၏ ။ ရှေခင်မြို့ ၌ နေသော မယားငယ်သည် သားယောက်ျားကို ဘွားမြင် ၍ ၊ ထိုသားကို အဘိမလက်အမည် ဖြင့် မှည့်လေ ၏ ။ ယောရှသား ဂိဒေါင်သည် အသက်ကြီးရင့်သော် အနိစ္စရောက် ၍ ၊ အဗျေဇာသားနေရာ ဩဖရမြို့မှာ ၊ အဘယောရှသင်္ချိုင်း ၌ သင်္ဂြိုဟ်ခြင်းကို ခံရလေ ၏ ။ ဂိဒေါင်သေသောအခါ ၊ ဣသရေလအမျိုးသားတို့သည် ဖောက်ပြန် ၍ ဗာလဘုရားတို့နှင့် မှားယွင်းသဖြင့် ၊ ဗာလဗေရိတ်ကို ဘုရားအရာ ၌ ချီးမြှောက်ကြ ၏ ။ ပတ်ဝန်းကျင်ရန်သူလက်မှ ကယ်နှုတ်တော်မူသော မိမိတို့ဘုရားသခင်ထာဝရဘုရားကို မအောက်မေ့ဘဲ ၊ ဂိဒေါင်တည်းဟူသော ယေရုဗ္ဗာလသည် ဣသရေလအမျိုး ၌ ပြုသမျှသော ကျေးဇူးနှင့်အညီ ၊ သူ ၏ အမျိုး ၌ ကျေးဇူးတို့ကို ပြန် ၍ မပြုဘဲ နေကြ ၏ ။ ယေရုဗ္ဗာလသား အဘိမလက်သည် ရှေခင်မြို့သို့ သွား ၍ ဦးရီးများ ၊ အမိ ၏ အဆွေအမျိုးများအပေါင်း တို့နှင့် နှုတ်ဆက်လျက် ၊ ယေရုဗ္ဗာလသား ခုနစ်ဆယ်တို့သည် သင်တို့ကို အုပ်စိုးကောင်းသလော ။ သားတယောက်တည်း အုပ်စိုးကောင်းသလော ။ ငါသည် သင်တို့ ၏ အရိုးအသားစစ်ဖြစ်ကြောင်းကို မမေ့ကြနှင့်ဟု ရှေခင်မြို့ သားအပေါင်းတို့အား ပြောရမည်အကြောင်းကို တိုင်ပင်လေ ၏ ။ ထိုစကားကို ဦးရီးတို့သည် ရှေခင်မြို့သားတို့အား အကုန်အစင်ပြန်ပြော ၍ ၊ သူတို့က ၊ အဘိမလက်သည် ငါတို့ညီအစ်ကိုဖြစ်သည်ဟုဆိုလျှက် သူ့နောက်သို့ လိုက်ချင်သော စိတ်နူးညွတ်သဖြင့် ၊ ငွေခုနစ်ဆယ်ကို ဗာလဗေရိတ်အိမ်မှထုတ် ၍ ပေးလျှင် ၊ အဘိမလက်သည် လျှပ်ပေါ်သော သူတို့ကို ထိုငွေနှင့် ငှါး ၍ အမှုကို ထမ်းစေ ၏ ။ တဖန် ဩဖရမြို့ ၌ ရှိသော မိမိအဘအိမ်သို့ သွား ၍ ၊ မိမိညီအစ်ကိုယေရုဗ္ဗာလသားခုနစ်ဆယ်တို့ကို ကျောက်တခုပေါ်မှာ သတ်လေ ၏ ။ သို့ရာတွင် ၊ ယေရုဗ္ဗာလသားအငယ်ဆုံးယောသံသည် ပုန်းရှောင် ၍ နေသောကြောင့် ကျန်ရစ်သတည်း ။ ရှေခင်မြို့သားအပေါင်းတို့နှင့် မိလ္လောအဆွေအမျိုးအပေါင်းတို့သည် ရှေခင်မြို့တွင်ရှိသော အထိမ်းအမှတ်သပိတ်ပင်အနားမှာ စည်းဝေး ၍ အဘိမလက်ကို ရှင်ဘုရင်အရာ ၌ ခန့်ထားကြ ၏ ။ ထိုအမှုကို ယောသံသည် ကြားသိသောအခါ ၊ ဂေရဇိမ်တောင်သို့ သွား ၍ ၊ တောင်ပေါ်မှာ ရပ်လျက် အသံကို လွှင့် ၍ ကြွေးကြော်လေသည်မှာ ၊ အိုရှေခင်မြို့သားတို့ ၊ သင်တို့စကားကို ဘုရားသခင် နားထောင်တော်မူမည်အကြောင်း ၊ ငါ့စကားကို နားထောင်ကြလော့ ။ သစ်ပင်တို့သည် မိမိတို့ကို အုပ်စိုးရသော ရှင်ဘုရင်ကို ခန့်ထားလျက် ဘိသိက်ပေးခြင်းငှါ ထွက်သွား ၍ ၊ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သံလွင်ပင်အား လျှောက်ကြလျှင် ၊ သံလွင်ပင်က ၊ ဘုရားအသရေ ၊ လူအသရေကို ပြုစုစရာ ငါ့အဆီအပြားကို ငါသည် စွန့် ၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို ၏ ။ တဖန် သင်္ဘောသဖန်းပင်အား ၊ ကိုယ်တော်ကြွ ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက်ကြလျှင် ၊ သင်္ဘောသဖန်းပင်က ၊ ငါ ၌ ချိုသော အရသာနှင့် ကောင်းသောအသီးကို ငါသည် စွန့် ၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို ၏ ။ တဖန် စပျစ်ပင်အား ကိုယ်တော်ကြွ ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်တို့သည် လျှောက် ကြလျှင် ၊ စပျစ်ပင်က ၊ ဘုရား ၏ စိတ်နှင့် လူ ၏ စိတ်ကို ရွှင်လန်းစေသော ငါ့စပျစ်ရည်ကို ငါသည် စွန့် ၍ သစ်ပင်တို့ အပေါ်မှာ လွှမ်းမိုးရမည်လောဟု ဆို ၏ ။ တဖန် ဆူးလေပင်အား ကိုယ်တော်ကြွ ၍ အကျွန်ုပ်တို့ကို အုပ်စိုးတော်မူပါဟု သစ်ပင်အပေါင်းတို့သည် လျှောက်ကြလျှင် ၊ ဆူးလေပင်က ၊ သင်တို့သည် ငါ့ကို သင်တို့ ၏ ရှင်ဘုရင်ဖြစ်စေခြင်းငှါ ခန့်ထား ၍ ဧကန်အမှန် ဘိသိက်ပေးလိုလျှင် ၊ လာကြ ၊ ငါ့အရိပ်ကို ခိုလှုံကြ ။ သို့မဟုတ် ဆူးလေပင်ထဲက မီးထွက် ၍ လေဗနုန် အာရစ်ပင်တို့ကို လောင်လိမ့်မည်ဟု သစ်ပင်တို့အား ပြန်ပြော ၏ ။ ယခုမှာ သင်တို့သည် အဘိမလက်ကို ရှင်ဘုရင်အရာ ၌ ခန့်ထားသောအားဖြင့် သစ္စာတရားကို စောင့် ၍ ၊ ယေရုဗ္ဗာလနှင့် သူ ၏ အမျိုးအနွယ်အား ကောင်းမွန်စွာ ပြုကြပြီလော ။ ယေရုဗ္ဗာလသည် ကျေးဇူးပြု ၍ ခံထိုက်သည်အတိုင်း သူ့အား ကျေးဇူးဆပ်ကြပြီလော ။ ငါ့အဘသည် သင်တို့အဘို့ စစ်တိုက် ၍ ကိုယ်အသက်ကို စွန့်စားလျက် ၊ သင်တို့ကို မိဒျန်အမျိုးလက်မှ ကယ်နှုတ်လေပြီ ။ သင်တို့သည် ငါ့အဘ ၏ အဆွေအမျိုးတဘက် ၌ ယနေ့ထ ၍ သူ ၏ သားခုနစ်ဆယ်တို့ကို ကျောက်တခု ပေါ်မှာ သတ်ပြီးလျှင် ၊ သူ ၏ ကျွန်မတွင် မြင်သော သားအဘိမလက်သည် သင်တို့ညီအစ်ကိုဖြစ်သော ကြောင့် ၊ သူ့ကို ရှေခင်မြို့သားတို့ ၏ ရှင်ဘုရင်ခန့်ထားကြပြီတကား ။ ယခုမှာ သင်တို့သည် ယေရုဗ္ဗာလနှင့် သူ ၏ အမျိုးအနွယ်အား သစ္စာတရားအတိုင်း ယနေ့ပြုပြီးလျှင် ၊ အဘိမလက်ကို အမှီပြု ၍ ဝမ်းမြောက်ကြလော့ ။ အဘိမလက်သည်လည်း သင်တို့ကို အမှီပြု ၍ ဝမ်းမြောက်ပါစေ ။ သို့မဟုတ်လျှင် အဘိမလက်ထဲက မီးထွက် ၍ ၊ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးကိုလောင်ပါစေ ။ ရှေခင်မြို့သားနှင့် မိလ္လောအဆွေအမျိုးထဲက မီးထွက် ၍ အဘိမလက်ကို လောင်ပါစေဟု ကြွေးကြော်ပြီးမှ ၊ အလျင်အမြန်ပြေး ၍ အစ်ကိုအဘိမလက်ကို ကြောက်သောကြောင့် ဗေရမြို့သို့ သွား ၍ နေလေ ၏ ။ အဘိမလက်သည် ဣသရေလအမျိုးကို အုပ်စိုး ၍ သုံးနှစ်စေ့သောအခါ ၊ ဘုရားသခင်သည် အဘိမလက်နှင့် ရှေခင်မြို့သား စပ်ကြားမှာ ဆိုးသောဝိညာဉ်ကို စေလွှတ်တော်မူ ၍ ၊ ရှေခင်မြို့သားတို့သည် အဘိမလက် ၏ သစ္စာကို ဖျက်ကြ ၏ ။ အကြောင်းမူကား ၊ ယေရုဗ္ဗာလ ၏ သားခုနစ်ဆယ်တို့ ၌ ကြမ်းတမ်းစွာ ပြု ၍ သတ်မိသောအပြစ်သည် သူတို့ကို သတ်သောသူတို့ ညီအစ်ကိုအဘိမလက်အပေါ်သို့ ၎ င်း ၊ ညီအစ်ကိုများကို သတ်သောအမှု ၌ ဝိုင်း ၍ လက်ခံသော ရှေခင်မြို့သားတို့အပေါ်သို့ ၎ င်း ရောက်ရမည်အကြောင်းတည်း ။ ရှေခင်မြို့သားတို့သည် အဘိမလက်ကို ချောင်းမြောင်းစေခြင်းငှါ ၊ လူတို့ကို တောင်ထိပ်ပေါ်မှာထား ၍ ထိုသူတို့သည် ခရီးသွားသောသူအပေါင်းတို့ ၏ ဥစ္စာကို လုယူကြ ၏ ။ ထိုသတင်းကိုလည်း ၊ အဘိမလက်သည်ကြား ၏ ။ ဧဗက် ၏ သားဂါလသည် မိမိညီအစ်ကိုတို့နှင့်အတူ ရှေခင်မြို့ဘက်သို့ ဝင် ၍ ရှေခင်မြို့သားတို့သည် သူ့ကို ကိုးစားကြ ၏ ။ ဥယျာဉ် ၌ လည်လျက်စပျစ်သီးကို သိမ်းယူလျက် ပျော်မွေ့ခြင်းကို ပြုသဖြင့် ၊ မိမိတို့ ဘုရား ၏ ကျောင်း သို့ သွား ၍ အဘိမလက်ကို ကျိန်ဆဲကြ ၏ ။ ဧဗက် ၏ သား ဂါလကလည်း ၊ ငါတို့သည် အဘိမလက်အမှုကို စောင့်ရမည်အကြောင်း ၊ အဘိမလက် ကား အဘယ်သူနည်း ၊ ရှေခင်ကား အဘယ်သူနည်း ။ အဘိမလက်သည် ယေရုဗ္ဗာလသား မဟုတ်လော ။ ဇေဗုလသည် သူ ၏ အမှုထမ်းမဟုတ်လော ။ ရှေခင်အဘဟာမော်လူတို့ ၏ အမှုကို ထမ်းကြလော့ ။ အဘိမလက်အမှုကို အဘယ်ကြောင့် ထမ်းရမည်နည်း ။ ဤလူတို့သည် ငါ့လက်သို့ ရောက်ပါစေသော ။ သို့ဖြစ်လျှင် အဘိမလက်ကို ငါပယ်မည်ဟူ ၍ ၎ င်း ၊ အဘိမလက်အား သင် ၏ ဗိုလ်ခြေတို့ကို ပြင်ဆင် ၍ လာတော့ဟူ ၍ ၎ င်း ဆို ၏ ။ ဧဗက် ၏ သားဂါလစကားကို မြို့အုပ်ဇေဗုလကြားသောအခါ အမျက်ထွက် ၍ ပရိယာယ်အားဖြင့် အဘိမလက်ထံသို့ စေလွှတ်လျက် ၊ ဧဗက် ၏ သားဂါလသည် မိမိညီအစ်ကိုတို့နှင့် အတူ ရှေခင်မြို့သို့ လာ ၍ ကိုယ်တော်တဘက် ၌ မြို့ကို ပြင်ဆင်ကြပါ ၏ ။ သို့ဖြစ် ၍ ညဉ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွ ထ ၍ ၊ တော ၌ ချောင်းမြောင်းလျက် နေတော်မူပါ ။ နံနက်စောစော နေထွက်စကထ ၍ ညဉ့်အခါ ကိုယ်တော်သည် ပါသောသူတို့နှင့်တကွ ထ ၍ မြို့ကို တိုက်တော်မူပါ ။ ဂါလသည် သူ ၌ ပါသော လူတို့နှင့်တကွ ဆီး ၍ ကြိုသောအခါ ၊ အဆင်သင့်သည်အတိုင်း ပြုတော်မူပါဟု ကြားလျှောက်လေ ။ အဘိမလက်သည် သူ ၌ ပါသမျှသော လူတို့နှင့်တကွ ညဉ့်အခါ ထ ၍ တပ်လေးတပ်ခွဲပြီးလျှင် ၊ ရှေခင်မြို့ကို ချောင်းမြောင်းလျက်နေကြ ၏ ။ ဧဗက် ၏ သားဂါလသည် ထွက် ၍ မြို့တံခါးဝ ၌ ရပ်လျှင် ၊ အဘိမလက်သည် မိမိ ၌ ပါသော သူတို့နှင့်တကွ ချောင်းမြောင်းရာမှ ထကြ ၏ ။ ဂါလသည် ထိုလူတို့ကို မြင်လျှင် ၊ တောင်ပေါ်မှ လူများ ဆင်းလာကြသည်ဟု ဇေဗုလအားဆိုသော် ၊ ဇေဗုလက တောင်အရိပ်သည် လူကဲ့သို့ ထင်သည်ဟု ပြန်ပြော ၏ ။ တဖန် ဂါလက ၊ ကြည့်ပါ ။ လူအချို့တို့သည် တောင်ရိုးပေါ်မှ ဆင်းလာကြ ၏ ။ အချို့တို့သည် မောနေနိမ် သပိတ်တောလမ်းဖြင့် လာကြ ၏ ဟု ပြောဆိုလျှင် ၊ ဇေဗုလက ၊ ငါတို့သည် အဘိမလက်အမှုကို ထမ်းရမည်အကြောင်း ၊ အဘိမလက်သည် အဘယ်သူနည်းဟု သင်ဆိုသော နှုတ်သည် ယခုအဘယ်မှာ ရှိသနည်း ။ ထိုလူတို့သည် သင်မထီမဲ့မြင်ပြုသော သူမဟုတ်လော ။ ထွက် ၍ သူတို့ကို စစ်တိုက်ပါလော့ဟု ဆိုသော် ၊ ဂါလသည် ရှေခင်မြို့သားတို့ရှေ့မှာ ထွက် ၍ အဘိမလက်ကို တိုက်လေ ၏ ။ အဘိမလက်လိုက် ၍ ဂါလပြေးသဖြင့် များသောသူတို့သည် မြို့တံခါးဝတိုင်အောင် အထိအခိုက်ခံလျက် လဲ ၍ သေကြ ၏ ။ အဘိမလက်သည် အရုမမြို့မှာ နေ ၍ ဇေဗုလသည် ဂါလနှင့် သူ ၏ ညီအစ်ကိုတို့ကို ရှေခင်မြို့ ၌ မနေစေခြင်းငှါ နှင်ထုတ်လေ ၏ ။ နက်ဖြန်နေ့ ၌ လူများတို့သည် မြို့ပြင်သို့ ထွက်မည်အကြောင်းကို အဘိမလက်သည် ကြားလျှင် ၊ မိမိလူတို့ကို သုံးစုခွဲ ၍ တော ၌ ချောင်းမြောင်းလျက် နေသဖြင့် ၊ မြို့သားတို့သည် ထွက်လာကြသောအခါ ထ ၍ လုပ်ကြံလေ ၏ ။ အဘိမလက်သည် မိမိလူတစုနှင့် မြို့တံခါးဝသို့ ပြေးတက် ၍ စောင့်နေ ၏ ။ အခြားသော လူနှစ်စုတို့ သည် တော ၌ ရှိသော လူတို့ဆီသို့ ပြေး ၍ သတ်ကြ ၏ ။ အဘိမလက်သည် တနေ့လုံးမြို့ကို တိုက် ၍ ရသောအခါ ၊ မြို့ ၌ တွေ့သောသူတို့ကို သတ်ပြီးလျှင် မြို့ရိုးကို ဖြိုဖျက် ၍ မြို့ရာကို ဆားနှင့် ကြဲဖြန့်လေ ၏ ။ ထိုသိတင်းကို ရှေခင်ရဲတိုက်သားအပေါင်းတို့သည် ကြားလျှင် ၊ ဗေရိတ်ဘုရား ၏ ကျောင်း ၌ ခိုင်ခံ့သော အခန်းထဲမှာ စုဝေးကြ ၏ ။ ရှေခင်ရဲတိုက်သားအပေါင်းတို့သည် စုဝေးကြောင်းကို အဘိမလက်သည် ကြားလတ်သော် ၊ ကိုယ်တိုင်မှစ ၍ ပါသော သူအပေါင်းတို့သည် ဇလမုန်တောင်သို့ သွားပြီးလျှင် ၊ အဘိမလက်သည် ပုဆန်နှင့် သစ်ခက်ကို ခုတ် ၍ မိမိပုခုံးပေါ်မှာ တင်ထမ်းလျက် ၊ ငါပြုသည်ကို သင်တို့ မြင်သည်အတိုင်း အလျင်အမြန်ပြုကြလော့ဟု လိုက်သောသူတို့အား ဆိုလျှင် ၊ သူ ၏ လူအပေါင်းတို့သည် ထိုအတူ အသီးအသီးသစ်ခက်တို့ကို ခုတ် ၍ အဘိမလက်နောက်သို့ လိုက်လျက် ခိုင်ခံ့သောအခန်းကို မီးရှို့ကြ ၏ ။ ထိုသို့ ရှေခင်ရဲတိုက်သားအပေါင်းတို့နှင့်အတူ တထောင်သော ယောက်ျားမိန်းမတို့သည် သေကြကုန် ၏ ။ ထိုနောက်မှ အဘိမလက်သည် သေဗက်မြို့သို့ သွား ၍ တပ်ချပြီးလျှင် တိုက်ယူလေ ၏ ။ သို့ရာတွင် မြို့ထဲမှာ ခိုင်ခံ့သော ရဲတိုက်တခုရှိ ၍ ၊ မြို့သားယောက်ျားမိန်းမအပေါင်းတို့သည် ထိုရဲတိုက် ထဲသို့ ပြေးဝင်ကြ ၏ ။ တံခါးကိုလည်း ပိတ်ထား ၍ ရဲတိုက်အပေါ်သို့ တက်ကြ ၏ ။ အဘိမလက်သည် ရဲတိုက်ကို လာ ၍ တိုက်လျက် ၊ ရဲတိုက်တံခါးကို မီးရှို့ခြင်းငှါ ချဉ်းကပ်သောအခါ ၊ မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို အဘိမလက် ခေါင်းပေါ်သို့ ပစ်ချ ၍ ဦးခေါင်းခွံ ပေါက်ကွဲလေ ၏ ။ သူသည် လက်နက်ကိုင်လုလင်ကို အလျင်အမြန်ခေါ် ၍ မိန်းမသည် အဘိမလက်ကို သတ်သည်ဟု ပြောစရာမရှိစေခြင်းငှါ ၊ သင့်ထားကို ထုတ် ၍ ငါ့ကို သတ်လော့ဟု ဆိုသည်အတိုင်း ၊ လုလင်သည် ထိုး ၍ အဘိမလက် သေလေ ၏ ။ အဘိမလက်သေကြောင်းကို ဣသရေလလူတို့သည် သိမြင်လျှင် ၊ အသီးအသီး မိမိတို့နေရာသို့ ပြန်သွားကြ ၏ ။ ထိုသို့ အဘိမလက်သည် မိမိညီအစ်ကိုခုနစ်ဆယ်တို့ကို သတ် ၍ ပြုမိသော ဒုစရိုက်အပြစ်ကို ဘုရားသခင် ဆပ်ပေးတော်မူ ၏ ။ ရှေခင်မြို့သားပြုသော ဒုစရိုက်အပြစ်ကိုလည်း သူတို့ခေါင်းပေါ်သို့ ဘုရားသခင်ရောက်စေတော်မူ သဖြင့် ၊ ယေရုဗ္ဗာလသား ယောသံကျိန်သော စကားအတိုင်း သူတို့သည် ခံရကြ ၏ ။ အဘိမလက်လက်ထက် နောက်မှ ၊ ဣသရေလအမျိုးကို ကယ်တင်သောသူ ဣသခါအမျိုး ၊ ဒေါဒေါသား ဖုဝါ ၏ သား တောလသည် ပေါ်ထွန်း ၍ ၊ ဧဖရိမ်တောင်ပေါ် ၊ ရှမိရမြို့မှာ နေလေ ၏ ။ ထိုသူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး အုပ်စိုးပြီးမှ သေ ၍ ၊ ရှိမရမြို့မှာ သင်္ဂြိုဟ်လေ ၏ ။ ထိုသူလက်ထက်နောက်မှ ၊ ဂိလဒ်ပြည်သား ယာဣရသည် ပေါ်ထွန်း ၍ ၊ ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်နှစ်နှစ်ပတ်လုံး အုပ်စိုး ၏ ။ ထိုမင်း ၌ ကား သားသုံးဆယ်ရှိ ၍ ၊ သူတို့သည် မြည်းသငယ်သုံးဆယ်တို့ကို စီးလျက် ဂိလဒ်ပြည် ၌ ယာဝုတ်ယာဣရအမည်ဖြင့် ယနေ့တိုင်အောင် ခေါ်ဝေါ်သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ ၏ ။ ယာဣရသေ ၍ ကာမုန်မြို့မှာ သင်္ဂြိုဟ်လေ ၏ ။ တဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြု ၍ ၊ ဗာလဘုရား ၊ အာရှတရက်ဘုရား ၊ ရှုရိဘုရား ၊ ဇိဒုန်ဘုရား ၊ မောဘဘုရား ၊ အမ္မုန်ဘုရား ၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြု ၍ ထာဝရဘုရားကို ဝတ်မပြုစွန့်ထားကြ ၏ ။ ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက် ၍ ဖိလိတ္တိလူတို့ ၌ ၎ င်း ၊ အမ္မုန်အမျိုးသားတို့ ၌ ၎ င်း ၊ ရောင်းတော်မူသဖြင့် ၊ ယော်ဒန်မြစ်တဘက် အာမောရိလူနေရာဂိလဒ်ပြည် ၌ နေသော ဣသရေလအမျိုးသားအပေါင်းတို့ကို ထိုနှစ်မှစ ၍ တဆယ်ရှစ်နှစ်ပတ်လုံး ညှဉ်းဆဲကြ ၏ ။ အမ္မုန်အမျိုးသားတို့သည်လည်း ၊ ယော်ဒန်မြစ်ကို ကူး ၍ ယုဒအမျိုး ၊ ဗင်္ယာမိန်အမျိုး ၊ ဧဖရိမ်အမျိုးသား တို့ကို တိုက်သဖြင့် ၊ ဣသရေလအမျိုးသားတို့သည် ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြ ၏ ။ ထိုအခါ ဣသရေလအမျိုးသားတို့က ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားပါပြီ ။ အကျွန်ုပ်တို့ ၏ ဘုရားသခင်ကို စွန့် ၍ ၊ ဗာလဘုရားတို့ကို ဝတ်ပြုမိပါပြီဟု ထာဝရဘုရားအား ဟစ်ကြော်ကြ ၏ ။ ထာဝရဘုရားကလည်း ၊ ငါသည် သင်တို့ကို အဲဂုတ္တုလူ ၊ အာမောရိလူ ၊ အမ္မုန်လူ ၊ ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်သည် မဟုတ်လော ။ ဇိဒုန်လူ ၊ အာမလက်လူ ၊ မောနိလူတို့ ညှဉ်းဆဲသောအခါ ၌ လည်း ၊ သင်တို့သည် ငါ့ကို ဟစ်ကြော် ၍ ၊ သူတို့လက်မှ ငါကယ်နှုတ် ၏ ။ သို့သော်လည်း သင်တို့သည် ငါ့ကို စွန့် ၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုသောကြောင့် ၊ နောက်တဖန် ငါမကယ်နှုတ် ။ သင်တို့ ရွေးယူသော ဘုရားတို့ကို သွား ၍ ဟစ်ကြော်ကြလော့ ။ အမှုရောက်သော ယခု ကာလ ၌ သူတို့သည် ကယ်နှုတ်ကြစေဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူ ၏ ။ ဣသရေလအမျိုးသားတို့ကလည်း ၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ် တို့ ၌ ပြုတော်မူပါ ။ ယခု တကြိမ်သာ ကယ်နှုတ်တော်မူမည်အကြောင်း အကျွန်ုပ်တို့ တောင်းပန်ပါ ၏ ဟု ထာဝရဘုရားအား တောင်းလျှောက်လျက် ၊ တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့ကို ပယ် ၍ ထာဝရဘုရားကို ဝတ်ပြုကြ ၏ ။ ထိုအခါ ထာဝရဘုရားသည် ဣသရေလအမျိုး ခံရသော ဒုက္ခဆင်းရဲကြောင့် ကြင်နာသော စိတ်နှလုံးရှိတော်မူ ၏ ။ အမ္မုန်အမျိုးသားတို့သည် စည်းဝေး ၍ ဂိလဒ်ပြည် ၌ တပ်ချကြ ၏ ။ ဣသရေလအမျိုးသားတို့သည် စည်းဝေး ၍ မိဇပါမြို့မှာ တပ်ချကြ ၏ ။ ဂိလဒ်ပြည်သားမင်းများတို့က ၊ အကြင်သူသည် အမ္မုန်အမျိုးသားတို့ကို အဦးတိုက် ၏ ။ ထိုသူသည် ဂိလဒ်ပြည်သားအပေါင်းတို့ ၏ အထွဋ်ဖြစ်စေဟု တိုင်ပင်စီရင်ကြ ၏ ။ ဂိလဒ်အမျိုးသား ယေဖသသည် ခွန်အားကြီးသော သူရဲဖြစ် ၏ ။ သူ့အဘကား ဂိလဒ် ၊ သူ့အမိကား ပြည်တန်ဆာဖြစ် ၏ ။ ဂိလဒ် ၏ မယား ဘွားမြင်သော သားတို့သည် ကြီးသောအခါ ၊ သင်သည် အခြားတပါးသော မိန်းမ ၏ သားဖြစ်သောကြောင့် ၊ ငါတို့ အဆွေအမျိုးနှင့်အတူ အမွေမခံရဟု ယေဖသကို ဆို ၍ နှင်ထုတ်လေ ၏ ။ ထိုအခါ ယေဖသသည် ညီတို့ဆီမှ ထွက်သွား ၍ တောဘပြည် ၌ နေသဖြင့် ၊ လျှပ်ပေါ်သော သူတို့သည် သူ့ထံမှာ စည်းဝေး ၍ သူ့နောက် ၌ လိုက်ကြ ၏ ။ နောက်တဖန် အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်ကြ ၏ ။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်သောအခါ ၊ ဂိလဒ်ပြည်သား အသက်ကြီး သူတို့သည် ယေဖသကို တောဘပြည်မှ ခေါ်ခြင်းငှါ သွား ၍ ၊ ငါတို့သည် အမ္မုန်လူတို့ကို စစ်တိုက်ရမည်အကြောင်း ၊ လာ ၍ ငါတို့ ၏ ဗိုလ်ချုပ်မင်း လုပ်ပါဟု မှာလိုက်သော် ၊ ယေဖသက ၊ သင်တို့သည် ငါ့ကို မုန်း ၍ ငါ့အဘအိမ်မှ နှင်ထုတ်သည်မဟုတ်လော ။ ယခု ဆင်းရဲခြင်းသို့ ရောက်သောအခါ ၊ အဘယ်ကြောင့် ငါ့ထံသို့ လာကြသနည်းဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား ပြောဆို ၏ ။ ဂိလဒ်ပြည်သား အသက်ကြီးသူတို့ကလည်း ၊ ထိုကြောင့် ငါတို့သည် ယခု သင့်ထံသို့ ပြန်လာပါ ၏ ။ ငါတို့နှင့်အတူ ကြွ ၍ အမ္မုန်လူတို့ကို စစ်တိုက်ပြီးလျှင် ၊ ဂိလဒ်ပြည်သားအပေါင်းတို့ ၏ အထွဋ်လုပ်ပါဟု ယေဖသအား တောင်းပန်ပြန်သော် ၊ ယေဖသက ၊ အမ္မုန်လူတို့ကို စစ်တိုက်စေခြင်းငှါ သင်တို့သည် ငါ့ကို ပြန်ပို့ ၍ ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှာ အပ်တော်မူလျှင် ၊ ငါသည် သင်တို့ အထွဋ်ဖြစ်ရသောအခွင့်ကို ပေးမည်လောဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား မေးလေသော် ၊ ဂိလဒ်ပြည်သားအသက်ကြီးသူတို့က ၊ သင်ပြောသော စကားအတိုင်း ငါတို့ မပြုလျှင် ထာဝရဘုရား သည် သင်နှင့် ငါတို့စပ်ကြား ၌ သက်သေဖြစ်တော်မူပါစေသောဟု ယေဖသအား ပြန်ပြောကြ ၏ ။ ထိုအခါ ယေဖသသည် ဂိလဒ်ပြည်သား အသက်ကြီးသူတို့နှင့် သွား ၍ သူ့ကို လူများတို့ ၏ အထွဋ် ဗိုလ်ချုပ်မင်းအရာ ၌ ခန့်ထားကြ ၏ ။ ယေဖသသည်လည်း ထိုစကားအလုံးစုံတို့ကို မိဖပါမြို့မှာ ထာဝရဘုရားရှေ့တော် ၌ ပြန်ကြားလျှောက်ထား ၏ ။ ထိုနောက်မှ ယေဖသသည် ၊ အမ္မုန်ရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ် ၍ ၊ သင်သည် ငါနှင့် အဘယ်သို့ ဆိုင်သနည်း ။ ငါ့နိုင်ငံ ၌ စစ်တိုက်ခြင်းငှါ အဘယ်ကြောင့် ငါ့ကို ရန်ပြုသနည်းဟု မေးသော် ၊ အမ္မုန်ရှင်ဘုရင်က ၊ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာသောအခါ ၊ ငါ့မြေကို အာနုန်မြစ်မှစ ၍ ယဗ္ဗုတ်ချောင်း ၊ ယော်ဒန်မြစ်တိုင်အောင် လု ၍ ယူသောကြောင့် ငါပြု ၏ ။ ထိုမြေကို ယခုအသင့်အတင့် ပြန်ပေးပါဟု ယေဖသ ၏ သံတမန်အား ပြန်ပြော ၏ ။ တဖန် ယေဖသသည် သံတမန်ကို အမ္မုန်ရှင်ဘုရင်ထံသို့ စေလွှတ် ၍ ၊ ယေဖသ မှာလိုက်သည်ကား ၊ ဣသရေလအမျိုးသည် မောဘမြေ ၊ အမ္မုန်မြေကို လုယူသည်မဟုတ် ။ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာ ၍ ဧဒုံပင်လယ်အနား ၊ တော ၌ လှည့်လည်သဖြင့် ကာဒေရှ ရွာသို့ ရောက်သောအခါ ၊ ဧဒုံရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ် ၍ ၊ မင်းကြီးပြည်ကို ရှောက်သွားပါရစေဟု အခွင့်တောင်းသော် လည်း ၊ ဧဒုံရှင်ဘုရင်သည် နားမထောင် ။ ထိုနည်းတူ မောဘရှင်ဘုရင်ထံသို့ စေလွှတ် ၍ ၊ သူသည်လည်း အခွင့်မပေးသောကြောင့် ၊ ဣသရေလအမျိုးသည် ကာဒေရှရွာ ၌ နေရကြ ၏ ။ နောက်တဖန် တောကို ရှောက်လျက် ၊ ဧဒုံပြည်နှင့် မောဘပြည်ကို ဝိုင်း ၍ မောဘပြည် အရှေ့ဘက်သို့ ရောက်ပြီးမှ အာနုန်မြစ်တဘက် ၌ တပ်ချကြ ၏ ။ ထိုအခါ မောဘပြည်နယ်အတွင်းသို့ မဝင်ကြ ။ အာနုန်မြစ်သည် မောဘပြည်အပိုင်းအခြားဖြစ်သတည်း ။ တဖန် ဣသရေလအမျိုးသည် အာမောရိအမျိုး ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်ထံသို့ သံတမန်ကို စေလွှတ် ၍ ၊ ငါတို့နေရာသို့ ရောက်အံ့သောငှါ မင်းကြီးပြည်ကို ရှောက်သွားပါရစေဟု အခွင့်တောင်း သော်လည်း ၊ ရှိဟုန်သည် ဣသရေလအမျိုးကို မယုံ ၊ မိမိပြည်ကို ရှောက်သွားစေခြင်းငှါ အခွင့်မပေးသည်သာမက ၊ မိမိလူအပေါင်းတို့ကို စုဝေးစေ ၍ ၊ ယာဟတ်မြို့ ၌ တပ်ချပြီးလျှင် ဣသရေလအမျိုးကို စစ်တိုက်လေ ၏ ။ ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားသည် ၊ ရှိဟုန်မင်းနှင့်တကွ သူ ၏ လူအပေါင်းတို့ ဣသရေလအမျိုးလက် ၌ အပ်တော်မူ ၍ ၊ သူတို့ကို လုပ်ကြံသဖြင့် ထိုပြည် ၌ နေသော အာမောရိလူတို့ ၏ မြေတရှောက်လုံးကို သိမ်းယူကြ ၏ ။ အာမောရိပြည် နယ်မြေတရှောက်လုံးကို အာနုန်မြစ်မှစ ၍ ယဗ္ဗုတ်ချောင်းတိုင်အောင် ၎ င်း ၊ တောမှစ ၍ ယော်ဒန်မြစ်တိုင်အောင် ၎ င်း သိမ်းယူကြ ၏ ။ ထိုသို့ ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားသည် ၊ အာမောရိလူတို့ကို ဣသရေလအမျိုး ရှေ့မှာ သူတို့ပြည်ကို နှုတ်တော်မူသည်ဖြစ် ၍ ၊ သင်သည် သိမ်းယူရမည်လော ။ သင် ၏ ဘုရားခေမုရှ အပိုင်ပေးသောမြေကို သင်သိမ်းယူရသည်မဟုတ်လော ။ ထိုအတူ ငါတို့ ဘုရားသခင် ထာဝရဘုရား နှင်ထုတ်တော်မူသော သူတို့ ၏ မြေကို ငါတို့သည် သိမ်းယူရ ၏ ။ သင်သည် မောဘရှင်ဘုရင် ဇိဖော်မင်း ၏ သား ဗာလက်ထက်သာ ၍ မြတ်သလော ။ သူသည် ဣသရေလအမျိုးနှင့် ရန်တွေ့ဘူးသလော ။ စစ်တိုက်ဘူးသလော ။ ဣသရေလအမျိုးသည် ဟေရှဘုန်မြို့ရွာတို့ ၌ ၎ င်း ၊ အာရော်မြို့ရွာတို့ ၌ ၎ င်း ၊ အာနုန်မြစ်နားမှာရှိသော မြို့ရွာအလုံးစုံတို့ ၌ ၎ င်း အနှစ်သုံးရာပတ်လုံးနေစဉ်တွင် အဘယ်ကြောင့် သင်တို့သည် မရပြန်သနည်း ။ သင့်ကို ငါမပြစ်မှား ။ သင်သည် စစ်တိုက် ၍ ငါ့ကို ညှဉ်းဆဲ ၏ ။ ထာဝရဘုရားသည် တရားသူကြီးလုပ် ၍ ဣသရေလအမျိုးသား ၊ အမ္မုန်အမျိုးသားတို့ စပ်ကြားမှာ ယနေ့တရားစီရင်ဆုံးဖြတ်တော်မူပါစေသော ဟု မှာလိုက်လေ ၏ ။ သို့သော်လည်း ယေဖသမှာလိုက်သောစကားကို အမ္မုန်ရှင်ဘုရင်သည် နားမထောင်ဘဲ နေ ၏ ။ ထိုအခါ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ယေဖသအပေါ်မှာ သက်ရောက် ၍ ၊ သူသည် ဂိလဒ်ပြည် ၊ မနာရှေပြည်ကို ရှောက်လျက် ဂိလဒ်ပြည် မိဇပါမြို့ကို လွန် ၍ အမ္မုန်လူတို့ရှိရာသို့ ချီသွားလေ ၏ ။ ယေဖသသည် ထာဝရဘုရားအား သစ္စာဂတိထားလျက် ၊ အကယ် ၍ ကိုယ်တော်သည် အမ္မုန်အမျိုးသား တို့ကို အကျွန်ုပ်လက် ၌ အပ်တော်မူလျှင် ၊ အကျွန်ုပ်သည် အမ္မုန်အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ်စွာ ပြန်လာသောအခါ ၊ အကျွန်ုပ်ကို ခရီးဦးကြို ပြုအံ့သောငှါ အကျွန်ုပ်အိမ်တံခါးဝမှ ထွက်လာသောသူ မည်သည်ကို ထာဝရဘုရားအား အမှန်ဆက်သ ၍ မီးရှို့ရာယဇ်ပူဇော်ပါမည်ဟု သစ္စာဂတိထားပြီးမှ ၊ အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှါ ချီသွား ၍ ၊ ထာဝရဘုရားသည် သူတို့ကို ယေဖသလက် ၌ အပ်တော် မူသဖြင့် ၊ အာရော်မြို့မှစ ၍ မိန္နိတ်မြို့တိုင်အောင် ၎ င်း ၊ အာဗေလခေရမိမ်မြို့တိုင်အောင် ၎ င်း ၊ မြို့နှစ်ဆယ်တို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သူတို့ကို တိုက်သတ်လေ ၏ ။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ ရှေ့မှာ ရှုံးရကြ ၏ ။ ယေဖသသည် မိဇပါမြို့ မိမိအိမ်သို့ ရောက်လာသောအခါ ၊ မိမိသမီးသည် ပတ်သာတီးလျက် ၊ ကလျက်ခရီးဦးကြိုပြုအံ့သောငှါ ထွက်လာ ၏ ။ သည် တယောက်တည်းသော သမီးဖြစ် ၍ ၊ သူမှတပါး သားသမီးမရှိ ။ ယေဖသသည် သူ့ကိုမြင်လျှင် ၊ မိမိအဝတ်ကို ဆုတ် ၍ ၊ အို ငါ့သမီး ၊ သင်သည် ငါ့ကို အလွန်နှိမ့်ချပြီ တကား ။ ငါ့ကို နှောင့်ရှက်သော သူတယောက်ဖြစ်ပါသည်တကား ။ ထာဝရဘုရားအား ငါလျှောက်ထားပြီး ။ နှုတ်ရသောအခွင့်မရှိဟု ဆိုသော် ၊ သမီးက ၊ ခမည်းတော်သည် ထာဝရဘုရားအား လျှောက်ထားလျှင် ၊ လျှောက်ထားသည်အတိုင်း ကျွန်မ ၌ ပြုပါ ။ အကြောင်းမူကား ၊ ထာဝရဘုရားသည် ခမည်းတော် ၏ ရန်သူ အမ္မုန်အမျိုးသားတို့ ၌ ခမည်းတော် ၏ စိတ်ပြေစေခြင်းငှါ အပြစ်ပေးတော်မူပြီ ။ သို့ရာတွင် ကျွန်မသည် အပေါင်းအဘော်တို့နှင့်တကွ တောင်ရိုးပေါ်မှာ လှည့်လည် ၍ ၊ ကျွန်မ ၏ အပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းရမည်အကြောင်း ၊ နှစ်လပတ်လုံး အလွတ်နေပါရစေဟု အဘအား အခွင့်တောင်းမသည်အတိုင်း ၊ အဘက ၊ သွားလေတော့ဟုဆိုလျက် နှစ်လကို ချိန်းချက် ၍ လွှတ်လိုက်လျှင် ၊ အပေါင်းအဘော်တို့နှင့် တကွ သွား ၍ တောင်ရိုးပေါ်မှာ မိမိအပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းလေ ၏ ။ နှစ်လစေ့သောအခါ အဘထံသို့ ပြန်လာ ၍ ၊ အဘသည် သစ္စာဂတိရှိသည်အတိုင်း ပြုလေ ၏ ။ ထိုမိန်းမသည် ယောက်ျားနှင့် မဆက်ဆံသော သူဖြစ် ၏ ။ ထိုနောက်မှ ဣသရေလအမျိုးသမီးတို့သည် ၊ ဂိလဒ်အမျိုးသားယေဖသ ၏ သမီးကြောင့် တနှစ်တနှစ် လျှင် လေးရက်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းငှါ သွားရသော ဣသရေလ ထုံးစံဓလေ့ ဖြစ်လေ ၏ ။ ဧဖရိမ်အမျိုးသားတို့သည် စည်းဝေး ၍ မြောက်သို့ ချီသွားလျှင် ၊ ယေဖသအား သင်သည် ငါတို့ကို မခေါ်ဘဲ ၊ အမ္မုန်အမျိုးသားတို့ကို အဘယ်ကြောင့် တိုက်ခြင်းငှါ သွားသနည်း ။ သင့်အိမ်ကို သင့်အပေါ်မှာ မီးရှို့မည်ဟု ဆိုကြသော် ၊ ယေဖသက ၊ ငါနှင့် ငါ ၏ လူတို့သည် အမ္မုန်အမျိုးသားတို့နှင့် ကြီးသောအမှု ရှိစဉ်အခါ ၊ သင်တို့ကို ငါခေါ်သော်လည်း ၊ သင်တို့သည် အမ္မုန်လူတို့လက်မှ ငါ့ကို မကယ်မနှုတ်ဘဲ နေကြ ၏ ။ မကယ်မနှုတ်ကြောင်းကို ငါသည် သိမြင်သောအခါ ၊ ကိုယ်အသက်ကို စွန့်စားလျက် အမ္မုန်အမျိုးသား တို့ကို တိုက်ခြင်းငှါ သွား ၍ ထာဝရဘုရားသည် သူတို့ကို ငါ့လက် ၌ အပ်တော်မူ ၏ ။ သင်တို့သည် ငါ့ကို တိုက်ခြင်းငှါ အဘယ်ကြောင့် ယနေ့ လာကြသနည်းဟု ပြောဆိုပြီးလျှင် ၊ ဂိလဒ်ပြည်သားအပေါင်းတို့ကို စုဝေးစေ ၍ ဧဖရိမ်အမျိုးကို တိုက်ကြ ၏ ။ ဧဖရိမ်လူတို့က ၊ သင်တို့သည် ဧဖရိမ်အမျိုး ၊ မနာရှေအမျိုးထဲက ထွက်ပြေး ၍ အမျိုးမစစ်သောသူ ဖြစ်သည်ဟု ဂိလဒ်ပြည်သားတို့ကို ကဲ့ရဲ့ဘူးသောကြောင့် ၊ ဧဖရိမ်လူတို့ကို လုပ်ကြံကြ ၏ ။ ဂိလဒ်လူတို့သည် ဧဖရိမ်လူတို့ရှေ့မှာ ယော်ဒန်မြစ်ကူးရာအရပ်တို့ကို ဆီးတား ၍ ပြေးလွတ်သော ဧဖရိမ်လူက ၊ ကူးပါရစေဟု အခွင့်တောင်းသောအခါ ၊ ဂိလဒ်လူတို့က ၊ သင်သည် ဧဖရိမ်အမျိုးသား ဖြစ်သလောဟု မေးစစ်သော် ၊ သူက မဟုတ်ပါဟု ဆိုလျှင် ၊ သူတို့က ၊ ရှိဗောလက်ဟူသော စကားကို ပြောတော့ဟုဆိုသော် ၊ ဧဖရိမ်လူသည် ထိုစကားကို ပြီအောင် မပြောတတ်ဘဲ သိဗောလက်ဟု ပြော ၏ ။ ထိုသို့ပြောသောသူကို ဘမ်းဆီး ၍ ယော်ဒန်မြစ်ကူးရာအရပ် ၌ သတ်ကြ ၏ ။ ထိုအခါ ဧဖရိမ်အမျိုးသား လေးသောင်းနှစ်ထောင် သေကြ ၏ ။ ဂိလဒ်ပြည်သားယေဖသသည် ဣသရေလအမျိုးကို ခြောက်နှစ်အုပ်စိုးပြီးမှ သေ ၍ ဂိလဒ်မြို့တမြို့ ၌ သင်္ဂြိုဟ်လေ ၏ ။ ယေဖသနောက်မှ ဗက်လင်မြို့သား ဣဗဇန်သည် ၊ ဣသရေလအမျိုးကို အုပ်စိုး ၏ ။ ထိုမင်းသည် သားသုံးဆယ် ၊ သမီးသုံးဆယ် ရှိ ၏ ။ သမီးများကို အခြားတပါးသို့ စေလွှတ် ၍ ချွေးမ သုံးဆယ်ကို သိမ်းထား ၏ ။ ဣဗဇန်သည် ဣသရေလအမျိုးကို ခုနစ်နှစ်အုပ်စိုးပြီးမှ သေ ၍ ဗက်လင်မြို့ ၌ သင်္ဂြိုဟ်လေ ၏ ။ ဣဗဇန်နောက်မှ ဇာဗုလုန်အမျိုးသားဧလုန်သည် ၊ ဣသရေလအမျိုးကို ဆယ်နှစ်အုပ်စိုး ၏ ။ ထိုမင်းသေ ၍ ဇာဗုလုန်ခရိုင် ၊ အာဇလုန်မြို့ ၌ သင်္ဂြိုဟ်လေ ၏ ။ ဧလုန်နောက်မှ ပိရသုန်မြို့နေ ဟိလေလ ၏ သား အာဗဒုန်သည် ၊ ဣသရေလအမျိုးကို အုပ်စိုး ၏ ။ ထိုမင်းသည် သားလေးဆယ် ၊ မြေးသုံးဆယ်ရှိ ၍ သားမြေးတို့သည် ခုနစ်ဆယ်သော မြည်းသငယ်တို့ကို စီးကြ ၏ ။ ပိရသုန်မြို့ နေဟိလေလသား အာဗဒုန်သည် ၊ ဣသရေလအမျိုးကို ရှစ်နှစ်အုပ်စိုးပြီးမှ သေ ၍ ဧဖရိမ်ခရိုင် ၊ ပိရသုန်မြို့ ၊ အာမလက်တောင်ပေါ်မှာ သင်္ဂြိုဟ်လေ ၏ ။ တဖန် ဣသရေလအမျိုးသားတို့သည် ၊ ထာဝရဘုရားရှေ့တော် ၌ ဒုစရိုက်ကို ပြုသောကြောင့် ၊ ထာဝရဘုရားသည် သူတို့ကို ဖိလိတ္တိလူတို့လက်သို့ အနှစ်လေးဆယ်ပတ်လုံးအပ်တော်မူ ၏ ။ ဒန်အမျိုး ၊ ဇောရာမြို့သား မာနော်အမည်ရှိသော သူတယောက်ရှိ ၏ ။ သူ ၏ မယားသည် မြုံသော ကြောင့် သားမဘွား ။ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ထိုမိန်းမအား ကိုယ်ထင်ရှား ၍ ၊ သင်သည် မြုံသောကြောင့် သားမဘွားသော်လည်း ၊ ယခု ပဋိသန္ဓေယူ ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည် ။ သို့ဖြစ် ၍ သတိပြုလော့ ။ စပျစ်ရည်ကို မသောက်နှင့် ။ သေရည်သေရက်ကို မသောက်နှင့် ။ မစင်ကြယ်သော အစာကို မစားနှင့် ။ အကြောင်းမူကား ၊ ပဋိသန္ဓေယူ ၍ ဘွားမြင်လတံ့သော သားယောက်ျားသည် ဆံပင်ရိတ်ခြင်းကို မခံဘဲ ၊ အမိဝမ်းထဲမှစ ၍ ဘုရားသခင် ၏ နာဇရိလူဖြစ်ရလိမ့်မည် ။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်စပြုလိမ့်မည်ဟု ဆို ၏ ။ ထိုမိန်းမသည်လည်း မိမိခင်ပွန်းထံသို့ သွား ၍ ဘုရားသခင် ၏ ကောင်းကင်တမန်မျက်နှာကဲ့သို့ ကြောက်မက်ဘွယ်သော မျက်နှာရှိသော ဘုရားသခင် ၏ လူတယောက်သည် အကျွန်ုပ်ဆီသို့ လာ ၏ ။ အဘယ်ကလာသနည်းဟု အကျွန်ုပ်လည်း မမေး ။ သူသည်လည်း မိမိအမည်ကို မပြော ။ သူကလည်း ၊ သင်သည် ပဋိသန္ဓေယူ ၍ သားယောက်ျားကို ဘွားမြင်လိမ့်မည် ။ စပျစ်ရည်ကို မသောက်နှင့် ။ သေရည်သေရက်ကို မသောက်နှင့် ။ မစင်ကြယ်သော အစာကို မစားနှင့် ။ အကြောင်းမူကား ၊ ထိုသူငယ်သည် အမိဝမ်းထဲမှစ ၍ သေသောနေ့တိုင်အောင် ဘုရားသခင် ၏ နာဇရိလူဖြစ်ရလိမ့်မည်ဟု အကျွန်ုပ်အား မိန့်မြွက်ကြောင်းကို ပြောဆိုလေ ၏ ။ ထိုအခါ မာနော်က ၊ အိုဘုရားရှင် ၊ အကျွန်ုပ်တို့သည် ဘွားမြင်လတံ့သော သူငယ် ၌ အဘယ်သို့ ပြုရမည်ကို ဘုရားသခင် ၏ တမန်တော်သည် တဖန်လာ ၍ သွန်သင်စေတော်မူပါဟု ထာဝရဘုရား အား တောင်းလျှောက်သော် ၊ ထာဝရဘုရားသည် မာနော်စကားကို နားထောင်တော်မူ ၍ ၊ ဘုရားသခင် ၏ ကောင်းကင်တမန်သည် လယ်လုပ်ရာအရပ် ၌ ထိုင်လျက်ရှိသော ထိုမိန်းမဆီသို့ လာပြန် ၏ ။ ထိုအခါ ခင်ပွန်းမာနော်မရှိ ။ မိန်းမသည် မိမိခင်ပွန်းထံသို့ အလျင်အမြန်ပြေး ၍ ၊ တနေ့ကလာသောသူသည် ယခုလာရောက်ပြီဟု ကြားပြောလျှင် ၊ မာနော်သည် ထ ၍ မယားနှင့်အတူ ထိုသူထံသို့ သွားပြီးလျှင် ၊ သင်သည် ဤမိန်းမအား ပြောသော သူမှန်သလောဟု မေးသော် ၊ မှန်သည်ဟု ဆို ၏ ။ မာနော်ကလည်း ၊ ကိုယ်တော် ၏ စကားပြည့်စုံပါစေသော ။ သူငယ်သည် အဘယ်သို့သောသူ ဖြစ်ပါလိမ့်မည်နည်း ။ သူ ၌ အဘယ်သို့ ပြုရပါမည်နည်းဟု မေးသော် ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်က ၊ ငါပြောသမျှကို မိန်းမရှောင်ရမည် ။ စပျစ်ပင်မှ ဖြစ်သမျှကို မစားရ ။ စပျစ်ရည်မှစ ၍ သေရည်သေရက်ကို မသောက်ရ ။ မစင်ကြယ်သော အရာကို မစားရ ။ ငါမှာထားသမျှအတိုင်း စောင့်ရှောက်ရမည်ဟု မာနော်အား ပြောဆို ၏ ။ မာနော်ကလည်း ၊ ကိုယ်တော်အဘို့ ဆိတ်သငယ်ကို မပြင်ဆင်မှီတိုင်အောင် ကိုယ်တော်ကို ဆီးတားပါရစေဟု ထာဝရဘုရား ၏ ကောင်းကင်တမန်အား ဆိုလျှင် ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်က ၊ ငါ့ကို ဆီးတားသော်လည်း သင် ၏ စားစရာကို ငါမစား ။ မီးရှို့ရာယဇ်ကို ပူဇော်လိုလျှင် ထာဝရဘုရားအား ပူဇော်ရမည်ဟု မာနော်အား ဆိုပြန် ၏ ။ သူသည် ထာဝရဘုရား ၏ ကောင်းကင်တမန်ဖြစ်သည်ကို မာနော် မသိသေး ။ မာနော်ကလည်း ကိုယ်တော်စကား ပြည့်စုံသောအခါ ၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကိုချီးမွမ်းရမည် အကြောင်း ၊ ကိုယ်တော် ၏ အမည်ကား အဘယ်သို့နည်းဟု ထာဝရဘုရား ၏ ကောင်းကင်တမန် အား မေးသော် ၊ ထာဝရဘုရား ၏ ကောင်းကင်တမန်က ၊ အံ့ဩဘွယ်ဖြစ်သော ငါ့အမည်ကို အဘယ်ကြောင့် မေးသနည်းဟု ဆို ၏ ။ မာနော်သည် ဆိတ်သငယ်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ယူ ၍ ကျောက်ပေါ်မှာ ထာဝရဘုရားအား ပူဇော်လေ ၏ ။ ထိုအခါ မာနော်လင်မယားတို့သည် ကြည့် ၍ မြင်ရသော အံ့ဩဘွယ်ဟူမူကား ၊ မီးလျှံသည် ယဇ်ပလ္လင်ပေါ်က မိုဃ်းကောင်းကင်သို့ တက်စဉ်တွင် ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယဇ်ပလ္လင်မီးလျှံ ၌ တက်လေ ၏ ။ မာနော်လင်မယားတို့သည် ကြည့် ၍ မြင်လျှင် မြေပေါ်မှာ ပြပ်ဝပ်လျက်နေကြ ၏ ။ ထာဝရဘုရား ၏ ကောင်းကင်တမန်သည် ၊ မာနော်လင်မယားတို့အား တဖန်မပေါ်လာ ။ ထိုအခါ မာနော်သည် ထာဝရဘုရား ၏ ကောင်းကင်တမန်ဖြစ်သည်ကို သိ ၏ ။ မာနော်ကလည်း ၊ ငါတို့သည် ဘုရားသခင်ကို မြင်သောကြောင့် ၊ ဆက်ဆက်သေတော့မည်ဟု မယားအား ပြောသော် ၊ မယားက ၊ ထာဝရဘုရားသည် ငါတို့ကို သတ်ခြင်းငှါ အလိုတော်ရှိလျှင် ၊ မီးရှို့ရာယဇ်နှင့် ဘောဇဉ် ပူဇော်သက္ကာကို ငါတို့လက်မှ ခံယူတော်မမူ ။ ဤအခြင်းအရာအလုံးစုံတို့ကိုလည်း ပြတော်မမူ ။ ယခုအခါ ၌ ဤသို့သော စကားကိုလည်း မိန့်တော်မမူဟု ပြန်ပြော ၏ ။ ထိုမိန်းမသည် သားယောက်ျားကို ဘွားမြင် ၍ ၊ ရှံဆုန်အမည်ဖြင့် မှည့် ၏ ။ သူငယ်သည် ကြီးပွား ၍ ထာဝရဘုရားကောင်းကြီးပေးတော်မူ ၏ ။ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြား ၊ ဒန်အမျိုးတပ် ၌ တခါတလေ နှိုးဆော်စပြုတော်မူ ၏ ။ တရံရောအခါ ၊ ရှံဆုန်သည် တိမနတ်မြို့သို့ သွား ၍ ၊ ထိုမြို့ ၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်လျှင် ၊ မိဘထံသို့ ပြန်လာ ၍ ၊ တိမနတ်မြို့ ၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတယောက်ကို မြင်ခဲ့ပြီ ။ ကျွန်ုပ် ကြင်ဘက်ဖြစ်ဘို့ရာ တောင်း ၍ ပေးပါဟုဆိုသော် ၊ မိဘတို့က ၊ သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကို သွား ၍ ယူရမည် အကြောင်း ၊ သင် ၏ ညီအစ်ကိုသမီး ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတယောက်မျှ မရှိလောဟု ဆိုသော်လည်း ၊ ရှံဆုန်က ၊ ထိုမိန်းမကို တောင်း ၍ ပေးပါ ။ အလွန်နှစ်သိမ့်ပါသည်ဟု အဘအား ပြောဆို ၏ ။ ထာဝရဘုရားစီရင်တော်မူသောအားဖြင့် ၊ ရှံဆုန်သည် ဖိလိတ္တိလူတို့ ၌ အမှုရှာကြောင်းကို မိဘတို့သည် မရိပ်မိကြ ။ ထိုကာလ ၌ ဖိလိတ္တိလူတို့သည် ဣသရေလအမျိုးကို အုပ်စိုးသတည်း ။ ထိုအခါ ရှံဆုန်သည် မိဘနှင့်တကွ တိမနတ်မြို့သို့ သွား ၍ ၊ တိမနတ်စပျစ်ဥယျာဉ်များသို့ ရောက်လျှင် ၊ ခြင်္သေ့ပျိုတကောင်သည် သူ့ကိုတွေ့ ၍ ဟောက်လေ ၏ ။ ထိုအခါ ရှံဆုန်လက် ၌ တစုံတခုမျှ မပါသော်လည်း ၊ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့် ၊ သူသည် ဆိတ်သငယ်ကို ဆွဲဖြတ်သကဲ့သို့ ထိုခြင်္သေ့ကို ဆွဲဖြတ် ၏ ။ သို့ရာတွင် မိမိပြုသော အမှုကို မိဘတို့အား မကြားမပြောဘဲ နေ ၏ ။ မြို့သို့ ရောက် ၍ မိန်းမနှင့် နှုတ်ဆက်သဖြင့် ရှံဆုန်သည် နှစ်သိမ့် ၏ ။ အချိန်စေ့ ၍ ထိုမိန်းမကို သိမ်းယူခြင်းငှါ သွားစဉ်အခါ ၊ ခြင်္သေ့အကောင်ကို ကြည့်ရှုအံ့သောငှါ ၊ လမ်းမှ လွှဲသွား ၍ ခြင်္သေ့အကောင်ထဲမှာ ပျားအုံနှင့် ပျားရည်ရှိသည်ကို တွေ့မြင်လျှင် ၊ နှိုက်ယူ ၍ စားလျက် ခရီးသွားလေ ၏ ။ မိဘထံသို့ ရောက်သော် ပေး ၍ သူတို့သည်လည်း စားကြ ၏ ။ သို့ရာတွင် ထိုပျားရည်ကို ခြင်္သေ့အကောင်ထဲက နှိုက်ယူကြောင်းကို မကြားမပြောဘဲ နေ ၏ ။ အဘသည်လည်း ၊ မိန်းမနေရာအရပ်သို့ သွားပြန် ၍ ရှံဆုန်သည် လူပျိုထုံးစံအတိုင်း ပွဲလုပ်လေ ၏ ။ ထိုအရပ်သားတို့သည် ရှံဆုန်ကို မြင်သောအခါ ၊ သူနှင့်အတူ ပွဲခံခြင်းငှါ အပေါင်းအဘော်သုံးဆယ်တို့ကို ခေါ်ခဲ့ကြ ၏ ။ ရှံဆုန်ကလည်း ၊ သင်တို့အား စကားဝှက်ကို ငါပြောမည် ။ ပွဲခံရာခုနစ်ရက်တွင် ဘော်ပြနိုင်လျှင် ခြုံထည် သုံးဆယ် ၊ အင်္ကျီသုံးဆယ်ကို ငါပေးမည် ။ မဘော်မပြနိုင်လျှင် သင်တို့သည် ခြုံထည်သုံးဆယ် ၊ အင်္ကျီသုံးဆယ်ကို ငါ့အား ပေးရမည်ဟုဆိုသော် သူတို့က ၊ သင့်စကားဝှက်ကို ငါတို့အား ကြားပြောပါဟု ဝန်ခံကြ ၏ ။ ရှံဆုန်ကလည်း ၊ စားတတ်သောသူ ၏ အထဲက အစာ ၊ သန်စွမ်းသော သူ ၏ အထဲက အချိုထွက်လေစွဟု ဆို ၏ ။ ထိုစကားဝှက်အနက်ကို သူတို့သည် သုံးရက်ပတ်လုံးရှာ ၍ မတွေ့နိုင်ကြ ။ စတုတ္ထနေ့ရောက်မှ ၊ သူတို့က ၊ သင် ၏ လင်သည် စကားဝှက်အနက်ကို ဘော်ပြစေခြင်းငှါ သူ့ကို ချော့မော့ ရမည် ။ သို့မဟုတ် သင်နှင့်တကွ သင့်အဆွေအမျိုးကို မီးရှို့မည် ။ ငါတို့ဥစ္စာကို လုယူခြင်းငှါ ငါတို့ကို ခေါ်ဘိတ်သလောဟု ရှံဆုန် ၏ မယားကို ဆိုသောကြောင့် ၊ သူသည် လင်ရှေ့မှာ ငိုကြွေး ၍ သင်သည် ငါ့ကို မချစ် မုန်းပါ ၏ ။ ငါ့အမျိုးသားချင်းတို့အား စကားဝှက်ကို ပြောသော်လည်း ၊ အနက်ကို ငါ့အား မပြပါတကားဟု ဆို ၏ ။ ရှံဆုန်ကလည်း ၊ ငါသည် ကိုယ်မိဘကိုမျှ မပြဘဲ သင့်အား ပြရမည်လောဟုဆိုသော်လည်း ၊ ပွဲခံရာခုနစ်ရက်စေ့အောင် လင်ရှေ့မှာ ငိုကြွေး ၍ ခုနစ်ရက်မြောက်သော နေ့ ၌ အလွန်ပူဆာသော ကြောင့် အနက်ကို ဘော်ပြ ၏ ။ မိန်းမသည်လည်း အမျိုးသားချင်းတို့အား ပြန်ပြောလေ ၏ ။ မြို့သားတို့သည် ခုနစ်ရက်မြောက်သောနေ့ နေမဝင်မှီလာ ၍ ပျားရည်ထက် အဘယ်အရာ ချိုသနည်း ။ ခြင်္သေ့ထက် အဘယ်အရာ သန်စွမ်းသနည်းဟု ဘော်ပြကြ ၏ ။ ရှံဆုန်ကလည်း ၊ သင်တို့သည် ငါ့နွားမပျို နှင့် မထွန်လျှင် ငါ့စကားဝှက်အနက်ကို ရှာ ၍ မတွေ့ဟုဆို ၏ ။ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် ရှံဆုန်အပေါ်မှာ သက်ရောက်သဖြင့် ၊ သူသည် အာရှကေလုန်မြို့ သို့ သွား ၍ မြို့သားသုံးဆယ်ကို သတ်ပြီးမှ သူတို့ဥစ္စာကို လုယူ ၍ စကားဝှက်အနက်ကို ဘော်ပြသော သူတို့အား အဝတ်စုံတို့ကို ပေးပြီးမှ ၊ အမျက်ထွက် ၍ မိမိအဘအိမ်သို့ ပြန်သွားလေ ၏ ။ မယားကို ကားရှံဆုန်ပေါင်းဘော်သော အဆွေခင်ပွန်းအား ပေးစားသတည်း ။ နောက်တဖန် ဂျုံစပါးရိတ်ရာ ကာလ ၌ ရှံဆုန်သည် ဆိတ်သငယ်ပါလျက် ၊ မိမိမယားကို ကြည့်ရှုခြင်းငှါ သွား ၍ ၊ သူ့အခန်းထဲမှာ သူနှင့်အတူ အိပ်မည်ဟု ကြံသော် ၊ ယောက္ခမသည် ဆီးတား ၍ ၊ သင်သည် ငါ့သမီးကို ဆက်ဆက် မုန်းသည်ဟု ငါအထင်ရောက်သောကြောင့် ၊ သင့်အပေါင်းအဘော် အား ငါပေးစားပြီ ။ သူ့ညီမသည် သူ့ထက်သာ ၍ လှသည် မဟုတ်လော ။ အစ်မ ၏ ကိုယ်စား ညီမကို ယူပါတော့ဟု ဆို ၏ ။ ထိုအမှုကို ထောက် ၍ ရှံဆုန်က ၊ ငါသည် ဖိလိတ္တိလူတို့ ၌ အပြစ်ပြုသော်လည်း ၊ သူတို့သည် ငါ့ကို အပြစ်တင်စရာမရှိဟု ဆိုသည်နှင့်အညီ ၊ သွား ၍ မြေခွေးသုံးရာတို့ကို ဘမ်းပြီးမှ ၊ မြေခွေးအမြီးတခုနှင့် တခုကို ပေါင်းလျက် ၊ အမြီးနှစ်ခုကြား ၌ မီးရှူးကို စည်း ၍ ၊ မီးရှူးတို့ကို မီးညှိသဖြင့် ဖိလိတ္တိလူတို့ စပါးလယ်ထဲသို့ လွှတ်လိုက် ၍ စပါးပင်ကို ၎ င်း ၊ ကောက်လှိုင်းကို ၎ င်း ၊ စပျစ်ဥယျာဉ် ၊ သံလွင်ဥယျာဉ်တို့ကို ၎ င်း မီးလောင်လေ ၏ ။ ဖိလိတ္တိလူတို့ကလည်း ၊ ဤအမှုကို အဘယ်သူပြုသနည်းဟု မေးမြန်းသော် ၊ တိမနတ်မြို့သား ၏ သားမက် ရှံဆုန်ပြုပြီ ။ သူ ၏ မယားကို သူ ၏ အပေါင်းအဘော်အား ပေးစားပြီတကားဟု ပြန်ပြောလျှင် ၊ ဖိလိတ္တိလူတို့သည် လာ ၍ ထိုမိန်းမနှင့် သူ ၏ အဘကို မီးရှို့ကြ ၏ ။ ရှံဆုန်ကလည်း ၊ ထိုသို့ ပြုသောကြောင့် ငါသည် စိတ်ပြေအောင် ပြုမည် ။ စိတ်ပြေပြီးမှ ငြိမ်သက်စွာ နေမည်ဟု ဆိုလျက် ၊ သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် တပြိုင်နက် ရိုက်သတ်ပြီးလျှင် ဧတံကျောက်ထိပ်သို့ သွား ၍ နေ ၏ ။ တဖန် ဖိလိတ္တိလူတို့သည် ယုဒပြည်သို့ ချီသွား ၍ တပ်ချသဖြင့် ၊ လေဟိအရပ် ၌ အနှံ့အပြားနေကြ ၏ ။ ယုဒလူတို့ကလည်း ၊ အဘယ်ကြောင့် ချီလာကြသနည်းဟု မေးသော် ၊ ငါတို့ ၌ ရှံဆုန်ပြုသကဲ့သို့ သူ့ကို ချည်နှောင် ၍ ပြုခြင်းငှါ ချီလာသည်ဟု ပြန်ပြောကြ ၏ ။ ထိုအခါ ယုဒလူသုံးထောင်တို့သည် ဧတံကျောက်ထိပ်သို့ သွား ၍ ၊ ဖိလိတ္တိလူတို့သည် ငါတို့သခင် ဖြစ်ကြောင်းကို သင်မသိသလော ။ သင်သည် ငါတို့ ၌ အဘယ်သို့ ပြုသနည်းဟု မေးသော် ၊ ငါ ၌ သူတို့ပြုသကဲ့သို့ သူတို့ ၌ ငါပြုပြီဟု ပြန်ပြော ၏ ။ သူတို့ကလည်း ၊ သင့်ကို ချည်နှောင် ၍ ဖိလိတ္တိလူတို့လက်သို့ အပ်ခြင်းငှါ ယခု ငါတို့ လာကြပြီဟုဆိုသော် ၊ ရှံဆုန်က ၊ သင်တို့သည် ကိုယ်တိုင် ငါ့ကို မလုပ်ကြံပါဟု ကျိန်ဆိုကြလော့ဟု ဆိုလျှင် ၊ သူတို့က ၊ ငါတို့သည် မလုပ်ကြံပါ ။ ကျပ်ကျပ်ချည်နှောင် ၍ သူတို့လက် ၌ အပ်မည် ။ အကယ်စင်စစ် ကိုယ်တိုင်သင့်ကို မသတ်ပါဟုဆိုလျက် ကြိုးသစ်နှစ်စင်းဖြင့် ချည်နှောင် ၍ ကျောက်ပေါ်က ဆောင်ခဲ့ကြ ၏ ။ လေဟိအရပ်သို့ ရောက်သောအခါ ၊ ဖိလိတ္တိလူတို့သည် ကြွေးကြော်ကြ ၏ ။ ထာဝရဘုရား ၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့် ၊ သူ့လက် ၌ ချည်သော ကြိုးတို့သည် မီးထိသော ပိုက်ဆန်ကဲ့သို့ ဖြစ် ၍ အချည်အနှောင်ကျွတ်လေ ၏ ။ သူသည်လည်း မြည်းမေးရိုးလတ်လတ်ကို တွေ့ ၍ ကိုင်ယူပြီးလျှင် လူတထောင်တို့ကို သတ်လေ ၏ ။ သတ်ပြီးလျှင် မြည်းမေးရိုးဖြင့် အပုံပုံ ၊ မြည်းမေးရိုးဖြင့် လူတထောင်ကို ငါသတ်လေပြီဟု ဆိုသောနောက် ၊ မြည်းမေးရိုးကို ပစ်လိုက် ၍ ၊ ထိုအရပ်ကို ရာမတ်လေဟိအမည်ဖြင့် တွင်လေ ၏ ။ အလွန်ရေငတ် ၍ ထာဝရဘုရားကို ဆုတောင်းလျက် ၊ ကိုယ်တော်သည် ဤကြီးစွာသော ကယ်တင်ခြင်း ကို ကိုယ်တော် ၏ ကျွန်လက် ၌ ပေးတော်မူပြီးမှ ၊ ယခု အကျွန်ုပ်သည် ရေငတ်သဖြင့် သေ ၍ အရေဖျား လှီးခြင်းကို မခံသော လူတို့လက်သို့ ရောက်ရပါမည်လောဟု လျှောက်သော် ၊ လေဟိအရပ် ၌ ချိုင့်ဝှမ်းရာကို ဘုရားသခင်ဖောက်တော်မူ ၍ ရေထွက်လေ ၏ ။ သူသည် ရေကို သောက်သဖြင့် အသက်ရှူပြန် ၍ အားဖြည့်လေ ၏ ။ သို့ဖြစ် ၍ ထိုချိုင့်ဝှမ်းရာကို အဟက္ကောရအမည်ဖြင့် တွင် ၍ ယနေ့တိုင်အောင် လေဟိအရပ် ၌ ရှိသတည်း ။ ရှံဆုန်သည်လည်း ဖိလိတ္တိလူတို့လက်ထက် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ် အုပ်စိုးလေ ၏ ။ နောက်တဖန် ရှံဆုန်သည် ဂါဇမြို့သို့ သွား ၍ ပြည်တန်ဆာမိန်းမကို တွေ့ပြီးလျှင် သူ့ဆီသို့ ဝင် ၍ နေ ၏ ။ ရှံဆုန်ရောက်ကြောင်းကို ဂါဇမြို့သားတို့သည် ကြားလျှင် ဝိုင်းထားလျက် ၊ မြို့တံခါးဝ ၌ တညဉ့်လုံး ချောင်းမြောင်းလျက် ၊ နံနက်မိုဃ်းလင်းသောအခါ သူ့ကို သတ်မည်ဟု ဆို ၍ တညဉ့်လုံး ငြိမ်သက်စွာ နေကြ ၏ ။ ရှံဆုန်သည် သန်းခေါင်တိုင်အောင် အိပ်ပြီးမှ ၊ သန်းခေါင်အချိန် ၌ ထ ၍ မြို့တံခါးရွက်တို့ကို ၊ တံခါးတိုင် ကန့်လန့်ကျင်နှင့်တကွ ယူ ၍ ပခုံးပေါ်မှာ တင်လျက် ထမ်းသွား ၍ ၊ ဟေဗြုန်မြို့ရှေ့ ၊ တောင်ပေါ် ၌ ပစ်ထားလေ ၏ ။ နောက်တဖန် စောရက်ချိုင့် ၌ နေသော ဒေလိလအမည်ရှိသော မိန်းမတယောက်ကို ချစ်ပြန် ၏ ။ ဖိလိတ္တိမင်းတို့သည် ထိုမိန်းမဆီသို့ လာ ၍ ၊ ရှံဆုန် ၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သနည်း ၊ သူ့ကို ချည်နှောင် ၍ နှိပ်စက်ခြင်းငှါ အဘယ်သို့ တတ်နိုင်မည်နည်းဟု သူ့ကို ချော့မော့ ၍ စူးစမ်းပါ ။ ငါတို့သည် ဝိုင်း ၍ ငွေဆယ်တပိဿာကို ပေးမည်ဟု ဆိုကြ ၏ ။ ဒေလိလကလည်း ၊ သင် ၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို ၎ င်း ၊ သင့်ကို နှိပ်စက်ခြင်းငှါ အဘယ်သို့ ချည်နှောင်ရမည်ကို ၎ င်း ပြောပါဟု ရှံဆုန်အား တောင်းပန်သော် ၊ ရှံဆုန်က ၊ တခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းနှင့် ငါ့ကို ချည်နှောင်လျှင် ငါ ၌ ခွန်အားလျော့ ၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို ၏ ။ ထိုအခါ ဖိလိတ္တိမင်းတို့သည် တခါမျှ မသွေ့ခြောက်သော လျှော်ကြိုးစိမ်းခုနစ်စင်းတို့ကို ယူခဲ့ ၍ ၊ ထိုမိန်းမသည် ရှံဆုန်ကို ချည်နှောင်လေ ၏ ။ ယောက်ျားအချို့တို့သည် ထိုမိန်းမ ၏ အိပ်ခန်းထဲမှ ချောင်းမြောင်းလျက် နေသည်ဖြစ် ၍ မိန်းမက ၊ ရှံဆုန် ၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော် ၊ သူသည် မီးထိသော ပိုက်ဆန်ချည်ကဲ့သို့ ထိုကြိုးတို့ကို ဖြတ်လေ ၏ ။ သို့ဖြစ် ၍ သူ ၏ ခွန်အားကို မသိရကြ ။ ဒေလိလကလည်း ၊ သင်သည် ငါ့ကို ကျီစား ၍ မုသာကိုသာ ပြောပြီ ။ သင့်ကို အဘယ်သို့ ချည်နှောင် ရမည်ကို ယခုပြောပါဟု ရှံဆုန်အား တောင်းပန်သော် ၊ သူက ၊ မသုံးဘူးသော ကြိုးသစ်နှင့် ကျပ်ကျပ်ချည်နှောင်လျှင် ငါ ၌ ခွန်အားလျော့ ၍ အခြားသော သူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း ၊ ဒေလိလသည် ကြိုးသစ်တို့ကို ယူ ၍ ချည်နှောင်ပြီးမှ ၊ ထိုအခန်း ၌ ချောင်းမြောင်းသော သူအချို့ ရှိနေလျက် ၊ ရှံဆုန် ၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော် ၊ ရှံဆုန်သည် လက်ရုံး ၌ ချည်သော ကြိုးတို့ကို အပ်ချည်ကဲ့သို့ ဖြတ်လေ ၏ ။ ဒေလိလကလည်း ၊ ယခုတိုင်အောင် သင်သည် ငါ့ကို ကျီစား ၍ မုသာကိုသာ ပြောပြီ ။ အဘယ်သို့ ချည်နှောင်ရမည်ကို ပြောပါဟု ရှံဆုန်အား တောင်းပန်သော် ၊ သူက ၊ ငါ့ဆံပင် ခုနစ်စုတို့ကို ရက်ကန်းသား ၌ ရက်သွင်း ၍ ထရံတွင်စို့နှင့် ရိုက်ထားလျှင် ငါ ၌ ခွန်အားလျော့ ၍ အခြားသော သူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆိုသည်အတိုင်း ၊ ဒေလိလသည် သူ ၏ ဆံပင်ခုနစ်စုတို့ကို ရက်ကန်းသား ၌ ရက်သွင်း ၍ ထရံတွင်စို့နှင့် ရိုက်ထားပြီးမှ ၊ ရှံဆုန် ၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟုဆိုသော် ၊ ရှံဆုန်နိုး ၍ ရက်ကန်းလက်လိပ် ၊ စို့ ၊ ရက်ကန်းသားပါလျက် သွား ၏ ။ ဒေလိလကလည်း ၊ သင်သည် ငါ့ကို ချစ်သည်ဟု စိတ်နှလုံးမပါဘဲလျက် အဘယ်သို့ ပြောနိုင်သနည်း ။ သင့် ၌ ကြီးသော ခွန်အားသည် အဘယ်အရာအားဖြင့် တည်သည်ကို မပြော ။ သုံးကြိမ်တိုင်အောင် ငါ့ကို ကျီစားပြီဟု ဆို ၏ ။ ထိုသို့ ဒေလိလသည် နေ့တိုင်း ပူဆာ ၍ သူအသက် သေလုအောင် နှောင့်ရှက်သောကြောင့် ၊ - ရှံဆုန်သည် မိမိစိတ်နှလုံး ၌ ရှိသမျှအတိုင်းပြော ၍ ၊ ငါ့ဆံပင်ကို တခါမျှ မရိတ်သေး ။ အမိဝမ်းထဲမှစ ၍ ဘုရားသခင် ၏ နာဇရိလူဖြစ် ၏ ။ ငါ့ဆံပင်ကို ရိတ်လျှင် ငါ ၌ ခွန်အားလျော့ ၍ အခြားသောသူ ကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို ၏ ။ ထိုသို့ မိမိစိတ်နှလုံးထဲမှာ ရှိသမျှအတိုင်း ပြောကြောင်းကို ဒေလိလ သိလျှင် ၊ ဖိလိတ္တိမင်းတို့ကို တဖန်ခေါ် ၍ ၊ ယခုတခါ လာကြပါဦး ။ သူသည် မိမိစိတ်နှလုံးရှိသမျှအတိုင်း ပြောပြီဟု မှာလိုက်သဖြင့် ၊ သူတို့သည် ငွေကို ဆောင်ယူခဲ့လျက် လာကြ ၏ ။ ဒေလိလသည် ရှံဆုန်ခေါင်းကို မိမိဒူးပေါ်မှာ တင်လျက် သူကို အိပ်စေသဖြင့် ၊ လူတယောက်ကို ခေါ် ၍ သူ ၏ ဆံပင်ခုနစ်စုတို့ကို ရိတ်စေပြီးမှ ၊ သူကို နှောင့်ရှက်စပြု ၍ သူ ၏ ခွန်အားသည် လျော့ ပျောက် ၏ ။ မိန်းမကလည်း ၊ ရှံဆုန် ၊ ဖိလိတ္တိလူတို့သည် သင့်ကို တိုက်လာကြသည်ဟု ဆိုသော် ၊ ရှံဆုန်နိုး ၍ ထာဝရ ဘုရား စွန့်တော်မူကြောင်းကို မရိပ်မိသောကြောင့် ၊ အရင်ကဲ့သို့ ငါထွက် ၍ အားထုတ်မည်ဟု အကြံ ရှိသော်လည်း ၊ - ဖိလိတ္တိလူတို့သည် ဘမ်းဆီး ၍ သူ့မျက်စိကို ဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့် ချည်နှောင် ၍ ထောင်အိမ် ၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ ၏ ။ ရှံဆုန် ဆံပင်ရိတ်သောနောက် ၊ တဖန် ပေါက်ပြန်သောအခါ ၊ - ဖိလိတ္တိမင်းတို့ကို ၊ ငါတို့ဘုရားသည် ငါတို့ ရန်သူကို ငါတို့လက်သို့ အပ်တော်မူပြီဟု ဆိုလျက် ၊ သူတို့ ဘုရား ဒါဂုန်အားယဇ်ကြီးကို ပူဇော် ၍ ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ စည်းဝေးကြ ၏ ။ လူများတို့သည် ရှံဆုန်ကို မြင်သောအခါ ၊ ငါတို့ဘုရားသည် ငါတို့ပြည်ကို ဖျက်ဆီး ၍ ၊ ပြည်သားအများ တို့ကို သတ်သော ငါတို့ ၏ ရန်သူကို ၊ ငါတို့လက်သို့ အပ်တော်မူပြီဟု မိမိတို့ဘုရားကို ချီးမွမ်းကြ ၏ ။ စိတ်နှလုံးရွှင်လန်းသောအခါ ၊ ရှံဆုန်ကို ခေါ်ခဲ့ ။ ငါတို့အဘို့ ကစားပါလေစေဟု ဆိုသဖြင့် ၊ ရှံဆုန်ကို ထောင်အိမ်မှ ခေါ်ခဲ့ ၍ သူသည် ကစားရ ၏ ။ သူကိုလည်း စရပ်တိုင်ကြားမှာ ထားကြ ၏ ။ ရှံဆုန်ကလည်း ၊ စရပ်တိုင်တို့ကို ငါမှီ ၍ နေရအောင် လက်နှင့်တွေ့ပါရစေဟု လက်ဆွဲသော လူကလေး ကို အခွင့်တောင်း ၏ ။ - ထိုစရပ် ၌ ယောက်ျားမိန်းမတို့သည် အပြည့်ရှိကြ ၏ ။ ဖိလိတ္တိမင်းအပေါင်းတို့လည်း ပါကြ ၏ ။ စရပ်မိုး ပေါ်မှာလည်း သုံးထောင်မျှလောက်သော ယောက်ျားမိန်းမတို့သည် ရှံဆုန်ကစားသည်ကို ကြည့်ရှု လျက်ရှိကြ ၏ ။ - ရှံဆုန်ကလည်း ၊ အို အရှင်ထာဝရဘုရား ၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ ။ အကျွန်ုပ်မျက်စိနှစ် ဘက်ကို ဖောက်သော ဖိလိတ္တိလူတို့ ၌ တပြိုင်နက်အပြစ်ဒဏ် ပေးနိုင်မည်အကြောင်း ၊ ယခုတကြိမ်မျှ သာ ခွန်အားကို ပြန်ပေးတော်မူပါဘုရားဟု ထာဝရဘုရားအား ဆုတောင်းပြီးမှ ၊ - စရပ်ခေါင်တိုင်နှစ်တိုင်တို့ကို လက်ျာလက် ၊ လက်ဝဲလက်နှစ်ဘက်နှင့်ကိုင် ၍ မှီနေလျက် ၊ - အကျွန်ုပ်သည် ဖိလိတ္တိလူတို့နှင့် အတူသေပါရစေဟု ဆိုလျက် ၊ အားထုတ် ၍ ကိုယ်ကိုညွှတ်ချသဖြင့် ၊ စရပ်သည် မင်းများ ၊ လူများအပေါင်းတို့အပေါ်မှာ လဲ ၍ ဖိလေ ၏ ။ ထိုသို့ အသက်ရှင်စဉ်အခါ သတ်ခဲ့သည်ထက် သေစဉ်အခါ သာ ၍ များသော သူတို့ကို သတ်လေ ၏ ။ သူ့ညီများ ၊ အဆွေအမျိုးများ အပေါင်းတို့သည် လာ ၍ အလောင်းကောင်ကို ထမ်းသွားပြီးလျှင် ၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြားတွင် အဘမာနော် ၏ သင်္ချိုင်း ၌ သင်္ဂြိုလ်ကြ ၏ ။ သူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ် အုပ်စိုးသတည်း ။ မိက္ခာအမည်ရှိသော ဧဖရိမ်တောင်သား တယောက်ရှိ ၏ ။ သူသည် အမိအား ၊ အိုအမေ ၊ ပျောက်သောငွေ ၊ အကျွန်ုပ်ရှေ့မှာ ကျိန်ဆဲသော စကားကို ပြောသော ငွေဆယ်တပိဿာသည် အကျွန်ုပ် ၌ ရှိပါ ၏ ။ အကျွန်ုပ်ယူမိပြီဟု ဆိုသော် ၊ အမိက ၊ ငါ့သား ၊ ထာဝရ ဘုရားကောင်းကြီး ပေးတော်မူပါစေသောဟု ဆို ၏ ။ - ထိုငွေဆယ်တပိဿာကို အမိအား ပြန်ပေးသောအခါ ၊ အမိက ၊ ငါ့သားသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ်စရာဘို့ ဤငွေရှိသမျှကို ထာဝရဘုရားအား ငါပူဇော်နှင့်ပြီ ။ သို့ဖြစ် ၍ ငါ့သားအား ယခု ငါပြန်ပေးမည်ဟု ဆိုသော်လည်း ၊ သားသည် ထိုငွေကို အမိအား ပြန်ပေး ၏ ။ အမိသည်လည်း နှစ်ပိဿာကိုယူ ၍ ပန်းတိမ်သမား ၌ အပ်သဖြင့် ၊ သူသည် ထုသောရုပ်တုနှင့် သွန်းသော ရုပ်တုကိုလုပ် ၍ ရုပ်တုတို့သည် မိက္ခာအိမ် ၌ ရှိ ၏ ။ ထိုလူမိက္ခာသည် ဘုရားကျောင်းရှိ ၍ ၊ သင်တိုင်းတော်နှင့် တေရပ်ရုပ်တုကို လုပ်ပြီးမှ ၊ မိမိ သားတယောက်ကို မိမိယဇ်ပုရောဟိတ်အရာ ၌ ခန့်ထားလေ ၏ ။ ထိုကာလ ၌ ဣသရေလရှင် ဘုရင်မရှိ ။ လူတိုင်း မိမိစိတ် အလိုရှိသည်အတိုင်း ပြုသတည်း ။ ယုဒအမျိုးနှင့် စပ်ဆိုင်သော ဗက်လင် ယုဒမြို့သား လေဝိအမျိုး လုလင်တယောက်သည် ၊ ဗက်လင် မြို့မှာ တည်းခို ၍ နေပြီးလျှင် ၊ - တဖန် ထွက်သွား ၍ တည်းခိုစရာအရပ်ကို ရှာလျက် ခရီးသွားသဖြင့် ၊ ဧဖရိမ်တောင် ၊ မိက္ခာအိမ်သို့ ရောက်လေ ၏ ။ မိက္ခာကလည်း ၊ သင်သည် အဘယ်က လာသနည်းဟု မေးသော် ၊ လုလင်က ၊ ငါသည် ယုဒခရိုင် ဗက်လင်မြို့သား လေဝိလူဖြစ် ၏ ။ တည်းခိုစရာအရပ်ကို ရှာ ၏ ဟု ပြန်ပြောသော် ၊ - မိက္ခာက ၊ အကျွန်ုပ်နှင့်အတူ နေပါ ။ အကျွန်ုပ် ၏ အဘ ၊ အကျွန်ုပ် ၏ ယဇ်ပုရောဟိတ်လုပ်ပါ ။ အကျွန်ုပ်သည် တနှစ်တနှစ်လျှင် ငွေအကျပ်တဆယ်နှင့် အဝတ်စုံကို ၎ င်း ၊ စားစရာကို ၎ င်း ပေးပါမည် ဟု ပင့်ဘိတ်သောအခါ ၊ လေဝိဘူသည် ဝင် ၍ ၊ - ထိုသူနှင့်အတူနေခြင်းငှါ အလိုရှိသဖြင့် သားကဲ့သို့ ဖြစ်လေ ၏ ။ မိက္ခာသည်လည်း ၊ ထိုလေဝိလုလင်ကို မိမိယဇ်ပုရောဟိတ်အရာ ၌ ခန့်ထားသည်အတိုင်း ၊ လုလင်သည် ယဇ်ပုရောဟိတ် လုပ် ၍ မိက္ခာအိမ် ၌ နေ ၏ ။ မိက္ခာကလည်း ၊ ယခုမှာ လေဝိလူသည် ငါ ၏ ယဇ်ပုရောဟိတ် ဖြစ်သောကြောင့် ၊ ထာဝရဘုရားသည် ငါ ၌ ကျေးဇူးပြုတော်မူမည်ကို ငါသိသည်ဟု ဆို ၏ ။ ထိုကာလအခါ ဣသရေလရှင်ဘုရင် မရှိစဉ် ၊ ဒန်အမျိုးသားတို့သည် အမွေခံစရာမြေကို ရှာကြ ၏ ။ ထိုကာလတိုင်အောင် အခြားသော ဣသရေလအမျိုးတို့တွင် ၊ အမွေခံထိုက်သည် အတိုင်းမခံရသေး ။ သို့ဖြစ် ၍ ဒန်အမျိုးသားတို့သည် ပြည်ကို ကြည့်ရှုစူးစမ်းစေခြင်းငှါ မိမိတို့ အမျိုးသား ခွန်အားကြီး သော သူရဲငါးယောက်တို့ကို သူတို့နေရာအရပ် ဇောရာမြို့ ၊ ဧရှတောလမြို့မှ စေလွှတ်လျက် ၊ ပြည်ကို သွား ၍ စူးစမ်းကြလော့ဟု မှာလိုက်ကြသည်အတိုင်း ၊ သူတို့သည် ဧဖရိမ်တောင် ၊ မိက္ခာအိမ်သို့ ရောက် ပြီးလျှင် တည်းခို ၍ နေကြ ၏ ။ မိက္ခာအိမ် ၌ ရှိစဉ်အခါ ၊ လေဝိလုလင် ၏ စကားသံကို မှတ်မိ ၍ ၊ သူ့နေရာသို့ ဝင်လျှင် ၊ သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း ။ ဤသူနှင့် အဘယ်သို့ ဆိုင်သနည်း ။ အဘယ်သို့ လုပ် ၍ နေသနည်းဟု မေးသော် ၊ - ထိုသူက ၊ မိက္ခာသည် ဤမည်သောအမှု ဤမည်သော အရာကို ပေး ၍ ငါ့ကို ငှါးသဖြင့် ၊ ငါသည် သူ ၏ ယဇ်ပုရောဟိတ် လုပ်နေသည်ဟု ပြန်ပြော ၏ ။ သူတို့ကလည်း ၊ အကျွန်ုပ်တို့သည် ယခု ခရီးသွားရာတွင် အကြံမြောက်မည် မမြောက်မည်ကို သိမည် အကြောင်း ဘုရားသခင်ကို မေးမြန်းပါလော့ဟု တောင်းပန်သည်အတိုင်း ၊ - ယဇ်ပုရောဟိတ်က ငြိမ်ဝပ်စွာသွားကြလော့ ။ သင်တို့ သွားရာလမ်းကို ထာဝရဘုရား ကြည့်ရှုတော် မူသည်ဟု ပြန်ပြော ၏ ။ ထိုလူ ငါးယောက်တို့သည် ထွက်သွား ၍ လဲရှမြို့သို့ ရောက်သဖြင့် ၊ မြို့သားတို့သည် ဇိဒုန် အမျိုးသား တို့ သတိမရှိသကဲ့သို့ သတိမရှိ ၊ မစိုးရိမ်ဘဲ ငြိမ်ဝပ်စွာ နေကြောင်းကို ၎ င်း ၊ ဆုံးမပိုင်သော မင်းမရှိ ကြောင်းကို ၎ င်း ၊ ဇိဒုန်အမျိုးသားတို့နှင့် ဝေး ၍ အဘယ်သူနှင့်မျှ အမှုမဆိုင်ကြောင်းကို ၎ င်း ကြည့်ရှု ပြီးမှ ၊ - အမျိုးသားချင်းရှိရာ ဇောရာမြို့ ၊ ဧရှတောလမြို့သို့ ပြန်လာ ၍ အမျိုးသားချင်းတို့က ၊ သင်တို့သည် အဘယ်သို့ ပြောကြမည်နည်းဟု မေးသော် ၊ - သူတို့က ၊ ထ ၍ သွားတိုက်ကြကုန်အံ့ ၊ ထိုပြည်သည် ကောင်းမွန်သော ပြည်ဖြစ်သည်ကို ငါတို့ မြင်ပြီ ။ ငြိမ်ဝပ်စွာ နေကြသေးသလော ။ ထိုပြည်ကို သိမ်းယူဝင်စားခြင်းငှါ မဖင့်နွှဲကြနှင့် ။ သွားလျှင် သတိမရှိသောလူမျိုးနျင့် ကျယ်ဝန်းသော ပြည်ကို တွေ့ကြလိမ့်မည် ။ ဘုရားသခင်သည် သင်တို့လက် ၌ အပ်တော်မူမည် ။ ထိုပြည် ၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆိုကြ ၏ ။ ထိုအခါ ဇောရာမြို့ ၊ ဧရှတောလမြို့မှ ဒန်အမျိုးသား လူခြောက်ရာတို့သည် စစ်တိုက်လက်နက် ပါလျက် ချီသွားကြ ၏ ။ သွားရာတွင် ၊ ယုဒခရိုင် ကိရယတ်ယာရိမ်မြို့မှာ စားခန်းချကြ ၏ ။ ထိုအရပ်ကို ယနေ့တိုင်အောင် ဒန်အမျိုးတပ်ဟူ ၍ တွင်သတည်း ။ ကိရယတ်ယာရိမ်မြို့ နောက်မှာရှိ ၏ ။ ထိုအရပ်မှ သွား ၍ ဧဖရိမ်တောင် ၌ မိက္ခာအိမ်သို့ ရောက်ကြ ၏ ။ ထိုအခါ လဲရှမြို့ကို စူးစမ်းခြင်းငှါ သွားသော သူငါးယောက်တို့က ၊ ဤအိမ်တို့ ၌ သင်တိုင်းတော် ၊ တေရပ်ရုပ်တု ၊ ထုသောရုပ်တု ၊ သွန်းသောရုပ်တုရှိကြောင်းကို သိသလော ။ အဘယ်သို့ ပြုရမည်ကို ဆင်ခြင်ကြလော့ဟု အမျိုးသားချင်းတို့အားဆိုသော် ၊ - သူတို့သည် ထိုအရပ်သို့ လှည့်သွားသဖြင့် ၊ လေဝိလုလင်နေရာ မိက္ခာအိမ်သို့ရောက် ၍ သူ့ကို နှုတ် ဆက်ကြ ၏ ။ စစ်တိုက်လက်နက်ပါသော ဒန်အမျိုးသား ခြောက်ရာတို့သည် တံခါးဝ ၌ နေကြ ၏ ။ လဲရှမြို့ကို စူးစမ်းသော လူငါးယောက်တို့သည် မိက္ခာအိမ်သို့ ဝင် ၍ ၊ ထုသောရုပ်တု ၊ သင်တိုင်းတော် ၊ တေရပ်ရုပ်တု ၊ သွန်းသောရုပ်တုတို့ကို ယဇ်ပုရောဟိတ်ရှေ့မှာ ယူကြ ၏ ။ ယဇ်ပုရောဟိတ်ကလည်း ၊ အဘယ်သို့ ပြုကြသနည်းဟု မေးသော် ၊ - သူတို့က တိတ်ဆိတ်စွာနေပါ ။ ကိုယ်တော်နှုတ်ကို လက်နှင့်ပိတ် ၍ အကျွန်ုပ်တို့နှင့် ကြွပါ ။ အကျွန်ုပ်တို့ အဘလုပ်ပါ ။ ယဇ်ပုရောဟိတ် လုပ်ပါ ။ တအိမ်ထောင် ၌ သာ ယဇ်ပုရောဟိတ် လုပ်ကောင်းသလော ။ ဣသရေလအမျိုးအနွှယ်တို့တွင် တမျိုးတနွယ် လုံး ၌ ယဇ်ပုရောဟိတ် မလုပ်ကောင်းသလောဟု ဆိုကြသော် ၊ ယဇ်ပုရောဟိတ်သည် ဝမ်းမြောက် ၍ သင်တိုင်းတော် ၊ တေရပ်ရုပ်တု ၊ ထုသောရုပ်တုကို ယူလျက် ၊ ထိုလူစုထဲသို့ ဝင်သွားလေ ၏ ။ ထိုသူတို့သည် သူငယ်များ ၊ တိရစ္ဆာန်များ ၊ ဝန်စလယ်များကို အဦးသွားစေသဖြင့် ကိုယ်တိုင် လိုက်လျက် လှည့်သွားကြ ၏ ။ မိက္ခာအိမ်နှင့် ဝေးသောအခါ ၊ မိက္ခာ ၏ အိမ်နီးချင်းတို့သည် စည်းဝေး ၍ ၊ ဒန်အမျိုးသားတို့ကို မှီ အောင် လိုက်ကြ ၏ ။ ကြွေးကြော်သောအခါ ၊ ဒန်အမျိုးသားတို့သည် လှည့်ကြည့်လျက် သင်သည် အဘယ်အခင်းရှိ ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခာအားမေးသော် ၊ - မိက္ခာက ၊ သင်တို့သည် ငါလုပ်သော ဘုရားတို့နှင့် ယဇ်ပုရောဟိတ်ကို ယူသွားကြသည်တကား ။ ထိုအရာမှတပါး ငါ ၌ အဘယ်အရာရှိသနည်း ။ သို့သော်လည်း သင်တို့က ၊ အဘယ်အခင်း ရှိသနည်း ဟု ငါ့ကို မေးကြသည်တကားဟု ဆိုသော် ၊ - ဒန်အမျိုးသားတို့က ၊ ငါတို့တွင် သင့်စကားကို မကြားပါစေနှင့် ။ သို့မဟုတ် စိတ်ဆိုးသော သူတို့သည် သင့်ကို တိုက် ၍ သင့်အသက်နှင့်သင့်အိမ်သားတို့ အသက်ဆုံးကောင်းဆုံးလိမ့်မည်ဟု ဆိုလျက် ခရီးသွားကြ ၏ ။ မိက္ခာသည် သူတို့ကို မိမိမနိုင်သည်ကိုသိ ၍ မိမိအိမ်သို့ ပြန်သွားလေ ၏ ။ ဒန်အမျိုးသားတို့သည် ၊ မိက္ခာလုပ်သော အရာတို့နှင့် သူ ၌ နေသော ယဇ်ပုရောဟိတ်ကို ယူသွား ၍ ၊ သတိမရှိ ငြိမ်ဝပ်စွာနေသော လဲရှမြို့သားတို့ဆီသို့ ရောက်သဖြင့် ထားနှင့်လုပ်ကြံ ၍ မြို့ကို မီးရှို့ ကြ ၏ ။ ဇိဒုန်မြို့နှင့်ဝေးသောကြောင့် ၎ င်း ၊ အဘယ်သူနှင့်မျှ အမှုမဆိုင်သောကြောင့် ၎ င်း ၊ ကယ်နှုတ်သော သူမရှိ ။ ထိုမြို့သည် ဗက်ရဟောဘမြို့အနားမှာရှိသော ချိုင့် ၌ တည် ၏ ။ ထိုအရပ် ၌ မြို့သစ်ကိုတည် ၍ နေကြ ၏ ။ ထိုမြို့ကို သူတို့အမျိုး ၏ အဘဣသရေလ ၏ သားဒန်အမည်ကို မှီသဖြင့် ဒန်မြို့ဟူ ၍ တွင်ကြ ၏ ။ ထိုမြို့ အမည်ဟောင်းကား လဲရှတည်း ။ ဒန်အမျိုးသားတို့သည် မိက္ခာထုသောရုပ်တုကို တည်ထောင် ၍ မနာရှေသား ဂေရရှုံ ၏ သား ယောနသန်နှင့် သူ ၏ သားတို့သည် သေတ္တာတော်ကို သိမ်းသွားသည့်နေ့တိုင်အောင် ဒန်အမျိုး ၌ ယဇ်ပုရောဟိတ် လုပ်ကြ ၏ ။ ဘုရားသခင် ၏ အိမ်တော်သည် ရှိလောမြို့ ၌ ရှိသည်ကာလပတ်လုံး ၊ မိက္ခာသွန်းသော ရုပ်တုကိုလည်း တည်ထောင်ကြ ၏ ။ ဣသရေလရှင်ဘုရင် မရှိသည်ကာလ ၊ ဧဖရိမ်တောင်ခါးပန်း ၌ တည်းခိုသော လေဝိလူတယောက် သည် ၊ ယုဒခရိုင် ဗက်လင်မြို့သူ မိန်းမတယောက်ကို သိမ်းယူ ၏ ။ ထိုမိန်းမသည် လင်ကို ပြစ်မှား ၍ ဗက်လင်မြို့ မိမိအဘအိမ်သို့ သွားသဖြင့် လေးလ နေလေ ၏ ။ လင်သည် သူ့ကို ချော့မော့ ၍ ဆောင်ခဲ့ခြင်းငှါ ငယ်သားတယောက်နှင့် မြည်းနှစ်စီးပါလျက် ထသွား ၍ ရောက်သောအခါ ၊ မယားငယ်သည် မိမိအဘ အိမ်ထဲသို့ ခေါ်သွင်း ၍ ၊ အဘသည် သမက်ကို တွေ့မြင်လျှင် ဝမ်းမြောက်သော စိတ်ရှိ ၍ သိမ်းဆည်းလေ ၏ ။ ထိုကြောင့် သမက်သည် စားသောက်လျက် ၊ အိပ်လျက် ၊ သုံးရက်ပတ်လုံး ယောက္ခမအိမ် ၌ နေ ၏ ။ စတုတ္တနေ့ရက် နံနက်စောစောထ ၍ ထွက်သွားအံ့သောငှါ ပြင်ဆင်သောအခါ ၊ ယောက္ခမက ၊ မုန့် အနည်းငယ်ကို စား ၍ အားဖြည့်ပြီးမှ သွားကြပါဟု သမက်အား ဆိုသည့်အတိုင်း ၊ နှစ်ယောက်လုံးထိုင် ၍ စားသောက်လျက် နေကြ ၏ ။ ယောက္ခမကလည်း ၊ သဘောကျပါတော့ ။ ယနေ့ ညဉ့်ကိုလည်း လွန်စေသဖြင့် ပျော်မွေ့လျက်နေပါတော့ဟု သမက်အားဆိုပြန် ၍ ၊ သမက်သည် သွားအံ့သောငှါ ထသော်လည်း ၊ ယောက္ခမသွေးဆောင်သဖြင့် သမက်သည် ထိုအရပ် ၌ အိပ်ပြန်လေ ၏ ။ ပဥ္စမနေ့ရက် နံနက်စောစော သွားအံ့သောငှါ ထသောအခါ ၊ ယောက္ခမက ၊ အားဖြည့်ပါဦးတော့ဟု ဆို ၍ မွန်းလွဲသည်တိုင်အောင် နှစ်ယောက်လုံး စားသောက်လျက်နေကြ ၏ ။ ထိုသူသည် မယားငယ်နှင့် ငယ်သားကို ခေါ် ၍ သွားအံ့သောငှါ ထပြန်သောအခါ ၊ သူ ၏ ယောက္ခ မဖြစ်သော ထိုမိန်းမ ၏ အဘက ၊ ကြည့်ပါ ၊ မိုဃ်းချုပ်လုပြီ ။ ယနေ့ညဉ့်ကိုလည်း လွန်စေပါတော့ ။ နေ့အချိန် ကုန်လုပြီ ။ ဤအရပ် ၌ အိပ် ၍ ပျော်မွေ့လျက်နေပါတော့ ။ နက်ဖြန် နံနက် စောစောထ ၍ ကိုယ်နေရာအရပ်သို့ သွားတော့ဟု ဆိုသော်လည်း ၊ - သမက်သည် ထိုညဉ့်ကို မလွန်စေဘဲ ထသွား ၍ ကုန်းနှီးတင်သော မြည်းနှစ်စီးနှင့် မယားငယ်လည်း ပါလျက် ယေရုရှလင်မြို့တည်းဟူသော ယေဗုတ်မြို့အနီးသို့ ရောက်လေ ၏ ။ ထိုမြို့အနီးသို့ ရောက်သောအခါ ၊ မိုဃ်းချုပ်သောကြောင့် ငယ်သားက ၊ နားထောင်ပါတော့ ။ ယေဗုသိ လူနေရာ ဤမြို့သို့ ဝင် ၍ အိပ်ကြကုန်အံ့ဟု သခင်အားဆိုသော် ၊ - သခင်က ၊ ဣသရေလ အမျိုးမဟုတ် ၊ တပါးအမျိုးသားနေသော မြို့သို့ မဝင် ၊ ဂိဗာမြို့သို့ သွားဦးမည် ။ ဂိဗာမြို့ ၊ ရာမမြို့ အစရှိသော တစုံတခုသောအရပ် ၌ ညဉ့်ကိုလွန်စေခြင်းငှါ သွားကြကုန်အံ့ဟု ငယ်သားအားဆိုလျက် ၊ - ခရီးသွားပြန် ၍ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့အနီးသို့ ရောက်သောအခါ ၊ နေဝင်လေ ၏ ။ ဂိဗာမြို့မှာ ညဉ့်ကို လွန်စေမည်အကြံနှင့် မြို့ထဲသို့ဝင် ၍ အဘယ်သူ မျှ ဧည့်မခံသေးသောကြောင့် လမ်းမှာထိုင်နေ ၏ ။ ဂိဗာမြို့သားတို့သည် ဗင်္ယာမိန်အမျိုးသားဖြစ်ကြ ၏ ။ သို့ရာတွင် တည်းခိုသော ဧဖရိမ်တောင်သား လူအိုတယောက်ရှိသည်ဖြစ် ၍ ၊ ထိုသူသည် ညဦးယံ ၌ လယ်လုပ်ရာမှလာစဉ် ၊ - မြော်ကြည့် ၍ ၊ မြို့လမ်းမှာ ဧည့်သည်တယောက် ရှိသည်ကိုမြင်လျှင် ၊ သင်သည် အဘယ်အရပ်သို့ သွားသနည်း ၊ အဘယ်အရပ်ကလာသနည်းဟု မေးသော် ၊ - ကျွန်ုပ်တို့သည် ယုဒခရိုင်ဗက်လင်မြို့မှ ဧဖရိမ်တောင်ခါးပန်းသို့ သွား ၏ ။ ကျွန်ုပ်သည် ဧဖရိမ်တောင် သားဖြစ် ၏ ။ ဗက်လင်မြို့သို့ ခဏသွားပြီးမှ ယခုထာဝရဘုရား ၏ အိမ်တော်သို့ သွား ၏ ။ အဘယ်သူ မျှ ဧည့်မခံသေး ။ သို့ရာတွင် မြည်းဘို့ မြက်ခြောက်နှင့် အခြားကျွေးစရာရှိ ၏ ။ ကိုယ်နှင့် ကိုယ်တော် ကျွန်မလိုက်လာ သော ငယ်သားဘို့ မုန့်နှင့်စပျစ်ရည်ရှိ ၏ ။ တစုံတခုမျှ မလိုပါဟု ပြောဆို ၏ ။ လူအိုကလည်း ၊ သင် ၌ ချမ်းသာရှိပါစေသော ။ သင်လိုသမျှသည် ငါ့တာ ရှိစေတော့ ။ လမ်းမှာညဉ့်ကို မလွန်စေနှင့်ဟုဆိုလျက် ၊ - မိမိအိမ်သို့ ခေါ်သွင်း ၍ မြည်းတို့ကို ကျွေးလေ ၏ ။ သူတို့သည် ခြေကို ဆေး ၍ စားသောက်ကြ ၏ ။ ထိုသို့ ပျော်မွေ့လျက်နေကြသောအခါ ၊ ထိုမြို့သား အဓမ္မလူအချို့တို့သည် အိမ်ကို ဝိုင်း ၍ တံခါးကို ရိုက်ကြ ၏ ။ အိမ်ရှင် လူအိုကိုလည်းခေါ် ၍ ၊ သင့်အိမ်သို့ ဝင်သောယောက်ျားနှင့် ငါတို့သည် ဆက်ဆံ လိုသည်ဖြစ် ၍ ၊ ထုတ်ခဲ့လော့ဟု ဆိုကြ ၏ ။ အိမ်ရှင်သည်လည်း ထွက် ၍ ၊ ညီအစ်ကိုတို့ ၊ ဆိုးသောအမှုကို မပြုပါနှင့် ။ ဤသူသည် အကျွန်ုပ်အိမ် ၌ တည်းခိုသောသူဖြစ် ၍ အဓမ္မမပြုကြပါနှင့် ။ အကျွန်ုပ် ၌ သမီးကညာရှိပါ ၏ ။ သူ ၏ မယားငယ်လည်း ရှိပါ ၏ ။ သူတို့ကို ထုတ် ၍ ပေးပါမည် ။ သူတို့ကို ရှုတ်ချကြပါ ။ အလိုရှိသည်အတိုင်း ပြုကြပါ ။ ဤယောက်ျား ၌ ဤမျှလောက် ဆိုးသောအမှုကို မပြုပါနှင့်ဟု တောင်းပန်သော်လည်း ၊ - သူတို့သည် နားမထောင်သောကြောင့် ၊ လေဝိလူသည် မိမိမယားငယ်ကို ထုတ် အပ်သဖြင့် ၊ သူတို့သည် တညဉ့်လုံး အဓမ္မပြု ၍ နံနက်တိုင်အောင် ရှုတ်ချပြီးမှ အာရုဏ်တက်မှ လွှတ်လိုက်ကြ ၏ ။ အာရုဏ်တက်သောအခါ ၊ မိန်းမသည် လာ ၍ မိမိသခင်နေရာ အိမ်တံခါးရှေ့မှာ မိုဃ်းလင်းသည် တိုင်အောင် လဲနေ ၏ ။ နံနက်အချိန်ရောက်မှ သူ ၏ သခင်သည် ထ ၍ အိမ်တံခါးကို ဖွင့်သဖြင့် ၊ ခရီးသွားအံ့သောငှါ ထွက်သောအခါ ၊ မယားငယ်သည် အိမ်တံခါးရှေ့မှာလဲ ၍ တံခါးခုံကို လက်တင်လျက်ရှိသည် မြင်သော် ၊ ထလော့ ။ သွားကြကုန်အံ့ဟု ဆိုသော်လည်း သူသည် ပြန်မပြောဘဲနေ ၏ ။ ထိုအခါ ယောက်ျားသည် သူ့ကို မြည်းပေါ်မှာ တင်သဖြင့် မိမိနေရာသို့ သွားလေ ၏ ။ မိမိအိမ်သို့ ရောက်သောအခါ ထားကိုယူ ၍ မယားငယ်အကောင်ကို အရိုးနှင့်တကွ ဆယ်နှစ်ပိုင်းပိုင်း ၍ ဣသရေလပြည် တရှောက်လုံးသို့ ပေးလိုက်လေ ၏ ။ သိမြင်သောသူ အပေါင်းတို့က ၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်က ထွက်သောနေ့မှစ ၍ ယနေ့တိုင်အောင် ဤကဲ့သို့သောအမှုကို အဘယ်သူမျှမပြု ၊ တခါမျှမဖြစ်စဖူး ။ ဆင်ခြင် ၍ တိုင်ပင် စီရင်ကြလော့ဟု ပြောဆိုကြ ၏ ။ ထိုအခါ ဣသရေလအမျိုးသားအပေါင်းတို့သည် ၊ ဂိလဒ်ပြည်သားတို့နှင့်တကွ ထလျက် ၊ ဒန်မြို့မှစ ၍ ဗေရရှေဘမြို့တိုင်အောင် ပရိသတ်အပေါင်းတို့သည် တယောက်သောသူကဲ့သို့ မိဇပါမြို့ ၊ ထာဝရဘုရား ထံတော် ၌ စည်းဝေးကြ ၏ ။ ဣသရေလ အမျိုးအနွယ်အပေါင်း ၊ ပြည်သားအပေါင်းတို့ ၏ အကြီးအကဲတို့သည် စည်းဝေးကြသော် ၊ ဘုရားသခင် ၏ လူ ၊ ထားလက်နက်စွဲကိုင်သော ခြေသည်သူရဲ လေးသိန်းနှင့်တကွ ချဉ်းကပ်ကြ ၏ ။ ဣသရေလအမျိုးသားတို့သည် မိဇပါမြို့သို့ သွားကြောင်းကို ဗင်္ယာမိန်အမျိုးသားတို့သည် ကြားသိကြ ၏ ။ ဣသရေလအမျိုးသားတို့က ၊ ထိုအဓမ္မအမှုကား အဘယ်သို့နည်းဟု မေးမြန်းလျှင် ၊ - အသေခံရသော မိန်းမ ၏ လင် လေဝိလူက ၊ အကျွန်ုပ်သည် မယားငယ်နှင့်အတူလာ ၍ ဗင်္ယာမိန် ခရိုင် ၊ ဂိဗာမြို့မှာ ညဉ့်ကို လွန်စေပါ ၏ ။ ညဉ့်အခါ ဂိဗာမြို့သားတို့သည် ထ ၍ အကျွန်ုပ်တည်းခိုသောအိမ်ကို ဝိုင်းလျက် ၊ အကျွန်ုပ်ကို တိုက် သတ်မည် အားထုတ်ကြပါ ၏ ။ မယားငယ် သေသည်တိုင်အောင် ရှုတ်ချကြပါ ၏ ။ - အကျွန်ုပ်သည်လည်း မယားငယ်အကောင်ကိုယူ ၍ အပိုင်းပိုင်းဖြတ်ပြီးမှ ၊ ဣသရေလအမျိုး အမွေခံ ရာ ပြည်တရှောက်လုံးသို့ ပေးလိုက်ပါ ၏ ။ အကြောင်းမူကား ၊ သူတို့သည် ဣသရေလအမျိုး ၌ ဆိုးညစ် သောအမှု ၊ အဓမ္မအမှုကို ပြုကြပါပြီ ။ - သင်တို့ရှိသမျှသည် ဣသရေလအမျိုး ဖြစ်ကြပါ ၏ ။ ဤအရပ် ၌ တိုင်ပင်စီရင်ကြပါလော့ဟု ပြောဆို လေ ၏ ။ - လူအပေါင်းတို့သည် တယောက်သောသူကဲ့သို့ ထ ၍ ငါတို့သည် တယောက်မျှ မိမိတဲသို့မသွား ၊ မိမိ အိမ်သို့မပြန် ။ - ဂိဗာမြို့ ၌ အဘယ်သို့ ပြုမည်နည်း ဟူမူကား ၊ စာရေးတံချ ၍ အတိုက်သွားမည် ။ ဗင်္ယာမိန်ခရိုင် ဂိဗာမြို့သားတို့သည် ၊ ဣသရေလအမျိုးတို့ ၌ ပြုသမျှသော အဓမ္မအမှုနှင့် ညီလျော်စွာ လူများတို့သည် ထိုမြို့သို့ရောက် ၍ အပြစ်ဒဏ်ပေးမည်အကြောင်း ၊ သူတို့စားစရိတ်ကို ပို့စေခြင်းငှါ ဣသရေလအမျိုးအနွယ်အပေါင်းတို့ ၌ လူတရာတွင် တဆယ် ၊ တထောင်တွင်တရာ ၊ တသောင်းတွင် တထောင်တို့ကို ရွေးကောက်ကြကုန်အံ့ဟု ဆိုလျက် ၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ဂိဗာမြို့တဘက် ၌ စည်းဝေး ၍ တယောက်သောသူကဲ့သို့ သင်းဖွဲ့လျက်နေကြ ၏ ။ ဣသရေလအမျိုးသားတို့သည် ၊ ဗင်္ယာမိန်ခရိုင်တရှောက်လုံးသို့ စေလွှတ် ၍ ၊ သင်တို့တွင် ပြုသော ဤအဓမ္မအမှုကား အဘယ်သို့နည်း ။ ယခုမှာ ဂီဗာမြို့ ၌ ရှိသော ထိုအဓမ္မလူတို့ကို ငါတို့ယူ ၍ သတ်သဖြင့် ဣသရေလအမျိုးထဲက ဒုစရိုက် အပြစ်ကို ပယ်ရှားမည်အကြောင်း ထိုလူတို့ကိုအပ်ကြပါဟု မှာလိုက်ကြ ၏ ။ သို့ရာတွင် ဗင်္ယာမိန် အမျိုးသားတို့သည် ၊ ညီအစ်ကို ဣသရေလအမျိုးသားတို့စကားကို နားမထောင်ဘဲ ၊ ထိုအမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ ၊ အမြို့မြို့အရွာရွာက ထွက် ၍ ဂိဗာမြို့ ၌ စည်းဝေးကြ ၏ ။ - ထိုအခါ ဂိဗာမြို့သား ယောက်ျားကောင်း ခုနစ်ရာမှတပါး အမြို့မြို့အရွာရွာက လာသော ဗင်္ယာ မိန် အမျိုးသား အရေအတွက်ကား ၊ ထားလက်နက်စွဲကိုင်သောသူ နှစ်သောင်းခြောက်ထောင်တည်း ။ ထိုလူအပေါင်းတို့တွင် လက်ဝဲလက်ကို သုံးတတ်သဖြင့် ၊ ဆံခြည်တပင်ကို လောက်လွှဲနှင့်မှန်အောင် ပစ်နိုင်သော ယောက်ျားကောင်း ခုနှစ်ရာပါသတည်း ။ ဗင်္ယာမိန်အမျိုးသားမှတပါး ထားလက်နက်စွဲကိုင် ၍ စစ်သူရဲဖြစ်သော ဣသရေလအမျိုးသား အရေ အတွက်ကား လေးသိန်းတည်း ။ ဣသရေလ အမျိုးသားတို့သည် ဘုရားသခင် ၏ အိမ်တော်သို့ ထ ၍ သွားပြီးလျှင် ၊ အကျွန်ုပ်တို့တွင် အဘယ်သူသည် ဗင်္ယာမိန် အမျိုးကို အဦး ချီသွားရပါမည်နည်းဟု ဘုရားသခင်ထံတော် ၌ မေးလျှောက် ကြသော် ၊ ထာဝရဘုရားက ၊ ယုဒသည် အဦးချီသွားရမည်ဟု မိန့်တော်မူ ၏ ။ နံနက်စောစော ဣသရေလအမျိုးသားတို့သည် ထ ၍ ဂိဗာမြို့အနား ၌ တပ်ချပြီးမှ ၊ ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်ခြင်းငှါ ချီသွား ၍ ဂိဗာမြို့ရှေ့မှာ စစ်ခင်းကျင်းလျက် နေကြ ၏ ။ ဗင်္ယာမိန်အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင် ၊ ထိုနေ့တွင် ဣသရေလ လူတသောင်း နှစ်ထောင်တို့ကို မြေပေါ်မှာ လှဲ ၍ သတ်ကြ ၏ ။ သို့ရာတွင် ဣသရေလအမျိုးသားတို့သည် ရဲရင့်သောစိတ်ကိုယူ ၍ ပဌမနေ့တွင် စစ်ခင်းကျင်းသော အရပ် ၌ တဖန်ခင်းကျင်းကြ ၏ ။ ထာဝရဘုရားထံတော်သို့ သွား ၍ ညဦးယံတိုင်အောင် ငိုကြွေးလျက် ၊ အကျွန်ုပ်တို့ညီ ဗင်္ယာမိန်အမျိုး သားတို့ကို တဖန်စစ်တိုက်ရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော် ၊ ထာဝရဘုရားက ချီသွားကြလော့ဟု မိန့်တော်မူ ၏ ။ ဒုတိယနေ့တွင် ဣသရေလအမျိုးသားတို့သည် ဗင်္ယာမိန်အမျိုးတို့အနီးသို့ ချဉ်းကြသောအခါ ၊ ဗင်္ယာမိန် အမျိုးသားတို့သည် ဂိဗာမြို့ထဲက ထွက်ပြီးလျှင် ၊ ထားလက်နက်စွဲကိုင်သော ဣသရေလ လူတသောင်းရှစ်ထောင်တို့ကို မြေပေါ် ၌ လှဲ ၍ သတ်ကြ ၏ ။ ထိုအခါ ဣသရေလအမျိုးသား အပေါင်းတို့သည် ဘုရားသခင်အိမ်တော်သို့သွား ၍ ငိုကြွေးလျက် ၊ ထာဝရဘုရားထံတော် ၌ ဝပ်လျက် ၊ တနေ့လုံး ညဦးယံတိုင်အောင် အစာကို ရှောင် ၍ ထာဝရဘုရားအား မီးရှို့ရာယဇ် ၊ မိဿဟာယယဇ်တို့ကို ပူဇော်ကြ ၏ ။ ထိုကာလ ၌ ဘုရားသခင် ၏ ပဋိညာဉ် သေတ္တာတော်ပါလျက် ၊ အာရုန် ၏ သားဖြစ်သော ဧလာဇာ ၏ သား ဖိနဟတ်သည် ၊ သေတ္တာတော်ရှေ့မှာ အမှုစောင့်သည် ဖြစ် ၍ ၊ - ဣသရေလအမျိုးသားတို့က ၊ အကျွန်ုပ်တို့ ညီဗင်္ယာမိန်အမျိုးသားတို့ကို တဖန်သွား ၍ တိုက်ရပါမည်လော ၊ မသွားဘဲနေရပါမည်လောဟု ထာဝရဘုရားအား မေးလျှောက်သော် ၊ ထာဝရ ဘုရားက သွားကြလော့ ။ နက်ဖြန်နေ့တွင် သူတို့ကို သင်တို့လက် ၌ ငါအပ်မည်ဟု မိန့်တော်မူ ၏ ။ ဣသရေလအမျိုးသားတို့သည် ဂိဗာမြို့ပတ်လည် ၌ ကင်းစောင့်လူတို့ကို ထားပြီးမှ ၊ တတိယနေ့တွင် ဗင်္ယာမိန် အမျိုးသားတို့ရှိရာသို့ ချီသွား ၍ ၊ ယမန်ကဲ့သို့ ဂိဗာမြို့အနား ၌ စစ်ခင်းကျင်း လျက် နေကြ ၏ ။ ဗင်္ယာမိန် အမျိုးသားတို့သည် အတိုက်ထွက် ၍ မြို့နှင့်ကွာသွားကြ ၏ ။ ဗေသလမြို့သို့ သွားသောလမ်း ၊ ဂိဗာတောရွာသို့ သွားသောလမ်းတွင် ယမန်ကဲ့သို့ ဣသရေအလအမျိုးသူရဲတို့ကို လုပ်ကြံစပြု ၍ လူသုံးဆယ်ခန့်မျှ သေကြ ၏ ။ ဗင်္ယာမိန်အမျိုးသားတို့က ၊ သူတို့သည် ယမန်ကဲ့သို့ ငါတို့ရှေ့မှာ ရှုံးကြပြီဟု ဆိုသော်လည်း ၊ ဣသရေလ အမျိုးသားတို့က ပြေးကြကုန်အံ့ ၊ သူတို့ကို မြို့နှင့်ဝေးသော လမ်းတို့သို့ သွေးဆောင်ကြကုန်အံ့ဟု ဆိုလျက် ၊ ဣသရေလလူအပေါင်းတို့သည် မိမိတို့ နေရာအရပ်မှထ ၍ ဗာလတာမာမြို့ ၌ စစ်ခင်းကြ ၏ ။ ကင်း စောင့်လျက်နေသော ဣသရေလလူတို့သည်လည်း မိမိတို့နေရာ ဂိဗာလွင်ပြင်မှ ထကြသဖြင့် ၊ ဣသရေလအမျိုးသား ယောက်ျားကောင်း တသောင်းတို့သည် ဂိဗာမြို့သို့ ချီလာ ၍ ၊ ဗင်္ယာမိန် အမျိုး သားတို့သည် ဘေးရောက်လုနီးသည်ကို မရိပ်မိသောကြောင့် ၊ ကျပ်တည်းစွာ ဆီး ၍ တိုက်ကြ ၏ ။ ထိုအခါ ထာဝရဘုရားသည် ဗင်္ယာမိန်လူတို့ကို ဣသရေလလူတို့ရှေ့မှာ ရှုံးစေတော်မူသဖြင့် ၊ ထို့နေ့ တွင် ဣသရေလ လူတို့သည် ထားလက်နက်စွဲကိုင်သော ဗင်္ယာမိန်လူနှစ်သောင်းငါးထောင်တရာ တို့ကို ပယ်ရှင်းကြ ၏ ။ ဗင်္ယာမိန်အမျိုးသားတို့သည် မိမိတို့ ရှုံးသည်ကို သိမြင်ကြ ၏ ။ ဣသရေလူတို့သည် ၊ ဂိဗာမြို့အနား ၌ ထားသော ကင်းတပ်ကို ကိုးစားသောကြောင့် ၊ အစက ဗင်္ယာမိန်လူတို့ရှေ့မှာ ဆုတ်ကြ ၏ ကင်းတပ်သားတို့သည် ဂိဗာမြို့သို့ တဟုန်တည်းပြေးဝင် ၍ အနှံ့အပြား တိုက်သဖြင့် တမြို့လုံးကို ထားနှင့်လုပ်ကြံကြ ၏ ။ မြို့ထဲမှာ ကြီးစွာသော မီးခိုးတက်စေရမည်အကြောင်း ဣသရေလလူတို့သည် ကင်းစောင့်လူတို့အား အကြံပေးနှင့်ကြပြီဖြစ် ၍ ၊ ဣသရေလလူတို့သည် စစ်တိုက်ရာတွင် ဆုတ်သောအခါ ၊ ဗင်္ယာမိန်လူတို့က ၊ အကယ် ၍ သူတို့သည် ယမန်စစ်ရှုံးသကဲ့သို့ ငါတို့ရှေ့မှာ ရှုံးကြပြီဟု ဆိုလျက် သူရဲတို့ကို လုပ်ကြံစပြု ၍ လူသုံးဆယ်ခန့်မျှ သေကြ ၏ ။ တဖန် မီးလောင် ၍ ထူထပ်သော မီးခိုးသည် မြို့ထဲမှာ တက်စရှိသောအခါ ၊ ဗင်္ယာမိန်လူတို့သည် ပြန်ကြည့် ၍ မြို့ကိုလောင်သော မီးလျှံသည် မိုဃ်းကောင်းကင်သို့ တက်သည်ကို မြင်ကြ ၍ ၊ ဣသရေလလူတို့သည် လှည့် ၍ ပြန်သောအခါ ၊ ဗင်္ယာမိန်လူတို့သည် ဘေးရောက်ကြောင်းကို သိမြင်လျှင် ၊ - မိန်းမောတွေဝေ ၍ ဣသရေလလူတို့ရှေ့မှာ တောလမ်းသို့ ပြေးသော်လည်း ၊ စစ်တိုက်လိုက်လာ သော သူတို့သည် မှီသဖြင့် ပြေးသော သူတို့ကို ၎ င်း ၊ မြို့ရွာများထဲက ထွက်လာသောသူတို့ကို ၎ င်း ၊ တပြိုင်နက်ဖျက်ဆီးကြ ၏ ။ ဗင်္ယာမိန်လူတို့ကို ဝိုင်းလျက်လိုက်လျက် ၊ နုခါရွာမှစ ၍ နေထွက်ရာဘက် ၊ ဂိဗာမြို့အနားတိုင်အောင် နှိပ်နင်းကြ ၏ ။ ထိုအခါ ဗင်္ယာမိန်သူရဲ တသောင်းရှစ်ထောင်တို့သည် လဲ ၍ သေကြ ၏ ။ ကြွင်းသော သူတို့သည် လှည့် ၍ တောအရပ် ရိမ္မုန်ကျောက်သို့ ပြေးကြစဉ်တွင် ၊ လိုက်သော သူတို့သည် လူငါးထောင်တို့ကို လမ်းမှာဖမ်းမိကြ ၏ ။ ဂိဒုံမြို့တိုင်အောင် အပြင်းလိုက် ၍ လူနှစ်ထောင်တို့ကိုလည်း သတ်ကြ ၏ ။ ထိုနေ့တွင် လဲ ၍ သေသော ဗင်္ယာမိန် ထားစွဲသူရဲတို့ အရေအတွက်ကား ၊ နှစ်သောင်းငါးထောင်တည်း ။ လူခြောက်ရာတို့သည် လှည့် ၍ တောအရပ်ရိမ္မုန်ကျောက်ကို မှီအောင်ပြေးသဖြင့် ၊ ထိုကျောက် အောက်မှာ လေးလနေကြ ၏ ။ ဣသရေလလူတို့သည် တဖန် လှည့် ၍ ၊ ဗင်္ယာမိန်အမျိုးသားတို့ကို တိုက်လျက် မြို့ရွာ ၌ ရှိသောလူ ၊ တိရစ္ဆာန်တွေ့သမျှတို့ကို ထားနှင့်လုပ်ကြံ ၍ ၊ တွေ့သမျှသော မြို့ရွာတို့ကို မီးရှို့ကြ ၏ ။ ဣသရေလအမျိုးသားတို့သည် အဘယ်သူမျှ မိမိသမီးကို ဗင်္ယာမိန်အမျိုးသား ၌ မပေးစားရမည် အကြောင်း ၊ မိဇပါမြို့မှာ ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ ။ လူများတို့သည် ဘုရားသခင့် အိမ်တော်သို့ လာ ၍ ဘုရားသခင့် ရှေ့တော် ၌ ညဦးတိုင်အောင် နေလျက် ၊ အသံကို လွှင့် ၍ ငိုကြွေးလျက် ၊ - အိုဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရား ၊ ဣသရေလအမျိုးအနွယ်တို့တွင် ယနေ့တမျိုး ချို့တဲ့ရသော အမှုသည် အဘယ်ကြောင့် ဖြစ်ရပါသနည်းဟု လျှောက်ဆိုကြ ၏ ။ နက်ဖြန်နံနက်စောစော လူများတို့သည် ထပြီးလျှင် ၊ ယဇ်ပလ္လင်ကိုတည် ၍ မီးရှို့ရာယဇ် ၊ မိဿဟာယ ယဇ်တို့ကို ပူဇော်ကြ ၏ ။ ဣသရေလအမျိုးသားတို့ကလည်း ၊ ဣသရေလအမျိုးအနွယ်အပေါင်းတို့တွင် အဘယ်သူသည် ပရိ သတ်အပေါင်းနှင့်အတူ ထာဝရဘုရားထံတော်သို့ မလာဘဲနေသနည်းဟု မေးကြ ၏ ။ အကြောင်း မူကား ၊ မိဇပါမြို့ထာဝရဘုရားထံတော်သို့ မလာဘဲ နေသောသူသည် ဧကန်အမှန် အသေသတ်ခြင်းကို ခံစေဟု ကြီးစွာသော ကျိန်ဆိုခြင်းကို ပြုနှင့်ကြပြီ ။ ဣသရေလအမျိုးသားတို့သည်လည်း ၊ ညီဗင်္ယာမိန်အတွက် နောင်တရလျက် ၊ ဣသရေလ အမျိုးအနွယ် တို့တွင် ယနေ့တမျိုးဆုံးပြီ ။ ငါတို့သည် ကိုယ်သမီးကို သူတို့အား မပေးစားရမည်အကြောင်း ၊ ထာဝရဘုရားကို တိုင်တည် ၍ ကျိန်ဆိုသောကြောင့် ၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ ၍ ၎ င်း ၊ ဣသရေလအမျိုးအနွယ်တို့တွင် အဘယ်သူသည် မိဇပါမြို့ ထာဝရဘုရားထံတော်သို့ မလာဘဲ နေသနည်းဟူ ၍ ၎ င်း မေးမြန်းလျှင် ၊ ဂိလဒ်ပြည်ယာ ဗက်မြို့သားတယောက်မျှ စုဝေးရာ တပ်သို့ မရောက်မလာကြောင်းကို သိကြ ၏ ။ လူများတို့ကို ရေတွက်သောအခါ ၊ ဂိလဒ်ပြည်ယာဗက်မြို့သားတယောက်မျှမပါ ။ ထိုအခါ စုဝေးသော သူတို့သည် စစ်သူရဲတသောင်းနှစ်ထောင်တို့ကို စေလွှတ်လျက် ၊ သင်တို့သည် သွား ၍ ဂိလဒ်ပြည် ယာဗက်မြို့သားယောက်ျား မိန်းမသူငယ်တို့ကို ထားနှင့်လုပ်ကြံကြလော့ ။ သို့ဆိုသော် ၊ ယောက်ျားအပေါင်းကို ၎ င်း ၊ ယောက်ျားနှင့်ဆက်ဆံသော မိန်းမအပေါင်းကို ၎ င်း ၊ ရှင်းရှင်း ပယ်ရှားကြလော့ဟု မှာထားသည်အတိုင်း ၊ - စစ်သူရဲတို့သည် ဂိလဒ်ပြည် ယာဗက်မြို့သားတို့တွင် ၊ ယောက်ျားနှင့် မဆက်ဆံသေးသော ကညာ မိန်းမပျိုလေးရာတို့ကို တွေ့ ၍ ခါနာန်ပြည် ၌ တပ်ချရာ ၊ ရှိလောမြို့သို့ ဆောင်ခဲ့ကြ ၏ ။ တဖန်စုဝေးသော သူအပေါင်းတို့သည် ၊ ရိမ္မုန်ကျောက် ၌ နေသော ဗင်္ယာမိန်လူတို့ကို နှုတ်ဆက် ၍ အသင့်အတင့်ခေါ်ခြင်းငှါ လူတို့ကို စေလွှတ်ကြ ၏ ။ ထိုအခါ ဗင်္ယာမိန်လူတို့သည် လာပြန် ၍ ၊ ဣသရေလလူတို့သည် အရှင်ချန်ထားသော ဂိလဒ်ပြည် ယာဗက်မြို့သူ မိန်းမတို့နှင့် ပေးစားကြ ၏ ။ သို့သော်လည်း မိန်းမတို့သည် မလောက်မကြေ ။ ထိုသို့ ထာဝရဘုရားသည် ဣသရေလအမျိုးအနွယ်တို့တွင် ပြိုပျက်ရာကို ပြုတော်မူသောကြောင့် ၊ ဣသရေလလူတို့သည် ဗင်္ယာမိန်အတွက် နောင်တရကြ ၏ ။ စုဝေးရာ ပရိသတ် အသက်ကြီးသူတို့ကလည်း ၊ ဗင်္ယာမိန် အမျိုးထဲက မိန်းမတို့ကို ပယ်ရှင်း သောကြောင့် ၊ ကျန်ကြွင်းသော သူတို့အဘို့ မိန်းမတို့ကို အဘယ်သို့ ရနိုင်သနည်းဟူ ၍ ၎ င်း ၊ - ဣသရေလအမျိုးတို့တွင် တမျိုးကို မပျောက်စေခြင်းငှါ သေဘေးမှ လွှတ်သော ဗင်္ယာမိန်လူတို့ အမွေ ခံစရာမြေရှိရမည် ။ သို့သော်လည်း အကြင်သူသည် ဗင်္ယာမိန်လူ ၌ သမီးကို ပေးစား ၏ ။ ထိုသူသည် ကျိန်အပ်သောသူ ဖြစ်စေဟု ဣသရေလလူတို့သည် ကျိန်ဆိုခြင်းကို ပြုသောကြောင့် ငါတို့သည် ကိုယ်သမီးတို့ကို မပေး စားရဟူ ၍ ၎ င်း ၊ ဗေသလမြို့ မြောက်ဘက် ၊ ဗေသလမြို့မှ ရှေခင်မြို့သို့သွားသောလမ်း အရှေ့ဘက် ၊ လေဗောနမြို့တောင် ဘက် ၊ ရှိလောမြို့နယ်တွင် ထာဝရဘုရားအဘို့ နှစ်စဉ် ပွဲခံတတ်သည်ဟူ ၍ ၎ င်း ၊ တိုင်ပင်ကြသည်နှင့် အညီ ၊ - ဗင်္ယာမိန်လူတို့ကို ခေါ် ၍ သင်တို့သည် သွားကြလော့ ။ စပျစ်ဥယျာဉ်တို့ ၌ ချောင်းမြောင်းလျက်နေ ကြလော့ ။ ရှိလောမြို့သမီးတို့သည် ပွဲခံအံ့သောငှါ ကလျက်လာကြသောအခါ ၊ - စပျစ်ဥယျာဉ်ထဲက ထွက်ပြီးလျှင် ၊ ထိုမြို့သမီးတို့ကို အသီးအသီး ကိုယ်မယားဖြစ်စေဘို့ ဘမ်းဆီး ၍ ဗင်္ယာမိန်ပြည်သို့ ဆောင်သွားကြလော့ ။ သူတို့အဘနှင့်မောင်တို့သည် ငါတို့ထံသို့လာ ၍ အမှုလုပ်သောအခါ ၊ ငါတို့က ငါတို့မျက်နှာကို ထောက် ၍ သူတို့ကို သနားကြပါ ။ စစ်တိုက်ရာတွင် သူတို့ အသီးအသီးဆိုင်သော မယားတို့ကို သူတို့ အဘို့ ငါတို့သည် မချန်မထားမိပါ ။ သင်တို့ ၌ အပြစ်ရောက်စေခြင်းငှါ ယခုပေးစားကြသည် မဟုတ်ဟု သူတို့အား ပြန်ပြောမည်ဟု မှာထားကြသည်အတိုင်း ၊ - ဗင်္ယာမိန်လူတို့သည်ပြု ၍ ပွဲခံလျက်ကသော မိန်းမတို့ကို ကိုယ်အရေအတွက်အတိုင်း မယားဖြစ်ဘို့ ရာ ဘမ်းဆီး ၍ ယူသွားကြ ၏ ။ ကိုယ်အမွေခံရာမြေသို့ ပြန်ရောက်ပြီးလျှင် ၊ မြို့တို့ကို အသစ်ပြင်ဆင် ၍ နေကြ ၏ ။ ထိုအခါ ဣသရေလလူအပေါင်းတို့သည်လည်း ကိုယ်အမျိုး ၊ ကိုယ်အဆွေနေရာ ကိုယ်အမွေခံရာမြေ သို့ ပြန်သွားကြ ၏ ။ ထိုကာလ ၌ ဣသရေလရှင်ဘုရင်မရှိ ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း ။ </passage></reply></GetPassage>