<?xml version="1.0" encoding="UTF-8"?><GetPassage xmlns="http://relaxng.org/ns/structure/1.0" xmlns:tei="http://www.tei-c.org/ns/1.0" xmlns:ti="http://chs.harvard.edu/xmlns/cts"><request><requestName>GetPassage</requestName><requestUrn>urn:cts:pbc:bible.parallel.mya.1835:8</requestUrn></request><reply><urn>urn:cts:pbc:bible.parallel.mya.1835:8</urn><passage>တရားသူကြီးအုပ်စိုးသောကာလ ၊ တရံရောအခါဣသရေလပြည် ၌ အစာအာဟာရခေါင်းပါး ၍ ယုဒပြည် ဗက်လင် မြို့သား တယောက်သည် ၊ မယားနှင့်သားနှစ်ယောက်ပါလျက် မောဘပြည် ၌ တည်းခိုခြင်းငှါ သွား ၏ ။ ထိုသူ ၏ အမည်ကား ဧလိမလက် ။ မယားအမည်ကား နောမိ ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း ။ သူတို့သည်ယုဒပြည် ၊ ဗက်လင်မြို့ ၊ ဧဖရတ်အရပ်သားဖြစ်လျက် ၊ မောဘပြည်သို့သွား ၍ နေကြ ၏ ။ နောမိ ၏ ခင်ပွန်းဧလိမလက်သည်သေ ၍ မယားနှင့်သားနှစ်ယောက်တို့သည် ကျန်ရစ်ကြ ၏ ။ သားတို့သည်မောဘပြည်သူဩရပနှင့်ရုသအမည်ရှိသော မိန်းမ နှစ်ယောက် တို့နှင့် စုံဘက်ခြင်းကိုပြု ၍ ၊ ထိုပြည်မှာ ဆယ်နှစ်ခန့်မျှ နေပြီးမှ ၊ ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ ၍ နောမိသည်သားမရှိ ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ ၏ ။ တဖန်ထာဝရဘုရားသည်မိမိလူတို့ကိုအကြည့်အရှုကြွ ၍ မုန့်ကိုပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည် ၌ ကြားသောအခါ ၊ မောဘပြည်မှပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့်အတူထ ၍ ၊ တည်းခိုရာအရပ်က ထွက်ပြီးလျှင် ယုဒပြည်သို့ရောက်လိုသောငှါသွားကြ ၏ ။ သို့ရာတွင် ချွေးမနှစ်ယောက်တို့အား ၊ သင်တို့သည် ကိုယ်အမိအိမ်သို့ပြန်ကြလော့ ။ သေလွန်သောသူ ၌ ၎ င်း ၊ ငါ ၌ ၎ င်း ၊ ကျေးဇူးပြုသည်နှင့်အညီ ၊ ထာဝရဘုရားသည် သင်တို့ ၌ ကျေးဇူးပြုတော်မူပါစေသော ။ သင်တို့နှစ်ယောက်သည် နောက်ရသောလင်အိမ် ၌ ချမ်းသာစွာနေရမည်အကြောင်း ထာဝရဘုရား ကယ်မသနားတော်မူပါစေသောဟုဆိုလျက်သူတို့ကို နမ်းလေ ၏ ။ သူတို့သည်လည်း ၊ အသံကိုလွှင့် ၍ ငိုကြွေး လျက် ၊ အကယ်စင်စစ်အကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ ၊ ကိုယ်တော် ၏ အမျိုးထံသို့ လိုက်သွားပါမည်ဟု ဆိုကြ ၏ ။ နောမိကလည်း ၊ ငါ့သမီးတို့ပြန်သွားကြလော့ ။ ငါနှင့်အတူအဘယ်ကြောင့် လိုက်ရမည်နည်း ။ သင်တို့လင် လျှာဘို့ငါ ၏ ဝမ်း ၌ သားရှိသေး သလော ။ ငါ့သမီးတို့ပြန်သွားကြလော့ ။ ငါသည်အသက်အရွယ်လွန် ၍ လင်နှင့်မနေသင့် ။ သို့မဟုတ်မြော်လင့်စရာရှိ သေးသည်ဟုငါဆိုလျှင် ၎ င်း ၊ ယနေ့ညမှာလင်နေလျှင် ၎ င်း ၊ သားတို့ကိုလည်းဘွားမြင်လျှင် ၎ င်း ၊ ထိုသားတို့သည်ကြီးပွားသည်တိုင်အောင်ငံ့နေလိမ့်မည်လော ။ လင်မနေဘဲသူတို့ကို မြော်လင့်လိမ့်မည် လော ။ ငါ့သမီးတို့ထိုသို့မဖြစ်ရ ။ ထာဝရဘုရား လက်တော်သည် ငါ ၌ ကန့်လန့်ရှိသည်ကို သင်တို့အတွက် ငါအလွန်ကြင်နာသော စိတ်ရှိသည်ဟုဆိုလေသော် ၊ သူတို့သည်တဖန်အသံကိုလွှင့် ၍ ငိုကြွေးကြ ၏ ။ ထိုအခါဩရပသည်ယောက္ခမကိုနမ်း ၍ မိမိအမျိုးသား တို့ထံသွားသို့ပြန်သွား ၏ ။ ရုသမူကား ၊ ယောက္ခမ ၌ မှီဝဲဆည်းကပ်လျက်နေသေး ၏ ။ နောမိကလည်း ၊ သင့်အစ်မသည်အမျိုးသားရင်းဘုရားရင်းတို့ထံသို့ပြန်သွားပြီ ။ အစ်မနောက်သို့ လိုက်သွားပါဟုဆိုသော် ၊ ရုသက ၊ ကျွန်မသည် ကိုယ်တော်ကိုမစွန့်ပါရစေနှင့် ။ နောက်တော်သို့မလိုက်ဘဲ ပြန်သွားစေခြင်းငှါ မပြုပါနှင့် ။ ကိုယ်တော်သွားလေရာရာသို့ကျွန်မလိုက်ပါမည် ။ ကိုယ်တော်အိပ်လေရာရာ ၌ ကျွန်မအိပ်ပါမည် ။ ကိုယ်တော်အမျိုးသည် ကျွန်မအမျိုး ၊ ကိုယ်တော်ဘုရားသည်ကျွန်မဘုရားဖြစ်ပါစေ ။ ကိုယ်တော်သေရာအရပ် ၌ ကျွန်မသေ ၍ သင်္ဂြိုဟ်ခံပါမည် ။ သေခြင်းမှတပါး ၊ အခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မကွာလျှင် ၊ ထာဝရဘုရားသည် ကျွန်မ ၌ ထိုမျှမကပြုတော် မူပါစေသောဟုပြန်ဆို ၏ ။ ရုသသည်လိုက်ခြင်းငှါခိုင်ခံ့သောစိတ်ရှိသည်ကိုနောမိသည်သိမြင်သော်တိတ်ဆိတ်စွာနေလေ ၏ ။ ထိုသူနှစ်ယောက်တို့သည်ခရီးသွား ၍ ဗက်လင်မြို့သို့ရောက်သောအခါ ၊ တမြို့လုံးအုတ်အုတ်ကျက်ကျက် ဖြစ် ၍ ၊ ဤသူကားနောမိ ဟုတ်သလောဟုမေးကြ ၏ ။ သူကလည်းနောမိဟူ ၍ မခေါ်ပါနှင့် ။ မာရဟူ ၍ ခေါ်ပါ ။ အနန္တတန်ခိုးရှင်သည် ငါ့အားအလွန် ခါးသောအရာကိုပေးတော်မူပြီ ။ ငါသည်ကြွယ်ဝပြည့်စုံလျက်ထွက်သွား ၏ ။ ယခုမူကားဆင်းရဲလျက် တကိုယ်တည်းရှိမှ ၊ ထာဝရဘုရား သည် ငါ့ကိုပို့ပြန်တော်မူပြီ ။ ထာဝရဘုရားသည်ငါ့ကိုနှိမ့်ချ ၍ အနန္တတန်ခိုးရှင်သည် ငါ့ကိုဆင်းရဲစေတော်မူသည် ဖြစ် ၍ ၊ နောမိအမည်ဖြင့်အဘယ်ကြောင့် ငါ့ကိုခေါ်ကြသနည်းဟု ပြန်ပြော ၏ ။ ထိုသို့မောဘပြည်မှ လိုက်လာသော မောဘပြည်သူချွေးမရုသနှင့်အတူနောမိသည်ပြန်လာ ၍ ၊ မုယော စပါးကိုရိတ်စကာလ ၌ ဗက်လင်မြို့သို့ရောက်ကြ ၏ ။ နောမိ ၏ လင်ဧလိမလက် ၏ အဆွေအမျိုးတွင်အလွန်ရတတ်သောပေါက်ဘော်တယောက်ရှိ ၏ ။ သူ ၏ အမည်ကား ဗောဇတည်း ။ မောဘပြည်သူရုသက ၊ ကျွန်မသည် လယ်ပြင်သို့သွား ၍ စိတ်နှင့်တွေ့သောသူနောက်မှာစပါးကျန်ကို ကောက်ပါရစေဟု နောမိ ၌ အခွင့်ပန်လျှင် ၊ နောမိက ၊ သွားတော့ငါ့သမီးဟုဆို ၏ ။ ရုသသည်သွား ၍ စပါးရိတ်သောသူတို့နောက်မှာ ၊ စပါးကျန်ကို ကောက်သည်တွင် ၊ ဧလိမလက် ၏ အဆွေအမျိုး ဗောဇပိုင်သောလယ် ၌ အမှတ်တမဲ့ နေရာကျ ၏ ။ ထိုအခါဗောဇသည် ဗက်လင်မြို့က လာ ၍ ၊ ထာဝရဘုရားသည်သင်တို့နှင့်အတူရှိတော်မူပါစေသောဟု ရိတ်သောသူတို့အားဆိုလျှင် ၊ သူတို့က ၊ ကိုယ်တော်ကိုထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသောဟု ပြန်ပြောကြ ၏ ။ ဗောဇကလည်း ၊ ထိုမိန်းမငယ်သည် အဘယ်သူနှင့်ဆိုင်သနည်းဟု လယ်ခေါင်းအားမေးသော် ၊ လယ်ခေါင်းက ၊ မောဘပြည်မှနောမိနှင့်အတူလိုက်လာသော မောဘအမျိုးသမီးဖြစ်ပါ ၏ ။ သူကလည်း ၊ ကျွန်မသည် စပါးရိတ်သောသူတို့နောက် ၌ ကောက်လှိုင်းစုထဲမှာ ကျန်သော စပါးကို ကောက်သိမ်းပါရစေဟု အခွင့်တောင်းလျက်ဝင်သဖြင့် ၊ နံနက်မှစ ၍ ယခုခဏတဲ ၌ နေသောအချိန် တိုင်အောင် လုပ်နေပါပြီဟုပြောဆိုလျှင် ၊ ဗောဇသည် ရုသကိုခေါ် ၍ ၊ နားထောင်ပါ ၊ ငါ့သမီး ။ အခြားသောလယ်သို့သွား ၍ စပါးကျန်ကို မကောက်နှင့် ။ ဤအရပ်ကမထွက်ဘဲ ၊ ငါ့ကျွန်မတို့ ၌ မှီဝဲလျက်နေတော့ ။ သူတို့ရိတ်သောလယ်ကွက်ကိုကြည့်မှတ် ၍ သူတို့နောက် ၌ လိုက်လော့ ။ လုလင်တို့သည်သင့်ကို မနှောင့်ရှက်ရမည်အကြောင်း ငါမှာထားပြီ ။ ရေငတ်သောအခါ ၊ အိုးထားရာသို့သွား ၍ လုလင်ခပ်သောရေကို သောက်တော့ဟုဆိုလေသော် ၊ ရုသသည်မြေပေါ်မှာဦးချပြပ်ဝပ်လျက် ၊ ကျွန်မသည်တပါးအမျိုးသားဖြစ် ၍ ကိုယ်တော်သည် ကျွန်မကို သိမှတ်မည်အကြောင်း ၊ အဘယ်သို့စိတ်တော်နှင့်တွေ့ရပါသနည်းဟုလျှောက်လေ ၏ ။ ဗောဇကလည်း ၊ သင် ၏ လင်သေသွားနောက် ၊ သင်သည်ယောက္ခမအားပြုစုသမျှကို ၎ င်း ၊ သင်သည်မိဘနှင့်မွေးဘွားရာဌာနပြည်ကိုစွန့် ၍ အထက်က မသိဘူးသောပြည်သို့လာကြောင်းကို ၎ င်း ၊ ငါ့အားသေချာစွာပြောကြပြီ ။ သင့်အမှု ၏ အကျိုးကိုထာဝရဘုရားပေးတော်မူပါစေသော ။ သင်သည်အတောင်တော်အောက် ၌ ခိုလှုံ ခြင်းငှါ ချဉ်းကပ်သော ဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားသည် စုံလင်သောဆုကို ချတော်မူပါစေသောဟု ဆိုသော် ၊ ရုသကလည်း သခင်ကျွန်မသည် ရှေ့တော် ၌ မျက်နှာရပါစေ ။ ကျွန်မသည်ကိုယ်တော်ကျွန်မတို့နှင့် မတူသော်လည်း ၊ ကိုယ်တော်သည် လောကဝတ် စကားကို ပြော ၍ ကျွန်မကို နှစ်သိမ့်စေပါပြီဟု လျှောက်လေ ၏ ။ ဗောဇကလည်း ၊ စားသောက်သောအချိန်ရှိပြီ ။ လာ ၍ မုန့်ကို စားလော့ ။ ပုံးရည် ၌ စားစရာကို နျစ်လော့ ဟု ခေါ်ဆိုသည်အတိုင်း ၊ ရုသသည် စပါးရိတ်သော သူတို့နှင့်အတူ ထိုင်လျှင် ၊ ဗောဇသည် ပေါက်ပေါက်ကိုလှမ်း ၍ ပေးသဖြင့် ၊ သူသည် ဝစွာစားပြီးမှချန်ထားသေး ၏ ။ စပါးကျန်ကို ကောက်ခြင်းငှါထသွားသောအခါ ၊ ဗောဇသည်လုလင်တို့အား ၊ ထိုမိန်းမသည် ကောက်လှိုင်း စုထဲမှာကျန်သောစပါးကိုကောက်သိမ်း ပါစေ ၊ အရှက်မခွဲကြနှင့် ။ ရိတ်ပြီးသောစပါးအချို့ကိုလည်း သူအဘို့ချထားလော့ ။ ကောက်ယူပါစေ ။ အပြစ်မတင်ကြနှင့်ဟု မှာထား ၏ ။ ရုသသည်ထိုလယ် ၌ ညဦးတိုင်အောင် စပါးကျန်ကိုကောက် ၍ ရသောစပါးကိုနယ်ပြီးလျှင် မုယောဆန်တဧဖာခန့်မျှရှိ ၏ ။ ထိုဆန်ကိုယူ ၍ မြို့ထဲသို့ ဝင်သဖြင့် ၊ ကောက် ၍ ရသောဆန်ကိုလည်း ယောက္ခမအားပြ ၏ ။ ဝစွာစားပြီးမှ ချန်ထားသော အရာကိုလည်း ထုတ် ၍ ပေးသေး ၏ ။ ယောက္ခမကလည်း ၊ ယနေ့အဘယ်မှာလုပ်သနည်း ။ သင်သိမှတ် သောသူသည်မင်္ဂလာရှိပါစေသော ဟုမြွက်ဆိုလျှင် ၊ ရုသက ယနေ့ကျွန်မလုပ်သောသူ ၏ အမည်ကား ၊ ဗောဇဖြစ်ပါသည်ဟုယောက္ခမအား ကြားပြောသော် ။ ယောက္ခမက ၊ အသက်ရှင်သောသူ ၊ သေသော သူတို့ ၌ ကျေးဇူးမပြတ် ပြုတော်မူသေးသောထာဝရဘုရား သည်သူ့ကိုကောင်းကြီးပေးတော်မူပါစေသောဟူ ၍ ၎ င်း ၊ ထိုသူသည်ငါတို့နှင့်ပေါက်ဘော်တော်သောသူ ၊ နီးစပ်သော အမျိုးသားချင်း အဝင် ဖြစ်သည်ဟူ ၍ ၎ င်း ၊ ချွေးမအားပြောဆို ၏ ။ ထိုသူက ၊ ငါ့စပါးရိတ်ခြင်းအမှု မပြီးမှီတိုင်အောင် ၊ ငါ့လူတို့ ၌ မှီဝဲလျက်နေတော့ဟု ဆိုကြောင်းကိုလည်း မောဘအမျိုးသမီး ရုသသည် ကြားပြောသော် ၊ နောမိက ၊ ငါ့သမီး ၊ သင်သည် သူ ၏ ကျွန်မတို့နှင့်ပေါင်းဘော်ကောင်း ၏ ။ အခြားသောလယ် ၌ သူတို့သည် သင့်ကိုမတွေ့စေကောင်းဟု ၊ ချွေးမရုသအားပြောသည်အတိုင်း ၊ သူသည် မုယောစပါး ၊ ဂျုံစပါးရိတ်ခြင်းအမှု ပြီးသည်တိုင်အောင်ဗောဇ ၏ ကျွန်မတို ၌ မှီဝဲလျက် ၊ စပါးကျင်ကိုကောက် ၍ ယောက္ခမထံမှာနေလေ ၏ ။ တဖန်ယောက္ခမနောမိက ၊ ငါ့သမီး ၊ သင့်ကိုချမ်းသာစေခြင်းငှါ ငြိမ်ဝပ်ရာအရပ်ကို သင့်အဘို့ငါမရှာရသ လော ။ သင်ပေါင်းဘော်သော ကျွန်မတို့ ၏ သခင်ဗောဇသည် ငါတို့ပေါက်ဘော်ဖြစ်သည်မဟုတ်လော ။ ယနေ့ညမှာ ကောက်နယ်တလင်း ၌ မုယောစပါးကိုလှေ့လျက်နေ ၏ ။ သင်သည်ရေချိုးခြင်း ၊ ဆီလိမ်းခြင်း ၊ အဝတ်တန်ဆာ ဆင်ခြင်းကိုပြုပြီးလျှင် ကောက်နယ်တလင်းသို့ သွားတော့ ။ သူသည်စားသောက်ခြင်း အမှုကိုမပြီးမှီကိုယ်ကို မပြနှင့် ။ သူအိပ်သောအခါ ၊ အိပ်ရာအရပ်ကိုမှတ်ပြီးမှဝင် ၍ သူ့ခြေ ၌ ဖုံးသော အဝတ်ကိုဖွင့်ပြီးလျှင် အိပ်တော့ ။ သင်သည် အဘယ်သို့ပြုရမည်ကို သူပြောလိမ့်မည်ဟုဆိုသော် ၊ ရုသက ၊ မိခင်မှာထားသမျှတို့ကို ပြုပါမည်ဟု ဝန်ခံလျက် ၊ ကောက်နယ်တလင်းသို့သွား ၍ ယောက္ခမမှာထားသမျှ အတိုင်းပြုလေ ၏ ။ ဗောဇသည်စားသောက် ၍ ရွှင်လန်းလျက် ၊ စပါးပုံအနားသို့သွား ၍ အိပ်သောအခါ ၊ ရုသသည်တိတ်ဆိတ် စွာချဉ်းကပ် ၍ သူ့ခြေ ၌ ဖုံးသောအဝတ်ကိုဖွင့်ပြီးလျှင် အိပ်လေ ၏ ။ သန်းခေါင်အချိန် ၌ ယောက်ျားသည်လန့် ၍ လှည့်သဖြင့် ၊ မိန်းမသည်ခြေရင်း ၌ ရှိသည်ကိုသိလျက် ၊ သင်သည်အဘယ်သူနည်းဟုမေးလျှင် ၊ ကျွန်မသည်ကိုယ်တော် ၏ ကျွန်မရုသဖြစ်ပါ ၏ ။ ကိုယ်တော်သည်ရွေးပိုင်သော အမျိုးသားချင်းဖြစ်သော ကြောင့် ၊ ကိုယ်တော် ၏ ကျွန်မကိုအဝတ်တော်စွန်းနှင့် ဖုံးပါတော့ဟုဆိုသော် ၊ သူက ၊ ငါ့သမီး ၊ ထာဝရဘုရားကောင်းကြီးပေးတော်မူပါစေသော ။ သင်သည်ငွေရ တတ်သောလူပျို ၊ ဆင်းရဲသောလူပျို တစုံတယောက်ကို မမှီဝဲဘဲနေ ၍ ၊ အရင်ပြုသောကျေးဇူးထက် နောက်ပြုသောကျေးဇူး သာ ၍ ကြီး ၏ ။ မစိုးရိမ်နှင့်ငါ့သမီး ။ တောင်းသမျှကို ငါပြုမည် ။ သင်သည်သီလနှင့်ပြည့်စုံသောမိန်းမဖြစ်ကြောင်းကို ငါ့လူမျိုးနေသော တမြို့လုံးသိ ၏ ။ ငါသည်ရွေးပိုင်သော အမျိုးသားချင်းမှန်ပေ ၏ ။ သို့သော်လည်းငါ့ထက်သာ ၍ ရွေးပိုင်သော အမျိုးသားချင်းတယောက်ရှိသေး ၏ ။ ယနေ့ညမှာနေဦးတော့ ၊ ထိုသူသည်ရွေးပိုင်သော အမျိုးသားချင်း ဝတ်ကိုပြုလိုလျှင်ပြုပါလေစေ ။ ကောင်း ၏ ။ မပြုလျှင်ထာဝရဘုရားအသက်ရှင်တော်မူသည်အတိုင်း ငါပြုမည် ။ နံနက်တိုင်အောင် အိပ်ဦးတော့ ဟုဆို ၏ ။ ရုသသည်နံနက်တိုင်အောင်သူ့ခြေရင်းနားမှာအိပ်ပြီးမှ ၊ တယောက်ကို တယောက် သိနိုင်သော အချိန်မရောက်မှီထလေ ၏ ။ ယောက်ျားကလည်း ၊ မိန်းမသည် ဤကောက်နယ် တလင်းသို့လာသည်ကို အဘယ်သူမျှမသိစေနှင့်ဟုဆို ၏ ။ တဖန်သင် ၌ ပါသော တင်းတိမ်ကိုယူခဲ့ ၍ ဖြန့်ခင်းတော့ဟုဆိုသည်အတိုင်း ၊ ရုသဖြန့်လျက် မုယောစပါးခြောက်ဩမဲကိုခြင် ၍ သူ့အပေါ်မှာတင်သဖြင့် ၊ သူသည်မြို့ထဲသို့ သွားလေ ၏ ။ ယောက္ခမထံသို့ ရောက်သောအခါ ၊ ယောက္ခမကအဘယ်သို့နည်းဟု မေးလျှင် ၊ မိမိ ၌ ထိုသူပြုသမျှကို ၎ င်း ၊ သူက ၊ သင်သည်ယောက္ခမထံသို့လက်ချည်းမသွားနှင့်ဟုဆိုလျက် မုယောစပါးခြောက်ဩမဲပေးကြောင်း ကို ၎ င်း ကြားပြောလေ ၏ ။ ယောက္ခမာလည်း ၊ ငါ့သမီး ၊ ဤအမှုသည်အဘယ်သို့ပြီးလိမ့်မည်ကိုမသိမှီတိုင်အောင် ထိုင်နေလော့ ။ ယောက်ျားသည် ယနေ့ ဤအမှုကိုမပြီးစီးမှီငြိမ်ဝင်စွာမနေဟုပြောဆို ၏ ။ ထိုအခါဗောဇသည်မြို့တံခါးဝသို့ သွား ၍ ထိုင်သဖြင့် ၊ မနေ့ကပြောသော အမျိုးသားချင်းရှောက်သွား သည်ကိုမြင်လျှင် ၊ အိုမည်သူလှည့် ၍ ထိုင်ပါတော့ဟုခေါ်သည်အတိုင်း သူသည် လှည့် ၍ ထိုင်လေ ၏ ။ တဖန်မြို့သားအသက်ကြီးသူ တကျိပ်တို့ကိုခေါ် ၍ ၊ သည်မှာထိုင်ပါတော့ဟု ဆိုသည် အတိုင်းသူတို့သည် လည်းထိုင်ကြ ၏ ။ အမျိုးသားချင်းကိုလည်း ၊ မောဘပြည်မှပြန်လာသောနောမိသည် ငါတို့အစ်ကို ဧလိမလက်ပိုင်သော မြေ အကွက်ကိုရောင်းမည်ဖြစ် ၍ ၊ သင့်ကိုငါတိုင်ကြားလျက် ၊ ပြည်သားများ ၊ ငါတို့အမျိုး ၌ အသက်ကြီးသူ များရှေ့မှာဝယ်ပါတော့ဟု ပြောမည်အကြံရှိပါ ၏ ။ သင်သည် ရွေးလိုလျှင် ရွေးပါတော့ ၊ မရွေးလိုလျှင် ကျွန်ုပ် အားကြားပြောပါတော့ ။ သင်မှ တပါးရွေးပိုင်သောသူမရှိ ။ သင့်နောက်မှာ ကျွန်ုပ်နေရာကျသည်ဟုဆိုသော် ၊ အမျိုးသားချင်းက ၊ ကျွန်ုပ်ရွေးမည်ဟု ပြန်ပြော ၏ ။ ဗောဇကလည်း ၊ ထိုလယ်ကွက်ကိုနောမိလက်မှဝယ်သောနေ့ရက်တွင် ၊ သေသောသူ ၏ အမွေဥစ္စာအားဖြင့် သူ ၏ နာမည်ကိုထောက်မခြင်းငှါ ၊ သူ ၏ မယားမောဘအမျိုးသမီးရုသကိုလည်း ဝယ်ရသေး သည်ဟု ဆိုသော် ၊ အမျိုးသားချင်းက ၊ ကျွန်ုပ်သည် ကိုယ်အဘို့မရွေးနိုင်ပါ ။ ရွေးလျှင် ကိုယ်အမွေဥစ္စာကိုဖျက်မည် စိုးရိမ်စရာရှိ ၏ ။ ကျွန်ုပ်မရွေးနိုင်သောကြောင့် ၊ ကျွန်ုပ်ရွေးပိုင်သောအရာကိုကိုယ်အဘို့ ရွေးပါတော့ဟုပြန်ပြော ၏ ။ ဣသရေလရှေးထုံးစံ ဟူမူကား ၊ ရွေးခြင်းအမှု ၊ ဥစ္စာလဲခြင်းအမှုကိုမြဲမြံစေခြင်းငှါ တယောက်သောသူသည် မိမိ ခြေနင်းကိုချွတ် ၍ တယောက်သောသူအားအပ်လေ့ရှိ ၏ ။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် သက်သေတည်ရ ၏ ။ သို့ဖြစ် ၍ အမျိုးသားချင်းက ၊ ကိုယ်အဘို့ဝယ်ပါတော့ဟု ဗောဇအားဆို ၍ မိမိခြေနင်းကိုချွတ် ၏ ။ ဗောဇကလည်း ၊ ဧလိမလက်ဥစ္စာ ၊ ခိလျုန်ဥစ္စာ ၊ မဟာလုန်ဥစ္စာ ဟူသမျှကိုနောမိလက်မှငါဝယ် ၍ ၊ သေသောသူ ၏ နာမည်ကို သူ ၏ ညီအစ်ကို စုထဲက ၎ င်း ၊ သူနေရာမြို့တံခါးထဲက ၎ င်းမပြတ်စေခြင်းငှါ ၊ သူ ၏ အမွေအားဖြင့် သူ ၏ နာမည်ကို ထောက်မမည် အကြောင်း ၊ မဟာလုန် ၏ မယားမောဘအမျိုးသမီး ရုသကို ငါ ၏ မယားဖြစ်စေခြင်းငှါ ငါဝယ်သည်ကိုသင်တို့သည် ယနေ့သက်သေဖြစ်ကြပါ ၏ ဟု အသက်ကြီးသူများ ၊ လူများအပေါင်းတို့အားပြောဆို ၏ ။ တံခါးဝ ၌ ရှိသောအသက်ကြီးသူများ ၊ လူများအပေါင်းတို့ကလည်း ၊ ငါတို့သည်သက်သေဖြစ်ကြ ၏ ။ သင့်အိမ်သို့ရောက်သော ဤမိန်းမသည် ၊ ဣသရေလအမျိုးကိုတည်ထောင်သောမိန်းမနှစ်ယောက် ၊ ရာခေလနှင့် လေအာကဲ့သို့ဖြစ်မည်အကြောင်း ထာဝရဘုရား ပြုတော် မူပါစေသော ။ သင်သည်လည်း ဧဖရတ်အရပ် ၌ အစွမ်းသတ္တိနှင့်ပြည့်စုံ ၍ ဗက်လင်မြို့ ၌ အသရေကျော်စောခြင်းရှိပါစေသော ။ အသက်ပျိုသော ဤမိန်းမတွင် ၊ ထာဝရဘုရားပေးတော်မူလတံ့သောမျိုးစေ့အားဖြင့်သင် ၏ အမျိုးအနွယ် သည် ယုဒမယားတာမာ ဘွားမြင်သော ဖာရက် အမျိုးအနွယ်ကဲ့သို့ ဖြစ်ပါစေသောဟုပြောဆိုကြ ၏ ။ ဗောဇသည် ရုသကိုသိမ်း ၍ စုံဘက်လျက်ဆက်ဆံသောအခါ ၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကြောင့်ရုသ သည်ပဋိသန္ဓေယူ ၍ သားယောက်ျားကိုဘွားမြင်လေ ၏ ။ မိန်းမတို့သည်လည်း နောမိအား ၊ သင့်ကိုပြုစုသော အမျိုးသားချင်းကို ယနေ့ဖြတ်တော်မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသော ။ ယခုရသော အမျိုးသားချင်းသည်လည်း ဣသရေလအမျိုး ၌ အသရေကျော်စောပါစေသော ။ သူသည်သင် ၏ အသက်ကိုပြုပြင်သောသူ ၊ သင်အသက်ကြီးသောအခါ သင့်ကိုကောင်းမွန်စွာ ပြုစုသောသူဖြစ်ပါစေသော ။ သင့်ကိုချစ် ၍ သားခုနစ်ယောက်ထက်သင့်အဘို့ သာ ၍ ကောင်းသောသင် ၏ ချွေးမသည်သားယောက်ျားကိုဘွားမြင်ပြီဟုပြောဆိုကြ ၏ ။ နောမိသည်ထိုသူငယ်ကိုယူ ၍ ပိုက်ချီလျက်ထိန်းလေ ၏ ။ အိမ်နီးချင်းမိန်းမတို့ကလည်း ၊ နောမိသည် သားယောက်ျားကိုရပြီဟုဆိုလျက် ၊ ထိုသူငယ်ကိုဩဗက် အမည်ဖြင့်မှည့်ကြ ၏ ။ ဩဗက် သားကားယေရှဲ ။ ယေရှဲသားကား ဒါဝိဒ်တည်း ။ ဖာရက် ၏ သားစဉ်မြေးဆက်ဟူမူကား ၊ ဖာရက်သားဟေဇရုံ ၊ ဟေဇရုံသားအာရံ ၊ အာရံသား အမိနဒပ် ၊ အမိနဒပ်သားနာရှုန် ၊ နာရှုန်သား စာလမုန် ၊ စာလမုန်သားဗောဇ ၊ ဗောဇသားဩဗက် ၊ ဩဗက်သားယေရှဲ ၊ ယေရှဲသားဒါဝိဒ်တည်း ။ </passage></reply></GetPassage>